Bububai ဝတ္ထု ဘီလီယံနာ သူဌေးလေးရဲ့ အခန်းစာရင်း

အပိအပိုင်း(၂၆)

ဘီလီယံတာသူဌေးလေးရဲ့ချစ်သူ(ဇာတ်သိမ်း)

အိမ်ရောက်တဲ့ထိ ဆူပုပ်နေတဲ့ကလေးမျက်နှာကို ကြည့်ပြီး မဟာ ပျော်ချင်ပေမယ့် စိတ်ကို ထိန်းထားရကာ

“ကလေးရယ် ဘာဖြစ်တာလဲ ဦးကိုပြော”

“မသိဘူး လာမခေါ်နဲ့ ကလေးမလိုချင်ဘူးလို့”

“ဟာ….ဟုတ်ပီ ဟုတ်ပီ ကလေးမလိုချင်ဘူးဆို ဒီတစ်ယောက်တော့ မွေးလိုက်”

တစ်ယောက်မွေးလည်း ဦးက ရွှန်းကို မချစ်တော့ဘဲ သူကို ချစ်မှာဘဲကို

“မရဘူး”

“မဟုတ်တော့ဘူး အသဲလေး ဦးကိုပြော ကလေးဘာဖြစ်တာလဲ ဦးကိုပြောပြ”

ဒီကလေးကို ချော့နေရတာနဲ့ ကလေးရတာကို ဘယ်သူ့ကိုမှ မပြောပြရသေးဘဲ သူမလေးကိုသာ နားအရင်ချနေရတဲ့ ဘဝ

“အဟင့် ဟင့် ဦးကလေ ဟင့်”

ချက်ချင်း မျက်ရည်တွေ ကျလာတဲ့ သူရဲ့ပေါက်စလေးကြောင့်

“ဟာကွာ ကလေးရာမငိုရဘူးလေ ပြော ဦးက ဘာဖြစ်လဲ ပြော ကလေးပြော”

“ရွှန်းကို မချစ်တော့မှာစိုးလို့ အဟင့် အီးးဟီးးး”

ရွှန်းကို အလျော့ပေး အချစ်ခံရတဲ့ဆိုတဲ့ ခံစားအပြင် နွေးထွေးမှု လုံခြုံမှု အပြည့်ရှိလွန်းတဲ့ ဦးရဲ့အနားကို

ရွှန်း အပြင် အခြားသူကို မမြင်ချင်တာတော့အမှန်

ရှိုက်ကြီးတငင်ငိုတာမျိုးကို တစ်ခါမှမရှိဘူးတဲ့ကောင်မလေးဆီက ကြားလိုက်ရတဲ့ ငိုသံကြောင့်

“ကလေး မငိုရဘူး ဦးပြောမယ် ကလေးရဲ့ ဗိုက်ထဲက ကလေးသေးသေးလေးက ဦးနဲ့ကလေးရဲ့ အချစ်သက်သေဘဲ ကလေး မိဘစိတ် အပြည့်အဝနဲ့ချစ်ပေးရမှာ ဆိုပေမယ့် ဦးမိန်းမအပေါ် အချစ်လျော့မယ်ထင်လား”

“အွန်း ထင်တယ်”

“ဟာ ကလေးရာ လျော့စရာလားကွာ ဦးမှာ ကလေးဘဲရှိတာလေ ဘာကိစ္စ လျော့ရမှာတုန်း”

“ဒါပေမယ့် ဦးက ကလေးကိစ္စ ဘာကိစ္စ ညာကိစ္စနဲ့ ရွှန်းနားကပ်မှာတောင် မဟုတ်ဘူး”

“အချစ်ကလေးနားကို မကပ်စရာလား ကလေးရယ် ဦးရဲ့မိန်းမနားမကပ်ရအောင် ဦးက အငတ်ခံနိုင်တဲ့သူမှမဟုတ်တာ”

“ဦးနော်”

“အဟက်”

ငိုထားတာမို့ မျက်နှာလေးကနီရဲရဲလေးဖြစ်နေတဲ့ ကလေးလေးကို ရင်ခွင်ထဲ ထည့်ပြီး ဖက်ထားလိုက်တော့သည်။

~~~~~~~~~~~~~

ရွှန်း ကိုယ်ဝန်အကြောင်းကို မိဘတွေကို ပြောပြီးတာနဲ့ ရွှန်းကို အိမ်မှာတူတူလာနေပေးတဲ့ မေမေရယ်

အစစ အရာရာ လိုလေစိတ်မရှိအောင် ဝန်ထမ်းဦးရေတိုးပြီး Nurses တွေ အစားအတွက် chefs တွေ ထပ်မံခေါ်ထားပြီး တစ်ချိန်လုံး စောင့်ရှောက်ပေးတဲ့ဘွားဘွား

အလုပ်တွေနားခိုင်းပြီး ပထမဆုံး ရောက်လာမယ့် အိမ်ရဲ့ ဆည်းလည်းလေးကို မျှော်နေတဲ့ ဇွဲလေး

အလုပ်တောင် အရေးကြီးတဲ့ရက်မှသွားပြီး ၂၄နာရီ တူတူနေပေးတဲ့ ဦးကြောင့်

ကိုယ်ဝန်လေးရင့်လာလေ အသားတွေပိုဖွေးလာသလို ချစ်စရာကောင်းလာတဲ့ ရွှန်းလဲ့ကြည်လင်လေး

“ဦး မနေ့ဖြန် ဆေးရုံတက်ရမှာနော်”

ခွဲမွေးရမှာမို့ ကြောက်နေတဲ့ ကလေးလေးက်ို ရင်ခွင်ထဲ ထည့်ထားပြီး

သူကိုယ်တိုင်လည်း သူမလေး မျက်ရည်ကျမှာတောင်မကြိုက်တာ ဒီလိုမျိုး အသက်လုရတာမျိုးဆို

သူ့ရင်ကိုလည်း ဓားနဲ့မွှန်းသလို ခံစားရပေမယ့်

“အွန်း ကလေးဘေးမှာ ဦးက တစ်ချိန်လုံးရှိနေပေးမယ် ကလေးဘေးမှာ ဦးရှိနေမှာ”

“ဟုတ် ဦး”

“ဘာမှစိတိမပူနဲ့ ဦးဆေးရုံမှာ ကလေးအတွက်လိုအပ်တဲ့ ဆရာဝန်တွေကို ထပ်ဖြည့်ထားတယ်”

“ဟုတ်”

ဟုတ်တစ်လုံးသာပြောတဲ့ကောင်မလေး ဘယ်လောက်ကြောက်နေမလဲဆိုတာ မဟာသိတာပေါ့

