"ဆရာမ ဘယ်နှဘောင်လုပ်မှာလဲ "
"သုံးဘောင်လောက်လုပ်မှာ သားတို့ "
"ဟုတ် "
"အဲ့တာဆို နေကြဦးနော်။
ဆရာမ တခြားအတန်းတွေ သွားကြည့်ပေးလိုက်ဦးမယ်။ "
ဆွတ်ရိန်နော် ပုဆိုးကို ခပ်တိုတိုပြင်ဝတ်လိုက်ပြီးမှ ပေါက်ပြားကိုင်လိုက်သည်နှင့် သူ့လက်မောင်းကြွက်သားများက တင်းရင်းသွားသည်။ ပုံဖော်မယ့်မြေကို ညီညာစွာ အရာပေးလိုက်ပြီးနောက် အားပါပါဖြင့် ပေါက်လိုက်လျှင် မြေကြီးခဲများ ဖွာခနဲ လွင့်စင်သွားသည်။
မြေတွေက အပေါ်မှာသာ ခြောက်သွေ့နေပေမယ့် အောက်မှာက အစိုဓာတ်ရှိနေကာ မြေကြီးထဲမှ တီကောင်တွေပါ တွန့်လိမ်လျက် ထွက်လာတော့သည်။
"အီး ... တီကောင်တွေ "
သူတို့ကို ရပ်ကြည့်နေတဲ့ ကလေးတွေထဲမှ အသံထွက်လာလျှင်
ဆွတ်ရိန်နော် အကြံတစ်ခုရသွားကအကုန်လုံးရဲ့ ကြားမှာညပ်နေတဲ့ အသေးလေးကို လှမ်းကြည့်လိုက်တော့ သူကလည်း တီကောင်တွေကို ကြည့်ပြီး မျက်နှာကြီးရှုံ့မဲ့နေကာ ကြောက်နေပုံရ၏။
မြေကြီးတွေပေါက်နေရင်းမှ တစ်ချက်ပြုံးကာ မြေခဲတွေထဲမှ တီကောင်တစ်ကောင်အား ကောက်ကိုင်လိုက်လျှင် အော်သံစူးစူးတ
မြေကြီးခဲများ ဖွာခနဲ လွင့်စင်သွားသည်။
မြေတွေက အပေါ်မှာသာ ခြောက်သွေ့နေပေမယ့် အောက်မှာက အစိုဓာတ်ရှိနေကာ မြေကြီးထဲမှ တီကောင်မဲမဲကြီးတွေပါ တွန့်လိမ်လျက် ထွက်လာတော့သည်။
ဆွတ်ရိန်နော် ပုဆိုးကို ခပ်တိုတိုပြင်ဝတ်လိုက်ပြီးမှ ပေါက်ပြားကိုင်ကာ ပုံဖော်မယ့်မြေကို ညီညာစွာ အရာပေးလိုက်၏။
ပြီးမှ ထိုအရာဘေးထားတဲ့နေရာတွေကို အရင်ပေါက်ကာ ဘေယင်လုပ်၍ အတွင်းထဲက မြေကြီးတွေကို ပေါက်ပေးလိုက်သည်။
မြေတွေက အပေါ်မှာသာ ခြောက်သွေ့နေပေမယ့် အောက်မှာက
အစိုဓာတ်ရှိနေကာ မြေကြီးထဲမှ တီကောင်တွေပါ ထွက်လာ
တော့သည်။
"အီး ... တီကောင်တွေ "
သူတို့ကို ရပ်ကြည့်နေတဲ့ ကလေးတွေထဲမှ အသံထွက်လာလျှင်
ဆွတ်ရိန်နော် အကြံတစ်ခုရသွားကာ အကုန်လုံးရဲ့ ကြားမှာညပ်နေတဲ့ အသေးလေးကို လှမ်းကြည့်လိုက်တော့ သူကလည်း တီကောင်တွေကို ကြည့်ပြီး မျက်နှာကြီးရှုံ့မဲ့နေကာ ကြောက်နေပုံရ၏။
မြေကြီးတွေပေါက်နေရင်းမှ တစ်ချက်ပြုံးကာ မြေခဲတွေထဲမှ တီကောင်တစ်ကောင်အား ကောက်ကိုင်လိုက်လျှင် အော်သံစူးစူးတို့က ထွက်ပေါ်လာကာ အကုန်လုံးနောက်ဆုတ် ကုန်ကြတော့သည်။
တီကောင်ကို ကိုင်ထားလျှက်နှင့် ထိုကောင်မလေးတွေဘက် လက်ကို ယမ်းပြလျှင် ဆူညံကုန်တော့သည်။
"အား ... တီကောင်ကြီး "
"..."
