“ပီတိ ကိုကို့ ကိုပြောစမ်း နင်နဲ့ ဥက္ကဌ မင်းတခေတ်က
ဘယ်နေ့ကစတွေ့တာလဲ”
မနက်မိုးလင်းထဲက ပီတိ နိုးလာတာကိုစောင့်ပြီး မင်းတခေတ်နဲ့ပတ်သတ်တဲ့အကြောင်း မေးခွန်းတလက်စက်မေးနေတဲ့ အစ်ကိုဖြစ်သူ အောင်ပြည့်လျှံရယ်ပါ
“ကိုကို အရင်ကကျ ကိုကို့ကောင်မလေးကိုဘဲ စိတ်ဝင်စားပြီး အခုကျမှ ညီမလေး အကြောင်းကို ဘာလို့ စိတ်ဝင်စားနေတာလဲ”
“တစ်ခုခု ဆိုတာ ငါသိနေလို့ပေါ့”
မင်းတစ်ခေတ်က အချမ်းသာဆုံး ဘယ်သူမှ မော်မကြည့်နိုင်တဲ့ သူ မိန်းကလေးတွေနဲ့ အရှုပ်အရှင်းကြောင်းလည်း ကောလဟာလ ထွက်ဖူးပေမယ် တကယ်မဟုတ်တာ အောင်ပြည့်လျှံတို့ စီးပွါးရေးလောကသားအချင်းချင်းမို့ သိပေမယ့်
ညီမလေးကအသက် ၂၁နှစ်ရောက်နေပေမယ့် အရမ်းကလေးဆန်တဲ့သူမို့ နီးစပ်လွန်းရင်
အသက်အရွယ်ကွာဟမှုကြောင့်ရော သူချစ်တဲ့သူတွေဆို သံယောဇဉ်ကြီးပြီး ကပ်တွယ်လွန်းတဲ့ ညီမလေးမို့ မင်းတစ်ခေတ်ကြောင့် ထိခိုက်သွားမှာ စိုးရိမ်လွန်းပြီး မေးနေရသည်။
“အဲ့တာ ညီမလေးပြောပြရင် ကိုကို မေမေတို့နဲ့မတိုင်ရဘူးနော် မေမေတို့သိသွားရင်တောင် ကိုကို တာဝန်ယူပေး”
လုပ်ချင်တာလုပ်ပြီး ဖြစ်လာရင် အစ်ကို ဖြစ်သူကို အကာအကွယ်ယူတက်တာ ငယ်ငယ်ထဲက ပီတိလေးအကျင့်တစ်ခုလိုပင်
“အွန်း ဒါပေမယ့် ကိုကိုက ဆူသင့်ရင် ဆူမှာနော် “
“အစက ဒီလို……………”
လွန်ခဲ့တဲ့ လတုန်းက ပီတိတို့ သူငယ်ချင်းအဖွဲ့
“ဝေဝေ ငါတို့ အသက် ၂၁ရောက်နေပြီ ကလပ်တောင်မရောက်ဖူးဘူးနော်”
ကလပ်သွားချင်လို့ ဦးဆောင်ပြီး စကားလမ်းကြောင်း ရှာနေတဲ့ ပီတိရယ်ပါ
“နင်ကသွားချင်လို့လား ခိုင်ခိုင် ကို မေးကြည့်ဦး သူလိုက်မယ်ဆို သွားမယ်လေ”
“ငါက လိုက်ပါတယ် ဒါပေမယ့် အဲ့ထဲ ငါမဝင်ရဲဘူးနော်”
“စိတ်မပူနဲ့ sky groupက ကလပ် ရှိတယ်လေ သူက တော်တော်လေး လုံခြုံရေးကောင်းတယ် ငါလည်း ငါ့အစ်ကိုတို့ သွားတာ ကြားဖူးလို့”
“ပီတိ နင်အစ်ကို သွားဖူးတာဆို နင်နဲ့နင့်အစ်ကို တွေ့နေဦးမယ်နော်”
