Bububai ဝတ္ထု ဦးပိုင်တဲ့ရစ်လုံးလေး အခန်းစာရင်း

အပိုင်း(၁၀)

ဦးပိုင်တဲ့ရစ်လုံးလေး

လက်က ဒဏ်ရာကြောင့် သုံးရက်လောက်ဖျားသွားတဲ့ တေးလေးက ဖျားနေတဲ့ တစ်လျှောက် အိမ်မှာရှိသမျှလူတွေကို ပတ်ရစ်ပြီး ဂျီကျပေမယ့်

ခန့်ကိုလည်း စကားမပြော ခန့်ချော့ချင်ပေမယ့် လုံးဝချော့လို့မရတာမို့

အဖျားပျောက်တာနဲ့ ရစ်လုံးလေးကိုချော့ဖို့ သူမလေးအကြိုက် မုန့်တွေဝယ်ပြီး အိမ်ပြန်ရောက်တော့

“ကြီးညိုတို့ တေးရော”

“အပေါ်ထပ်မှာ သခင်လေး”

ခန့် အပေါ်ထပ်ရောက်တော့ သူ့ကိုမြင်တာနဲ့ အောက်ထပ်ကိုဆင်းဖို့ လုပ်နေတဲ့ ကောင်မလေးကို

“နေဦး!”

“………..”

“နှုတ်ခမ်းကြီးက ဘာလို့ ဒီလောက်ဆူထားတာလဲ”

စိတ်ကောက်ရင် တေးနှုတ်ခမ်းဖူးဖူးလေးက ဆူနေတာလေးကိုက ခန့် အသည်းတယားယား

ခုလည်း ဘယ်လောက်စကားပြောနေပြောနေ တစ်လုံးမှပြန်မပြောတဲ့ ကလေးလေးကို ဖက်နမ်းချင်စိတ်ကအပြည့်

“မုန့်ဝယ်လာတယ်”

မုန့်လို့ပြောလိုက်တာနဲ့ အရောက်တောက်လာတဲ့ မျက်ဝန်းလေးတွေနဲ့ သူ့ကို ကြည့်လာတော့

“စားမှာဆိုသွားမယ်”

ဆိုကာ ချက်ချင်းကောက်ပွေ့လိုက်တဲ့ ခန့်ကြောင့်

“ချ ခုပြန်ချပေးနော် ဦး”

“မချဘူး”

“ဟာ ချပေး”

“ချပေးစေချင်ရင် ယောကျာ်းလို့ခေါ်”

ဦး ဒီနေ့ကျမှ ဘာဖြစ်နေလဲမသိဘူး သူ့ ရည်းစားဟောင်းရှေ့တုန်းကကျ ဒီလိုပုံစံမဟုတ်ဘူး

အခုမှ မျက်နှာချို လာသွေးလို့ လက်ခံမယ့်ထဲ သံသာတေး လုံးဝမပါဘူး

“မခေါ်နိုင်ဘူး ခု အောက်ချပေးဆို ချပေးနော်”

ခန့်ရင်ဘတ်လေးကို ထုကာ အတင်းရုန်းနေတဲ့ ကောင်မလေးကို

“ရတယ်လေ မခေါ်မချင်း မုန့်လည်းမစားနဲ့ ဒီတိုင်းဘဲ ကိုယ့်ရင်ခွင်ထဲဘဲနေလိုက်”

“ယောကျာ်!!”

စိတ်မပါတဲ့ အသံလေးနဲ့ ခေါ်လိုက်တာကိုက မြတ်ရှိန်ဝါခန့် ရင်ခုန်သံတွေမြန်လာကာ မျက်နှာကြီးကလည်း မှိုရသလိုအပြုံးနဲ့

“ဘယ်လို ထပ်ခေါ်”

“ဟာ ဦးနော်”

“ထပ်ခေါ်”

“ယောကျာ်းလို့!!”

“ဗျာ…သွားမယ် မိန်းမ ဗိုက်ဆာနေမှာပေါ့”

ဒီနေ့မှ ဦး ဘာဖြစ်နေလဲကို မသိဘူး တေး မုန့်စားနေတဲ့ တစ်လျှောက်လုံးလည်းငြိမ်ငြိမ်မစားရဘူး စနေလိုက်တာ

မိန်းမနားရာက်ရင် ဖြစ်နေတဲ့ ပုံစံကို ဘယ်သူကထင်မှာလဲ တည်ငြိမ်တဲ့ မြတ်ရှိန်ဝါခန့်ဆိုတာ

*************

“ဦး ဒီဆေးလေး သောက်လိုက်ဦး”

စာကြည့်ခန်းထဲ အလုပ်လုပ်နေတဲ့ ခန့်ဆီကို ဆေးဗူးလေးနဲ့ ရေခွက်လေး ချပေးကာ ဆေးသောက်ခိုင်းနေတဲ့ တေးကြောင့်

Laptop ပိတ်လိုက်ကာ တေးကို တစ်ချက်ကြည့်ပြီး

“ဘာဆေးလဲ”

“ဘာဆေးလဲတော့ မသိဘူး ဒါပေမယ့် သောက်လိုက်ပါ တေး တိုက်တဲ့ဟာဘဲ အဆိပ်မဖြစ်ပါဘူး ဦးရဲ့”

“ဟ အဲ့လို ပြောတိုင်း သောက်လို့ရမလား ဘာဆေးလဲ ခုပြော”

“မသိပါဘူးဆို”

“မသိဘဲ ဘယ်ကရလာတာလဲ”

