သန့်စင်ခန်းက ထွက်လာတဲ့ ပီတိလေးကို ထပ်ပြီး ပွေ့ချီက သူ့သူငယ်ချင်းတွေ ထိုင်နေတဲ့ နေရာကို သွားပြီး
ပီတိကို ထိုင်ခုံပေါ်ချလိုက်ကာ
“ဒီကို လာဖို့ ဘယ်သူက ဦးဆောင်တာလဲ”
ဩဇာသံအပြည့်ပါတဲ့ စကားဖြင့် မေးလိုက်တဲ့ မင်းတခေတ်ကြောင့်
ဝေဝေတို့ တစ်ဖွဲ့လုံး ကြောင်အမ်းအမ်းဖြစ်သွားကာ
သူတို့ကို မေးတဲ့သူကိုကြည့်လိုက်တော့ တီရှပ် အဖြူလေး စတိုင်ပင်ဘောင်းဘီရှည်အနက်လေးဘဲ ဝတ်ထားပေမယ့် ကိုယ်ရှိန်ကိုယ်ဝါကတော့ အရမ်းတောက်နေတာ တစ်ဖွဲ့လုံး သတိထားမိကြပြီး
“ပီတိပါ သူက လာရအောင်ဆိုလို့” ဝေဝေက ပြောတော့
ထင်တဲ့အတိုင်းဘဲ ဦးဆောင်တဲ့သူက သူ့ကလေးလေးရယ်ပါ
မင်းတခေတ်မှာ ဘုရားကို ကိုးနဝင်း ဝင်ထားပြီး ဘုရားကတော့ပြီး အိပ်ဖို့လုပ်နေတဲ့အချိန်
“ပီတိ ကျွန်တော်တို့ကလပ်ရောက်နေတယ်”ဆိုတဲ့စကားသံ ကြားလိုက်တာကြောင့် ချက်ချင်း အကျီလဲပြီး လိုက်လာခဲ့ရတဲ့ထိ စိတ်ပူသွားရသည်။
“ဟုတ်ပြီ ပိုက်ဆံရှင်းပြီး ပြန်ကျတော့”
တဖြေးဖြေး အရှိန်တက်ပြီး မူးနေတဲ့ကောင်မလေးကတော့ အသံကိုပင်မထွက်နိုင်ပါ
“ဟုတ်ကဲ့ ဘယ်လောက်ကျလဲ”
“သူတို့ကို ဘောင်ချာပေးလိုက် ဂျာကြီး”
“ဟမ် ဆယ်သုံးသိန်း”
ခိုင်ခိုင် ဘောင်ချာကို ကြည့်ပြီး လန့်သွားတာကြောင့်
“ပီတိနင်ပြောတော့ ဒီကလပ်ကအကုန်အဆင်ပြေတယ်ဆို”
“ဟုတ်တယ်လေ စျေးအဆင်မပြေတာ ငါမှမသိလိုက်တာ”
“နင်ကတော့နော် အခု ငါတို့ ဘယ်လို လုပ်ကြမလဲ “
“တော်ကြတော့ ဘယ်သူ သောက်လို့ ဒီလောက်ကျတာလဲ ငါတို့တယ် ဘယ်သူမှမရှင်းခဲ့ ကြနဲ့ အကုန်လုံး ငါနဲ့လိုက်ကြ”
“ရှင်”
“ဗျာ”
ပိုက်ဆံမရှင်းနိုင်လို့ အချုပ်ထဲ ထည့်တော့မယ်ထင်ပြီး အကုန်လန့်သွားကြကာ
“ငါရဲ့ ဟော်တယ် clubနဲ့ မျက်နှာ ချင်းဆိုင်မှာရှိတယ်
အကုန် တစ်ညအိပ်လိုက်ကျ မင်းတို့တွေ ဒီလိုပုံစံတွေနဲ့ပြန်ရင် ညကင်းနဲ့တွေ့ပြီး အချုပ်ထဲ တန်းရောက်ကုန်မယ်”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဒီကလပ်က ဒီလောက်အဆင်ပြေတာ အခုမှယုံတော့တယ်”
ဝေဝေပြောတဲ့ စကားကို စွမ်းထက်ကြားပြီးတော့
“ပီတိလေး ပါလို့ အဆင်ပြေတာလေ”
ဆိုတဲ့စကားကို တစ်ဖွဲ့လုံး နားမလည်နိုင်ဘဲ ဖြစ်နေကြသည်။
Hotelရောက်တော့
“နှစ်ယောက်တစ်ခန်း သူတို့ကို စီစဉ်ပေးလိုက်ကြ”
ညကြီး ရောက်လာတဲ့ ဥက္ကဌကြောင့် ဝန်ထမ်းတွေ လန့်သွားကြပြီး သူရဲ့ရင်ခွင်ထဲမှာ ရောက်နေတဲ့ ကောင်မလေးက ဘယ်သူလဲဆိုတာပါ စပ်စုပြီး ကြည့်နေကြသည်။
“ဟုတ်ကဲ့ ဥက္ကဌ အမတို့ အစ်ကို တို့ လိုက်ခဲ့ကြပါ”
အကုန်လုံးကိုယ်ဆီလိုက်သွားကြပြီး
“သူကို ခေါ်သွားလိုက်မယ်လေ”ဆိုပြီး ဝေဝေကပြောတော့
“ရတယ် သူတို့ တစ်ခန်းထားလိုက်မယ်”
“ရှင်”
“ဘာမှစိတ်မပူပါနဲ့ မင်းတို့သူငယ်ချင်းကို ဘာမှမလုပ်ပါဘူး”
သူတို့လည်း ဘာမှမလုပ်ဘူးဆိုတာ ယုံပါတယ် ဘာလို့ဆို သူတို့ကိုဘဲ လိုက်ပြီး သေချာစီစဉ်ပေးနေထဲက ယုံပြီးသားပါ ဘာလို့ ပီတိအပေါ်မှာ ဒီလောက်ကောင်းနေတာလဲ ဆိုတာဘဲ စဉ်းစားမရတာပါ
