ဘီလီယံတာသူဌေးလေးရဲ့ချစ်သူ
“ကလေး ကလေး ခနနေပါဦး”
ထမင်းစားခန်းထဲကနေ ထွက်သွားတဲ့ သူကလေးလေးနောက်ကို အပြေးလိုက်ပြီး ချော့နေတဲ့ တည်ကြည့်လွန်းလှတဲ့ ဦးမင်းမဟာသွေးပါ
ရွှန်းနောက်လိုက်ချော့နေတဲ့သူကြီးကြောင့် အန်တီမြတို့ရော အာကာတို့ရောအပါအဝင် အိမ်ထဲက ဝန်ထမ်းလေးတွေက ရီနေကြပြီ
“ဦး ဘယ်လိုဖြစ်နေတာလဲ”
“ကလေးက ပြေးတာကို”
“သူများတွေ ကြည့်နေပြီ မရှက်ဘူးလား”
“မရှက်ပါဘူး”
ဘယ်လိုလူကြီးလဲမသိဘူး အရင်က ရွှန်းသိတဲ့ ဦး တောင် ဟုတ်ရဲ့လားလို့ မေးတောင်ကြည့်ရမလို….
“ဦးမရှက်ပေမယ့် ရွှန်းရှက်တယ်”
“ကလေးက ရှက်လို့လား လာ အဲ့တာဆို အပေါ်ကိုသွားမယ်”
“ဟာ….ဦး”
ပြောပြောဆိုဆို ရွှန်းလက်ကို ဆွဲပြီး အပေါ်ထပ် ဦးရဲ့ရုံးခန်းကျယ်ကြီးထဲ ရွှန်းကို ခေါ်ပြီး
“ဒီနေရာမှာဆို ဘယ်သူမှမမြင်တော့ဘူး”
“ဦးနော်”
“အဟက် လုပ်ပါ ကလေးရယ် ဦးအဖြေလိုချင်တယ်”
ရွှန်း လက်လေးကို ဆွဲပြီး ကလေးလို ဖြေတောင်းနေတဲ့ဦးကြောငိ့
“ဦးကလည်း ချက်ချင်းကြီး”
“ကလေးက ဦးကို မချစ်ဘူးလား”
“………..”
ရွှန်းဘက်က အသံထွက်မလာတာကြောင့်
“မှန်နေတာဘဲ ကလေးက ဦးကို မချစ်ဘူးဘဲ အင်းပါ ကလေးက ဦးလို အရွယ်ကို ဘယ်ကြိုက်မလဲ”
“ဘယ်သူကမကြိုက်ဘူး ပြောလို့လဲ”
“အဲ့တာဆို ကြိုက်တယ်ပေါ့”
ရွှန်းရဲ့ကိုယ်လေးကို ခါးလေးကနေ ကိုင်ပြီး ဦးရဲ့ပေါင်ပေါ်ကို တံစောင်းထိုင်စေပြီး
“ဦးနော် လွှတ်ပါ”
ဦးပေါင်ပေါ်ကို ကလေးတစ်ယောက်လို ထိုင်နေရပြီး ဦးက ခါးလေးကိုလည်း ဖတ်ထားတာကြောင့် ခြေထောက်လေးတွေ လှုပ်ရမ်းပြီး ဆင်းဖို့ ရုန်းနေတဲ့
ကလေးပေါက်လေးကို
“ငြိမ်ငြိမ်နေ အူယားရင် နမ်းပစ်မှာနော်”
ချက်ချင်းဆိုသလို ငြိမ်သွားတက်ကောင်မလေးကြောင့် ပြုံးသွားတဲ့ဦးက ကျေနပ်နေသလို…
“ကလေး ဦးပြောမယ် ဦးက အခုကလေးငယ်ကို အပျော်သပ်သပ် ချစ်တာမဟုတ်ဘူး ကလေးနဲ့ဦး တွေ့တာ မကြာသေးဘူး ဒါပေမယ့် ဦးစိတ်ထဲမှာ ကလေးက စိုးမိုးလွန်းလို့ ကလေးကို မမြင်ရရင် ဦးတကယ်မနေနိုင်လို့ အဲ့တာကို ကလေးယုံလား”
“ဟုတ်”
သူကို ယုံတယ်ပြောတဲ့ ကလေးလေးကြောင့် မျက်နှာကြီးက ကမ္ဘာတစ်ခုလုံးအပိုင်ရသွားသလိုဖြစ်နေသည်။
ဒီကောင်မလေးကတော့ကွာ ချစ်စရာကောင်းအောင် လုပ်နေမှတော့ ဆွဲနမ်းမိတော့မှာ
“ကလေးနဲ့ဦးက အခုချိန်ကစပြီး ချစ်သူဖြစ်သွားပြီ အဲ့တာကြောင့် ကလေးမှာ ဘာကိစ္စရှိရှိ ဦးကို ပြောရမယ် ကလေးနောက်မှာ ဦးကအမြဲရှိတယ် ဟုတ်ပီလား”
“ဟုတ်”
“လိမ္မာလိုက်တာ ဦး ကလေးလေးက လိမ္မာတဲ့ကောင်မလေးကို ဦးက ဆုချရမယ်”
“ဘာဆုလဲ”
ဝင်လဲ့နေတဲ့ မျက်ဝန်းလေးနဲ့ သူဘက်မျက်နှာလေးလှည့်ပြီးမေးတဲ့ကောင်မလေးကို
“အွန့် “
နှုတ်ခမ်းသားလေးမှာ အနမ်းဆုချလိုက်တဲ့ မင်းမဟာသွေးရယ်ပါ။
~~~~~~~~~~~~~~~~~
