“မမလေးရယ် မလုပ်ပါနဲ့ ကျွန်မတက်ခူးပေးပါ့မယ်”
“ရပါတယ် ဒီလောက်ကတော့ အေးဆေးပါ”
မိခင်ဖြစ်သူလည်း မရှိတာကြောင့် အုတ်တံတိုင်းတက်ကာ ပွင့်နေတဲ့ သစ်ခွပန်းလေးကို
မမှီတမှီနဲ့ခူးနေပြီး
“မမလေး သခင်မကြီး ပြန်လာရင် ကျွန်မတို့ ပြသာနာတက်လိမ့်မယ် ဆင်းခဲ့ပါ ကျွန်မ တက်ခူးပေးပါ့မယ်”
“ရတယ် မှီ နေပြီ တစ်ခက်ဘဲ ကျန်တော့တယ်”
နောက်ဆုံးတစ်ခက်လေးကို ခူးပြီးသွားတာနဲ့ သံလှေကားလေးကနေ ဖြေးဖြေးချင်းဆင်းလာပြီး
“ဖြေးဖြေးနော် မမလေး”
“အားးးး!”
ဖြေးဖြေးနော်ပြောခါမှ လှေကားနောက်ဆုံး တစ်ဆင့်ကျန်မှ ခြေထောက်ပြီး ပြုတ်ကျကာ
“မမလေး မမလေး”
“အားးနာတယ် ဗိုက်နာတယ် အားးးး”
ဗိုက်လေးကို ဖိကိုင်ပြီး ချွေးတွေထွက်ကာ ငိုနေတဲ့ ကောင်မလေး
“ဘာဖြစ်နေကြတာလဲ”
ဩဇာအာဏာအသံအပြည့်နဲ့ရောက်လာတဲ့ ဦး သူ့ရဲ့မြေပြင်ပေါ်မှာ ခွေခွေလေးလဲပြီး ငိုနေတဲ့ကလေးလေးကို
“ကလေး ဘာဖြစ်တာလဲ”
ပီတိ သူအရမ်းလွမ်းနေရပြီး တောင်းတနေတဲ့ ဦးရဲ့မျက်နှာလေးကို မြင်လိုက်ရတာမို့ ပျော်ရွှင်နေရပြီး တစ်ဖက်မှာလည်း နားကျင်မှု ဒဏ်ကို ခံစားနေရတာမို့
“အားးးနာတယ် အီးးးဟီးးးဦး ဗိုက်ကနားတယ်ဦး ဟီးးးးအီးးး”
“အခုချက်ချင်းဆေးရုံကို ဖုန်းဆက်ထားကြစမ်း ဘာမှမဖြစ်ဘူး ကလေး မငိုရဘူး ကိုယ်ရှိတယ် အားတင်းထား ခနဘဲ”
ဆိုကာ သူမလေးခန္တာကိုယ်ကို ပွေ့ချီသွားပြီး ကားပေါ်ရောက်တော့ နာကျင်လွန်းနဲ့ ဗိုက်လေးကို ကိုင်ထားပြီး ချွေးတွေပြန်နေတဲ့ သူမလေး……
မင်းတခေတ် သူ့ကလေးလေးကိုကြည့်ပြီး သူကိုယ်တိုင်လဲ စိတ်ပူပန်နေကာ ချွေးတွေသုပ်ပေးနေပြီး…
“ဦး ပီတိသေတော့မှာလားမသိဘူး”
“ဘာတွေလျှောက်ပြောနေတာလဲ ကလေးရယ် ဦးကလေးလေးကို တစ်ခုခု အဖြစ်ခံမယ် ထင်လို့လား “
ဆေးရုံရောက်တာနဲ့ ချက်ချင်းဆိုသလို အရေးပေါ်ခန်းထဲ ဝင်သွားရပြီး အပြင်က ရပ်စောင့်ရတဲ့ ဦးမှာ ကမ္ဘာ ပျက်နေသလိုပင်
“သား သမီးရော”
စွမ်းထက် ပီတိရဲ့ မိခငိဖြစ်သူကို ဖုနိးဆက်ခေါ်လိုက်တာကြောင့် စျေးဝယ်ရပ်ပြီး ချက်ချင်းဆိုသလို ဆေးရုံကို လိုက်လာရသည်။
“အခန်းထဲမှာ အမေ အခြေအနေမသိရသေးဘူး”
“စိတ်ညစ်ပါတယ်သားရယ် အမေက စျေးဝယ်နေတာ အိမ်ကကောင်မလေးတွေမေးကြည့်တော့ ပန်းခူးတာတဲ့ ပြောလို့ဆိုလို့ကို မရဘူး ဒီကောင်မလေးက”
လုပ်ချင်သလိုထင်ရာလုပ်တက်တဲ့သမီးဖြစ်သူကို ဒေါသထွက်နေသလို စိတ်လည်းပူပန်နေရကာ…………..
