Bububai ဝတ္ထု ချစ်ခြင်းတစ်စ နေကမ္ဘာလွှမ်း & လရိပ်မြူ အခန်းစာရင်း

အခန်း (၂)

Sun အုပ်စုရဲ့ ပရောဂျက်အောင်မြင်မှုအတွက် ကျင်းပတဲ့ ဂုဏ်ပြုပွဲအခမ်းအနားကို Sun မိသားစုပိုင် ဧဒင် ဟိုတယ် မှာ ကျင်းပခဲ့သည်။

ပွဲရဲ့ တောက်ပတဲ့မီးရောင်တွေအောက်မှာ လူတွေရဲ့ စကားပြောသံ ရယ်မောသံတွေအကုန်လုံးက ‌Sun လုပ်ငန်းစုရဲ့ CEO

နေကမ္ဘာလွှမ်း နဲ့ လရိပ်မြူ တို့ ခန်းမထဲ ဝင်လာတာနဲ့ အသံတွေအားလုံးရုတ်တရက် တိတ်ဆိတ်သွားကာ အကုန်လုံးရဲ့ အာရုံက သူတို့ နှစ်ယောက်ဆီရောက်လာကြသည်။

နေကမ္ဘာလွှမ်းရဲ့ 6 ပေကျော်တဲ့အရပ်ရှည်ကြီးနဲ့ တောင့်တင်းနေတဲ့ ခန္ဓာကိုယ်ပေါ်မှာ သူဝတ်ထားတဲ့ ဝတ်စုံကလည်း သပ်ရပ်စွာ ချုပ်လုပ်ထားတာကြောင့် သူ့ရဲ့ အေးစက်တဲ့အရှိန်အဝါကို ပိုမိုပေါ်လွင်စေသည်။

လရိပ်မြူကတော့ သူမရဲ့ လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်စေတဲ့ အနီရင့်ရောင် ငါးမြီးပုံစံဂါဝန်ရှည်ကို ဝတ်ထားပြီး သေသေသပ်သပ် စည်းထားတဲ့ ဆံပင်ရှည်တွေကြားမှာ ကောက်ကွေးနေတဲ့ ဆံပင်စလေးတွေ

ချထားကာ အနီရောင်နဲ့ သူမရဲ့ ကြွေထည်လို ဖြူဖွေးနေတဲ့ အသားအရည်က လိုက်ဖက်လွန်းလှသည်။

အချို့ မနာလို အားကျတဲ့ မျက်လုံးတွေကလည်း နေရာအနှံ့ကနေ သူတို့ဆီ ရောက်လာကြသည်။

လွှမ်းက သူမကို ခေါ်ပြီး လူအုပ်ကြား ဖြတ်လျှောက်လာတဲ့အခါ လူတိုင်းက အလိုလို လမ်းဖယ်ပေးကြသလို..

ဒါရိုက်တာအချို့ကလည်း အရင်ဆုံး ရှေ့ထွက်လာကြပြီး ခါးတွေကို ညွတ်ကာ...

"CEO ...ဒီပရောဂျက်ကိုလည်းကိုယ်တိုင် ဦးဆောင်လိုက်ပြန်ပြီပဲ..အခုလောလောဆယ် စီးပွားရေးလောကမှာ အားလုံး ချီးကျူးနေကြပြီ Sun အုပ်စုရဲ့ ဒီတစ်ကြိမ်လုပ်ဆောင်မှုကလုပ်ငန်းတစ်ခုလုံးထက် အနည်းဆုံး ငါးနှစ်လောက် ရှေ့ရောက်နေတယ်လို့တောင် ပြောနေကြတယ်..."

အဲဒီလူက ပြောပြီးတာနဲ့ နောက်ဆုတ်လိုက်ပြီး နောက်တစ်ယောက်က ချက်ချင်း ရှေ့ထွက်လာသည်။

လွှမ်း ရှေ့မှာ ကိုယ့်ကိုယ်ကို ပြသခွင့် လွတ်သွားမှာကို လူတိုင်းက စိုးရိမ်နေကြသည်။

"သခင်လေး လွှမ်း... ဒီတစ်ခါ သခင်လေးကို ရှယ်ယာရှင် တွေကတောင် ချီးကျူးတယ်လို့ ကြားပါတယ်ကျွန်တော်တို့အသိုင်းအဝိုင်းထဲမှာ ဒီလိုဆက်ဆံခံရတဲ့သူ မရှိသလောက်ပဲ!"