“မတွေ့ပါဘူး သူ အခု ခရီးထွက်နေတာ လကုန် ငါတို့ စစ်ကိုင်းအလှူသွားလုပ်မယ့် အချိန်လောက်မှပြန်လာမှာ”
“အဲ့တာဆိုလည်း ဒီညဘဲ သွားကြမလား”
“အင်း ညဘဲသွားမယ် မေမေကို နင်တို့ အိမ်လိုက်အိပ်မလို့ လို့ငါပြောလိုက်မယ်”
“အေးအေး”
ပီတိလေးတို့ ကလပ်သွားဖို့စီစဉ်ပြီး သူတို့သူငယ်ချင်း သုံးယောက်တင်မသွားဘဲ သင်တန်းက သူလေးတွေက်ု ပါ အဖော်သွားညှိတော့
အခြားသူတွေကလည်း သူတို့ပါလိုက်မယ်ဆိုလို့ ယောကျာ်းလေး လေးယောက် မိန်းကလေး ခြောက်ယောက် သင်တန်းပြီးတာနဲ့ ကလပ်ကို တန်းသွားကြသည်။
ကလပ်ထဲကိုရောက်တော့
“ငါပြောသားဘဲ ကလပ်ထဲ ဝင်ရတာ လွယ်လွယ်လေးပါ တကယ်ဆို ငါတို့ အသက်အရွယ်နဲ့ဆို
ဒါတွေက နေ့တိုင်းလိုလို လုပ်လို့တောင်ရတယ်”
အပေါက်မှာ မှတ်ပုံတင်ပြရတော့ လက်ဖျားတွေအေးပြီး ကြောက်နေတဲ့သူက အထဲရောက်မှ စကားကြီးကြီးကျယ်ကျယ်တွေ ပြောနေတော့
“ဟုတ်ပါပြီ နင့်လက်ဖျားတွေလဲ မီးကင်လိုက်ဦး
တောင့်တောင်နေပြီ”
“နင်တို့နော်”
“တော်ပြီ ဝေဝေ ပီတိကို စမနေနဲ့တော့ ငါတို့ ဟိုဘက်ဝိုင်းသွားထိုင်မယ် နင်တို့သောက်ကြမှာမလား”
“သောက်မယ်လေ” သံပြိုင်ဖြေတဲ့ အဖွဲ့ရယ်ပါ
ပီတိ သူကိုယ်သူ ဆရာကြီးလုပ်ကာ ဝိုင်တွေ ကော့တေးတွေ သောက်တာ ဘယ်နှခွက်မှန်းတောင်မသိတော့ နောက်တစ်ခွက်သောက်မယ်လုပ်တော့
“တော်သင့်ပြီ ပီတိ နင် မူးနေပြီနော် အကုန်လုံးသောက်ထားတာ နင်ကို ထမ်းမပြန်နိုင်ဘူးနော်”
ပီတိ သောက်မယ်ခွက်လေးကို ကိုင်ပြီး တားလိုက်တဲ့ ခိုင်ခိုင်ရယ်ပါ
“အွန်းအွန်း တော်ပြီ တော်ပြီ ငါ သန့်စင်ခန်းသွားဦးမယ်”
“ရလား ငါလိုက်ခဲ့မယ်လေ”
“ရတယ်မလိုက်ခဲ့နဲ့တော့”
ရတယ်သာပြောနေပေမယ့် ယိုင်ထိုးနေတဲ့ သူလေးပါ
“အား!!!!!!!…………”
သန့်စင်ခန်းသွားတဲ့ လမ်းမှာ မူးနေတာကြောင့် ယောကျာ်လေးတစ်ယောက်နဲ့ ဝင်တိုက်မိပြီး
“မင်းဇာတ်လမ်းဆင်နေတာလား”
ဇာတ်လမ်း စနေတာလားလို့ မေးတဲ့သူကို ပီတိ မော့ကြည့်လိုက်တော့ ရုပ်က ခွေးတောင်မစားတဲ့ရုပ်မျိုးမို့
”ရှင်ဘဲ ဆင်နေတာဖြစ်နိုင်တယ် တစ်နည်းပြောရင် ချူဆီ ချင်လို့ နေမှာပေါ့”
