မဂ်လာပွဲပြီးသွားပေမယ့် ပီတိကိုရှာလို့မတွေ့တာကြောင့် မိခင်ဖြစ်သူစိတ်ပူနေကာ
“ယောကျာ်း လုပ်ပါဦး သမီးလေးကို ခုထိ ဖုန်းလည်း ခေါ်မရဘူး”
“စိတ်အေးအေးထားပါ မိန်းမရယ် ကိုယ်လူတွေ cctvသွားကြည့်နေကြပါတယ်”
“ဖေဖေ ညီမလေးက အပေါ်ထပ်မှာတဲ့ လိုက်သွားကြရအောင်”
“ဟုတ်ပီ သား”
မိသားစုဝင်အပြင်အသစ်စက်စက်တော်ထားတဲ့ ပီတိရဲ့ယောင်းမလေးပါ ပီတိလေးကို စိတ်ပူနေတာကြောင့် အပေါ်ထပ်ကို တူတူလိုက်လာကာ
“ဒီအခန်းမှာ “
ဆိုကာ ဟိုတယ်ဝန်ထမ်းလေးက ထိုးပြလိုက်ပြီး တံခါးကိုခေါက်လိုက်တော့ အကျီအဝတ်စား ဝတ်ရင်း ထွက်လာတဲ့ မင်းတခေတ်
“ဥက္ကဌ သမီးလေးရော ဘယ်လိုလုပ်လိုက်တာလဲ”
“အန်ကယ့်သမီး ဆေးခက်ခံထားရတာ ကျွန်တော်ကူညီပေးယုံဘဲ”
“မင်း!!!!!”ဆိုကာ မင်းတခေတ်ကို ထိုးမယ်လုပ်တော့
ပီတိ အခန်းထဲကနေ အပြေးထွက်လာပြီး သူ့ရဲ့ဦးရှေ့ကနေ ကာလိုက်ကာ
“ကိုကို ဦးလုပ်တာမဟုတ်ဘူး ဦးက ကူညီပြီး ဆရာဝန်ခေါ်ပေးတာ”
“ဆေးခက်တာ ငါ့ဝါသနာမဟုတ်ဘူး ဘယ်သူလဲ ဆိုတာ မင်းသိမှာပါ”
“မင်းခိုင် ခွေးမသား ငါ့ညီမကို လာထိရဲတယ်”
ဆိုကာ ဒေါသတကြီး လိုက်သွားတော့
“ကို….”ဆိုကာ ဇနီးဖြစ်သူကလည်း အောင်ပြည့်လျှံနောက် ပြေးလိုက်ရသလို မိဘတွေကလည်း လိုက်သွားကြပြီး
“ဦး ကိုကိုက မသိလို့ပါနော် ကိုကိုဆီလိုက်သွားလိုက်ဦးမယ်”
ဆိုကာ မျက်နှာငယ်လေးနဲ့တောင်းပန်ပြီး သူ့အစ်ကိုနောက်ကို ပြေးလိုက်သွားကာ
“ခွပ်!!!!!ခွေးမသား မင်းငါ့ညီမကို ထိရဲတယ်ပေ့ါ”
မင်းခိုင်ကို အောင်ပြည့်လျှံ ထိုးလိုက်တာကြောင့် နှုတ်ခမ်းပေါက်သွားပြီး နောက်တစ်ချက်ထပ်ထိုးမယ်လုပ်တော့
“တော်ပါတော့ ကို တော်တော့”
ဇနီးဖြစ်သူလေးက ပြသာနာဖြစ်မှာစိုးလို့ ဆွဲထားတာကြောင့် ထပ်မထိုးဖြစ်ဘဲ မိဘတွေကပါတားနေတာမို့ ရပ်လိုက်ကာ
“မင်းငါ့ကို ဒီနေရာကို ထိုးရဲတယ်ပေါ့ မင်းသိတယ်နော် ငါ့အဖိုးက မင်းအဖေအာဏာလောက်ကတော့ တစ်ညထဲနဲ့ပွဲသိမ်းအောင်လုပ်နိုင်တယ် မင်းသဘောပေါက်လား”
“မင်းခွေကျစ်ခွေးကြံ ကြံထားတာကို ငါတို့က အလွတ်ပေးမယ်ထင်နေလား”