"CEO ဒီတစ်ခါ အရှေ့တောင်အာရှပရောဂျက်ကြောင့် ဒါရိုက်တာအဖွဲ့ထဲက လူကြီးတွေတောင် အံ့ဩသွားကြတယ်လို့ ကြားတယ်"

တစ်ယောက်ပြီး တစ်ယောက်ဆက်တိုက် ချီးကျူးစကားတွေလာပြောနေချိန် လွှမ်းရဲ့နှုတ်ခမ်းမှာ အပြုံးတစ်ခု ရှိနေပေမယ့်သူ့ မျက်လုံးတွေကတော့ အေးဆေးတည်ငြိမ်နေသည်။

သူက လက်ထဲက ရှန်ပိန်ခွက်ကိုသာ အသာလှုပ် နေပြီး ထိုလူတွေကို ဘာမှပြန်မပြောခဲ့ပေ။

ဒီလို ချီးမွမ်းစကားတွေကို သူ အကြိမ်ပေါင်းများစွာ ကြားခဲ့ဖူးပြီးပြီ..အများကြီးကြားလာ

ရတာကြာတော့ နားထဲ တစ်ဖက်ကဝင် နောက်တစ်ဖက်ကပြန်ထွက်သလို ဖြစ်သွားပြီး

သူ့ အတွက်တော့ အဲ့ဒီစကားတွေက စိတ်ရှုပ်စရာနေဆူညံသံတစ်ခုလိုသာ ဖြစ်နေသည်။

အဲ့အချိန် ခွက်ချင်း တိုက်တဲ့အသံတွေ စကားပြောရယ်မောသံတွေ ရုတ်တရက်

တိတ်ဆိတ်သွားသလို..လရိပ်လည်း လွှမ်း

ရဲ့လက်မောင်းကြွက်သားတွေ အနည်းငယ် တင်းကျပ်သွားတာကို ခံစားလိုက်ရပြီး သူက တစ်နေရာကို စိုက်ကြည့်နေတာကြောင့်...

သူမ မသိမသာ သူ့အကြည့်နောက်ကို လိုက်ကြည့်လိုက်တော့ အခမ်းအနားဝင်ပေါက်ဘက်ကနေ ဖြည်းဖြည်းချင်း လျှောက်လာနေတဲ့ သွယ်လျတဲ့ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

နန်းသစ္စာ....

တစ်ချိန်က လွှမ်းရဲ့ဘဝထဲမှာ အရေးကြီးတဲ့နေရာတစ်ခုကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ အဲဒီမိန်းကလေးဟာ အခုထိ အရင်လိုပဲ တောက်ပနေဆဲပင်။

နန်းသစ္စာက ခန်းမထဲရောက်တာနဲ့ လူအုပ်ထဲကို တစ်ခုတစ်ခုရှာဖွေ နေသလို ရှာနေပြီး နောက်ဆုံး လွှမ်းကို တွေ့သွားတော့မှသူမရဲ့ မျက်လုံးတွေက ချက်ချင်း တောက်ပလာတာက သိသာလွန်းလှသည်။

လူတိုင်းရဲ့အကြည့်တွေက သူမဆီ ရောက်သွားပြီး တီးတိုးပြောဆိုသံတွေက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပေမဲ့ နန်းသစ္စာကတော့ ဂရုမစိုက်ပဲ သူမရဲ့ မိတ်ဆွေဟောင်းတွေနဲ့ စကားပြောနေပြီး သူမရဲ့ ရယ်သံတောင် ကြားနေရသည်။

အဲ့အချိန် လင်းမြတ်ပိုင်ကလည်း နန်းသစ္စာအနားကိုရောက်သွားပြီးသူတို့က မတွေ့တာကြာပြီဖြစ်တဲ့ မိတ်ဆွေဟောင်းတွေ ပြန်ဆုံကြသလို စကားတွေပြောနေကြသည်။