ဘေးနားတွင် ရပ်ကြည့်နေတဲ့ မိန်းကလေးများထဲမှ ရွံရှာသံများ ထွက်ပေါ်လာလျှင် ဆွတ်ရိန်နော် နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားကာ အကြံတစ်ခုရသွားသည်။
မြေကြီးတွေပေါက်နေရင်းမှ တစ်ချက်ပြုံးကာ မြေခဲတွေထဲမှ တွန့်လိမ်နေသော တီကောင်တစ်ကောင်အား ကောက်ကိုင်လိုက်လျှင် အော်သံစူးစူးတို့က ထွက်ပေါ်လာသည်။
"အား..."
အကုန်လုံး နောက်ဆုတ်ကုန်ကြတော့သည် ။
တီကောင်ကို ကိုင်ထားလျက်နှင့် ထိုကောင်မလေးတွေဘက် လက်ကို ယမ်းပြလိုက်လျှင် ဆူညံကုန်တော့၏။
"အား... တီကောင်ကြီး..."
ဆွတ်ရိန်နော် မျက်လုံးက ဟိုကောင်မလေးကို လိုက်ရှာတော့ ခပ်လှမ်းလှမ်းမှာ သွားရပ်နေကာ မျက်လုံးလေးတွေ ဝိုင်းနေအောင် ကြောက်နေပုံရသည်။ ဒါမျိုးကိုမှ စချင်တဲ့သူကလည်း မာန်ပါပါပြုံးလိုက်ကာ...
"ဟေ့ အသေးလေး"
သူခေါ်လိုက်တယ်ဆိုလျှင်ပဲ လှည့်ကြည့်လာတဲ့ သူမဘက်သို့ တီကောင်ကို ချိန်ရွယ်ကာ လှမ်းပစ်လိုက်သည်။
"အမေရေ ...အား "
တီကောင်က မှုံ့ခြေထောက်နားသို့ ဘုတ်ခနဲ ကျသွားသည်နှင့် မှုံ ထခုန်ကာ အော်တော့သည်။
"ဟား ဟား ဟား ဟား ..."
သူက သဘောကျစွာ ရယ်လိုက်တော့ ဘေးက သူငယ်ချင်းတွေကပါ ဝိုင်းရယ်ကြတော့သည်။ သို့သော် မျှော်လင့်ထားသည်နှင့် တလွဲစီ ဖြစ်သွား၏။ မှုန်ကြုတ်ကြုတ်နှင့် ပြန်ရန်တွေ့မည် ထင်ထားသော ကောင်မလေးက မျက်နှာလေး ရှုံ့မဲ့သွားပြီး မျက်ရည်များ ဝဲလာကာ ငိုချလိုက်တော့သည်
"အင်း ... အဟင့် ဟင့် "
သူမငိုသံကြောင့်ဆွတ်ရိန်နော် ရယ်သံများ ရပ်တန့်သွားသည်။
"ဟာ ... ဟေ့ ဟေ့ ဘာလို့ငိုတာလဲ။
တီကောင်လေးကို အဲ့လောက်ကြောက်စရာလား။
မကိုက်ပါဘူးကွ။ "
သူ ချော့ဖို့ကြိုးစားပေမယ့် မှုံကတော့ ရှိုက်ကြီးတငင် ငိုနေဆဲ။
"အဟင့် ဟင့် အင်း ဟင့် "
"ဟဲ့ ဟဲ့ ဘာဖြစ်ကြတာလဲ။
မှုံနံ့သာ သမီး ဘာဖြစ်တာလဲ။ "
ဆရာမရောက်လာတာနှင့် ရယ်သံတို့တိတ်သွားကာ အကုန်ပါးစပ်ပိတ်ကုန်ကြတော့သည်။