“ပီတိကြည့်ထား မင်းအစ်ကိုထိုးတာကို မင်းဒီနေ့ ငါ့လက်ထဲက လွတ်သွားတာ နောက်ခါ ငါလက်ထဲရောက်ရင် သေချာပြင်ထား မင်းသုံးရက်လောက် ကုတင်ပေါ်ကဆင်းနိုင်မှာမဟုတ်ဘူး”
“ခွေးမသား”
“မင်းငါ့ကို ထိရဲရင်ထိကြည့် မနေ့ဖြန် မင်းတို့မင်းသားစု ဘာဖြစ်မလဲလို့ ဒီမြို့မှာ ငါ့ကို ထိရဲတဲ့ကောင် ခုထိမမွေးသေးဘူး”
သူပြောတဲ့စကားတောင်မဆုံးသေး ခြေလှန်းကြဲတွေနဲ့လျှောက်လာတဲ့ မင်းတခေတ်
“ဖောငျးးးးးးဗှမျးးးးး အားးးး”
မင်းတခေတ်ရောက်လာပြီး အရှိန်နဲ့မင်းခိုင်ကို ကန်လိုက်တာကြောင့် အနောက်က ရေကူးကန်ထဲ ပြုတ်ကျသွားတာကြောင့်
ပီတိလေးကိုယ်တိုင်ရယ် မိဘတွေအပြင် အောင်ပြည့်လျှံရော သူ့ဇနီးလေးအပါအဝင် မျက်လုံးတွေ ပြူးသွားကာ အံ့ဩသွားကြပြီး
“ဟောဗျာ ကျုပ်ခြေထောက်ကလဲ ဒီနားကျမှ မတော်တဆ ချော်သွားတယ်”
“မင်းတခေတ် မင်းအမေငါ……”
“မင်းမသိဘူးလား ငါ့မှာ အမေမရှိတော့ဘူး မင်းအမေဘဲ မင်းပြန်…….”
“မင်းအဘိုးကျ ငါသွားပြောပြမယ် မင်းကို ကြိမ်ဒဏ်စာ ကျွေးခိုင်းမယ်ကွ”
“မင်းငါ့အဘိုးဆီသွားလို့ရတယ် အေး ငါ့အဖိုးဆီသွားပြီးရဲရင်တော့ ငါလည်း မင်းတို့ မိသားစုကို အိမ်ခြေမဲ့ခွေးလို တစ်စစီဖြစ်အောင် လုပ်ရဲတယ်ကွ
မယုံဘူးဆို မင်းစမ်းကြည့်လို့ရတယ်နော်”
မင်းတခေတ် ပြောပြီးတာနဲ့ ပီတိလေးဆီလျှောက်လာပြီး အံ့ဩနေတဲ့ပီတိလေးကို မှေးလေးကိုင်ပြီး ပါးစပ်လေးပိတ်ပေးကာ
“အရမ်းလေးစားသွားတာဘဲ သွားရည်တွေတောင်ကျနေပြီ”
သူ့အပြောကြောင့် ပီတိလေး ရီသွားကာ ပီတိရင်ထဲမှာလဲ ဦးရဲ့လုပ်ရပ်လေးတွေကြောင့် ဦးကို အရမ်းအားကိုးချင်နေပြီး သဘောကျနေပြီဆိုတာတော့ ငြင်းမရနိုင်ပါ
မင်းတခေတ် ပီတိလေး မိဘတွေဆီမှာ
“အန်ကယ် အန်တီ သဘက်ခါ ကျွန်တော့ အန်တီတို့အိမ်လာလို့ရမလား ဆွေးနွေးစရာလေးရှိလို့ပါ “
“ရပါတယ် ဥက္ကဌ စောင့်နေပါ့မယ်”
“အဲ့ဒါဆို ခွင့်ပြုပါဦး”ဆိုကာ မင်းတခေတ်ထွက်လာလိုက်သည်။
………………………
“ငါလေ ငါ ဦးကို ချစ်မိနေပြီထင်တယ်”
“ဘာပြောတယ် ပီတိ”
ပီတိသူငယ်ချင်းတွေနဲ့ ညဘက် zoomကနေ စာတူတူ လုပ်နေကြပြီး စာလုပ်ပြီးကြလို့