“ဟာ ဦးက ဆေးလေးသောက်ဖို့ကို ရစ်လိုက်တာ ဆိုတာ”

ဟော သူကဘဲ ပြောရတယ်ရှိသေးတယ် ဘာမှန်းမသိတဲ့ဆေးကိုလည်း လာတိုက်သေးတယ် မသောက်ပြန်တော့လည်း ရစ်တယ်ဖြစ်ရသေး

တေးပုံစံကတော့ မသောက်မချင်း ရအောင် တိုက်မယ့်ပုံ

“ရတယ် ထားခဲ့ ကိုယ်ပြီးရင် သောက်လိုက်မယ်”

“မရဘူး တေးအရှေ့မှာဘဲ သောက် ခုသောက်”

ဆေးကို သူ့လက်နဲ့ကိုင်ပြီး အတင်း ထိုးပေးနေတာကြောင့် လက်ကလေးကို ဆွဲကာ ခန့် သူ့ပေါင်ပေါ် ထိုင်ခိုင်းလိုက်ပြီး

“တီ…..ဝန်းရံ အခန်းထဲ အခု ဝင်လာခဲ့”

“ဦး ဘာလုပ်မလို့လဲ”

ခန့် တေးမေးတာကို မဖြေဘဲ တေးလက်ထဲက ဆေးယူကာ အခန်းထဲ ဝင်လာတဲ့ ဝန်းရံကို

“ဒီဆေးက ဘာဆေးလဲ သိချင်တယ် အခု ချက်ချင်း”

“ဟုတ်ကဲ့ ဥက္ကဌ”

ဝန်းရံ ထွက်သွားတဲ့ အချိန် ပေါင်ပေါ်က ကောင်မလေးကတော့ အမှားတစ်ခုခု လုပ်ထားတဲ့ ပုံနဲ့ ချွေးတွေ ပြန်နေတာမို့

“Air conက ဒီလောက်အေးနေတာကို ကိုယ့်မိန်းမက ဘာလို့ ချွေးပြန်နေတာလဲ”

“ဟို ဟို”

“ဒေါက်….ဒေါက်..”

အချိန်နဲ့တစ်ပြေးညီ ဝင်လာတဲ့ ဝန်းရံ

“ဥက္ကဌ ဆေးက ဘာဆေးလဲ သိခဲ့ပါပြီ”

“ဘာဆေးလဲ”

“-ိင်စိ၊တ်ကြွဆေးပါ ဖြေဆေးမရှိပါဘူး”

“ဘယ်လို!!”

“ဘာ စိ၊တ်ကြွဆေး ဟုတ်လား”

တေး သူကိုယ်တိုင်လည်း ဘာဆေးမှန်းမသိ ယူလာမိတာကြောင့် အသံကျယ်ကြီး ထွက်မိတော့

“အဟွန်းးး ကိုယ်အခြေအနေက ဒီဆေးတွေသောက်

စရာ လိုလို့လား မင်းအသိဆုံးဘဲကို”

“ဦးနော်”

ထိုအမေးလေးကြောင့် တေးပါးလေးတွေ နီရဲသွားသလို ဘေးမှာရပ်နေတဲ့ ဝန်းရံကတော့ နားတွေပူထူသွားပြီး

“ဟို ဥက္ကဌ ကျွန်တော် အပြင်က စောင့်ပါ့မယ်”

“နေဦး အခန်းအပြင်နဲ့ အခန်းနားကို ဘယ်သူမလာစေနဲ့ အကုန်လုံး အောက်ထပ်မှာဘဲ နေကြ ငါမခေါ်မချင်းဘယ်သူမှ မလာကြနဲ့”

“ဟုတ်ကဲ့ ဥက္ကဌ”

ဝန်းရံ ထွက်သွားတာနဲ့ ခန့် ပေါင်ပေါ်ကနေ ဆင်းဖို့ ကြိုးစားလိုက်တဲ့ တေးကို

ခါးလေးကနေ ဆွေ့ကနဲ့ လှန်းဖယ်ပြီး စားပွဲခုံပေါ် တင်လိုက်တာကြောင့်

“ဦး အဲ့တာကနေ အဲ့တာကလေ”

“အွန်းပြော”

“တေး ဆေးမဟုတ်ပါဘူး”

“အဲ့တာဆို…..”

“အဲ့တာ တီတီလေးက နိုင်ငံခြားက ပါလာတာ ဒါသောက်ရင် ပင်ပန်းမှုတွေ ပြေပျောက်တယ်ပြောလို့”

“အဲ့တာနဲ့ တိုက်ရောပေါ့”

“မဟုတ်ပါဘူး တေးမတိုက်ချင်ဘူးလို့ပြောပါတယ် ဒါပေမယ့် ဟို…ဟို…ဟို…..”

“ပြော ဘာဟိုလဲ…”

ဦးရဲ့အကြည့်တွေက ရင်ခုန်စရာ ကောင်းလွန်းနေတာမို့ တေးမနည်း​ရှောင်လွှဲဖို့ ကြိုးစားနေရသည်။

“တီလေးက ဦးကို ဆေးတိုက်လိုက် သူ ဒီလအတွက် တေးလိုချင်သမျှ ဝယ်ဖို့ black card ပေးမယ်ဆိုလို့ပါ”

“ဘာ မင်းက ကိုယ့်ကို black card နဲ့လဲတယ်ပေါ့”

« ရှေ့အခန်း - အပိုင်း(၉) နောက်အခန်း - အပိုင်း(၁၁) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