Bububai ဝတ္ထု ကျွန်မအတွက်ဆို ခမ်းနားမှုတွေပေးတဲ့ဦး အခန်းစာရင်း

အပိုင(၁၀)

“ကိုယ်နဲ့ကုမ္မဏီ လိုက်ခဲ့”

သူရဲ့ဇနီးအချောလေးကို ကုမ္မဏီမှာ ကြွားချင်တာကြောင့် လိုက်ခဲ့ဖို့ပြောတော့

“တော်ပါပြီ ဦးရဲ့ ဒီနေ့သင်တန်းလည်းရှိသေးတယ်”

“သင်တန်းရှိလည်း ဘာဖြစ်လည်း ကိုယ်လိုက်ပို့မယ်လေ လိုက်ခဲ့ပါ”

ဦးတကယ် လိုက်စေချင်လို့ ခေါ်မှန်းသိတော့

“အွန်းပါ လိုက်ခဲ့မယ် ဒါပေမယ့်လေ”

“အွန်းဒါပေမယ့် ဘာလိုချင်လို့လဲ”

ကော်ဖီသောက်နေတုန်း ပူဆာတော့မယ့် ကောင်မလေးအကြောင်း သိတာမို့

“ဟိုလေ ဟို”

“ပြောလေ ကလေးရဲ့ ဘာလဲ”

မိဘတွေမဟုတ်ဘဲ ပထမဆုံး ယောကျာ်းဖြစ်သူက်ုဝယ်ခိုင်းရမှာမို့ တွန့်ဆုပ်နေကာ

မေမေတို့ကိုဘဲ ဝယ်ပေးဖို့ ပြောလိုက်တော့မယ်လို့ တွေးပြီး

“ဘာမှမဟုတ်တော့ဘူး ဦး”

တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့ ကောင်မလေး သူ့ကို ပူဆာချင်တယ်ဆိုတာ ဦးသိတာမို့ သူ့ဇနီးလေးဘက်ကို လှည့်ပြီး လက်လေးကိုင်ကာ

“ကိုယ်ပြောပြမယ် ခုကစပြီး ကလေးလိုချင်တာ ကလေးဖြစ်ချင်တာမှန်သမျှ ကိုယ့်ကိုပြောလို့ရတယ် ကိုယ်က ကလေး တစ်ဘဝလုံး လိုအပ်မှု မရှိကလေးမိဘတွေ လက်ထဲတုန်းကလို ထားပါမယ်ဆိုပြီး ကိုယ်ကတိတွေပေးပြီး ကလေးလေးကို သူတို့လက်ထဲကနေ ယူခဲ့ရတာ ခုကလေးက ကိုယ့်ကို လိုအပ်တာမပြောဘဲ မိဘတွေကို ပြောမယ်ဆိုရင် ကိုယ်ကချမ်းသာပြီး မိန်းမကို မသဒ္ဒါတဲ့ကောင်လို့ထင်ကုန်ကြမှာပေါ့”

ဦးရှင်းပြတော့မှ ဦးပြောနေတာတွေက ဟုတ်နေတာပါလားဆိုပြီး

“ဟုတ်ကဲ့ပါဦးရယ် ပီတိ အဲ့လောက်မတွေးမိသွားလို့ပါ အခု ဖိနပ်ရယ် မုန့်ရယ်ဝယ်ချင်လို့ပါ ပြီးတော့ အကျီလေးလည်း ဝယ်ချင်တယ် အတွင်းဘက် ဝတ်ရမယ့် အထည်တွေရော”

တောင်းလို့ပြောလိုက်တာနဲ့ တလစက်ရွတ်ပြီး ပူဆာသလို တောင်းနေတဲ့ ကောင်မလေးကြောင့် ဦးပျော်နေပြီး

“အွန်း ကိုယ်အကုန်လိုက်ဝယ်ပေးမယ် နောက်ဆို ဒီလိုလေးဘဲ အမြဲ ကိုယ့်ကို ပူဆာနော် ကိုယ်ရှာနေတာတွေအကုန်လုံးက ကိုယ့်မိန်းမသုံးဖို့ဘဲ”

