Bububai ဝတ္ထု ဘီလီယံနာ သူဌေးလေးရဲ့ အခန်းစာရင်း

အပိုင်း(၇)

ဘီလီယံတာ သူဌေးလေးရဲ့ချစ်သူ

မငိုတော့ဘဲ လိမ္မာစွာ မုန့်စားနေတဲ့ အသဲလေးကို အူယားနေတဲ့ မင်းမဟာသွေးရယ်ပါ

စားပွဲခုံပေါ်မှာ သူပါလာသမျှ မုန့်တွေကို တင်ပြီးငြိမ်နေကာ အစားကိုဘဲ အလုပ်ရှုပ်စွာစားနေတဲ့သူလေးကို အဘွားရော မဟာရောကြည့်ပြီး ပြုံးနေသည်။

“ဘာစားချင်သေးလဲ မြေး”

“တော်ပြီ ဘွား ဒါတွေနဲ့တင် သမီး ဝနေပါပြီ”

“ဝသင့်ပါတယ် မုန့်တွေအများကြီးဘဲ တစ်ယောက်ထဲ စားနေတာ”

“ဦးနော် သူဘဲ မုန့်စားပြီး ငြိမ်ငြိမ်နေလို့ပြောပြီးတော့”

“အဲ့တာနဲ့ဘဲ အကုန်စားနေတာပေါ့”

“မကုန်ပါဘူး ကျန်တဲ့ဟာလေးတွေ အပြန် ယူသွားမယ်နော် ဘွား”

“ယူပါတော် ယူပါ”

“ထပ်ဝယ်ဦးမှာလား လိုက်ပို့ပေးမယ်”

“တော်ပီ ဦး ဒီလောက်ဆို တော်ပီ မုန့်ဆိုတာ ဒီနေ့တစ်မျိုး မနေ့ဖြန် တစ်မျိုးစားရတယ်လေ အမြဲတမ်း တစ်မျိုးထဲ စားရတာ ရွှန်း မကြိုက်ဘူး”

“ဟုတ်ပါပြီ ၄နာရီကျော်နေပြီး မင်းပြန်တော့မှာလား”

“ဟုတ် ဘွား သမီး ပြန်တော့မယ်နော်”

မုန့်လေးတွေသိမ်းရင်း အဘွားကို နှုတ်ဆက်နေတဲ့ပုံက သူမုန့်ကျန်ခဲ့မှာ စိုးနေတဲ့ ကလေးတစ်ယောက်လို

“အဲ့တာတွေ မင်းတို့ သိမ်းပြီး ကားထဲသွားထားလိုက် မင်းက ခြေထောက်နာနေတာ ငြိမ်ငြိမ်လိုက်ခဲ့”

အိမ်အကူ ဝန်ထမ်းမလေးတွေကိုဘဲ သိမ်းခိုင်းဖို့ပြောကာ

“ဟုတ်ကဲ့ သခင်းလေး”

“မြေး မနေ့ဖြန် လာဦးမယ်မလား”

“ဟုတ်ဘွား မနေ့ဖြန် သင်တန်းမသွားတော့ဘူး ဒီဘဲ တန်းလာခဲ့တော့မယ်”

“ဘာလို့လဲ မြေးရဲ့”

“ဒီလို ဒဏ်ရာကြီးနဲ့ သမီး သင်တန်း မသွားချင်လို့ဘွား ခနထဲက သူငယ်ချင်းတွေကိုပြောပြီး ခွင့်တိုင်ပြီးပြီ”

“ဟုတ်ပါပြီတော် အဲ့တာဆို အဘွား မနက် လာခေါ်ခိုင်းလိုက်မယ်နော်”

“ဟုတ်ဘွား သမီးပြန်ပြီနော်”

“အေးအေး မြေး ဖြေးဖြေးနော်”

အဘွားနဲ့နှုတ်ဆက်ပြီး ဦးက သူ့လက်ကို တွဲလျှောက်ခိုင်းတာကြောင့် ရွှန်း ဦးလက်ကို တွဲလျှောက်ရင်း ရွှန်း ခိုးကြည့်မိတော့

