Bububai ဝတ္ထု တောင်ပေါ်သားလေးရဲ့ရင်ခုန်သံ အခန်းစာရင်း

အပိုင်း(၂၆)

တောင်ပေါ်သားလေးရဲ့ရင်ခုန်သံ

စိုင်း ခွဲစိတ်ခန်းက ထွက်တာနဲ့ duty of ပြီး ခွန်းကို ချော့ဖို့ ထွက်လာခဲ့သည်။

ယောက္ခမတွေအတွက် မုန့်တွေဝင်ဝယ်ခဲ့ကာ ခွန်းအတွက်လည်း နေကြာပြန်းစီးလည်း ဝင်ဝယ်ခဲ့သည်။

“အမေ မ ရော”

“အိမ်ပြန်မယ်ဆိုပြီး မနက်ထဲက ပြန်သွားလေရဲ့”

မိန်းမဖြစ်သူကို တွေ့ဖို့ ဝမ်းသာအားရ ဝင်လာခဲ့ပေမယ့် မရှိဘူးဆိုတဲ့စကားကြောင့်

“ဟုတ် သား အဲ့တာဆို အိမ်ပြန်လိုက်တော့မယ်”

“နေဦးလေ ညနေစာ တစ်ခါတည်းစားသွား”

“တော်ပြီ အမေ သား မနဲ့တူတူ စားလိုက်တော့မယ်”

“ဟုတ်ပါပြီတော်”

“ဒါအမေတို့အတွက်”

ဝယ်လာတဲ့ မုန့်တွေ ချပေးပြီးတာနဲ့ နှုတ်ဆက်ကို အိမ်ကို ပြန်လာခဲ့သည်။

အိမ်ရောက်တော့လည်း မနက်က အတိုင်းဘဲဆိုတော့ ခွန်းအိမ်ပြန်မလာဘူးဆိုတာ သေချာသွားပြီး

မရဲ့ဖုန်းကလည်း စက်ပိတ်ထားကာ သူငယ်ချင်းဖြစ်သူတွေဆီ ဆက်မေးတော့လည်း

တစ်နေကုန် ဆိုင်မလာဘူးဆိုတဲ့ စကားကိုကြားလိုက်ရတာမို့

“ကျစ်….မရယ် ဘယ်တွေသွားနေတာလဲ”

ဖုန်းစက်ပိတ်တက်တဲ့ အကျင့်မရှိတဲ့သူမို့ စိုင်း ရင်တွေ ပိုပူနေရပြန်ကာ

စိုင်း သူ့သူငယ်ချင်းဖြစ်သူတွေဆီ ခွန်းပျောက်နေလို့ဆိုကာ မြို့အနှံ့လူတွေဖြန့်ပြီး လိုက်ရှာခိုင်းသလို သူကိုယ်တိုင်လဲ လိုက်ရှာနေခဲ့သည်။

*************

“သမီး ဒီမယ်ကြည့်”

မယ့်လာပြတဲ့ iPadကို ကြည့်လိုက်တော့ မောင် သူငယ်ချင်းတွေကို ခွန်းပျောက်နေတယ်ဆိုပြီး ပို့ထားတဲ့စာတွေရယ်

သူ့အဖွဲ့တွေကို မြေလှန်ပြီးရှာဖို့တောင် ခိုင်းထားတဲ့စာတွေအပြင်

သူကိုယ်တိုင်ပါ ပတ်ရှာနေတဲ့ ပုံတွေ ဗီဒီယိုတွေကို မယ့် ကလာပြတာမို့

“မယ့် ဒါတွေက”

“သူ့အဖွဲ့တွေကို မယ့်ဆီ သတင်းပို့ခိုင်းထားတာလေ”

“ပုံတွေ ကြည့်ရတာ မောင် သမီးကို တအားစိတ်ပူနေတဲ့ ပုံဘဲမယ့်”

“စိတ်မပျော့လိုက်နဲ့ သမီး သူတကယ်ချစ်ရင် သူနှလုံးသားလေး ဘယ်ရောက်နေလဲဆိုတာ သူတွေ့အောင်ရှာလိမ့်မယ်”

“သမီး မောင့်ကို လွမ်းနေတာ မယ့်”

“မယ့် နားလည်ပါတယ် သမီးတို့ နှစ်ပတ်လည်ပြည့် လည်းရှိသေးတာမလား သူချစ်ရင်ရအောင်ရှာလိမ့်မယ်”

“ဟုတ်ကဲ့ မယ့်”

မယ့် ရဲ့ စကားကို ဆက်နားထောင်ပြီးသာ ဆက်နေနေပေမယ့် မောင်ကို ပြေးတွေ့ချင်စိတ်တွေကို မနည်းထိန်းထားရသည်။

************

“မယ့် မယ့် မယ့်”

မနက် ၅နာရီ ရှိသေးတယ် အောက်ထပ်မှာ ဆူညံ့နေတာကြောင့် တစ်အိမ်လုံး အုံးအုံးကြွကြွတွေဖြစ်ကုန်တာမို့

“သခင်လေး”

“ငါ့မိန်းမရော ငါ့မိန်းမဒီမှာမလား”

အိမ်အကူလေးတွေကို တွေ့တာနဲ့ ဒေါသမျက်ဝန်းတွေနဲ့ မေးလာတဲ့ စိုင်း

“ဟို…..ဟို….”

“ဘာတွေ တ….ဟို….ဟို လာလုပ်နေတာလဲ ငါမိန်းမ ရှိတယ်မလား”

“အဲ့တာကလေ….”

“တောက်!!!!!” ခေါက်သံ အဆုံးတွင်

“မနက်ခင်း ဆူဆူညံ့ညံ့ ဘာဖြစ်နေကြတာလဲ”

“မယ့်”

“သခင်မကြီး”

အိမ်ပေါ်ကနေ ဆင်းလာတဲ့ မိခင်ဖြစ်သူနားကို ပြေးသွားကာ

“မယ့် သား မိန်းမရော”

“မယ့် က ဘယ်လိုလုပ်သိမှာလဲ”

“ဒီမှာ မ ရှိတာ သားသိတယ် မယ့် ဘယ်အခန်းမှာလဲဘယ်မှာလဲ”

“မင်း ဘယ်လိုဖြစ်နေတာလဲ စိုင်းနွန်းခမ်း”

မီးကြီးခဲ ကိုင်ထားသလို ခြေမကိုင်မိ လက်မကိုင်ဖြစ်နေတဲ့ စိုင်းရဲ့ပုံစံကြောင့် မိခင်ဖြစ်သူရီချင်နေသလို

သမီးလေးကို ရှာတွေ့ဖို့ ၂ရက်လောက်ထိ ကြာမယ်ထင်ခဲ့ပေမယ့် နာရီ အပိုင်းခြားတစ်ခုထဲနဲ့ ရှာနိုင်တဲ့သားဖြစ်သူကို ဂုဏ်ယူနေပြန်သည်။

“မယ့် ဒီကို ဘာလို့ ပြန်ရောက်နေလဲဆိုထဲက သားရိပ်မိလိုက်ပြီ မယ့် ဆီကို မ ရောက်နေတယ်ဆိုတာ”

“မင်းလုပ်ရက်တွေကြောင့် ကလေး ဘယ်လောက် စိတ်ဒုက္ခရောက်နေလဲ သိရဲ့လား”

« ရှေ့အခန်း - အပိုင်း(၂၇) နောက်အခန်း - အပိုင်း(၂၄) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