“ဟလို ဦး”
“ကလေး ဘာလို့ ဖုန်းမကိုင်တာလဲကွာ ဒီမှာ လွမ်းနေတာ”
အခုလေးတင်မှ အိမ်ရှေ့ထိ လိုက်ပို့ပေးပြီး အိမ်ပြန်သွားတာကို အခုဘဲ လွမ်းတယ် ပြောနေတဲ့ ဦးကြောင့်
ဒီလူကြီးကလေ ချွဲကို ချွဲလွန်းတယ် အရင်က တည်ငြိမ်တဲ့ ဦးမင်းမဟာသွေး ဘယ်ပျောက်သွားလဲမသိဘူး
“ခုမှ ပြန်လာတာကို ဦးရယ်”
“မိနစ်နဲ့တွက်ကြည့်ပါဦး ကလေးရယ် တော်တော်များနေပြီ မနေ့ဖြန် စောစောလာခေါ်မယ်နော်”
“အွန်းပါ ဦးရဲ့”
“ကလေး ညစာ ဘာစားမှာလဲ”
“အိမ်မှာ ရှိတာ စားမှာပေါ့ ပြီးတော့ ညနေက ဦးဆီက ပါလာတဲ့ မုန့်တွေစားထားတော့ မဆာသေးဘူး”
“ဟုတ်ပါပြီ မနက်ကျ ဘာစားချင်လဲ စဉ်းစားထာရနော်”
“ဟုတ် အဲ့ဒါဆို ဒါဘဲနော် ဦး ရွှန်း ရေလေးချိုးမလို့”
“အင်း မြန်မြန်ချိုးနော် အအေးပတ်မယ်”
“ဟုတ်ကဲ့”
လိမ္မာလိုက်တဲ့ကောင်မလေးကွာ ချစ်စရာကလည်းကောင်းသေးတယ် ဘယ်သူကောင်မလေးမို့လို့လဲ ငါမင်းမဟာသွေးရဲ့ အသည်းအသက်လေးပေါ့
တကယ်ကို မုန်းချင်စရာကောင်းလောက်အောင်
အချိုတွေစားနေတဲ့သူကြီးပါ
“ရွှန်းလေးရေ အောက်မှာ ဧည့်သည်ရောက်နေ
တယ်”
ရွှန်း မျက်နှာသစ်တုန်းရှိသေးတယ် ကြီးကြီးမိုး လာခေါ်တာမို့
“ဟုတ်ကဲ့ ကြီးကြီး သမီး လာခဲ့မယ်နော”
“ဘယ်သူပါလိမ့်”
ဘယ်သူလဲမှတ်တယ် ဦးဘဲ အခုလည်း ဘိုးဘိုးနဲ့စကားတွေ ထိုင်ပြောနေတာ သူမဟုတ်သလိုဘဲ
“မြေးလာလေ”
“ဟုတ် ဘိုးဘိုး”
“မြေးက ဥက္ကဌတို့ ကုမ္မဏီမှာ ဝင်လေ့လာချင်နေတာဆို”
“ရှင်”
ရွှန်း ဘာမှမသိတဲ့ကိစ္စကို မေးခံလိုက်ရတာကြောင့် ဒါ ဦးလက်ချက်ဆိုတာ ရွှန်း သိလိုက်ပြီ
သူကြီးကို ကြည့်တော့လည်း တည်ငြိမ်လွန်းနေကာ သရုပ်ဆောင်ကောင်းလိုက်တာ
“ကလေးက မပြောရဲတာ နေမှာ”
“မပြောရဲစရာမရှိပါဘူးမြေးရယ် အဘိုးက ဥက္ကဌတို့ ကုမ္မဏီဆို စိတ်မချစရာအကြောင်းမရှိဘူး”
ဘိုးဘိုးရေ ကုမ္မဏီကို စိတ်မချရတာမဟုတ်ဘူး ကုမ္မဏီပိုင်ရှင်ကြီးကို စိတ်မချရတာ ဟွန့်
သူ့ကို မကျေနပ်သလိုလေး ကြည့်နေတဲ့ ပေါက်စလေးကို ပြုံးပြလိုက်ပြီး
“မနက် ၇ ည၇ဆိုတော့ သူက သူ့အဘိုး စိတ်မချမှာစိုးတာတဲ့”
“မိန်းကလေးဆိုတော့ ပူတာပေါ့ ဒါပေမယ့် ဥက္ကဌကိုယ်တိုင် လိုက်ပို့လိုက်ကြိုဆိုတော့ မပူပါဘူး အဲ့ဒီကုမ္မဏီဆိုတာ သန့်ရှင်းရေးတောင် ဝန်ဖို့မလွယ်တဲ့နေရာလေ သမီး ကံကောင်းတာပေါ့”
“ဟုတ်ကဲ့ ဘိုးဘိုး”
“ကျွန်တော်တို့ကို ခွင့်ပြုပါဦး ဦးကြွယ်ဝ”
“ဟုတ်ကဲ့ ဟုတ်ကဲ့”
“ရွှန်း အကျီလဲလိုက်ဦးမယ်လေ ခနစောင့်ပေးပါဦး”
“မနေ့ကဝယ်…”
“ခနဘဲ နော် ခနဘဲ”
မနေ့က ဝယ်ထားပေးတယ်ဆိုပြီး ဖော်မှာစိုးလို့ အမြန်ပိတ်လိုက်ရသည်။
ဒီလူကြီးကလေ လုပ်ငန်းတွေ ကုမ္မဏီတွေ အများကြီးအုပ်ချုပ်ပြီး ပြောချင်ရာပြောနေတာလား မသိပါဘူး…
အခန်းမှတ်ချက်များ (0)