ဦးကချောလိုက်တာ ဒီလောက်ပြည့်စုံနေတဲ့သူက ဘာလို့ ချစ်သူတောင်မရှိတာပါလိမ့် ဒီလောက်

ချမ်းသာမှတော့ ချစ်သူထားဖို့ မအားဘူး ထင်ပါရဲ့

ဦးချစ်သူမရှိတော့ ရွှန်းအတွက် မျှော်လင့်ချက်တော့ ရှ်သေးတယ်မလား

“ငါ့ကို ကြည့်လို့ဝပြီလား”

ခနထဲက သူ့ကိုကြည့်ပြီး ပြုံးနေတာ သတိထားမိပေမယ့် မပြောဘဲနေလိုက်ပြီးမှ ကားပေါ်ထိ တစ်ချိန်လုံး ခိုးကြည့်နေတဲ့ကောင်မလေးကို

“ဦးကချောလို့ပါ”

“အဟက် မင်း ငါ့ကို မုန့်မျက်နှာလာလုပ်နေတာလား”

“ဦးနော် ရွှန်းက တကယ်ချောလို့ ချောတာပြောတာပါ မုန့်မျက်နှာ မလုပ်ပါဘူး ရွှန်းမှာလည်း ပိုက်ဆံရှိပါတယ်”

“အကြွေတွေလား”

“အကြွေလည်း ပိုက်ဆံဘဲလေ ဘာနဲ့ဝယ်ဝယ် ရနေတာဘဲကို”

တစ်လုံးမကျန် ခွန်းတုန့်ပြန်နေတဲ့ သူလေးကို မဟာကြည့်ပြီး ပြုံးနေသည်။

“မင်း အိမ်က ဆူနေဦးမယ် လိုက်ပြောပေးရမလား”

“ရပါတယ် ဦးရဲ့ ရွှန်းဘာသာပြောလိုက်မယ်”

“မနက်ဖြန် ဘယ်နှနာရီ လာခေါ်ရမှာလဲ”

“ရွှန်းက ၇နာရီဆို အိမ်ကထွက်ပြီ”

“ဟာ ဘာလို့ အဲ့လောက်အစောကြီး သွားတာလဲ သင်တန်းက ဘယ်နှနာရီ စတာမို့လို့လဲ”

“သင်တန်းက ၉နာရီမှပါ အိမ်မှာ မနေချငိလို့ပါဦး”

ဒီကောင်မလေး အိမ်မှာတစ်ခုခုပြသာနာရှိလို့ထင်တယ် နောက်မှဘဲ သေသေချာချာမေးတော့မယ်

မနက်အစောကြီးထဲက အဘိုးအိမ်ကို ရောက်ရောက်လာကြတဲ့ ဟိုမောင်နှမနှစ်ယောက်ကြောင့် ရွှန်း မေမေနဲ့အကျိုးအကြောင်းဖုန်းဆက်ပြောပြီး

မနက်စာကစ အပြင်မှာဘဲ စားလိုက်တယ် အခုဆို နေ့လည်ရော ညနေစာထိ မပူရအောင် ဦးတို့အိမ်က အဆင်သင့်ရှိနေပြီးသားမို့ မေမေကို အကုန်ပြောပြတော့ မေမေကလည်း ဘိုးဘိုးကို ဦးတို့အိမ်အကြောင်းမေးတယ်ထင်ပါရဲ့ ဦးတို့မိသားစုအကြောင်းသိပြီး ရွှန်းကိုမဆူပေမယ့် လိမ်လိမ်မာမာနေဖို့သာပြောသည်။

“ဟုတ်ပီ နောက်ခါဆို အိမ်ကို ၇နာရီထဲကလာ မင်းကမိန်းကလေး တစ်ယောက်ထဲ နေလို့မရဘူး ကြားလား”

“ဟုတ်”

ဒီလိုကျတော့လည်း ဒီကလေးလေးက လိမ္မာသားဘဲ

“အဲ့တာဆို မနက်၇နာရီ လာခေါ်မယ် အဆင်သင့်ပြင်ထား ရေချိုးဖို့ ဒီနေ့လို အကျီတွေမယူခဲ့နဲ့ မနေ့ဖြန် အပြင်သွားဝယ်မယ်”

“မလိုပါဘူးဦးရဲ့”