"သမီး ဘာဖြစ်တာလဲ။ "
"ဟိုအကိုကြီးက တီကောင်နဲ့ လှမ်းပစ်လိုက်လို့ ငိုသွားတာ ဆရာမ "
အတန်းထဲတွင် အစွာဆုံးဖြစ်တဲ့ မျိုးသန္တာခင်က လက်ညှိုးထိုးကာ ဝင်တိုင်လေ၏။
"ဟင် ... ဟုတ်လား။
ဆွတ်ရိန်နော် ဘာလို့လုပ်တာလဲကွယ်။ "
ဆွတ်ရိန်နော် ခေါင်းကုတ်လိုက်မိသည်။
"စ တာ ဆရာမ။ "
"သူများကြောက်တာကို မစနဲ့လေကွယ်။
နောက်ထပ် မစတော့နဲ့နော် "
"ဟုတ် "
"လာ သမီး ... တိတ်တော့ တိတ်တော့ တီကောင်လည်း မရှိတော့ဘူးနော်။ "
"ဟုတ် ... အင့် ဟင့် ဟင့် "
ဆရာမက မှုံ့ကို ခေါ်ထုတ်သွား၏။
ဆွတ်ရိန်နော် ပြုံးစိစိနှင့် နေခဲ့ပေမယ့် ရင်ထဲတွင်တော့ တစ်မျိုးကြီး ဖြစ်ကျန်ရစ်ခဲ့သည်။ အသေးလေး ငိုသွားတော့လည်း သူ့စိတ်ထဲ ဘယ်လိုမှန်းမသိ၊ ရင်ထဲမကောင်းဖြစ်သွားရ၏။လက်ထဲက မြေကြီးစများကို ခါချရင်း ထွက်သွားသော ကျောပြင်သေးသေးလေးကိုသာ မျက်တောင်မခတ် ငေးကြည့်နေမိတော့သည်။
______________________
အချိန်တွေက အကုန်မြန်လှ၏။
မှုံနံ့သာတို့အတွက် ၄တန်းဆိုတဲ့ စာသင်နှစ်ကြီးပြီးဆုံးသွားသလို
ဆွတ်ရိန်နော်တို့အတွက် ၈တန်းဆိုတဲ့ စာသင်နှစ်ကြီး ပြီးဆုံးသွားတော့သည်။
နွေဦးပေါက် ရာသီဥတုက တဖြည်းဖြည်း ပူပြင်းလာစပြုနေပြီး နွေရာသီကျောင်းပိတ်ရက်ရှည်ကြီး စတင်လာကာ ဆွတ်ရိန်နော်ကတော့ ခါတိုင်းလိုပဲ ရွာထဲမှာ အလေလိုက်ပြီး မှုံနံ့သာကတော့ သူမအဘွားနှင့်အတူ ဈေးရောင်းလိုက်သွား၏။
"သမီးရယ် မလိုက်ခဲ့ပါနဲ့ဆိုကွယ်။ "
ခြင်းတောင်းပြင်နေတဲ့ ဂျီး(အဘွား)က ချွေးစို့နေတဲ့ မျက်နှာလေးကို ကြည့်ပြီး သနားသလို ပြောရှာသည်။ ဒါပေမယ့် မှုံကတော့ ခေါင်းလေးခါကာ...
"သမီး လိုက်ချင်လို့ပါ ဂျီး(အဘွား)ရဲ့။
ဒါမှ နောက်ကျ သမီးလည်း ရောင်းတက်လာမှာပေါ့။ "
"အမယ်လေး ... ဘာရောင်းတတ်လာမှာလဲ။
ငါ့မြေးက ဟင်းရွက်ရောင်းမစားရပါဘူးတော်။
ပညာတတ်ကြီးဖြစ်အောင်လုပ် ကြားလား။ "
"ဟုတ် ..."