~~~~~~~~~~~~~~

“မြေးလေး မင်းရောလိုက်သွားမှာလား”

ခွဲခန်းထဲ လိုက်ဖို့ ပိုးသတ် အကျီ ဝတ်ဖို့သွားတော့မယ့် မဟာက

“ဟုတ်တယ် ဘွား”

“ဘုရားစာ များများရွတ်နော် ကလေးခေါင်းကို ပွတ်ပြီး ရွှတ်ပေး အဆင်ပြေပြေ မွေးရအောင်လို့”

“ဟုတ်ကဲ့ ဘွား သားသွားပြီနော်”

ခွဲစိတ်ခန်းထဲကနေ အချိန်တစ်ခုကြာတော့ ကလေးလေးပိုက်ချီလာပြီး ထွက်လာတဲ့ မင်းမဟာသွေး

“အမလေးကြည့်ပါဦး ဝကစ်နေတာဘဲ”

“တူမလေးက ဦးလေးတူတာထင်တယ် ဆူပုပ်ပုပ်နဲ့”

“ငါ့မြစ်လေးက ချစ်စရာကောင်းလိုက်တာနော်”

အသီးသီး မှတ်ချက်ပေးနေကြပေမယ့် ဘာမှစကားမပြောဘဲ ငိုနေတဲ့ မဟာကြောင့်

“ဘာလို့ ငိုနေတာလဲ သား”

“ကလေးကို ကျေးဇူးလည်းတင် သနားလည်း သနားလို့ပါ အမေ သူ့ရှေ့ငိုမိရင် သူပါလိုက်ငိုမှာဆိုးလို့”

ဘယ်လောက်တောင် ဝမ်းသာနေလဲ ဆိုတာ သူကိုယ်သူသာ အသိဆုံးပင်

“အမလေး ကိုကြီးရာ ယောကျာ်းကြီးဖြစ်ပြီးတော့”

“အေးမင်းကြမှ နှာချီးထွက်အောင် မငိုနဲ့ ဟဲ့ကောင်”

~~~~~~~~~~~

ဆေးအရှိန်ကြောင့်ထင်ပါရဲ့ ကုတင်လေးပေါ်မှာ အိပ်နေတဲ့ကလေးလေး

“ဦး”

“ကလေးနိုးပြီလား”

“ဟုတ် ရွှန်း သမီးလေးရော”

“အိပ်နေတယ်ကလေးရဲ့ ကလေး ပင်ပန်းသွားပြီ”

“မပင်ပန်းပါဘူး ဦးရဲ့ သမီးလေးကို မြင်လိုက်တော့လေ အရင်က မလိုချင်ဘူးပြောခဲ့တဲ့ စကားတွေကို နောင်တရတယ်ဦး သမီးများ ကြီးလာလို့ သိရင် ရွှန်းကို စိတ်ဆိုးမလား မသိဘူးနော်”

“မဆိုးပါဘူး ကလေးရဲ့ အသက်ပေးပြီး မွေးထားရဲ့ သမီးလေးကို မေမေက ဘယ်လောက်ချစ်လဲဆိုတာ သမီးက သိပြီးသား”

“ဟုတ် ဦး ကျေးဇူးတင်ပါတယ်နော် ရွှန်းကိုရော ရွှန်းရဲ့သမီးလေးကိုရော အရမ်းချစ်ပေးလို့လေ”

“ပြောစရာလိုသေးလို့လား ကလေးရယ် ဦးအချစ်ရဆုံး သူနှစ်ယောက်လေ ဦးအသက်တောင်ပေးရဲတယ်”

လူတွေကလေ အချစ်မခံရသေးဘူး ထုတ်ချစ်မပြတက်ဘူးဆိုတာ မရှိဘူးနော်

သူတို့ချစ်တဲ့သူတွေနဲ့ မတွေ့သေးလို့ပါ သူတို့ချစ်တဲ့သူနဲ့သာဆို ဘဝရော အချစ်ရောက ထပ်တူကြပါတယ်

« ရှေ့အခန်း - အပိုင်း(၂၅) နောက်အခန်း - အပိုင်းပို(extra) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