“ဥက္ကဌ ဒီနေ့ မမလေးဆီ သွားမှာမလား”
အမြဲတမ်း သူ့မိန်းမအိပ်ချိန်ဆို အိမ်ကိုအပြေးအလွှား သွားရပြီး ဗိုက်ကလေး က်ိုင်ကြည့်လိုက် နမ်းလိုက်နဲ့ အလုပ်ရှုပ်နေရသည်။
“အင်း သွားမှာ သူအိပ်နေပြီဆို ဖုန်းဆက်လိမ့်မယ်”
ယောက္ခမဖြစ်သူက ဖုန်းဆက်မှ သွားတဲ့နေတဲ့ အဖြစ်ရောက်နေသည်။
“ဥက္ကဌ သဇင်နွယ်ကိစ္စကို ခိုင်းတာ အကုန်ပြီးပါပြီနော်”
မင်းတခေတ် သူနဲ့သူ့မိန်းမ ပြသာနာဖြစ်တာမို့ သဇင်နွယ်ကို မကျေနပ်သလို……
သူကိုယ်တိုင်ကလည်း မင်းတခေတ် ကုမ္မဏီရဲ့ ရှယ်ယာကို ဝယ်လိုက်တာမို့……
ရှယ်ယာရှင်တစ်ဦးလိုဖြစ်လာကာ နေ့တိုင်းလိုလို ကုမ္မဏီ လာနေတာကြောင့်….
ရှယ်ယာရှင်တွေထဲ တရားမဝင်ရှယ်ယာရောင်းသူအချို့ကို ဂတိဖောက်ဖျက်မှုနဲ့ ရှယ်ယာသိမ်းလိုက်သည်။
“ပြီးရင် သူကို စာချုပ်တွေအကုန်ပို့လိုက် သဇင်နွယ်နဲ့ပတ်သတ်တဲ့ ကုမ္မဏီတိုင်းကိုလည်း ကြေညာလိုက် သူနဲ့ဖက်စပ်လုပ်ခဲ့တာ ရှိရင်ဖြစ်ဖြစ် လုပ်ထားရင်ဖြစ်ဖြစ် ငါတို့ကုမ္မဏီက လက်တွဲဖြုတ်မယ်လို့”
“ဟုတ်ကဲ့ ဥက္ကဌ”
သဇင်နွယ်ဆိုရင် မျက်နှာတောင်မပြောနဲ့အရိပ်တောင်မမြင်ချင်သူမို့ ပတ်သတ်သမျှ အမြစ်က ရှင်းသလို လိုက်ရှင်းနေသည်။
——————————
“ခေတ် နင် ဒါဘာလုပ်တာလဲ”
မင်းတခေတ် လုပ်နေတာတွေက သဇင်နွယ်ကို မြန်မာနိုင်ငံမှာ မနေနိုင်လောက်အောင်ကို လုပ်နေတာမို့
“မင်းလုပ်တာတွေနဲ့တူတဲ့ အရာတွေ တန်ပြန်ပေးနေတာလေ”
“အခု နွယ်လုပ်နေတာတွေမှန်သမျှက ခေတ်ကိုချစ်လို့လေ”
“မင်းလျှာရိုးမရှိတိုင်းလျှောက်ပြောနေတဲ့ စကားတိုင်းက ငါနဲ့ငါချစ်တဲ့ကလေး အပေါ် ထိခိုက်တယ် မင်းလိုအောက်တန်းကျတဲ့ မိန်းမမျိုးအတွက် ကုန်ခဲ့တဲ့ နှစ်မပြောနဲ့စက္ကန့်တိုင်းကို နှမြောတယ် နောင်တရတယ်”
“အဲ့လိုမပြောနဲ့ ခေတ် ငါနင်ပြန်ချစ်လာအောင် ဘာဘဲ လုပ်ရလုပ်ရ ငါအကုန်လုပ်နိုင်တယ်”
“မင်းလုပ်နိုင်သလို မင်းလည်း ပြာ ဖြစ်သွားအောင် ငါလည်း လုပ်နိုင်တယ်ဆိုတာ မင်း သိဖို့လိုတယ်”
“ရက်စက်လိုက်တာ ခေတ်ရယ်”
“အေး ငါ့မိန်းမအပေါ် ထိခိုက််မယ့် ကိစ္စ ဘယ်ကိစ္စမဆို ငါ ရှိနေသရွ်ုအရိပ်တောင််မကျစေရဘူး”
ဆိုကာ ခေတ်ဖုန်းချလိုက်ပြီး တစ်ဖက်က သဇင်းနွယ်ကတော့ အရုပ်ကြိုးပျက်ဖြစ်ကာ အလဲလဲအပြိုပြို ဖြစ်နေသည်။