ခဏအကြာမှာတော့ လင်းမြတ်ပိုင်က လွှမ်းကိုပါ သူတို့စကားဝိုင်းဆီလာဖို့ခေါ်နေတာမို့ လွှမ်းက လရိပ်ကိုခေါ်ပြီး ထိုစကားဝိုင်းဆီလာခဲ့လိုက်သည်။

လွှမ်း လရိပ်ကိုပါတစ်ခါထဲ နန်းသစ္စာနဲ့ မိတ်ဆက်ပေးလိုက်သည်။

“ဒါနဲ့ မင်းတို့ အဲလစ် ရဲ့ အပျော်စီးသဘော် ပေါ်ကကိစ္စကို မှတ်မိကြ‌ သေးလား?”

လင်းမြတ်ပိုင်က လက်ထဲက ဝိုင်ခွက်ကို လှုပ်ရင်း အတိတ်က အကြောင်းအရာကို ပြုံးပြီး ပြောလာသည်။

“အဲဒီတုန်းက သဘော်ပေါ်မှာ ငါတို့ အရမ်းသောင်းကျန်းပြီး ပါတီလုပ်ခဲ့ကြတာလေ နောက်ဆုံးတော့ ငါတို့အားလုံး ရဲအဖမ်းခံရပြီး ထောင်ကျလုနီးပါးတောင် ဖြစ်ခဲ့ကြတာမလား..”

လင်းမြတ်ပိုင်ရဲ့ စကားကြောင့် နန်းသစ္စာက အဲဒီအဖြစ်အပျက်ကို ပြန်သတိရသွားတဲ့ပုံစံမျိုးနဲ့ ပြုံးလိုက်ပြီး....

“လွှမ်းက ကူညီပေးလို့သာ ငါတို့ အဖမ်းမခံရတာလေ သူက ဥပဒေအဖွဲ့တစ်ဖွဲ့ကို ငှားပြီး ငါတို့ကိစ္စကို ဖြေရှင်းပေးခဲ့တာလေ..”

“ဥပဒေအဖွဲ့ ငှားတာမဟုတ်ဘူး..”

နန်းသစ္စာရဲ့ စကားကို လွှမ်းက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

“ရှေ့နေကြီးရဲ့ အငယ်ဆုံးသားကို ဖုန်း ဆက်လိုက်တာပါ”

“အော်… ဟုတ်သားပဲ.."

“အဲ့တုန်းကနောက်ပိုင်း ရှေ့နေကြီးကက သူတို့ မိသားစုရဲ့ အရှိန်အဝါကို သုံးပြီးသူ့သားက ငါတို့ကို အာမခံနဲ့ လွှတ်ပေးခဲ့တာ သိသွားတော့ အရမ်းဒေါသထွက်သွားတာလေ..အဲဒီကောင်လေးကိုတောင် တစ်လလုံး အိမ်ထဲတောင် ဝင်ခွင့်မပေးဘူးတဲ့”

“လွှမ်း လည်း အဲဒီတုန်းက အပြစ်ပေးခံရတာပဲ မဟုတ်လား? သူ့အဖေက ဒေါသထွက်လွန်းလို့ တန်ဖိုးကြီးရှေးဟောင်းကြွေထည်ပန်းကန်အစုံတစ်ခုလုံးကိုတောင် ရိုက်ခွဲပစ်ခဲ့တာလေ”

လင်းမြတ်ပိုင် စကားကို နန်းသစ္စာက ထပ်ဖြည့်ပြောလာသည်။

သူတို့က အတိတ်ကအကြောင်းအရာတွေကိုပြန်ပြောရင်း ပျော်နေကြပေမဲ့ လရိပ်ကတော့ ဘာမှဝင်မပြောနိုင်ဘဲ လုံးဝ တိတ်ဆိတ်နေရသည်။

သူမ ဝင်ပြောလို့လဲမရပေ ဘာလို့ဆို သူတို့ရဲ့ အဲ့အချိန်အတိတ်တွေမှာ သူမ မှမပါဝင်ခဲ့တာ..

“ဒါနဲ့… တို့ နှစ်ယောက်ရဲ့ ရွက်လှေ လေးကို လွှမ်းအခုထိ သိမ်းထားသေးလား?”