“ဟုတ် ဟီး ဒါနဲ့ ဦးက ကုမ္မဏီသွားမှာမလား မလိုက်ခဲ့နဲ့တော့လေ ဝယ်ပြီးရင် လိုက်လာခဲ့မယ်လေ”

“အဲ့လိုလေး လုပ်လို့အဆင်ပြေလား”

“ပြေပါတယ် ဦးရဲ့ ကလေးလည်းမဟုတ်ဘူး”

ချစ်ဇနီးလေးနောက်ကို ထပ်ချပ်မကွာလိုက်ချင်ပေမယ့်လည်း အရေးကြီး meetingရှိတာမို့ တစ်ယောက်ထဲ လွတ်ရတာစိတ်တော့မချချင်ဖြစ်နေကာ

“ဒီလိုလုပ် စွမ်းထက် လူနှစ်ယောက်လောက် ကလေးနောက်ကို ထည့်ပေးလိုက်”

“ဟုတ်ကဲ့ ဥက္ကဌ”

“အဲ့ဒါဆို ဦး အကျီတက်လဲလိုက်တော့မယ်နော်”

“ကိုယ်လည်း လိုက်ခဲ့မယ်လေ”

ဆိုကာ အနောက်ကလိုက်သွားတဲ့ မင်းတခေတ်ကိုကြည့်ပြီး အသက်၃၀ကျော်မှ ရည်းစားထားဖူးတာလိုလို မြူးထူးနေတဲ့ ဥက္ကဌကို ကြည့်ပြီး ပြုံးစိစိဖြစ်နေကြတဲ့ စွမ်းထက်တို့ရယ်ပါ

“ကလေး morning kiss လေးပေးဦး”

ပီတိခါးလေးကို ဖတ်ပြီး ကလေးတစ်ယောက်လို မျက်နှာကြီး ရှေ့တို့တောင်းနေတဲ့ဦးကို

“တော်ပြီဦး meeting ရှိတယ်ဆို”

“kissလောက်အရေးမကြီးဘူး ပေးပါဦးဆို”

“အွန့်…..”

ပေးပါဦးဆိုကာ ဇွတ်နမ်းသွားတဲ့ ဦးရယ်ပါ အနမ်းလေးကို အချိန်ကြာကြာလေးဆွဲပေးရင်း

တစ်ဖြေးဖြေး ဦးရဲ့လက်က ပီတိလေးရဲ့ အစိုင်အခဲလေးပေါ် တစ်ဖြေးဖြေး ရောက်လာပြီး ပွတ်ချေနေတာမို့

“အ့…..”

“ကိုယ် ကိုယ်….”

“တော်ပြီ ဦး မနေ့ညတုန်းကလည်း ဦး တစ်ညလုံး ကိုင်အိပ်ထားတာ နာနေပြီ”

ညတုန်းကလည်း ကိုင်လိုက် ထိလိုက် တို့လိုက်နဲ့ ခြယ်လှယ်ချင်သလို ခြယ်လှယ်နေတာမို့ တင်းပြီး နာနေသည်။

“ဟုတ်လား ပြပါဦး ကြည့်ပေးမယ်”

ပြပါဦးဆိုကာ အကျီကြယ်သီးလေးတွေ ချွတ်နေတဲ့ ဦးကို

“တော်ပါပြီဆို ဦးနော်”

မျက်စောင်းလေးထိုးကာ ကြည့်လိုက်မှ ငြိမ်သွားတဲ့ ဦးရယ်ပါ

“သွားကြစို့ ဦး နောက်ကျလိမ့်မယ်”

“ညကျရင်တော့ တိုက်ဦးနော် မဝသေးဘူး”

ဒီကောင်မလေးရဲ့အရာရာတိုင်းကို စွဲလမ်းနေတဲ့သူပါ အခုသူလေးရဲ့အရာရာတိုင်းကို ထိတွေ့ဖူး ခံစားဖူးတော့ ပိုပြီးတော့ စွဲလမ်းပြီး စားလေစားလေ အငတ်မပြေသူ ဖြစ်နေပြီ

“ဦးနော်”

ဆိုကာ ဒီလိုစကားတွေလည်း ပြောတက်တာလားဆိုပြီး အံ့ဩနေမိတဲ့ ပီတိရယ်ပါ

……………………………………….