————————————
“ဒီနေ့ ဘာစားမှာတဲ့လဲ အမေ”
ပီတိလေးရဲ့မိခင်ဖြစ်သူဆီ ဒီနေ့ ပီတိ တောင်းတာတွေကို မေးနေတဲ့ ဦးရယ်ပါ
“ဒူးရင်းသီးတဲ့သား မဝယ်နဲ့ အပူတွေမို့လို့ “
“မင်းကွတ်သီးနဲ့တူတူ ဝယ်ခဲ့ပေးမယ်လေ နည်းနည်း အာသာပြေလောက်စားချင်ရတယ်”
“မင်း အဲ့လောက်အလိုလိုက်ရင် ကောင်မလေးက တော်တော်ဆိုးနေပြီ ဗိုလ်ကလည်း ကျနေတာ တကယ်ပါဘဲ”
“ရပါတယ် အမေရယ် သူအတွက်ဘဲ မရဘူးဆိုတာ မရှိစေရဘူး”
“အေးပါ သူအိပ်တာနဲ့ အန်တီဖုန်းဆက်မယ်နော်”
———————————-
“ချစ်စရာကောင်းလာလိုက်တာ ကလေးလေးရယ် ဗိုက်လေးကလည်း ပူလာပြီ ကိုယ့်အသဲလေး ပင်ပန်းနေတော့မှာ ကိုယ် သိတာပေါ့”
အိပ်နေတဲ့ ကလေးလေးကို ခေါင်းက ဆံပင်လေးတွေ သပ်ပေးနေကာ ကာမဝဖြစ်နေသူ
ကိုယ်ဝန်ဆောင်ပြီးထဲက နေ့စဉ်မိခင်ဖြစ်သူကြောက့် သနပ်ခါးဘဲလိမ်းတော့ သနပ်ခါးအနံလေးဘဲ ရနေကာ အမြဲတမ်းသနပ်ခါးလေးနဲ့ ဖွေးဉနုဖက်နေသည်။
“သား အိမ်မှာ ထမင်းစားသွားလိုက်”
“တော်ပြီ အမေ အပြန်မှစားလိုက်မယ် တော်ကြာ ကလေးနိုးလာမှာစိုးလို့”
“နိုးတော့လဲ ဘာဖြစ်လဲ သားရယ် သား သူ့ကြည့် အလေးထားမနေနဲ့ ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ဦး”
“ဟုတ်ကဲ့ပါ သားစားသွားလိုက်မယ်နော်”
သူ ထမင်းစားမသွားရင် ကလေးကို ဆူမယ်ဆိုတာ သိတာမို့ ထမင်းစားသွားလိုက်ရသည်။
“သားတို့ ကိစ္စကို ဒီတိုင်း ပြစ်မထားနဲ့ သား ခု သူက ကိုယ်ဝန် ၅လထဲ ဝင်တော့မှာ ပါးစပ်ကသာ ပြောနေပေမယ့် သားကို သမီး လိုအပ်တာအမေသိတယ် “
“သားလည်း သိပါတယ် သား လုပ်စရာတွေ အပြီးပေးလို့ပါ ကလေးကို ပြန်ချော့မှာပါ သူကျေနပ်တဲ့ထိ သားတောင်းပန််မှာပါ”
“အမေသားကိုမပြောဘဲထားတာ သမီးလေးက မင်းပေးတာတွေ မင်းဝယ်ကျွေးတာတွေအကုန်သိတယ် စားတိုင်းလဲ ငိုတယ်”
ဒီစကားကို ကြားလိုက်တဲ့ အချိန်မှာ ဦး အရမ်းအံ့ဩသွားပြီး စိတ်ဆိုးနေမယ်ထင်တဲ့သူလေးက ခံစားနေရတာပါလားဆိုတဲ့ အတွေးအပြင် သူ့ကလေးလေးငိုနေတဲ့ဆိုတဲ့စကားကြောင့်
“သား နှစ်ရက်အတွက် ကိစ္စ ပြီးအောင် လုပ်ပါ့မယ်”
ကြာကြာ မထားနိုင်တော့တာမို့ အမြန်ဆုံး ချော့တော့မယ်လို့ တွေးလိုက်တဲ့ ဦးရယ်ပါ
အခန်းမှတ်ချက်များ (0)