Bububai ဝတ္ထု ကျွန်မအတွက်ဆို ခမ်းနားမှုတွေပေးတဲ့ဦး အခန်းစာရင်း

အပိုင်း(၇)

“ရှင်”

“ဗျာ…ကျွန်တော်သဘောမတူဘူးနော် မေမေ”

မိခင်ဖြစ်သူစကားကြောင့် ပီတိလေးရော အစ်ကိုဖြစ်သူပါ အံ့ဩသွားကြပြီး အောင်ပြည့်လျှံကတော့ သဘောမတူတာမို့ ငြင်းဆန်နေကာ

“ဘာလို့လဲ သား ဥက္ကဌကို မေမေတို့ မကောင်းတဲ့သတင်းမကြားဖူးဘူး”

အရင်တုန်းက သူ့ရဲ့ငယ်ချစ်ဦးဆိုတဲ့ အကြောင်းကလွှဲရင် မိန်းကလေးနဲ့ပတ်သတ်ပြီး ဘာမှမကြားခဲ့ရဖူးတဲ့ သူပါ

“မေမေပြောတာ သားလက်ခံတယ် ဒါပေမယ့်မေမေ ညီမလေးနဲ့က အသက်အရွယ်ကွာလွန်းတယ်လေ ညီမလေးအကြောင်းလည်း မေမေသိတာဘဲ”

အသက်အရွယ်ဆိုတာထက် ညီမလေးကို သဝန်တိုလွန်းပြီး နှမြောနေတဲ့ အစ်ကိုဖြစ်သူကတော့ မိဘတွေနဲ့တောင် တိုက်ပွဲဝင်နေတာကို ပီတိကြည့်ပြီး

“ကိုကို ညီမလေး ဦးကို ယုံတယ်”

“မြင်လား မေမေ သုံးခါလေးခါလောက်လေးတွေ့ပြီး ယုံနေတာ ငါပြောမယ်……”

“တော်ပါတော့ ကိုရယ် ညီမလေးလည်း အရွယ်ရောက်နေပြီ ကိုမင်းတခေတိကလည်း သီရိကြားဖူးသလောက်တကယ်နံမည်ဆိုးမရှိပါဘူး”

ယောင်းမလေးက မင်းတခေတ်ကို သဘောကျနေပြီဆိုတာ သိတာကြောင့် ယောကျာ်းဖြစ်သူကို ဖြောင်းဖြနေကာ

“ကိုကိုမြင်လား မမလို အေးတဲ့သူတောင် ဦး ဘယ်လောက် ကင်းရှင်းလဲဆိုတာသိတယ်”

“ပီတိ အကုန်လုံးနင်ဘက်ပါနေလို့ ပျော်မနေနဲ့နော် ငါ့ညီမလေးသာတစ်ခုခု ဖြစ်ရင် ငါဘယ်သူကြီး ဖြစ်နေတေ ဂရုမစိုက်ဘူး”

အစ်ကိုဖြစ်သူကြောင့် မိဘတွေ အပါအဝင်ယောင်းမဖြစ်သူပါ အကဲပိုလွန်းတယ်ဆိုတဲ့ အကြည့်နဲ့ ဝိုငိးကြည့်နေကြသည်။

“သမီးကို ဖေဖေ မေးမယ် ဖေဖေတို့ မျက်လုံးထဲ သမီးလေးက ကလေးလေးမို့ ဖေဖေတို့ တကယ် မပေးချင်ဘူး”

“ဟုတ်ကဲ့ ဖေဖေ”

“ဖေဖေတို့လည်း လူငယ်ဘဝကနေ ဖြတ်သန်းခဲ့ရတော့ လူငယ်သဘာဝကိုနားလည်တယ် ဥက္ကဌက သမီးဘဝတစ်ခုလုံး လုံခြုံစေမယ်လို့လဲ ဖေဖေယုံကြည်တယ် အဲ့တော့ သမီး ဥက္ကဌနဲ့ လက်ထက်ဖို့ သဘောတူလား”

“တူပါတယ်” ချက်ချင်းအဖြေပေးတဲ့ ပီတိရယ်ပါ

ပီတိလေးလည်း တစ်ညလုံးအိပ်မပျော်နိုင်နေပါ မနက်ကျ လူကြီးချင်း စကားပြောတော့မယ်ဆိုတာ သိနေတာကြောင့် ရယ်

သူကို တစ်စက်လေးမှပြောမပြဘဲ လုပ်ချင်တိုင်း လုပ်နေတဲ့ဦးကို စိတ်ဆိုးချင်ပေမယ့် ဦီးသူ့အပေါ်ကောင်းခဲ့တာတွေ ကာကွယ်ခဲ့တာတွေကို သိတာကြောင့် အပြစ်မမြင်ရက်ဖြစ်နေသည်။

…………….