“မေမေ ညီမလေးရော”
ပီတိရဲ့ အစ်ကိုဖြစ်သူကတော့ အလုပ်စာချုပ်ကြောင့် နိုင်ငံခြားကို ခရီးသွားနေရပြီး ခရီးကပြန်ပြန်လာချင်းမှာဘဲ ညီမဖြစ်သူ သတင်းကြားတာကြောင့် လင်မယားနှစ်ယောက်လုံး ဆေးရုံကို လာရတော့သည်။
“အရေးပေါ်ခန်းထဲမှာသား သားဖေဖေကို ဖုန်းဆက်မပြောနဲ့ဦး သူ့ကို မေမေပြီးမှဖုန်းဆက်ပြောမယ်”
“ဟုတ်ကဲ့ မေမေ”
“ကျွီ”
အရေးပေါ်အခန်းလေးပွင့်လာတော့ ဆရာဝန်ဆီ ပြာပြာသလဲ လာကြပြီး
“ဒေါက်တာ သမီးလေးအခြေအနေရော”
“ဘာမှစိုးရိမ်စရာမရှိတော့ပါဘူး နောက်ခါတော့ ဂရုစိုက်ပေးပါ”
“ဟုတ်ကဲ့ပါ ဒေါက်တာ ကျေးဇူးတင်ပါတယ်”
စိုးရိမ်စရာမရှိတော့ဘူးဆိုမှ စိတ်ပူပန်မှတစ်ဝက်သက်သာရပေမယ် ခုချိန်ထိ ကလေးမျက်နှာ မမြင်ရသေးတာမို့
“ကလေးရော ဒေါက်တာ”
“ခနနေ VVIPအခန်းထဲကို ပို့လိုက်ပါ့မယ် ဥက္ကဌ နေပေးပါ”
———————————
“ဦး….ဦိး…”
သတိမေ့နေတဲ့ကလေးရဲ့လက်ကလေးကို ကိုင်ထားသလို မေ့နေတဲ့သူလေးရဲ့ ပါးစပ်ဖျားကလည်း ဦးဆိုတဲ့ နာမ်စားလေးကို ကြားလိုက်ရတာမို့
“ကလေး ကိုယ်ရှိတယ်လေ”
နိုးနိုးလာချင်းမြင်လိုက်ရတဲ့ မျက်နှာ ဟာ ဦးမျက်နှာ ဖြစ်တာမို့လို့ မျက်ရည်စလေးတွေကျလာသည်။
“မငိုရဘူးလေ ကိုယ်ဘယ်မှမသွားတော့ဘူး ကလေးနှင်ထုတ်လဲ ကလေးနားမှာဘဲ ကပ်နေတော့မယ် ဒီလိုလည်း ထပ်အဖြး်မခံနိုငိတော့ဘူး”
“ဟင့် ဟင့် ဦး တောင်းပန်ပါတယ် ပီတိမှားတာပါ ဟင့်”
“ကလေးမှားတာမဟုတ်ပါဘူး ဦးအပြစ်ပါ”
ငိုနေတဲ့ ကောင်မလေးရဲ့ နှဖူးလေးကို နမ်းရှိုက်လိုက်ပြီး ဒီကောင်မလေးနားက ထွက်မသွားရဖို့အရေးအစွမ်းကုန်ပိုတိုးပြီး ချစ်ပြနေတဲ့ ဦးရယ်ပါ
အခန်းမှတ်ချက်များ (0)