ဘီလီယံတာ သူဌေးလေးရဲ့ချစ်သူ
“ဇွဲရယ် ကောင်မလေးသနားပါတယ် ဘာလို့ အဲ့လောက်ပြောလိုက်တာလဲ”
ကားပေါ်မှာ ဇွဲကို ဆူနေတဲ့ မရီးရယ်ပါ
“ဟာ သူပြောတာလဲ မရီးကြားတာဘဲ ဘယ်လို အရိုင်းအစိုင်းလဲကို မသိဘူး”
“ချစ်စရာလေးပါ ဝဝလေးနဲ့”
“ချစ်စရာမကောင်းပါဘူး ဝက်မလိုဘဲ”
တစ်ဇွတ်ထိုးဆန်လွန်းတဲ့ ဇွဲကို ကြည့်ပြီး ရွှန်း ခေါင်းခါနေတော့သည်။
~~~~~~~~~~~~~~~
“အစ်ကို ကာဗာ တပ်ဖို့ လူခေါ်ထားပေးတယ် ညီမလေး အဆင်ပြေလား”
“ဟုတ် အဆင်ပြေပါတယ် ညီမက ဒီကို ခုမှရောက်ဖူးတာရှင့် ဖုန်းဘေဝယ် ခနထွက်လာတာ ဖေဖေ့ဆိုင်ကယ် ယူပြီးတော့ တစ်ခုခု ဖြစ်သွားရင် ညီမ ပြသာနာဖြစ်မှာ စိုးလို့ပါ”
သူ့ကို အစ/ဆုံးရှင်းပြနေတဲ့ ကောင်မလေးနဲ့စကားပြောရတာ အဆင်ပြေနေပေမယ့် ဘာလို့ ဇွဲနဲ့မှအဆင်မပြေသလဲ ဆိုတာ မဟာ စဉ်းစားလို့မရ ဖြစ်နေသည်။
“အင်း ညီမလေး စိတ်မပူပါနဲ့ အသစ်တွေဘဲ တပ်ပေးလိမ့်မယ် အစ်ကို မှာထားပြီးသား”
“ဟုတ်ကဲ့”
မဟာ လက်ပတ်နာရီလေး တစ်ချက်ကြည့်လိုက်ပြီး
“အစ်ကို့ ကို သွားခွင့်ပြုပါဦး အစာ်းအဝေးလေးရှိလို့”
“ဟုတ်ကဲ့ရှင့်”
ခရာ ရှေ့ကနေ ထွက်သွား အစ်ကိုက သဘောကောင်းသလောက် ညီဖြစ်သူက နည်းနည်းလေးမှကို လူစိတ်မရှိ
~~~~~~~~~~~~~~~~~
“ဦး ရွှန်း ကို လာခေါ်ပါဦး”
အစည်းအဝေး လုပ်နေတုန်း ချစ်ဇနီးလေးဖုန်းဆက်တာမို့ ကိုင်လိုက်တော့ အားမရှိတဲ့အသံလေးနဲ့မို့
“ဘာဖြစ်တာလဲ ကလေး”
“ခေါင်းတွေမူးလို့ ဦး”
“ဟာ ခုလာပြီ”
အစည်းအဝေးအခန်းထဲကနေ ချက်ချင်းဆိုသလို ပြာပြာသလဲ ထွက်သွားတဲ့ ဥက္ကဌကို ကြည့်ပြီး လူတိုင်းပြုံးနေကြသည်။
“ဇွဲ ငါ့ကလေးရော”
စိန်ဆိုင်ထဲ ဝင်လာတော့ ကလေးကို မတွေ့တာကြောင့် မေးလိုက်တော့
“အခန်းထဲမှာ”
“ကလေး”
မဟာကို မြင်တာနဲ့ ထပြီး ဖက်ကာ ရင်ခွင်ထဲ အတင်းဝင်နေတဲ့သူလေး
“အဟင့်”