“ ဥက္ကဌကြီးတို့ ကြွပါ”

မင်းတခေတ်အပြင် အဘိုးဖြစ်သူပါ လိုက်ခဲ့တာကြောင့် ဦးအောင်နိုင် အိမ်ထဲ ခေါ်နေကာ

“ဟုတ်ကဲ့ပါ ဦးအောင်နိုင် ဟိုနေ့က ကျုပ် ထိုင်းမှာ ကျန်းမာရေးကိစ္စနဲ့ သွားနေရလို့ မြေးလေးကလည်း အလောတကြီးနဲ့ဖုန်းဆက်တာမို့ ကျုပ်လည်းပျော်သွားပြီး ဖုန်းဆက်လိုက်ရတာပါ”

သဇင်နွယ်နဲ့ကိစ္စပြီးထဲက မိန်းကလေး ကိစ္စဆိုတာ မကြားဖူးပေမယ့်

ဒီကောင်မလေးကြမှ သဇင်နွယ်နဲ့တုန်းကထက်တောင် အကဲပိုလွန်းနေတဲ့ မြေးဖြစ်သူကြောင့် သူပါ လိုက်ပြီး အကဲပိုပေးနေရတဲ့ အဘိုးဖြစ်သူရယ်ပါ

“ရပါတယ် ဥက္ကဌကြီးရဲ့ ကျွန်တော်လည်း ထင်ပါတယ် နိုင်ငံခြားဖုန်းနံပါတ်ဖြစ်နေတော့ ဥက္ကဌကြီး ထိုင်းမှာဘဲလို့လေ”

“ဟုတ်တယ်ဗျာ ကလေးတွေကိစ္စလေး ပြောချင်လို့ ဒီနေ့လာရတာပါ မြေးမလေးရော”

“ရှိပါတယ် ရှက်လို့တဲ့ ဆင်းဖို့ခေါ်တာမရလို့ပါ ကျွန်တော်သမီးလေးကို မေးကြည့်တော့ ကလေးက ဖေဖေတို့ သဘောပါတဲ့”

ကြားထဲမှာ မင်းတခေတ် ကုမ္မဏီမှာ အလုပ်ရှုပ်နေတာ​ေရာ မဂ်လာပွဲကို အမြန်ဆောင်ချင်နေကာ

မအားနေတာကြောင့် ပီတိမျက်နှာလေးကို မတွေ့ရတာ နှစ်ရက်ကျော်ရှိနေပြီမို့ ရှက်နေတဲ့ကောင်မလေးမျက်နှာကို တွေ့ချင်နေတဲ့ သူကြီးရယ်ပါ

ပီတိလေးရဲ့မကန့်ကွက်တဲ့ အဖြေကြောင့် မင်းတခေတ် ပြုံးသွားကာ

“ကျွန်တော်တို့ဘက်က တင်တောင်းငွေနဲ့ပစ္စည်းလေးတွေကို ရှေ့နေကြီးက ဖတ်ပြပါလိမ့်မယ်”

မင်းတခေတ်တို့ တင်တောင်းငွေ ကိစ္စနဲ့ စာချုပ်တွေ တန်းလုပ်ရမှာကြောင့် မိသားစုရှေ့နေကိုပါ ခေါ်လာခဲ့သည်။

“ဒီဘက်က ဥက္ကဌမင်းတခေတ်က သူ့ရဲ့ဇနီးလောင်းလေးကို ကုမ္မဏီရဲ့ရှယ်ယာပိုင်ဆိုငိမှု ၄၅•\• ငွေသားအတွက် ဥက္ကဌရရှိမယ့်ပိုင်ဆိုငိမှု အချိုးကျရဲ့ သုံးပုံနှစ်ပုံ ပေ၁၀၀ပတ်လည်ရှိ မြေကွက် ၅ကွက် တိုက် ၄လုံး ကား ၅စီး စိန်၃ပြည် ရွှေက ၁၀ပိသာ ဒါတွေက ပိုင်ဆိုင်မှု လွှဲပြောင်း စာချုပ်တွေပါ”

“ဟုတ်ကဲ့ဗျ”

“ဥက္ကဌကြီးကတော့ သူမှာ ရှိတဲ့ ပိုငိဆိုင်မှုရဲ့ ၃ပုံ၂ပုံပါ အမွေအနှစ်ပြခန်း ခရီးသွားဝန်ဆောင်မှု ကျွန်းတစ်ကျွန်း ဒါက အမွေလွှဲပြောင်းစာချုပ်တွေပါ လက်မှတ်ထိုးပေးပါ”

