ဘီလီယံတာ သူဌေးလေးရဲ့ချစ်သူ
“ကလေးရော”
အိမ်ပြန်ရောက်ထဲက ပထမဆုံးမေးမိတဲ့သူလေးက သူ့ရဲ့ကလေးလေး ပြန်လာရင် ထွက်လာနေကြ သူလေးကို မတွေ့တာမို့
“ရေချိုးနေတာပါ သခင်လေး”
ရေချိုးနေတယ်ဆိုပေမယ့်လည်း လာမကြိုတာကြောင့် အလိုမကျနေတဲ့ သူကြီးကတော့ မျက်ခုံးကြီးကို တွန့်ကွေးပြီး တင်းမာနေသည်။
“မုန့်တွေက ကလေးအတွက် သူရေချိုးပြီးရင် စားဖို့ ပြင်ပေးထားလိုက်တော့”
“ဟုတ်ကဲ့ သခင်လေး”
မဟာ အိမ်ရဲ့အပေါ်ဆုံးထပ်က အလုပ်လုပ်နေကြကျယ်ဝန်းတဲ့အခန်းကြီးထဲဝင်ပြီး တရုတ် ရုံးချုပ်က
သူတွေကို video cellခေါ်ကာ
နံရံကြီးထပ်က TVဖန်သားပြင်ပေါ်မှာ ရုံးချုပ်တိုင်းရဲ့ တာဝန်ရှိသူတွေ ပေါ်လာကြပြီး အစည်းအဝေးလုပ်နေတုန်း
“有事随时叫我”
(အဲ့ဘက်မှာ လိုအပ်တာရှိရင် အချိန်မရွေးပြောပါ”
“对 主席 “
(ဟုတ်ကဲ့ ဥက္ကဌ)
“ဦး ပြန်ရောက်နေပြီဆို”
အနောက်နေဝင်လာတဲ့ ကလေးလေးကြောင့် မဟာတစ်ယောက် လက်ပိုက်ပြီး မတ်တပ်ရပ်နေရာကနေ သူမလေးကို တစ်ချက်ကြည့်ပြီး
““我说散会”
(အစည်းအဝေးပြီးပြီ)
ဦး ဘာစကားတွေ ဘယ်သူ့ကို ပြောနေတာလဲဆိုတာ ကြည့်မိတော့ ရွှန်းကို အံ့ဩမှုအပြည့်တွေနဲ့ကြည့်နေကြတဲ့ TV ပေါ်က သူတွေကိုကြည့်ပြီး
“ဟာ ဦး”
ဦးရဲ့အနောက်မှာ ပြေးပုန်းပြီး ကွယ်နေမိတော့သည်။
“再见主席”
(နှုတ်ဆက်ပါတယ် ဥက္ကဌ)
မဟာ လက်ထဲက remove လေးနဲ့ Tvကို ပိတ်ပြီးတော့မှ သူ့နောက်ကနေ ထွက်လာတဲ့ ကောင်မလေး
“ဦး တောင်းပန်ပါတယ် ရွှန်း မမြင်လိုက်လို့ပါ”
“အခုက ရေချိုးပြီးပြီပေါ့”
ခါတိုင်းဆို ကာတွန်းဘောင်းဘီလေးတွေဘဲ ဝတ်တဲ့သူလေးက ဂါဝန်လေးဝတ်ထားတာမို့ ခြေထောက်လေးတွေက ဖွေးပြီး သွယ်တန်းနေကာ ဆံပင်လေးကို စုစည်းထုံးပြီး ကပိုကယို ကျနေတဲ့ baby hairလေးတွေက လိုက်ဖက်မှုအပြည့် မိတ်ကပ်မလိမ်းထားပေမယ့် ဖွေးဥသန့်လွန်းတဲ့ မျက်နှာလေးက ချစ်စရာကောင်းမှုအပြည့်
သူဝယ်ပေးထားတဲ့ အကျီတွေထဲက ဂါဝန် အဖြူလေးကို ဖိနပ် အပါးကြိုးသိုင်းလေးနဲ့ စီးထားတဲ့ကောင်မလေးက အသဲယားစရာလေးမို့ မဟာပြုံးမိတော့
“ဦးဘာရီတာလဲ”
“ဘာမှမဟုတ်ဘူး မုန့်က စားပြီးပြီလား”
“ဟင့်အင် မစားရသေးဘူး ဦး”