“လိုတယ် မနေ့ဖြန် ငါလည်းအားတယ် တူတူသွားဝယ်မယ်”

“ဟုတ်”

“ခနလေး ငါလာဖွင့်ပေးမယ်”

ဦးက ကားတံခါးလေးဖွင့်ပြီး ရွှန်းကို ချီချပေးပြီး

“ဦးအဲ့တာဆို ရွှန်းအိမ်ထဲ ဝင်ပြီနော်”

“အွန်း”

ဒီကောင်မလေးနဲ့ကျမှ ငါလည်း ဘာလို့ ဒီလိုတွေ လုပ်မိနေလဲကို မသိဘူး အိမ်ကိုပြန်ပ်ို့ရတာတောင် စိတ်ချမနေချင်ဘူး…..

~~~~~~~~~~~~~

“မြေး ခြေထောက်က ဘာဖြစ်လာတာလဲ”

“ခေါက်လဲတာဘိုးဘိုး မနေ့ဖြန်ဆို သက်သာပါပြီ”

“အခုကရော သက်သာလား အဘိုး ဆရာဝန်ခေါ်ပေးရမလား”

“ပြခဲ့ပြီးပါပြီ ဘိုးရဲ့ ဘိုး ညစာ စားတော့မှာမလား”

“အခုစားတော့မလို့ အဘိုးသွားစားဦးမယ် မသက်သာရင် ပြောနော်”

“ဟုတ် ဘိုး”

ဘိုးဘိုး ထမင်းစားခန်းထဲကို ဝင်သွားတော့မှ ရွှန်း အပေါ် မတက်ချင်သေးတာမို့ ဧည့်ခန်းထဲက ခုံလေးမှာ ထိုင်နေတုန်း

“နေပြည်တော့က လမ်းတွေက အဆင့်အတန်းသိပုံဘဲ မလျှောက်တက်တဲ့သူဆို တစ်ခုခုဖြစ်တော့တာဘဲ”

“ဟုတ်တယ်နော် မမငယ် ကျွန်တော်ဆို ခုထိ ဘာမှမဖြစ်ဘူး”

“ဘယ်ဖြစ်မလဲ ကြည့်လျှောက်တဲ့ မျက်လုံးက ပြူးနေတာကို”

“မမကြီး ကျွန်တော်ကို ဘယ်လိုလာပြောနေတာလဲ”

“ကြားတဲ့အတိုင်းဘဲလေ နင်တို့ဘာသာ နင်တို့ အေးဆေးမနေတက်ဘူးလား ငါ့ကဘဲ နင်တို့မျက်လုံးထဲ အရောင်အဝါပေါ်လွန်းနေတာလား”

“နင်ကလား အေးပေါ့ ငါတို့တွေထပ်စာရင် နင်က အဖေမှမရှိတာ အဲ့တော့ ပိုထင်ပေါ်နေတာ”

“နင်ဘာပြောတာလဲ ခင်မေနွယ် နင်တို့ လွန်မလာနဲ့

ငါ့အမေကတစ်ယောက်ထဲ ကျွေးမွေးထားရပေမယ့် အခုထိ အဘိုးဆီ တစ်ပြားမှ လက်ဖြန့်မတောင်းဖူးဘူး ငါ့အထိပေါ့ နင်တို့မိဘတွေလို အစုံအလင်ရှိရက်နဲ့ အသက်ကြီးတဲ့ အဘိုးထဲက အရိုးရ အရိုးစုတ်နေတာမဟုတ်ဘူး”

“နင်ကများ!!!”

“ရပ်စမ်း”

မင်းမဟာသွေး ကားနောက်ခန်းထဲက မုန့်တွေ ယူဖို့မေ့သွားတဲ့ ကလေးကို မုန့်ပြန်ပေးဖို့ အိမ်ထဲ ဝင်လာတုန်း ကြားရတဲ့စကားတွေကို ဆက်နားထောင်နေပေမယ့် ရွှန်းကို ထိလာဖို့တော့ သူငြိမ်မနေနိုင်တာမို့

“မင်းတို့ အကြီးကို အကြီးမှန်း မသိဘူးလား”

« ရှေ့အခန်း - အပိုင်း(၆) နောက်အခန်း - အပိုင်း(၈) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