“ဟုတ်ကဲ့ မိန်းမ သမီးလေးကို သွားခေါ်လိုက်ဦး”

အောင်ပြည့်လျှံ မင်းတခေတ် သူ့ရဲ့ညီမလေးကို တင်တောင်းတာတွေကြည့်ပြီး အံ့ဩသွားကာ

သူ့ညီမလေးကို တင်တောင်းတာတွေ ပေါင်းရင် မင်းတခေတ်ရဲ့ချမ်းသာမှုကို level လိုက်နိုင်တဲ့ ပမာဏထိမို့ မင်းတခေတ် သူ့ညီမလေးကို တနိဖိုးထားမှန်း အောင်ပြည့်လျှံတစ်ယောက် သဘောပေါက်တော့သည်။

မိခင်ခေါ်လာလို့ အိမ်ပေါ်ကနေ ဒူးဖုံးဂါဝန် အဝါနုလေးနဲ့ ဘယ်ချိန်ကြည့်ကြည့် ပြည့်ပြည့်ဖောင်းဖောင်းနဲ့ချစ်စရာကောင်းနေတဲ့ ပီတိလေးကို ဦးတို့ ကြည့်မဝဖြစ်နေကာ

ပီတိလေးသူ့ကို အရမ်းတွေ စိုက်ကြည့်နေတဲ့ ဦးကြောင့် အရမ်းရှက်နေပြီး

“သမီး ဒါလေးတွေ လက်မှတ်ထိုးပေးဦး”

“တကယ်တော့လေ သမီး ဒါတွေမလိုချင်ပါဘူး သမီးကို တစ်သတ်လုံး ချစ်ပေးရင် ရပါပြီ တကယ်မလိုချင်ပါဘူး”

ပီတိလေးရဲ့အဖြေကြောင့် မင်းတခေတ် ဒီကောင်မလေးကို ဘာလို့ သဲသဲလှုပ်ချစ်နေလဲဆိုတာ အဘိုးဖြစ်သူ သဘောပါက်သွားကာ

“ယူပါမြေးလေး အဘိုးတို့ ဒီထက်တောင်အများကြီးပေးသင့်တာပါ ဒါဟာ ရွှေကိုရွှေချင်းထပ်တာပါ မြေးလေးက တန်ဖိုးရှိလို့ ဒီလို တန်ဖိုးတွေနဲ့ လာတောင်းရမ်းရတာပါ”

“ဟုတ်ကဲ့ ဖိုးဖိုး သမီး ဖိုးဖိုးပြောတာ နား​ထောင်ပါ့မယ်”

“ဒီပွဲလေးပြီးရင် ပီတိကို ကျွနိတော် စကားလေးပြောချင်လို့ပါ ကျွန်တော် ခဏခေါ်သွားဦးမယ်”

“ဟုတိကဲ့ပါ ဥက္ကဌ”

ဆိုကာ လူကြီးတွေစကားပြောဆိုပြီးကြတော့ ပွဲလေးကို အဆုံးသတ်လိုက်ကြသည်၊

မင်းတခေတ် ပီတိလေးကို ကျယ်ပြန့်တဲ့ မြတ်ခင်းပြင်တွေထဲ ခေါ်သွားပြီး

“ကလေးလေး ကိုယ်မင်းကို ဖွင့်မပြောဘဲ ဒီလိုတွေလုပ်တာ စိတ်ဆိုးသွားလား”

“နည်းနည်းတော့ ဆိုးတယ်”

“ကိုယ်အချိန်ဆွဲနေရင် မင်းကို ဆုံးရှုံးရမှာစိူးလို့ပါ”

ဆိုကာ ပီတိရဲ့လက်လေးကို ကိုင်ပြီး မျက်လုံးချင်းဆုံကာ ခါတိုင်းနဲ့မတူ ကွာပြားပြီး အဖြစ်သည်းပြနေတဲ့ဦးကို

“ဦးက ပုတ်သင်ညိုကြီးလိုဘဲ အရောင်ပြောင်းလိုက်တာ”

“ဟောဗျာ မပြောင်းရပါဘူး ခုကိစ္စ ကိုယ့်နဲ့လက်ထပ်ဖို့ သဘောတူပေးလို့ ကိုယ်ကျေးဇူးတင်ပါတယ် ပြီးတော့ ကိုယ်ကလေးလေးကို အရမ်းချစ်တယ် ချစ်ခဲ့တာလဲ ကြာပြီ”

“ရှင်”

« ရှေ့အခန်း - အပိုင်း ၆ နောက်အခန်း - အပိုင်း(၈) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