မှုံ့ရဲ့ နဖူးပေါ်က ဆံပင်စလေးတွေကို သာသာယာယာ ပွတ်သပ်ပေးရင်း ပြောလာတဲ့ ဂျီးရဲ့ မျက်ဝန်းတွေထဲမှာ မျှော်လင့်ချက် ရောင်ခြည်တွေ အပြည့်။ မှုံ သွားလေးစိကာ ပြုံးလိုက်ရင်း ခေါင်းညိတ်ပြလိုက်၏။
ဂျီးရဲ့ အပြုံးတွေက ဘယ်လောက်တောင် ချိုမြိန်လိုက်သလဲ။ ဂျီးပြောသလို မှုံ ပညာတတ်ကြီး ဖြစ်အောင် ကြိုးစားပြီး တစ်နေ့ကျရင် ဂျီးနဲ့ အမေ့ကို တဖန်ပြန်ပြီး ကောင်းကောင်းမွန်မွန် ပြုစုချင်ပါသေးသည်။
မှုံ အရွယ်လေးတဖြည်းဖြည်းရောက်လာတာနှင့်အမျှ အမေ့ကိုလည်း နားလည်လာပြီဖြစ်၏။
"သူများ မယားငယ်" ဆိုတဲ့ ဂုဏ်ပုဒ်ကြီးကို အမေက လိုချင်လွန်းလို့ ပိုက်ထွေးထားတာ မဟုတ်မှန်း မှုံ သိနေပြီ။ တစ်နေ့ကျရင် အမေ့ကို ထိုနွံထဲကနေ ရအောင် ဆွဲထုတ်ပေးမည်။ မှုံတို့ကို တွေ့ရင် ကဲ့ရဲ့ချင်တဲ့၊ အထင်သေးတဲ့ ပတ်ဝန်းကျင်က မျက်ဝန်းတွေကိုလည်း မှုံ့ရဲ့ ကြိုးစားမှုတွေနဲ့ ရအောင် ပြောင်းလဲပစ်ပါမည်ဟု သန္နိဋ္ဌာန်ချမိလေသည်။
______________
"အဘွား "
ခြံဝင်းရှေ့ကနေ လှမ်းခေါ်လိုက်တဲ့ အသံကြောင့် အိမ်ရှေ့ကွပ်ပျစ်မှာ ထိုင်နေတဲ့ ဒေါ်နန်းကြာမှုံ လှမ်းကြည့်လိုက်သည်။
"ဟေ ... သား လာလေ။ "
ဆွတ်ရိန်နော် ခြံရှေ့မှ ခေါင်းညိတ်ကာ ဝင်လာခဲ့လိုက်၏။
သူ့ဦးလေးအိမ်ကို ကျောင်းပိတ်တိုင်း ရောက်လာတတ်တဲ့ ဒီကောင်လေးကို မှုံ့အဘွားက မျက်မှန်းတန်းမိနေပြီး ခင်မင်နေပြီဖြစ်သည်။
ဒါပေမယ့် ခက်တာက မှုံနံ့သာပင်။ အခုချိန်ထိ ဆွတ်ရိန်နော်ကို စကားကောင်းကောင်း မပြော။ သူ အိမ်ကို လာပြီဆိုတာနဲ့ အိမ်ထဲကနေ အပြင်ကို လုံးဝ ထွက်မလာတော့ပေ။ အကြောင်းပြချက်ကတော့ ရှင်းရှင်းလေး... ဆွတ်ရိန်နော်က အစသန်လွန်းလို့ပင်။ ဆွတ်ရိန်နော်ကလည်း ဆွတ်ရိန်နော်ပါပဲ... မှုံကို မြင်တာနဲ့ ဘာရယ်မဟုတ် တစ်မျိုးမဟုတ် တစ်မျိုး လိုက်စရမှ ကျေနပ်တတ်လေသည်။
"ထမင်းစားခဲ့ပြီလား သား "
"ဟုတ် ... စားပြီးပြီ အဘွား။ "
"ထိုင် ... သား အဲ့မှာ ရေနွေးကြမ်းကိုက်ရင် သောက်
ကျန်တာတော့ ဧည့်ခံစရာ ဘာမျှမရှိဘူးကွယ်။ "
"အာ ... ရတယ် အဘွား။
အသေးလေးရော "
ဆွတ်ရိန်နော် ဟိုဟိုဒီဒီ မျက်လုံးကစားရင်း မေးလိုက်တော့ အဘွားက ရယ်မောကာ...