“ဟုတ်ပါ့ကွာ ကိုကို့ ကလေးလေး ကျမှ ဘာလို့မူးနေရတာလဲ ဆေးခန်းသွားပြရအောင်နော်”
“ဆေးထိုးလိမ့်မယ် ဦး”
“မထိုးပါဘူး ကလေးရဲ့ ဦးကပြောထားပေးမယ် ဖုန်းဆက်ပြီးတော့”
“ဟုတ်”
ချစ်ဇနီးလေးကို အခန်းထဲကနေ တွဲခေါ်လာပြီး
“ဇွဲ ငါပြန်ခေါ်သွားပြီ “
“ဟုတ်ကဲ့ ညနေမှ အိမ်လာမယ်”
“ဟုတ်ပီ ပြန်ပြီ”
ဆေးရုံသွားတဲ့ လမ်းတစ်လျှောက်လုံး အသံမထွက်တဲ့သူလေးကို ကြည့်ပြီး
“ကလေး မူးနေသေးတာလား”
“အင်း နည်းနည်း”
“ဟိုရောက်ရင် ဖြစ်တာအကုန်ပြောနော်”
“ဟုတ် ဦး”
မဟာ တစ်ယောက် MHဆေးရုံကိုဘဲ တန်းမောင်းလာပြီး ဆရာဝန်တွေနဲ့သူငယ်ချင်းဖြစသူ ဒေါက်တာ ဆက်ကို ဖုန်းဆက်ထားတာမို့
“ဘာဖြစ်လာကြတာလဲ မဟာ”
“ငါ့ကလေး ခေါင်းမူးလို့တဲ့”
“အင်း ငါ ဆရာဝန်မလေးတွေကို ပြောထားတယ် ညီမလေး သူတို့နဲ့ တူတူ လိုက်သွားလိုက်နော်”
လာခေါ်တဲ့ Nurses လေးနှစ်ယောက်နဲ့ ဆရာဝန်မလေး နှစ်ယောက်နောက် ကလေးကို ထည့်လွှတ်လိုက်ပြီး
“ဥက္ကဌ congratulations ပါ”
ရုပ်တရက်ပြောခံလိုက်ရတဲ့စကားကြောင့်
“ဘာကိုလဲ”
“ဥက္ကဌကတော်က ကိုယ်ဝန်ရှိနေတာပါ”
“ဟာ တကယ်ကြီး”
“ဟုတ်ကဲ့ အခု လိုအပ်တာ ထပ်ပြီး စမ်းသပ်နေပါတယ်”
“အင်း အကောင်းဆုံးတွေဘဲ လုပ်ပေး”
“စိတ်ချပါ ဥက္ကဌ”
ဆေးရုံကနေ ကိုယ်ဝန်ရှိတယ်ပြောထဲက ဦးကတော့ ပျော်နေပေမယ့် ရွှန်းကတော့ ရှုံမဲ့နေတာမို့
“ကလေး ဘာတွေ အလိုမကျနေတာတုန်း”
“မလိုချင်ဘူး”
“ဘာကိုလဲ”
“ကလေးကို”
မောင်းနေတဲ့ကားကိုတောင် လမ်းဘေးထိုးရပ်လိုက်ပြီး
“ဟာ ကလေးရာ ဘယ်လိုတွေ ပြောရတာလဲ ကလေးလေးကြားသွားရင် ဘယ်လိုလုပ်မလဲ”
“မသိဘူး မသိဘူး မလိုချင်ဘူးဘဲ”
“အဓိပ္ပါယ်မရှိလိုက်တာကလေးရယ် ဘာလို့လဲ”
ဦးက ရွှန်းထက် ကလေးကို ပိုချစ်သွားမှာ ရွှန်းသိတာပေါ့
“မသိဘူး မယူချင်ပါဘူးဆို”
“ကလေးရာ အဲ့လိုမပြောရဘူးလို့”
အခန်းမှတ်ချက်များ (0)