“မင်းတို့ ဒီကိစ္စ ဘယ်လိုလုပ်မှာလဲပြော”

ကျယ်ဝန်းလှပြီး အမြင့်ဆုံးအထပ်ပေါ်မှာရှိတဲ့ ရုံးခန်းကြီးထဲမှာ မျက်မှောင်ကိုကျုံပြီး ဒေါသတကြီး အော်နေတဲ့သူကတော့ မင်းတခေတ်ရယ်ပါ

“အလုပ်ကို ဒီလို ဆက်လုပ်နေရင် အကုန်လုံး အလုပ်ထွက်ဖို့ပြင်”

ဝန်ထမ်း ၅ယောက်ကို ဆူပူကြိမ်းမောင်းနေပြီး လက်ထဲက ဖိုင်တွေကိုလဲ လွှင့်ပစ်ကာ

“စာချုပ်တွေ ထပ်လုပ်ပြီး ယူလာခဲ့ အချိန် ၃နာရီပေးမယ် ဒီလိုမှ မဟုတ်ရင်…”

“ဒေါက်….ဒေါက်….ဒေါက်”

ဆူလို့မှ စကားမဆုံးသေး တံခါးလာ​သေး တံခါးခေါက်သံကြားတာကြောင့်

“အပြင်က ဘယ်သူတံခါးခေါက်နေတာလဲ ဖုန်းဆက်ဖို့ ဖုန်းမပေးထားဖူးလား လာကစားနေတာလား”

ဆူလိုက်တော့ တံခါးအပြင်ကနေ တံခါးဖွင့်ပြီး ဝင်လာလိုက်တဲ့ ပီတိလေး

“ဦး မအားလို့လားဟင် အော်လိုက်တာ လန့်သွားတာဘဲ”

“ကလေးမှန်းမသိလို့ပါ” ဆိုကာ ခြေလှမ်းကျဲတွေနဲ့လျှောက်သွားပြီး

“သူတို့က ဖုန်းဆက်ပေးမယ်ပြောတယ် ပီတိက ဦးကို စချင်လို့ပါ”

“ရတာပေါ့ နောက်ခါတွေလည်း စလို့ရတယ် မအော်တော့ဘူးနော်”

“အွန်း”

မင်းတခေတ် ပထမတုန်းကတော့ အော်ပြောနေပေမယ့် ပီတိလေးလည်း မြင်ရော အပြုံးကြီးပြုံးကာ သွားကြိုနေတာမို့

“ဥက္ကဌက ပြုံးနေတာတော့”

“ဟုတ်ပ ဟယ်ကြည့်ပါဦး ခနက ငါ့တို့ကို ဆူနေတာ သူ့မိန်းမရှေ့ရောက်တော့ သူမဟုတ်တဲ့အတိုင်းဘဲ”

“ငါတို့ကဘဲ သူကို ဆူလို သွားတိုင်နေသလိုဘဲ ခံစားနေရတယ် ငါပြောပါတယ် အသက်ကြီးမှ မိန်းမရရင်အဲ့လိုဘဲ”

ဆူခံထိထားတဲ့ ဝန်းထမ်းလေးတွေ တိုးတိုးပြောနေကြပြီး

“ကလေး မမောဘူးလား လျှောက်ပတ်လာရတာ”

ဆံပင်လေးကို သပ်ပေးကာ ပီတိ လွယ်ထားတဲ့ ပိုက်ဆံအိတ်လေးကိုလည်း ယူပြီး ကိုင်ထားကာ

“မမောပါဘူး ဦးရဲ့ အထုပ်လည်း ဦးလူတွေဘဲ ဆွဲပေးထားတာလေ”

“ဟုတ်ပါပြီ မင်းတို့သွားကြတော့”

« ရှေ့အခန်း - အပိုင်း(၉) နောက်အခန်း - အပိုင်း(၁၁) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