"မင်းက ဘာကိစ္စ အဲ့ကောင်တွေကို တောင်းပန်နေရတာလဲ။
ဂျေဝင်နေရအောင် မင်းနဲ့ မှုံနံ့သာနဲ့က ဘာမို့လို့လဲ။ "
"ဘာဗျ "
"မင်းသာ လက်ရှောင်လိုက်တော့။
အသေးလေးက ငါ့အပိုင်ပဲ "
"ခင်ဗျား "
စကားလုံးတွေ ဆုံးတာနဲ့ တပြိုင်နက် စိုင်းမင်းနောင်ရဲ့ မျက်ဝန်းတွေက သားရဲတစ်ကောင်လို အရောင်လက်သွားကာ ဆွတ်ရိန်နော်ရဲ့ ရှပ်အင်္ကျီကော်လံကို အားကုန်ဆွဲစောင့်ပြီး ဆုပ်ကိုင်လိုက်လျှင် ဆွတ်ရိန်နော်ကလည်း ချက်ချင်းဆိုသလို လက်သီးရွယ်ပြီးသားပင်။ လေထုက တင်းမာလွန်းလို့ ဘေးနားကလူတွေတောင် အသက်ရှူမှားရလောက်၏။
"ဟာ ... ဟေ့ကောင်တွေ ဟေ့ကောင်တွေ မင်းတို့ ဘာဖြစ်နေကြတာလဲကွာ။
မင်းတို့ကလည်း ဆွဲဦးလေကွာ။
လာပါကွာ ငဆွတ်ရာ သွားရအောင် "
"ဟုတ်တယ် ... ငစိုင်း ဘုန်းကြီးကျောင်းကြီးမှာ မကောင်းဘူး
ပြန်ရအောင် "
ဘယ်လိုပြောပြော စိုင်းမင်းနောင်ကလည်း မလွှတ်သလို ဆွတ်ရိန်နော်ကလည်း ရွယ်ထားတဲ့ လက်သီးက မချပေ။
"အေး ... ဘုန်းကြီးတွေ ရောက်လာမှ ရှုပ်ကုန်လိမ့်မယ်နော်။"
"ဟုတ်တယ် ...ဒီမှာ ငစိုင်း မင်းဦးကြီးလည်း ရှိတယ်မလား။
လွှတ်လိုက်ပါတော့ကွာ။ "
"တောက် ..."
တောက်သံပြင်းပြင်းက ပြိုင်တူ ပေါ်ထွက်လာသလို စိုင်းမင်းနောင်က အရင်လွှတ်လိုက်ပြီးမှ ဆွတ်ရိန်နော်ကလည်း လက်သီးကို ဖြေချလိုက်၏။
နှစ်ယောက်သားရဲ့ မျက်လုံးတွေကတော့ တစ်ယောက်ကိုတစ်ယောက် စားမတတ် ဝါးမတတ် ကြည့်နေကြဆဲပင်။
__________________
"ကန်စွန်းရွက်က တစ်စီးဘယ်လောက်လဲဗျ "
"တစ်စီး ငါးဆယ်ပါရှင့် "
ချဉ်ပေါင်စီးတွေ စီနေရင်း ဖြေလိုက်ကာ ရင်းနှီးနေတဲ့ အသံကြောင့် မော့ကြည့်လိုက်လျှင် ထင်တဲ့အတိုင်း အကိုဖြစ်နေတာကြောင့် မှုံ ပါးစပ်အဟောင်းသားဖြစ်သွားရ၏။
အကိုက ဒီကို ဘယ်လိုလုပ် ...