"မှုံလေးလား ... ခုနကတင် ဒီနားမှာ ရှိပါသေးတယ်။
ကြည့်ရတာ သားကိုမြင်လို့ အိမ်ထဲ ဝင်ပြေးတာထင်တယ်။ "
"အဟင်း ... ဟုတ်မယ်။ "
ဆွတ်ရိန်နော် အရှေ့မှာ ချထားတဲ့ ရေနွေးကြမ်းပန်းကန်ကို ငှဲ့ကာ မှုတ်သောက်လိုက်ရင်း အိမ်ထဲမှာ ပုန်းနေတဲ့ တစ်စုံတစ်ယောက်ကို မှန်းဆကာ ပြုံးလိုက်မိ၏။ ခါးသက်သက် ရေနွေးကြမ်းအရသာက ဒီနေ့မှ ပိုပြီး သောက်လို့ကောင်းနေသလိုပင်။
______________
"ကရှာ(သား) နောက်အပတ်ဆို အဆောင်ဝင်ရတော့မှာနော်။ "
"ဟာ ... အစောကြီးပဲရှိသေးတယ် "
"ဘာ စောတာလဲ။
သူများတွေ သွားတောင် သွားကုန်ကြပြီ။
မင်းက အိမ်မှာနေလည်း အလေလိုက်နေတာကို။
ဝင်တော့ အဆောင်ပဲ "
အဖေဖြစ်သူရဲ့ တစ်ချက်လွတ်အမိန့်တွင် ဆွတ်ရိန်နော် မျက်ခုံးတွေ တွန့်ချိုးသွားခဲ့ရသည်။ စိတ်ထဲမှာ မကျေမနပ်ဖြစ်သွားပေမယ့် အဖေ့ကို ပြန်မပြောရဲ။
"ကျစ် ကဝါး(အဖေ) ကလည်း "
ပါးစပ်က စုပ်တစ်ချက်သပ်ရင်း ထိုင်နေရာမှ ထကာ အိမ်ပြင်သို့ ထွက်ခဲ့လိုက်ပြီး စိတ်ညစ်ညစ်နဲ့ မြေကြီးပေါ်က ခဲလုံးတစ်လုံးကို အကြောင်းမရှိ အကြောင်းရှာကာ အားကုန် ကန်ပစ်လိုက်မိ၏။ ခဲလုံးလေးက လိမ့်သွားရင်း ဖုန်မှုန့်အချို့ကို လေထဲသို့ လွင့်ပျံသွားလေသည်။
သူတို့ ရွာကျောင်းက ၈တန်းထိပဲရှိတဲ့ အလယ်တန်းကျောင်းလေးဖြစ်ကာ ၉တန်းမှစ၍ လုံးခင်းကျောင်းကိုသာ သွားတက်ကြရတာဖြစ်သည်။
ဒါပေမယ့် လုံးခင်းနှင့် နမ့်စန်းက နည်းနည်းဝေးတာကြောင့်
ကျောင်းသွားကျောင်းပြန်အခက်အခဲရှိ၍ လုံးခင်းမှာရှိတဲ့ ပညာရေးဘော်ဒါဆောင်တွေမှာသာ နေ၍ ကျောင်းဆက်တက်ကြ၏။
အခု ဆွတ်ရိန်နော်ကလည်း ၈တန်းပြီးသွားပြီဖြစ်တာကြောင့် ၉တန်းဆက်တက်ရန် ဘော်ဒါဆောင်သွားရတော့မည်ဖြစ်သည်။
ဘော်ဒါဆောင်တွေက ကျောင်းတွေမဖွင့်ခင်ကတည်းက ကြိုဖွင့်ကာ စာတွေ ကြိုသင်ထားတတ်ကြတာမို့ အားလုံးက ကြိုသွားကြရသည်။ ဆွတ်ရိန်နော်ကတော့ ဒါကို သဘောမကျပါ။
သူကလည်း စာကြိုးစားသူမှ မဟုတ်ပဲ။ မိဘတွေ ထားလို့ မတတ်သာလို့သာ နေနေရတာပင်။ ဘဝရည်မှန်းချက်ဆိုတာလည်း သူ့မှာ ကြီးကြီးမားမား ရယ်လို့ မရှိပါ။ ငယ်ငယ်ကတည်းက မိဘအရိပ်အောက်မှာ အပူအပင်မရှိ နေခဲ့ရလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့။