အခြားအကြောင်းအရာပြောနေရင်း ရုတ်တရက် နန်းသစ္စာ က လွှမ်းဘက်ကို လှည့်ပြီး မေးလိုက်တာနဲ့ လွှမ်းက ချက်ချင်း ခေါင်းညိတ်လိုက်ကာ..

“ကိုယ် သိမ်းထားတယ်..လွန်ခဲ့တဲ့နှစ်နှစ်ကတောင် ပြန်ပြင်ထားသေးတယ်”

လွှမ်းရဲ့ အဖြေကြောင့် လင်းမြတ်ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားပြီး...

“အဖြူရောင်ရွက်လှေလား?”

“မင်း အဲဒီလှေကို ဟိုးအရင်ကတည်းက လွှင့်ပစ်လိုက်ပြီလို့ ငါထင်နေတာ..”

“ဘာလို့ လွှင့်ပစ်ရမှာလဲ?”

နန်းသစ္စာက လင်းမြတ် စကားကို ပြုံးပြီးခေါင်းခါလိုက်ကာ ..

“အဲဒီလှေက လွှမ်းနဲ့ ငါ ပဲရစ် မှာ ပထမဆုံးအကြိမ် အလောင်းအစားနိုင်ခဲ့တုန်းက ရခဲ့တဲ့လှေ လေ အဲဒါကြောင့် အမှတ်တရအနေနဲ့ သိမ်းထားမှာပေါ့..”

အဲ့အချိန် စားပွဲထိုးက ဝိုင်ခွက်တစ်ခွက်ကို

နန်းသစ္စာ ကမ်းပေးလာတာကြောင့်သူမက

ယူတော့မယ့်အချိန်မှာ လွှမ်းက လက်လှမ်းပြီး တားလိုက်ကာ..

"မင်းအစာအိမ်က မကောင်းဘူး..မသောက်တာက ပိုကောင်းတယ်.."

အဲ့အချိန် နန်းသစ္စာ က လည်းသူမရဲ့ စူးရှနေတဲ့ မျက်ဝန်းတွေနဲ့ သူ့ကို စိုက်ကြည့်လိုက်တာကို

လရိပ် တွေ့လိုက်သည်။

သူတို့နှစ်ယောက်သာ နားလည်တဲ့ ရင်းနှီးကျွမ်းဝင်မှုမှန်း နှစ်ယောက်လုံးရဲ့ မျက်လုံးအ

ကြည့် တွေထဲမှာ ပေါ်လွင်နေသည်။

အဲဒီနောက် လွှမ်းဟာ နန်းသစ္စာအတွက်ပေးလာတဲ့ နောက်ထပ် ဝိုင်ခွက်တွေကိုပါ ထပ်ပြီး တားပေးခဲ့သည်။

သူ့အပြုအမူတွေက သာမန်လို ထင်ရပေမယ့် တကယ်တော့ အကာအကွယ်ပေးမှုတွေနဲ့ ပြည့်နေတာကို လရိပ် သတိထားမိသည်။

တစ်ယောက်ယောက်က နန်းသစ္စာကို ဝိုင် တိုက်ဖို့ ကြိုးစားလာတိုင်း သူကပဲ ဝင်ယူလိုက်သည်။

ဒီလို တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိတဲ့ အပြုအမူတွေဟာ နှစ်တွေအကြာကြီး အတူရှိခဲ့တယ်ဆိုတာ သိသာလှသည် ။

လွှမ်းက လရိပ် အနားမှာရှိတာကိုပင် လုံးဝမေ့‌နေဟန်ပင်။

ညပိုင်း ပိုနက်လာတာနဲ့အမျှ ပါတီပွဲက ပိုပြီး စည်ကားလာခဲ့သလို..

လွှမ်းနဲ့ နန်းသစ္စာတို့ ဟာလည်း မှိန်ဖျော့တဲ့ မီးရောင်အောက်မှာ နတ်ဖက်တဲ့ ချစ်သူစုံတွဲတစ်တွဲလိုပဲ လိုက်ဖက်လွန်းနေသည်။

လရိပ် ထိုမြင်ကွင်းကို ကြည့်ရင်း ရင်ဘတ်ထဲမှာ တင်းတင်းကြပ်ကြပ်နဲ့ အသက်ရှူမဝ တော့လောက်အောင်ပင် နာကျင်လာရသည်။

နောက်ဆုံးသူမ မခံစားနိုင်တော့ပဲ...