“ဘာစားထားလို့လဲ”
“မစားထားပါဘူး ဦး နဲ့တူတူစားမလို့”
ပေါက်ကရတွေ မစားတက်တဲ့သူကို ကလေးစားတဲ့မုန့်တွေစားခိုင်းနေတဲ့ သူလေးကြောင့်
“ကိုယ့်ဘာသာစားတော့”
“ဦးနဲ့ဘဲ စားချင်တာ ဦးမစားရင် ရွှန်းလည်း မစားတော့ဘူး”
“ဟာ ရမလား”
“မရရင် ဦးလည်း စားလေ”
ငြင်းဆန်လည်း မရတဲ့ကောင်မလေးကြောင့် မဟာ ထမင်းစားခန်းထဲ လိုက်သွားရတော့သည်။
“အဘွားကရော”
“အိပ်နေတယ်ဦး နေ့လည်စာ စားပီးပီ ဘွားက”
“ဦး ဟိုလေ ခနက video call ခေါ်နေတာ ဝင်ရှုပ်မှုလို့
အလုပ်ပျက်သွားလားဟင်”
“မပျက်ပါဘူး အစည်းအဝေးက ပြီးနေပါပြီ ဒါပေမယ့် ရုံးချုပ်တွေမှာ သတင်းကပွနေလောက်ပြီ”
“ဘာပွမှာလဲဟင်”
“ထားလိုက်ပါ ကလေးတွေ သိစရာမလိုပါဘူး”
သိစရာမလိုဘူးဆိုတော့ နှုတ်ခမ်းလေးဆူပြီး မုန့်ဆက်စားနေတဲ့ ကောင်မလေးကြောင့် မင်းလေးက ဘာလေးလဲကွာ…..
“ဦး ဒီနေ့ ရွှန်း စောပြန်မလို့”
“ဘာလို့လဲ”
“မနေ့ကလည်း ပြသာနာဖြစ်ထားတာလေ ဘိုးဘိုးနဲ့စကားလေးပြောချင်လို့ ဟိုမောင်နှမက ၄နာရီလောက်ဆို အိမ်လာတာ ရွှန်းက စောပြန်ချင်လို့”
“သူတို့နဲ့ မျက်နှာချင်းမဆိုင်နဲ့ မင်းတစ်ခုခုဖြစ်ရင် ငါ သူတို့ကို ဘာလုပ်မိမလဲ မသိဘူးနော်”
“ရှင်”
မဟာ သူပြောတာတောင် သူကိုယ်သူ သတိမထားမိဘဲ ပြောမိလိုက်တဲ့စကားကြောင့် ရှက်သွားပေမယ့်
“ဟုတ်တယ် မင်းကို ထိရင် ငါနည်းနည်းမှမကြိုက်ဘူး ကလေးငယ် မင်းကို ချစ်မိနေပြီ ထင်တယ်”
“ရှင်”
ဦးဘာတွေပြောနေတာလဲ လူကမှ ဦး ကြည့်ရင်တောင် ရင်တွေခုန်နေရတဲ့ကြားထဲ အခု လိုပြောတော့ ရွှန်းနေစရာတောင် မရှိဘူး
ရွှန်းလက်ဖြားလေးတွေ အေးစက်နေကာ ဦးရှေ့ကနေ ထွက်ပြေးသွားချင်စိတ်အပြည့်
“ကိုယ်ပြောတာ ကြားလား ကလေး”
“………..”
“ကိုယ် တကယ်ချစ်တာ ညာနေတယ် ထင်လို့လား”
“ဟင့်အင်”
“မထင်ဘူးဆို အဖြေပြန်ပေးလေ”
“ဟာ ဦးကလည်း ချက်ချင်းကြီး”
“ချက်ချင်းဘဲ လိုချင်တာ”
အဖြေတောင်းတာကိုများ စီးပွါးရေးလို လာလုပ်နေတဲ့ဦးကြောင့်
“စီးပွါးရေး လာလုပ်နေတာလား”
ပြောပြီး စိတ်ကောက်သွားတဲ့ကောင်မလေးကြောင့်
မဟာမျက်နှာကြီးမှာ စိတ်ပူပန်မှုတွေအပြည့်😆
အခန်းမှတ်ချက်များ (0)