Bububai ဝတ္ထု ဗိုလ်ကြီးပိုင်တဲ့အားဆေးလုံးလေး အခန်းစာရင်း

အပိုင်း(၁၃)

ဗိုလ်ကြီးပိုင်တဲ့ အားဆေးလုံးလေး

ပိုး အိမ်ထောင်သည် တန်းလျားရှေ့လောက်ဘဲ ထွက်စောင့်မယ် တွေးပြီးမှ စိတ် မရှည်တော့တဲ့ အဆုံး

ဂိတ်ထိအောင် လမ်းလျှောက်မယ်လို့ စဉ်းစားလိုက်သည်။

သိပ်ပြီး မမှောင်သေးပေမယ့် ပိုးလက်ထဲ ဓာတ်မီးလေးယူလာခဲ့ကာ

“ပိုး ဘယ်သွားမလို့လဲ ညီမလေး”

ပိုးက ကတော်တွေထဲမှာ အငယ်ဆုံးမို့ အထက်လူကြီး ကတော်တွေရော လက်အောက်ငယ်သားကတော်တွေကပါ ကလေးလို မြင်ကြတဲ့အထိ

အခုလည်း ပိုးကို မြင်တာနဲ့ ဗိုလ်ကတော် မမကလည်း လှန်းမေးလိုက်တာမို့

“ဦး က ဒီနေ့ ပြန်လာမယ် ပြောလို့လေ ခုထိ ပြန်မလာသေးလို့ မမ”

“ဟော်တော် ပိုးလေးရယ် ရှပ်တွေ ပစ်နေတာနော် မိုးရွာမှာထင်တယ် အိမ်ထဲကဘဲစောင့်လေ “

“ရပါတယ် မမရဲ့ ပိုး ဟိုရှေ့ကဘဲ ထွက်စောင့်လိုက်မယ် ၈နာရီလောက်မှ မလာရင် ပြန်ခဲ့မယ်”

ယောကျာ်းဖြစ်သူနဲ့ပိုးလေးက အသက်ကွာတာမို့ ဘယ်လောက် တွယ်တာမလဲဆိုတာ မေဦး သိတာပေါ့

ဗိုလ်ကြီးဂုဏ်ရဲ့ အဆင့် ရာထူး ဘယ်နေရာမှာ လုပ်ရလဲဆိုတာ ပိုး မသိလို့ ထွက်စောင့်နေတာဖြစ်မယ် သိလို့ကတော့ ဒီကောင်မလေးပိုပြီး စိုးရိမ်မယ် ထင်တယ်

“အင်း အင်း ၈နာရီမှ ပြန်မလာရင် မမမေဦး အခြားသူတွေပါ ခေါ်ပြီး လိုက်လာမှာနော်”

“ဟုတ် မမ သွားပြီနော်”

မမနဲ့ စကားပြောပြီးတာနဲ့ ပိုး လမ်းလျှောက်လာလိုက်တာ ဂိတ်ပေါက်ရောက်နေပြီ

“ဗိုလ်ကြီး ကတော် ဘာဖြစ်လို့လဲဗျ”

ကင်းကျတဲ့တပ်သားလေးတစ်ယောက်က ပိုးဆီပြေးလာပြီး မေးတော့

“ဘာမှမဖြစ်ပါဘူး ဒီတိုင်း လမ်းလျှောက်တယ် အလုပ်လုပ်နော် ခနနေရင် ပြန်မှာ”

“ဟုတ်ကဲ့ဗျ”

ပိုး ခြင်ကိုက်မှာစိုးလို့ ရပ်မနေဘဲ တောင်လျှောက် မြှောက်လျှောက် လုပ်နေတာ ခြေထောက်တွေလည်း တော်တော်လေး ညောင်းနေပြီ

မမပြောတဲ့အတိုင်း မိုးက ဖွားဖွားလေး ကျလာပြီ ဦးက ခုထိ မလာသေးဘူး ဟင့် ငိုချင်လာပြီ

နာရီကြည့်တော့ တစ်ဖြေးဖြေး ၈နာရီ ကျော်လာကာ မိုးကလည်း နဲနဲသည်းလာသလို လူကလည်း မူးနောက်နောက်ဖြစ်နေပြီမို့ ပိုး အိမ်ပြန်မယ်လို့ တွေးပြီး

“ပိုး ဘာလုပ်နေတာလဲ”

ပိုး လှည့်ပြန်နေတာ လေးငါးလှန်းလောက်ရှိသေးတယ် အနောက်က ခေါ်သံတစ်ခု

ဒီအသံက ပိုးရင်ထဲထိ စွဲနေတဲ့ အသံပိုင်ရှင် လှည့်မကြည့်ရင်တောင် ဦး ဆိုတာ သိတယ်

“ဦး ဟင့် ဟင့်”

ပိုး ငိုကာ ဂုဏ်ဆီ တန်းပြေးပြီး ပိုး ခန္တာကိုယ်လေးကိုကလေးတစ်ယောက်လို ကလေးပွေ့ချီလိုက်တဲ့ ဂုဏ်ကြောင့်

“ဝါးးး”

“ဒါကြောင့် ဗိုလ်ကြီးက မနက်မှ ပြန်ဆိုတာကို ညပြန်ချင်တာက််ိုး”

“အရင်က ဗိုလ်ကြီး မဟုတ်တော့ဘူးလေ”