ပီတိလေး ဟိုနေ့က သူဖြစ်ပျက်ခဲ့တာတွေကို ပြောပြရင်း မင်းတခေတ်အကြောင်းကို ဆက်ကာ
“ဟုတ်တယ် တကယ်ချစ်မိနေတာ မေ့လို့မရဘူးဖြစ်နေတယ် ငါ့အတွေးထဲလေ သူလုပ်ပေးခဲ့တာတွေဘဲပေါ်နေတယ် သူ့ကို မြင်ရင်လဲ ရင်တွေ တော်တော်လေးခုန်နေတာ”
“သေချာတယ်အဲ့တာဆို နင်ချစ်နေတာ အဲ့နေ့ကစပြီး သူနဲ့မတွေ့တော့ဘူးလား သွားတွေ့မလား သူ့ကုမ္မဏီကို”
“ဟုတ်သားဘဲ သူကောင်းတာတော့ ငါတို့လဲ လက်တွေ့နော် နင့်ကို သူကလည်း တော်တော်ကို ချစ်တာ ထင်တယ်”
သူငယ်ချင်းတွေကတော့ ပီတိတို့ကို အရောက်ပို့နေပါပြီ
“သူဆီသွားမတွေ့ချင်ဘူးလားဆိုတော့ သွားတွေ့ချင်ပါတယ် ဒါပေမယ့် သူကမနေ့ဖြန်အိမ်ကိုလာမှာ”
“ဘာလာလုပ်မှာလဲ”
“မသိဘူးဟ လာဖို့ ဖေဖေတို့ကို ခွင့်တောင်းထားတာဘဲ”
“အဲ့တာဆို မနေ့ဖြန် အခြေအနေလေးတွေ ငါ့တို့ကို ပြောပြဦးနော်”
“အေးပါ”
………………….
မိသားစု ညစာထမင်းစားသောက်ပြီးကြတော့ စကားထိုင်ပြောနေကြတုန်း
“ကို…တစ်ခုခုဆို ကို့ရဲ့ဒေါသကို ထိန်းပါဦးနော်”
အောင်ပြည့်လျှံရဲ့ဇနီးလေးက အရမ်းအေးတဲ့သူလေးမို့ ညီမဖြစ်သူဖြစ်ခဲ့တာကို ခုထိ မကျေနပ်နိုင်ဖြစ်နေတာမို့ ဒေါသထိန်းဖို့ပြောတော့
“မထိန်းနိုင်ဘူး သီရီ ကို့ရဲ့ညီမလေ အခြားသူမဟုတ်ဘူး”
“သိပါတယ်ကိုရယ် ခုချိန်မှာ သီရိတို့လဲ မိသားစုပါ ကို့ညီမကလည်း သီရိမိသားစုပါဘဲ ဒါပေမယ့် အဲ့လိုယုတ်ညံ့တဲ့ကောင်က နောက်ထပ် တစ်ခုခု ထပ်လုပ်မှာ စိုးရိမ်လို့ပါ”
စကားပြောကြရင်း လေသံလေးတွေပြင်းလာကြကာ ရန်ဖြစ်မှာစိုးတာကြောင့်
“သမီးပြောတာ မှန်တယ်သား ညီမလေးကိစ္စ မနေ့ဖြန် ဥက္ကဌလာရင်ပြောကြမှာ သားစိတ်မပူနဲ့တော့”
မိခင်ဖြစ်သူ ဝင်တားလိုက်ကာ မင်းတခေတ် မနေ့ဖြန် လာမှာပါ ထည့်ပြောလိုက်တာကြောင့်
“သူက ဘာပြောမှာလဲ မေမေတို့ ဘာသိထားကြလို့လဲ”
“သားအဖေက်ို မနေ့က ဥက္ကဌနဲ့ အဘိုးက ဖုန်းဆက်လှန်းပြောတယ် ကလေးချင်း သဘောတူပေးဖို့”
“ရှင်”
“ဗျာ…ကျွန်တော်သဘောမတူဘူးနော် မေမေ”
မိခင်ဖြစ်သူစကားကြောင့် ပီတိလေးရော အစ်ကိုဖြစ်သူပါ အံ့ဩသွားကြပြီး အောင်ပြည့်လျှံကတော့ သဘောမတူတာမို့ ငြင်းဆန်နေကာ
အခန်းမှတ်ချက်များ (0)