"ကျွန်မ အိမ်သာသွားလိုက်ဦးမယ်"

လရိပ် လွှမ်း နားကိုကပ်ပြီး တိုးတိုးလေး ပြောလိုက်ပေမယ့် သူကတော့ နန်းသစ္စာက ပါရီက အနုပညာပြပွဲတစ်ခုအကြောင်း ပြောပြနေတာကိုသာ အာရုံစိုက်နားထောင်နေပြီး သူမစကားကို အာရုံမရှိပေ။

သူ့မျက်လုံးတွေက သူမဆီရောက်မလာဘဲ ခေါင်းသာ ညိတ်ပြလာခဲ့သည်။

သူ့ရဲ့မျက်လုံးတွေက နန်းသစ္စာရဲ့မျက်နှာကနေ တစ်ချက်တောင်မှ ခွာမလာပေ။

လရိပ် ဘာမှထပ်မပြောနေတော့ဘဲ လှည့်ထွက်လာခဲ့ပြီး သန့်စင်ခန်းဆီ ထွက်လာခဲ့သည်။

လရိပ်မြူ သန့်စင်ခန်းရဲ့ အေးစက်‌တဲ့ လက်ဆေးကန်ကို မှီပြီး မှန်ထဲက သူမကိုယ်သူမ ကြည့်လိုက်မိသည်။

အဲဒီအချိန်မှာပဲ သန်စင့်ခန်းထဲကို နောက်ထပ်

မိန်းကလေးနှစ်ယောက် ဝင်လာခဲ့ပြီးသူတို့က ထောင့်မှာရှိနေတဲ့ လရိပ် ကိုသတိမထားမိပုံမပေါ်ပဲ သူတို့ချင်း စကားတွေအကျယ်ကြီးပြောနေကြသည်။

"ဒါနဲ့ နန်းသစ္စာနဲ့ နေကမ္ဘာလွှမ်း ကို မြင်လိုက်တယ်မလား? အိုမိုင်ဂေါ့... သူတို့နှစ်ယောက် အတူရပ်နေရင် တကယ်ကို အရမ်းလိုက်ဖက်တာပဲနော်"

ကောင်မလေး တစ်ယောက်ကမိတ်ကပ်လိမ်းရင်းစ ပြောလာသည်။

"အရင်တုန်းက Valentine's Day တုန်းကလည်း CEOက မြို့လယ်က ရင်ပြင်မှာ အနီရောင်နှင်းဆီ ၉၉၉ ပွင့် ထားပေးခဲ့တာတဲ့လေ နန်းသစ္စာ အတန်းပြီးလို့ ဖြတ်သွားတဲ့အချိန် မြင်ရအောင်ဆိုပြီးတော့တဲ့"

"နန်းသစ္စာ အသက် ၁၉ နှစ်ပြည့်မွေးနေ့တုန်းကလည်း CEO လွှမ်းက Gold Life Hotel ရဲ့ အပေါ်ဆုံးထပ်တစ်ထပ်လုံးကို ငှားပြီး မျက်နှာကျက်ကို ကြယ်စင်တွေပြည့်နေတဲ့ ကောင်းကင်ပုံစံ ပရိုဂျက်တာနဲ့ ပြောင်းပေးခဲ့တယ်တဲ့"

ထိုမိန်းကလေးက နှုတ်ခမ်းနီဆိုး နေရင်း အားကျမှုတွေ ပြည့်နေတဲ့ အသံနဲ့ထပ်ပြော‌ နေသည်။

"နန်းသစ္စာက တစ်ခါက သူမ Northern lights ကို မြင်ချင်တယ်လို့ ပြောခဲ့ဖူးလို့တဲ့..ငါနောက်ပိုင်း သူငယ်ချင်းတစ်ယောက်ဆီက

ကြားတာတော့ CEO လွှမ်း မြောက်ဥရောပမှာ သူမအတွက် Northern lights ကြည့်လို့ရတဲ့နေရာတစ်ခုတောင် ဝယ်ပေးထားတယ်တဲ့.."