“မင်းဘာပြောတယ်”
ဆိုကာ ပီတိကို ရိုက်ဖို့ လက်မြှောက်လိုက်ပြီး
“မင်း ဘယ်သူကို ထိဖို့ လုပ်နေတာလဲ” ဆိုကာ
ပြတ်သားသောအသံဖြင့် အနောက်ကနေ ခြေလှန်းကျဲနဲ့လျှောက်လာပြီး
မြှောက်ထားတဲ့လက် ကို လိမ်ချိုးပြီး တွန်းပြစ်လိုက်ကာ
“မိန်းကလေးတစ်ယောက်ကို ထိဖို့ ဘယ်သူက မင်းကို ခွင့်ပြုထားတာလဲ”
မီးတောက်တော့မယ့် မျက်လုံးဖြင့် ထိုလူကို ကြည့်ပြီး ပီတိလေးကို ဆွဲ ဖက်လိုက်တဲ့သူက မင်းတခေတ်ရယ်ပါ
“မင်းငါ့ကို ဘယ်သူထင်နေလို့လဲ ငါ့က မင်းခိုင်ရဲ့ လူ ဒီမြို့မှာ သူ့ကို ထိရဲတဲ့လူမရှိဘူးနော်”
“မင်းက မင်းခိုင်ကျတော့ သိပြီး ငါ့ကိုကျ ဘယ်သူလဲမသိဘူးပေါ့”
“ဖြောင်..”
မင်းခိုင်ရဲ့ လူဆိုတဲ့သူကို မင်းတခေတ် နောက်က ဘားရဲ့မန်နေဂျာက ပါးရိုက်လိုက်ပြီး
“ဒါ sky groupရဲ့ ဥက္ကဌ မင်းတခေတ်ဘဲ”
“ဗျာ”
“မင်းလာခဲ့ဦး”
မင်းတခေတ် ထိုလူကို လက်နဲ့ လာဦးဆိုတဲ့ သဘောခေါ်လိုက်ပြီး
“ငါလူကို နောက်ခါ အသားထိဖို့မပြောနဲ့ လေနဲ့ဟက်ရင် မင်းလည်ပင်းကို ဆေးထားလိုက်”
“ဟုတ်ကဲ့ ဥက္ကဌ ကျွန်တော် ကျွန်တော် မှားသွားပါတယ် တောင်းပန်ပါတယ်”ဆိုကာ ထွက်ပြေးသွားသည်။
“မင်း သတ္တိ အရမ်းကောင်းနေတယ်ပေါ့”
“ဘယ်သူလဲ ရှင် ဒါလေး ဝင်ကယ်ပြီး လူကို အသားလဲ ယူသေးတယ်”
မင်းတခေတ် လက်က ပီတိလေးခါးကို ဖက်ထားတာကြောင့် ပြီးရုန်းကာပြောလိုက်ပြီး
“မင်း အတက်ကောင်းတွေ အရမ်းတက်နေပြီ ကလေးလေး မင်းကို ပစ်ထားလို့ မရတော့ဘူး”ဆိုကာ ပွေ့ချီလိုက်တော့
“ရှင် ဘာလုပ်တာလဲ အောက်ကျပေး အောက်ချပေး”
မင်း တခေတ်လက်ထဲကနေ အတင်း ရုန်းကန်နေတဲ့ ကောင်မလေးကို
“ပစ်ချလိုက်ရမှာလား ငြိမ်ငြိမ်နေမှာလား”
ဆိုမှ မင်းတခေတ် လည်ပင်းလေးကို လက်လေးနဲ့ လှန်းဖက်လိုက်ပြီး နား နားလေးကပ်ကာ
“ကျွန်မ ရှူပေါက်ချင်လို့”
လို့ ကပ်ပြောလိုက်တဲ့ ကောင်မလေးကြောင့် မင်းတခေတ် ပြုံးလိုက်ပြီး အောက်ချပေးလိုက်ကာ
“ပြီးရင် ထွက်လာခဲ့ ကိုယ်စောင့်နေမယ်”
အခန်းမှတ်ချက်များ (0)