“ယုံပါတယ်ရှင့် အဲ့ဒါဆို အပ်ခဲ့ပြီနော်”
အရမ်းအိပ်ပျော်နေပြီဖြစ်တဲ့ ကောင်မလေးက်ု ပွေ့ချီပြီး အခန်းထဲ ခေါ်သွားကာ ဖိနပ်လေးတွေချွတ်ပေးပြီး စောင်ခြုံပေးကာ အိပ်နေတဲ့ ပုံလေးကိုကြည့်ပြီး
“ရွှတ်”
အူယားလွန်းတာကြောင့် နီမြန်းနေတဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်ပြီး သူကတော့ ဘေး ကခုံလေးမှာ ထိုငိပြီး စောင့်ရင်း အိပ်ပျော်သွားသည်။
.………………
“အဲ့တာဘဲ ကိုကို”
သူအသိချင်ဆုံးနေရမှ ရပ်လိုက်ကာ ဇာတ်လမ်းအဆုံးသတ်လိုက်လို့
“အဲ့တာနဲ့ နင့်ကို အခန်းထဲခေါ်ပြီး ဘာလုပ်သေးလဲ”
“ကိုကိုကလည်း ဘာမှမလုပ်ပါဘူး ညီမလေးက အလုပ်ခံပါ့မလား”
“မနက်မိုးလင်းတော့ သူနဲ့တွေ့လား”
“အွန်း တွေ့တယ် ညီမလေးနိုးတော့ ဝေဝေတို့ကဘေးမှာ ညက ဖြစ်တာတွေ မမှတ်မိတော့ဘူး ဝေဝေတို့က ပြောပြလို့ သိတော့ သူဆီသွားတွေ့တယ်”
“အဲ့တော့”
“သူကို ကိုကိုတို့ရဲ့ ညီမလေးပါလို့ပြောတော့ သူက သိတယ်တဲ့ သူကိုလည်း ညီမလေးသိပါတယ် သူ့ကို ကျေးဇူးတင်စကားပြောပြီး ပြန်ခဲ့တာ သူက စကားကို ကောင်းကောင်း နားမထောင်ပါဘူး ဖုန်းဘဲကြည့်နေတာ”
အိမ်မှာရော ဖေဖေတို့ကုမ္မဏီမှာပါ skyဆိုတာ အမြဲကြားဖူးနေတာမို့ ပီတိ သူတို့ groupအကြောင်းက်ု စုံစမ်းတာ စိတ်ဝင်စားဖို့ကောင်းတာမို့ အမြဲ စုံစမ်း နေမိတာပေါ့
“ပြီးတာပါဘဲ ကိုကိုမှာမယ်နော် နောက်ခါ အဲ့လိုနေရာတွေ သွားမယ်ဆို ကိုကို့ ကိုပြော”
“ဟုတ်ကဲ့ပါ”
…………..……………
အောင်ပြည့်လျှံရဲ့မဂ်လာပွဲနေ့လေးက အလွန်စည်းကားနေသည်။
ပီတိလေးကတော့ သူစားချိန်တဲ့ မုန့်တွေအစုံရှိနေဆာမို့ မုန့်ဝိုင်းရှိတဲ့နေရာက သူ့နေရာလိုပင်
“အွန်းးးးးဘလူးဘယ်ရီကိတ်လေးက စားကောင်းတာဘဲ”
ပီတိ ပန်ကန်ပြားလေးထဲမှာ ဘလူးဘယ်ရီကိတ်လေးကို ကိုင်ထားတုန်း ဇွန်းနဲ့ သူရဲ့ဘယ်လူးဘယ်ရီကိတ်ကို ဖဲ့စားလိုက်တဲ့ သူကြီးကတော့ မင်းတခေတ်ရယ်ပါ
“ဟင် ဘာလုပ်တာလဲ သူများ စားမလို့ပါဆို”
တစ်ခုဘဲ ကျန်တော့လို့ ဦးထားတာဆိုပေမယ့် အလုစားခံလိုက်ရလို့ ဆူပုပ်ပုပ်လေး ဖြစ်နေကာ
“တစ်နေကုန်စားနေတာ အခု ညရောက်နေပြီ အချိုတွေ အရမ်းစားရင် ညကျအစာမကျေဖြစ်လိမ့်မယ်”
“ဦးကျတော့ စားပြီးတော့”
“ကိုယ်ကလူကြီးလေ မင်းနဲ့မတူဘူး”
ပီတိနဲ့ခွန်း စကားရပ်ပြောနေတာကို တစ်နေရာကနေ ကြည့်နေတဲ့ မင်းခိုင်
“ဦးအောင်နိုင်သမီးက အချောလေးပါလား”
“ဘာလဲ လိုချင်လို့လား”
“ရရင်တော့ လိုချင်တာပေါ့ ကုတင်ပေါ်ကနေ သုံးရက်လောက် ဆင်းမရအောင် ပြုစားလိုက်မယ်”
“ဆရာလိုချင်ရင် ဖန်တီးပေးပါ့မယ်”
မိန်းမတကာနဲ့တွဲပြီး မိဘတွေရဲ့ စည်းစိမ်ဥစ္စာကို အခွင့်ကောင်းယူကာ မိန်းမတကာကို ဆေးခေတ် မိန်းမတွေနဲ့ နေ့စဉ် hotelက မပြန်တဲ့ စရိုက်ဆိုးတဲ့ကောင်ပါ
အခန်းမှတ်ချက်များ (0)