Bububai ဝတ္ထု ဗိုလ်ကြီးပိုင်တဲ့အားဆေးလုံးလေး အခန်းစာရင်း

အပိုင်း(၁၄)

ဗိုလ်ကြီးပိုင်တဲ့အားဆေးလုံးလေး

တပ်ဆေးခန်းမှာ စိတ်ချရတယ် ဆိုမှ ပိုးကို အိမ်ပြန်ခေါ်လာခဲ့သည်။

ည၁၀နာရီ ကျော်သွားပေမယ့် ပိုးကတော့ သတိရမလာသေး ပိုး ကိုဘဲ တစ်ချိန်လုံး အရိပ်တကြည့်ကြည့်နဲ့ကြည့်နေတဲ့ ဂုဏ်

“သား ပိုးလေးက သားအတွက်ဆိုပြီး ကိတ်လုပ်ထားတာ ရေခဲသေတ္တာထဲမှာ”

“ဟုတ်လား ကျွန်တော် သွားစားလိုက်မယ် အန်တီမြလည်း အိပ်တော့လေ ကျွန်တော်ဘဲ ပိုးဘဲ စောင့်လိုက်ပါ့မယ်”

“ဟုတ်ပီ သား”

ပိုးရဲ့ လက်ကလေးနဲ့နဖူးလေးကို တစ်ချက်နမ်းပြီးတော့မှ ဂုဏ် မီးဖိုခန်းထဲဝင်ပြီး ရေခဲသေတ္တာထဲက ကိတ်လေးကို ထုတ်ကြည့်ပြီး

“ဒီကလေးလေးကတော့…..”

ကိတ်ပေါ်မှာ ကိတ်ဘဲစားနော် ပိုးကိုမစားရ လို့ရေးထားတဲ့ စားသားလေးကို ကြည့်ပြီး ဂုဏ်ပြုံးသွားပြီး

ဓားလေးနဲ့ခွဲကာ ကိတ်လေးကို ကော်ဖီလေးနဲ့ စားနေတုန်း

“ဦး!!!”

“ဟာ ပိုး”

အားမရှိတဲ့ ပုံလေးနဲ့ အပေါက်မှာ ရပ်နေတဲ့ ကောင်မလေးကြောင့် ဂုဏ် ပြေးထပြီး နဖူးလေးကို စမ်းကာ ဆံပင်လေးတွေ သပ်ပေးရင်း

“နိုးရင်လည်း ကိုယ့်ကို ခေါ်တာမဟုတ်ဘူးကွာ”

“ဟင့် ဦး ကို လွမ်းနေတာ”

ဟောဗျာ လွမ်းနေတာတဲ့လား ကလေးရယ် အရမ်းချွဲတဲ့ ကောင်မလေးက ရင်ခွင်ထဲကို အတင်းတိုးနေပြန်တာ

“ကိုယ်ပြန်လာမှာပေါ့ နောက်ခါ အဲ့လိုတွေ ထွက်မစောင့်နဲ့နော်”

“ဒါပေမယ့်…”

“ပိုးတစ်ခုခုဖြစ်ရင် အမေတို့က ဦးကို အပြစ်တင်လို့ဆုံးမှာ မဟုတ်ဘူး”

“ဦးက မေမေတို့အပြစ်တင်မှာစိုးလို့ ပိုးကို ဂရုစိုက်တာလား”

“အဲ့လိုမဟုတ်ပါဘူး ကိုယ်က…”

“တော်ပြီ ..”

ဂုဏ် စကားတောင် မဆုံးသေး ဂုဏ်လက်တွေကို ဖယ်ချပြီး အခန်းထဲပြန်ဖို့လုပ်နေတဲ့ ပိုး

“ဦးလိုက်ပို့မယ်”

“တော်ပီ ဦးနေခဲ့”

“ရမလား ပိုးရဲ့ နေကောင်းတာလဲ မဟုတ်ဘူး”

“စိတ်ချပါ ပိုးဘာသာပိုးဂရုစိုက်နိုင်ပါတယ် ဦး အပြစ်မတင်ခံစေရပါဘူး”

“ပိုးသားငယ်!!!ဘယ်လိုတွေပြောနေတာလဲ”

ဒေါသသံလေးနည်းနည်းပါမိတာနဲ့ မျက်ရည်စလေးတွေက တွဲခိုနေပြီး

“ဦး ပိုးကို လာအော်နေတာလား”

“ကိုယ်အော်နေတာ မဟုတ်ပါဘူး”

“ရတယ် ထပ်ပြီး ဘာမှ မပြောနဲ့တော့”

အခန်းထဲ ဝင်သွားပြီး တံခါးကိုလည်း အသံကျယ်အောင် ပိတ်သွားသေးတာ

ဂုဏ် တစ်ယောက် သက်ပြင်းချရင်း

တော်တော်ကို စိတ်ကောက်တက်တဲ့ဟာလေး စကားကို နည်းနည်းလေးမှ လွဲလို့မရဘူး ဟင်းးး ချော့ရဦးမယ်

ဂုဏ် ကိတ်လေးနဲ့ကွေကာအုပ်လေး ယူပြီး အခန်းထဲ ဝင်သွားတော့ ကောက်ကွေးပြီး စိတ်ကောက်နေတဲ့ သူမလေးက ဂုဏ်ကို မကြည့်

“ပိုး မုန့်စားမယ်”

“………..”