" ၁၅၀၀ဖိုး ယူမယ်နော်... ရောင်းမှာလား။ "
မျက်လုံးကို မှေးစင်းပြီး ပြီတီတီ အပြုံးနဲ့ လူကို ကလူသလိုကျီသသလို လုပ်နေတဲ့ အကို့ပုံစံကြောင့် မှုံ မျက်စောင်းထိုးလိုက်မိတသည်။
ဒီအထိ ဘာလိုက်ရှုပ်သည်မသိ။
"ဟာ ... ဈေးသည်ကလည်း အပေါက်ဆိုးမယ့်ပုံပဲဗျာ။
၁၅၀၀ဖိုး ယူမယ်လို့ "
"မှုံဈေးရောင်းနေတာ ... လာမနောင့်ယှက်ပါနဲ့။ "
အကိုတို့လို အခင်းပိုင်ရှင်တွေက ဒါတွေ ဝယ်ဖို့ မလိုဘူးဆိုတာ သိပါသည်။
သက်သက် မှုံ့ကို လာနှောင့်ယှက်နေတာ။
"ဟော ... ဘယ်သူက နှောင့်ယှက်နေလို့လဲ အမိရဲ့။
တကယ်ဝယ်မလို့ပါဆို ...ဘာလဲ ပိုက်ဆံမပါဘူးထင်နေတာလား။
လူကို အထင်သေးလိုက်တာကွာ။ "
နှုတ်ခမ်းကြီး မဲ့ကာရွဲ့ကာနှင့် မိန်းမကြီးလို ပြောနေတော့ မှုံရယ်ချင်သွား၏။
သူ့လို သူဌေးသားကို ဘယ်သူက အထင်သေးလို့လဲ။
"အစုံထည့်ပေး ၁၅၀၀ဖိုး "
အကို့အပြောအား မှုံက တကာ်လားဆိုတဲ့ပုံစံနှင့် မျက်လုံးလှန်ကြည့်တော့ အကိုကလည်း သဘောပေါက်စွာ ...
"ဪ ... တကယ်ပြောနေတာပါဆို။
၁၅၀၀ကွက်တိနော် ... ပိုလည်းမပို လိုလည်းမလိုစေနဲ့။ "
"..."
မှုံလည်း အိတ်ကြီးကြီးတစ်လုံးယူကာ မှုံပါလာတဲ့ အရွက်အစုံကို သူပြောတဲ့အတိုင်း ၁၅၀၀ဖိုးအပြည့်ထည့်၍ လှမ်းပေးလိုက်၏။
"ရော့ ..."
"၁၅၀၀ကွက်တိလား။ "
"အင်း "
"အိုကေ ... ရော့ ၁၅၀၀"
အကိုက ၁၀၀၀တန်အသစ်လေးတစ်ရွက်နှင့် ငါးရာတန်အသစ်လေးတစ်ရွက်အား လှမ်းပေးလျှင် မှုံကယူလိုက်တဲ့ ခဏမှာပဲ အကို့လက်ဖဝါးနွေးနွေးက မှုံ့လက်ကလေးကို လှမ်းဖမ်းပြီး အုပ်ကိုင်လိုက်၏။
မှုံ့မျက်နှာလေး ဖျင်းခနဲ ပူသွားကာ အသည်းလေးလည်းအေးခနဲဖြစ်သွားပြီး နှလုံးခုန်သံတွေက စည်းချက်လွတ်ကုန်တော့သည်။
"ဘာလုပ်တာလဲ။ "
မှုံ မျက်မှောင်လေးကြုတ်ကာ ခပ်ဆတ်ဆတ်လေးပြောတော့
အကိုက မျက်ခုံးပင့်ပြကာ ...
"စောရအိုင်(ချစ်တယ်)... ဂရိုင်စောရအိုင် (အရမ်းချစ်တယ်)
နန်ဖဲ့ငိုင် စောရအိုင်(ကိုယ်မင်းကို ချစ်တယ်) "
ကချင်စကားသံ ဝဲတဲတဲလေးနဲ့ ပြောလိုက်တဲ့ စကားလုံးတွေက မှုံ့နားထဲကို တိုးဝင်လာ၏။ ကချင်လူမျိုးမဟုတ်ပေမယ့် ကချင်ပြည်မှာ အနေကြာသူပီပီအကိုပြောတဲ့ စကားတွေကို နားလည်နေတာကြောင့် မှုံ့မျက်နှာတစ်ပြင်လုံး စတော်ဘယ်ရီသီးများကဲ့သို့ ရဲခနဲဖြစ်သွား၏။
ဘေးနားကဈေးသည်တွေနှင့် ဈေးဝယ်တွေကလည်း သူတို့ကိုကြည့်၍ ပြုံးစေ့စေ့လုပ်နေကြလေသည်။
ဆွတ်ရိန်နော်ကတော့ သူ့ရှေ့က ကောင်မလေးရဲ့ ရှက်သွေးဖြာနေတဲ့ မျက်နှာလေးကို ကြည့်ပြီး အသည်းတွေ ယားနေမိတော့သည်။
မူပိုပြီး ရှက်နေတာမဟုတ်ပဲ ရှက်ဒေါသလေးထွက်နေပုံက ချစ်စရာကောင်းလှသည်။
"လွှတ် ... "
မှုံတော်တော် ရှက်နေမိတာကြောင့် သူ့ကိုလည်း လွှတ်ခိုင်းသလို ကိုယ့်ဟာကိုယ်လည်း ရုန်းထွက်ပေမယ့် သူက မလွှတ်ပေးပဲ အမိအရ ပြန်ဖမ်းဆုပ်ထား၏။
"မလွှတ်ချင်တော့ဘူး။ "
"မှုံစိတ်တိုလာပြီနော်။ "
"စိတ်တိုတာလေးကလည်း ချစ်ဖို့ကောင်းတာပဲ။ "
"ကိုဆွတ်ရိန်နော် ..."
