ဘီလီယံတာ သူဌေးလေးရဲ့ချစ်သူ
“ရပ်စမ်း”
မင်းမဟာသွေး ကားနောက်ခန်းထဲက မုန့်တွေ ယူဖို့မေ့သွားတဲ့ ကလေးကို မုန့်ပြန်ပေးဖို့ အိမ်ထဲ ဝင်လာတုန်း ကြားရတဲ့စကားတွေကို ဆက်နားထောင်နေပေမယ့် ရွှန်းကို ထိလာဖို့တော့ သူငြိမ်မနေနိုင်တာမို့
“မင်းတို့ အကြီးကို အကြီးမှန်း မသိဘူးလား”
ရွှန်း ရှေ့ကနေရပ်ပြီး ခင်မေနွယ်ရဲ့ လက်ကိုကိုင်ကာ တွန်းထုတ်ပစ်လိုက်သည်။
“ဦးမင်းမဟာသွေး”
လဲကျနေတဲ့ ခင်မေနွယ် မဟာကို တွေ့လိုက်တာကြောင့် မဟာနံမည်ရွတ်ရင်း
ရွှန်းပြောတာကို မယုံကြတဲ့ မောင်နှမနှစ်ယောက်က ရွှန်းနဲ့မဟာ တကယ်ခင်နေတာမို့ အံ့ဩမှုတွေက ပြောမပြတက်အောင်ပင်
“ဟုတ်တယ် ငါဘဲ မင်းတို့ မိဘတွေက အကြီးကို အကြီးမှန်း သိဖို့ မဆုံးမထားဘူးလား”
“ဘာတွေဖြစ်နေတာကြတာလဲ”
အခန်းထဲက ထွက်လာတဲ့အဘိုးက ဆူညံ့သံတွေကြောင့် ဘာဖြစ်တာလဲ မေးတုန်း
“ဦးကြွယ်ဝ ခင်ဗျားနဲ့နေနေတဲ့ မြေးနှစ်ယောက်ကို ဘယ်လိုဆုံးမထားတာလဲ”
“ဥက္ကဌ ကျွန်တော်အိမ်ကိုရောက်နေတာလား”
“ဟုတ်တယ် အရောက်မြန်လို့ပေါ့ ကျွန်တော်သာပြန်မလာရင် ကလေးက အခု ပါးရိုက်ခံနေရလောက်ပြီ”
“ဗျာ”
“ခင်ဗျား ဘယ်လိုဆုံးမမလဲ ကျွန်တော်သိချင်တယ်”
မဟာကို ကွယ်ပြီး ရပ်နေတဲ့ကောင်မလေးက အသံတောင် ထွက်မလာပါ ဘယ်လောက်ဝမ်းနည်းနေမလဲ ဆိုတာ သူသိတာပေါ့
“ကလေး ဘာဖြစ်သွားသေးလဲ”
ရွှန်း မျက်နှာလေးကို နွေးထွေရမှုအပြည့်နဲ့ကြည့်ပြီး မေးတဲ့ဦးကြောင့် ရင်ထဲက နှလုံးခုန်သံတွေကို ဦးကြားမှာတောင် စိုးရိမ်မိတယ်
“ဟင့်အင် ရွှန်း ဘာမှမဖြစ်ပါဘူး”
“ဦးရှိတယ် ကလေးကို အခုချိန် အခုမိနစ် အခုစက္ကန့်ကစပြီး လက်နဲ့မပြောနဲ့ လေနဲ့တောင် ထိပါးခဲ့ရင်
အဲ့လူတွေ တစ်ဘဝလုံး စိတ်ဆင်းရဲပြီး နေရအောင် လုပ်ပြမယ်”
မဟာရဲ့အပြောကြောင့် ခင်မေနွယ်ရော မောင်ဖြစ်သူရော တုန်လှုပ်နေကြသည်။ မင်းမဟာသွေးဆိုတဲ့သူက ပြောရင်ပြောတဲ့တိုင်း အပိုအလိုမရှိ လုပ်တက်တဲ့သူမို့…..