“ဗိုလ်ကြီးကတော့ မိုက်တယ်ဟေ့”

ဂုဏ်နောက်က ပါလာတဲ့ အထူးတပ်သားတွေ တစ်ဝိုးဝိုး တစ်ဝါးဝါးတွေ ဖြစ်နေကြကာ အဖွဲ့ထဲ ပိုး အစ်ကိုလေးပါတာမို့

“အဟမ်း အဟမ်း”

သက်ဦးပိုင် ချောင်းဆိုးပြနေလည်း ပိုးရောဂုဏ်ရော ဂရုမစိုက်နိုင်ပါ

ပိုးက ဦး ကို ကလေးတစ်ယောက်လို ဖက်တွယ်ထားတာ နည်းနည်းလေးမှ မခွါ

“မိုးရည်တွေ စိုနေတာ ပိုး”

ဂုဏ်တို့ အထူးတ၊ပ်ကားတွေ ဝင်လာတောမှ မိုးက နည်းနည်း တိတ်သွားတာမို့

ကားပေါ်ကနေ လှန်းမြင်လိုက်ရတဲ့ အရိပ်ကလေးကြောင့် ဂုဏ်ကားရပ်ခိုင်းပြီး ဆင်းကြည့်တော့လည်း တကယ် ပိုးဖြစ်နေခဲ့တာ

“ကြားလား ကိုယ်ပြောတာ စောင့်နေတာကြာပြီလား”

မေးတာမဖြေဘဲ တအီအီနဲ့ ဖတ်ထားတဲ့ ကောင်မလေးကို ဂုဏ် ကျော်လေးပွတ်ပေးရင်း

“အရမ်းလွမ်းနေတာလား ကလေးလေးက”

“အင်း ဟင့် ဟင့် ဟင့်”

“ဟုတ်ပကွာ ကိုယ်က နောက်ကျသွားတာ ကိုယ့် အမှားပါ တောင်းပန်ပါတယ်နော် မငိုရဘူး”

“အင်း ဟင့် ဟင့်”

ပိုတိုးပြီး ဂုဏ် လည်ပင်းလေးကို ကျစ်နေအောင် ထပ်ဖက်လိုက်တဲ့ ကောင်မလေးကြောင့် တော်တော်လေး ချော့လိုက်ရပြီးမှ

“ခနဆင်းဦး ဦး အထုပ်တွေ ယူရဦးမယ်”

ထိုအခါမှ ဂုဏ်အပေါ်ကနေ ခွဆင်းပြီး မတ်တပ်လေးရပ်ကာ

“ခနလေး ဦး အထုပ်တွေ စစ်ရဦးမှာ ခနစောင့်ပေးနော်”

ဂုဏ် မျက်ရည်လေးတွေ သုတ်ပေးရင်း ခေါင်းလေးကို ဖွဖွလေး ပွတ်ကာ ပြောတော့မှ

“ဟုတ်”

“မင်း တို့ ကြည့်လို့ဝပြီလား ပစ္စည်း စာရင်း စစ်မယ်”

“ငါ စစ်လိုက်မယ် မင်း အထုပ်ယူပြီး သွားတော့”

ဂုဏ်အစား သက်ပိုင်ဦးက သူစစ်ပေးမယ် ပြောတော့မှ ဂုဏ် ကားနောက်ခန်းက အထုပ်ယူနေတုန်း

“ပိုး ညီမလေး”

မေးဦးတစ်ယောက် ပိုး ၈နာရီကျော်တဲ့ထိ ပြန်မလာတာမို့ မိုးစဲတာနဲ့ အခြား ကတော်လေးတွေပါခေါ်ပြီး အပေါက်ဝထိ လိုက်လာကြတုန်း

အပေါက်ဝလောက်မှာ လူတွေ များနေတာမို့ လျှောက်လာရင်း ပိုး မူးလဲတာကို မြင်လိုက်တာမို့

ချက်ချင်း ပြေးသွားပြီး ထိန်းလိုက်ပေမယ့်

ပျော့ခွေကျသွားတဲ့ ပိုးရဲ့ခန္တာကိုယ်လေးက ပူကျ၊စ်တောက်လို့

“ပိုး ညီမလေး သတိထားဦး”

ဂုဏ် အထုပ်အပိုးတွေကို ဘေးချပြီး ပိုးဆီ ပြေးလာကာ

“ပိုး ကလေး ကိုယ်ခေါ်နေတယ် သတိထားဦး”

ဂုဏ် သူလက်ထဲက ပိုးကို ကြည့်ပြီး တစ်ခုခု ဖြစ်မှာ စိုးရိမ်မှုက ကမ္ဘာပျက်သလောက် ကြောက်လန့်နေကာ

ချက်ချင်းပွေ့ချီပြီး တပ်ဆေးခန်းကို ပြေးတော့သည်။

တစ်နိုင်ငံလုံးရဲ့ အဆင့်(၁)ရထားတဲ့ အထူးတပ်ကလူက မိန်းကလေးတစ်ယောက်ကြောင့် ပြိုလဲနေတဲ့ပုံက်ို ကြည့်ပြီး လူတိုင်း ပြောစမတ်တွင်မည်အထိ

« ရှေ့အခန်း - အပိုင်း(၁၂) နောက်အခန်း - အပိုင်း(၁၄) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