မှုံ အံကြီးကြိတ်ကာ ခေါ်တော့မှ သူက တဟားဟားရယ်ကာ လွှတ်ပေးတော့သည်။
"ဟားဟား ... စတာပါကွာ။
စိတ်ကလည်း ကြီးလိုက်တာ။
ဪ ... ချစ်တာကတော့ တကယ်နော်။ "
ပြောချင်တာပြောပြီး ထသွားကာ မှုံက နှုတ်ခမ်းကိုက်ကာ စိတ်ဆိုးတဲ့ အမူအယာလေးလုပ်ပြတော့ သူက မျက်လုံးတစ်ဖက် မှိတ်ပြသွားကာ ပါးစပ်က ခပ်လှုပ်လှုပ်ပြောသွားတာက ...
"ချစ်တယ်" တဲ့။
"အို ..."
မှုံ့ရင်ထဲမှာ ဒေါသရော ကြည်နူးမှုပါ ရောပြွန်းပြီး နှလုံးသားက ပရမ်းပတာ ခုန်ပေါက်ကုန်တော့သည်။
လက်ထဲမှာ ဆုပ်ကိုင်လျှက်သားရှိနေတဲ့ အကိုပေးသွားသည့်
ပိုက်ဆံ၁၀၀၀တန်နှင့် ၅၀၀တန် အသစ်လေးအား အခုမှ ဖြန့်ကြည့်မိတော့ ပိုက်ဆံနှစ်ရွက်လုံးမှာ ဘောပင်နှင့် စာတွေအပြည့်ရေးထားလေသည်။
"မှုံနံ့သာကို အရမ်းချစ်တယ်။
အသေးလေးကိုချစ်တယ်၊
မှုံလေးကို သိပ်ချစ်တယ်၊
ကိုယ်မင်းကို အရမ်းချစ်တယ်ကွာ။ " ဆိုတဲ့ စာတွေက ပိုက်ဆံနှစ်ရွက်လုံးမှာ အပြည့်ဖြစ်နေတော့သည်။
ကြည့်ပါဦး မှုံက ဒီပိုက်ဆံတွေကို ဘယ်လိုသုံးရပါ့မလဲ။
__________________
"မျိုးမင်းထက် ... ဟေ့ကောင် မျိုးမင်းထက် "
ဆွတ်ရိန်နော် အပြင်မှ လှမ်းအော်တော့ မျိုးမင်းထက်က ထွက်မလာတဲ့ သူ့အဖေက ထွက်လာကာ ...
"ဟာ ... မောင်ဆွတ်ရိန်နော်ပါလား။
လာ အိမ်ထဲဝင် ငါ့တူ မင်းသူငယ်ချင်းက နောက်ဖေးမှာ။ "
"ဟုတ်ကဲ့ ... ဦးလေး စားပြီးပြီလား။ "
"အေး ... စားပြီးပြီကွဲ့ ... အရေးကြီးလို့လား။
အရေးကြီးရင် နောက်ဖေးဝင်သွားလေ။ "
"ဟုတ်ကဲ့ဗျ "
ဆွတ်ရိန်နော် ခေါင်းညိတ်နှုတ်ဆက်ပြီး နောက်ဖေးမီးဖိုဆောင်ဘက် ကူးလာခဲ့လျှင် မီးခိုးငွေ့တလူလူနဲ့ မီးဖိုနားမှာ မျိုးမင်းထက်အမေက ချက်ပြုတ်နေလေသည်။
"အန်တီ ဘာတွေချက်နေတာလဲ။ "
"မုန်ညင်းရွက် ကြော်နေတာပါကွယ်။
မျိုးမင်းထက်ကို ရှာနေတာလား။ "
"ဟုတ် "
"မင်းသူငယ်ချင်းက အိမ်သာထဲကနေ အခုထိ ဆင်းမလာသေးဘူး။
ချီးပင်ပေါက်နေတာ။ "
အန်တီက မေးငေါ့ပြတော့ ဆွတ်ရိန်နော် ရယ်ချင်စိတ်ကို ထိန်းရင်း အိမ်သာဘက်ကို လျှောက်လာခဲ့လိုက်၏။ သစ်သားနဲ့ ကာရံထားတဲ့ အိမ်သာဟောင်းလေးရှေ့ ရောက်တော့ ထရံကို 'ဒုန်း ဒုန်း' မြည်အောင် ပုတ်လိုက်သည်။