“ကျွန်တော် ဆုံးမပါ့မယ် ဥက္ကဌ ခင်မေနွယ်နဲ့စစ်နိုင် အခုချက်ချင်း မင်းတို့အမှားကို မမကို တောင်းပန်စမ်း”
“သမီးတို့ မမှားဘူး ဘိုးဘိုး သူအရင်ပြောတာ”
“တိတ်စမ်း ငါက တောင်းပန်ဆိုတောင်းပန်လေ”
“တောင်းပန်ပါတယ် မမရွှန်း”
“တောင်းပန်ပါတယ် မမရွှန်း”
“အခု မင်းတို့အဘိုးရှိလို့ ဒီလောက်နဲ့ငါ ကျော်သွားပေးမယ် နောက်ခါ ငါ့ကလေးကို ထိကြည့် မင်းတို့ဘဝတွေ စုတ်ပြတ်သတ်သွားမယ်”
ဦးရဲ့ပြောဆိုမှုတွေပြီးတာနဲ့ ခင်မေနွယ်ရယ်စစ်နိုင်ရယ် သူတို့အိမ်ကို ပြန်သွားသည်။
“ဥက္ကဌ ထိုင်ပါဦး”
“ကျွန်တော် မထိုင်တော့ဘူး ဦးကြွယ်ဝ ကျွန်တော် ညကျ အလုပ်လေးရှိသေးတယ်”
“ဟုတ်ကဲ့ပါ”
“ကလေး မနက်ကျ လာခေါ်မယ်နော် မုန့်တွေ ခုံပေါ်တင်ထားခဲ့မယ်နော် တစ်ခုခုဆို ဦးကို ဖုန်းဆက်နော်”
“ဟုတ်”
ရွှန်းရဲ့ခေါင်းလေးကို ပုတ်ပြီး ပြုံးလိုက်တဲ့ဦးကြောင့်
တော်ပါတော့ ဦးရယ် ရွှန်း ရပ်နေတဲ့ ခြေထောက်တွေတောင် မမြဲချင်တော့ဘူး
~~~~~~~~~~~~~~~
၇နာရီတောင်မထိုးသေးဘူး ဦးက ရောက်နေပြီမို့ ရွှန်း လွယ်အိတ်လေးယူကာ ဘိုးဘိုးကို နှုတ်ဆက်ပြီး ကားဆီသို့
“ဦး လာတာစောလိုက်တာ”
မင်းလေကို စိတ်မချလွန်းလို့ ဖြစ်နိုင်ရင် မနက် ၅နာရီထဲက လာခေါ် ချင်တာလို့ ပြောလိုက်ချင်ပေမယ့်
“ဘာလို့လဲ စောလို့မရဘူးလား”
မနေ့ညကတောင် အကောင်းကြီးက အခုဘာလို့ စိတ်ဆိုးနေတာပါလိမ့်
“ရပါတယ် ရွှန်းက ဒီလိုဘဲ မေးလိုက်တာပါ”
ဟော ဘာမှကို မပြောရသေးပါဘူး မျက်နှာငယ်လေးနဲ့ဖြစ်သွားပြီ ဒီကလေးလေးကတော့ကွာ အသဲယားအောင် လုပ်နေတာဘဲ
မျက်နှာငယ်လေးနဲ့ ခေါင်းလေးကို ကားမှန်ဘဲ လှည့်ထားတဲ့သူလေးကြောင့်
“မနက်စာ ဘာစားချင်လဲ”
“ရွှန်းက ဘာဖြစ်ဖြစ် စားပါတယ်”
“ဟုတ်ပီ အဲ့တာဆို မနက်စာအရင် သွားစားရအောင်”
“ဘွားကရော”
“ဘွားဘွားက အိမ်မှာ စားနေပြီ ကလေးကို မုန့်ကျွေးပြီးမှ ခေါ်ခဲ့ဆိုလို့”
“အော် ဟုတ်”
နံမည်အကြီးဆုံး ကြယ်ငါးပွင့် ဟော်တယ်ရှေ့မှာ ကားရပ်လိုက်ပြီး
“ဦး”
ကားပေါ်ကဆင်းမယ့် မဟာလက်ကို ဆွဲလာပြီး ခေါ်လိုက်တာမို့
“အွန်း”
“အိမ်မှာဘဲ ပြန်စားကြစို့လေ”
“ဘာလို့လဲ”
“ဦး ဒီမှာ မနက်စာစားဖူးတဲ့blogger မလေး ဗီဒီယိုကြည့်ဖူးတယ် ဒီဆိုင်က စျေးကြီးတယ် မနက်စာလေး တစ်ယောက်စာဆို ၂သိန်းလောက်ရှိတယ်”
“အဲ့တော့”
“အိမ်မှာ ရိုးရိုးမုန့်စားလည်း ဗိုက်ပြည့်ပါတယ် ဦးရဲ့
အိမ်ဘဲ ပြန်ကြစို့”
“မပြန်ရပါဘူး ကိုယ်က ဒါစားပြီးရင် မင်းအတွက် လိုတာတွေ ပတ်ဝယ်ပေးဦးမှာ”
“မလို….”
ဦးမျက်နှာကို ကြည့်တော့လဲ ရွှန်းငြင်းမှာကို စိတ်အလိုမကျသလို မျက်ခုံးကြီး တွန့်ကွေးပြီး ကြည့်နေတာမို့
“ဟုတ်ဟုတ် သွားစားကြမယ်နော်”
“အင်း”
အခန်းမှတ်ချက်များ (0)