“ကိုယ်နဲ့တူတူ မုန့်ဆက်စားရအောင် လာ လိမ္မာတယ်”

စောင်ပုံထဲကနေ ဆွဲခေါ်နေပေမယ့် ကျောက်ရုပ်ထပ်တောင် ကပ်နေတဲ့ သူမလေး

“ပိုး ကိုယ်ပြောနေတယ်လေ”

“ဘာလို့ လာအော်နေတာလဲ ဘာလဲ ငတ်ပြီး ေ၊သသွားရင် အပြစ်ပြောမှာစိုးလို့ လာကျွေးနေတာလား”

“ပိုးသားငယ် မင်း ငါ့စေသနာကို မစော်ကားနဲ့နော်”

“ဘာစေသနာလဲ အပြစ်ပြောခံရမှာကြောက်တဲ့ စေသနာလား”

“ကျစ် ဟင်းးးးးဟုတ်ပြီ ဟုတ်ပြီ ကိုယ်မှားသွားတယ်”

ဂုဏ် ဒေါသထွက်ချင်ပေမယ့် ပိုး မျက်နှာလေးကို ကြည့်ပြီး ဒေါသဆက်မထွက်နိုင်ဘဲ ချော့ဖို့ဘဲ တွေးမိကာ

“ရတယ် မလိုဘူး”

“လိုတယ် လာ ခုလိုလေးတွေ ထပ်ပြီး ကောက်နိုင်အောင် ဆိုးနိုင်အောင် အစာစားမှ ရမယ်လေ”

“ပိုး မစားဘူး”

“ရတယ်လေ မင်းကိတ်ပေါ်မှာ ရေးထားတဲ့စာလိုဘဲ မင်းလေး မုန့်မစားရင် ကိုယ်ကမင်းကို စားမှာနော် မွ”

ပြောပြောဆိုဆိုနဲ့ ပိုးလည်တိုင်လေးကို လျှပ်တပျက် နမ်းလိုက်တဲ့ ဦးကြောင့်

“ဘာလုပ်တာလဲ”

“ဘာလုပ်တာလဲ ပြောပြရဦးမလား”

“တော်ပီနော် မသိချင်ဘူး”

“အဟွန်းး ကဲလာ မုန့်စားမယ်”

ပိုးခန္တာကိုယ်လေးကို ပေါင်ပေါ်တင်ကာ မုန့်တစ်ဇွန်းချင်း ချော့ကျွေးနေတဲ့ ဂုဏ်ရယ်ပါ

“ဟ”

“တော်ပြီ ဦး”

“ဟာ နည်းနည်းဘဲ ရှိသေးတယ်လေ စားဦး”

“ဟင့် တော်ပီ ကိတ်က creamတွေနဲ့ ပိုး ဝိတ်တက်ပြီး မလှဘဲနေလိမ့်မယ်”

“မလှလည်း ဘာဖြစ်လည်း မင်းယောကျာ်း ကိုယ်တစ်ယောက်လုံးရှိနေတာ”

“တော်ပါ ဦးက အခုလို လှနေတာတောင် ပိုးက ဦးမျက်လုံးထဲတိုးမဝင်နိုင်ဘဲ အချစ်မခံရတာ မလှရင် ဦးနဲ့ ကွာရှင်းပြီးအဝေးဆုံးနေရလိမ့်မယ်”

ဦး မင်္ဂလာဆောင်ပြီးညထဲက ကွာရှင်းချင်ခဲ့တာ ဦး နှလုံးသားလေးကို မရပေမယ့် လူကို မနည်း ဆွဲထားရတာ ပိုးသာ မလှရင် မတွေးရဲဘူး အဲ့တာကြောင့် အစာငတ်လည်း ခံနိုင်တယ်

ပိုးရဲ့စကားတွေကြောင့် ဂုဏ် ရင်တွေဆစ်ကနဲ့ ဖြစ်သွားရသလို ခုချိန်မှာ သူမလေးကို အနားကနေတောင် အပျောက်မခံနိုင်တော့တာ သူကိုယ်သူ အသိဆုံး

“ဘာတွေ ပြောနေတာလဲ ပိုးရယ် ကိုယ်က မင်းကွာမယ်ပြောတောင် မကွာဘူး”

“ဘာလို့လဲ ဦးပိုးကို ချစ်မိနေပြီလား”

ပိုး မျှော်လင့်ထားတဲ့ စကားလေး ကြားရဖို့ ပိုးရင်ခုန်သံတွေ မြန်နေခဲ့ပေမယ့်

“ကိုယ် သေချာမှပြောပြမယ်”

« ရှေ့အခန်း - အပိုင်း(၁၃) နောက်အခန်း - အပိုင်း(၁၅) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