"ဘုန်း ဘုန်း ... မျိုးမင်းထက် ဟေ့ကောင် မျိုးမင်းထက် "
"ဟ ... ဘာလဲကွ ... ငါဒီမှာ ချီးပါနေတယ်။ "
"မြန်မြန်ထွက်ခဲ့စမ်းပါကွာ ... အရေးကြီးတယ်။ "
"ဘာအရေးကြီးတာလဲ။ "
"လာခဲ့စမ်းပါဆိုကွာ။ "
"အေး အေး ... လာပြီ လာပြီ "
ခဏကြာတော့ ဂျက်ထိုးသံ ဂလောက်ခနဲ ကြားရပြီး အိမ်သာတံခါး ပွင့်လာကာ အထဲက ထွက်လာတဲ့ မျိုးမင်းထက်ပုံစံက မျက်နှာကြီးက ရှုံ့မဲ့နေပြီး ပုဆိုးကိုတောင် ကောင်းကောင်းမဝတ်နိုင်ဘဲ ခါးပုံစံကြီး လက်နဲ့မပြီး ထွက်လာလေ၏။
"ဟာ ... မင်းပုံစံကြီးကလည်းကွာ။ "
ဆွတ်ရိန်နော်က နှာခေါင်းရှုံ့ကာ ပြောတော့ မျိုးမင်းထက် မေးငေါ့ကာ ...
"အရေးကြီးတယ်ဆိုတာ ဘာလဲ ပြောလေကွာ။ "
"အဟင်း ... ငါ ငါဒီနေ့ ..."
"အေး ... ဆက်ပြောလေကွာ။ "
"ငါ ... ဒီနေ့ အသေးလေး လက်ကို ကိုင်ခဲ့ရတယ်ကွ။ "
မှိုရသလို မျက်နှာကြီးနဲ့ ပြောလာတဲ့ ဆွတ်ရိန်နော်စကားကြောင့်
မျိုးမင်းထက် ပါးစပ်က ဆဲသံပါထွက်သွားတော့၏။
"ဘာကွ ... _ီးပဲ အဲ့တာကို အရေးကြီးတယ်ပြောတာလား။ "
"အေးလေ။ "
"ဟာ ... မင်း ... ငါကတော့ အရေးကြီးတယ်ဆိုလို့
ချီးတောင် ဝအောင်မပါခဲ့ရဘူး ... တစ်ဝက်ပဲ ပါလာတာ။ "
"ဟမ် ... ချီးတ်ဝက်ပဲ ပါတာ ရှိလို့လား။ "
"ရှိတာပေါ့ကွ ... တစ်ဝက်ပဲ ထုတ်ခဲ့ပြီး တစ်ဝက်က ဆက်ထည့်ထားပြီး ထွက်လာခဲ့တာ။"
"ဟာ ... အဲ့တာဆို မင်း ဖင်ရော ဆေးခဲ့ရဲ့လား။ "
"အဝ ပါပြီးမှ ပေါင်းဆေးမလို့လေ "
မျိုးမင်းထက်က အတည်ကြီး ပြန်ဖြေလိုက်တော့ ဆွတ်ရိန်နော် ပျို့တက်လာကာ ခုနက ရင်ခုန်စရာ အချစ်ဇာတ်လမ်းလေးက အီးနံ့နဲ့အတူ လွင့်ပါသွားတော့သည်။
"ထွီ ... ရွံလိုက်တာကွာ။
အဲ့တာကြောင့် ချီးစိမ်းနံ့တွေ ထွက်နေတာကို။
သွား သွားပြန်ဝင် ဟေ့ကောင် "
ဆွတ်ရိန်နော် နှာခေါင်းကြီးပိတ်ပြီး အသက်အောင့်ကာ အမြန်ပြေးထွက်ခဲ့ရတော့သည်။ သူ့နောက်မှာတော့ မျိုးမင်းထက်က တဟားဟားနဲ့ သဘောကျပြီး အိမ်သာထဲကို ပြန်ဝင်သွားလေသည်။
အပိုင်း (၂၆) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)