လေပူတိုက်ခတ်လာတဲ့ ပတ်ဝန်းကျင်ကို ငေးရင်း သူ သက်ပြင်းချမိသည်။
ဒီနှစ်ရွာထဲမှာ ၈တန်းအောင်တဲ့သူက အယောက်၃၀ရှိပေမယ့်
လုံးခင်းသွားပြီး ၉တန်း ဆက်တက်နိုင်သူကတော့ ၁၀ယောက်ပင်
မပြည့်ပါ။
ရွာထဲမှာက ပိုက်ဆံရှိတဲ့သူသိပ်မရှိလှတာကြောင့် စားဖို့တောင် အနိုင်နိုင်ဖြစ်ကြကာ ဘော်ဒါဆောင်ကြေးတွေ ဘာတွေလည်း
မတတ်နိုင်တာကြောင့် ၈တန်းအောင်ပြီးတာနှင့် ကျောင်းထွက်ပြီး အလုပ်လုပ်ကြရတော့သည်။
ယောက်ျားလေးဆိုလျှင် ကျောက်ရှာ၊ မိန်းကလေးဆို ကုန်စိမ်းရောင်း၊ အခင်းစိုက်နှင့် ဝမ်းရေးအတွက် ရုန်းကန်ကြရပြီ။ ကချင်ပြည်နယ်က ကျောက်စိမ်းထွက်ရာ မှော်နယ်မြေဖြစ်ကာ တိုင်းရင်းသား၊ လူမျိုးလည်း စုံလှ၏။ နမ့်စန်းဘက်မှာတော့ နယ်ခံတွေသာ များပေမယ့် လုံးခင်း၊ ဖားကန့်ဘက်မှာတော့ လူစည်ကားပြီး ရှုပ်ထွေးလှသည်။ ကျောက်နယ်မြေဖြစ်ရာ ကျောက်ပွဲတိုက်တဲ့ ကျောက်ဝိုင်းလည်းရှိလေသည်။ဒီက ကျောက်ရတဲ့သူတွေဆို ကျောက်ဝိုင်းမှာ သွားရောင်းကြ၊ တချို့ကျလည်း ကိုယ့်လောပမ်း(သူဌေး)တွေဆီမှာသာ ပြကြလေသည်။
ကျောက်က နတ်ကြီးသည်။ ကျောက်အောင်ပြီး ကြိကြိတက် ချမ်းသာကာ တစ်မုဟုတ်ချင်း ဘဝပြောင်းသွားတဲ့ သူတွေလည်း ရှိသလို၊ ကျင်းပိ၊ မြေစာပုံပြိုပြီး ဒုက္ခိတဖြစ်၊ အသက်ဆုံးကြရသူတွေလည်း ဒုနှင့်ဒေးပင်။ ထိုအထဲမှာမှ အပေါင်းအသင်းမှားကာ ဆေးသမားဖြစ်သွားသူများလည်း ရှိကြ၏။
တချို့ကျ ကျောက်အောင်ပြီး လောပမ်းဖြစ်လို့ ပျက်စီးသွားသူတွေလည်းရှိသလို တချို့တွေကျတော့လည်း တနယ်တကျေးမှလာကာ
ဘဝပြောင်းချင်လို့ ကြိုးစားကြပေမယ့် ကျောက်မအောင်တဲ့အပြင်
စားရေးသောက်ရေးပါခက်ခဲလာတော့သည်။
အဲ့လိုလူတွေက ဘဝကို အရှုံးပေးကာ မိသားစုပစ်၍ လမ်းမှားလိုက်ကာ ဘဝဆုံးကြရတော့သည်။
မူးယစ်ဆေးဆိုတာလည်း လွယ်လင့်တကူ ဝယ်ယူလို့ရနေတဲ့ နယ်မြေဖြစ်တာကြောင့် မူးယစ်သားကောင်တို့ကလည်း တစ်စတစ်စ တိုးလာကြ၏။
_______________
အပိုင်း (၁၃) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)