"ပြီးတော့ အားကျစရာ အကောင်းဆုံးကဘာလဲသိလား.. တစ်ခါတုန်းကဆို နန်းသစ္စာ က မြို့ငယ်လေးတစ်ခုမှာလုပ်တဲ့ လက်မှုပစ္စည်းတစ်မျိုးကို ကြိုက်တယ်လို့ ပြောလိုက်တာနဲ့ CEO လွှမ်း အဲဒီညတင် လေယာဉ်တစ်စင်းလုံး ငှားပြီး သွားယူခဲ့တာတဲ့"

"နောက်တစ်နေ့မနက်ရောက်တော့ လက်ဆောင်ကိုင်ပြီး သူမရှေ့မှာ ရောက်နေပြီတဲ့"

"ဟူး..တစ်ချက်ကြည့်တာနဲ့ သိသာတယ် ဒါမျိုးမှ အချစ်စစ်ပဲ"

မိန်းက‌လေးနှစ်ယောက်က ပြောရင်းတစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး

အားကျတဲ့မျက်လုံးတွေနဲ့ ပြုံးလိုက်ကြသည်။

ပြီးတော့ နှစ်ယောက်သား စကားပြောရင်း ရယ်မောကာ အိမ်သာထဲကနေ ထွက်သွားကြသည်။

သူတို့ထွက်သွားပေမဲ့ လရိပ် ကတော့ သူတို့စကားတွေကို ပြန်တွေးရင်း မှန်ရှေ့မှာ တစ်ယောက်တည်း ရပ်ကျန်နေခဲ့သည်။

မှန်ထဲမှာ သပ်သပ်ရပ်ရပ် လိမ်းခြယ်ထားပြီး အနီရောင်တောက်တောက် ဝတ်စုံနဲ့ လိုက်ဖက်လွန်းလှပေမဲ့ မျက်လုံးတွေကတော့ ဘာခံစားချက်မှ မရှိတော့သလို ဗလာကျင်းနေတဲ့ သူမကိုယ်သူမ အကြာကြီး စိုက်ကြည့်နေမိသည်။

မှန်ရှေ့မှာ အချိန်အတော်ကြာအောင် ရပ်နေပြီးမှ လရိပ် ဖုန်းထုတ်ပြီး စာတိုလေးတစ်စောင် ရိုက်လိုက်သည်။

"ကျွန်မနည်းနည်းနေမကောင်းလို့ အရင်ပြန်နှင့်မယ်"

တစ်ဖက်က ဖုန်းဆီစာဝင်သွား‌တဲ့ အချက်ပေးသံလေးက တိတ်တိတ်ဆိတ်ဆိတ် ထွက်ပေါ်လာခဲ့ကာ လရိပ် ပြန်စာကို မိနစ်အနည်းငယ် စောင့်နေခဲ့ပေမယ့် သူမဆီဘာစာမှ ရောက်မလာခဲ့ပေ။

သူမ ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်ရင်းနောက်ထပ် ခါးသီးတဲ့အပြုံးတစ်ခုပြုံးလိုက်ပြီး ဖုန်းကို အိတ်ထဲ ပြန်ထည့်လိုက်ကာ အပြင်ထွက်လာခဲ့လိုက်သည်။

သူမ ဟိုတယ်တံခါးကနေ အပြင်ထွက်လိုက်ပြီး

အေးစက်တဲ့ ညလေအေးကို ဂရုမစိုက်နိုင်ဘဲ

ပါးလွှာတဲ့ဝတ်စုံလေးနဲ့ လမ်းဘေးမှာ တစ်ယောက်တည်း ရပ်နေမိသည်။

အနီရင့်ရောင် ဝတ်စုံလေးက လေထဲမှာ အသာအယာ လွှင့်နေကာ..မှိန်ဖျော့တဲ့ညအလင်းအောက်မှာ သူမရဲ့ မျက်လုံးတွေက ပိုပြီး မှိန်ဖျော့နေခဲ့သည်။

လေက အရမ်းအေးလွန်းလို့...

သူမရဲ့မျက်လုံးထောင့်တွေတောင် နီရဲနေခဲ့သည်။

-----

« ရှေ့အခန်း - အခန်း (၁) နောက်အခန်း - အခန်း (၃) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