သန့်ဇင်လင်း သူ့အရှေ့က အိပ်မောကျနေတဲ့ မျက်နှာလေးအား ကြည့်ပြီး ပြုံးနေမိလေသည်။
တော်တော် ပင်ပန်းသွားမှာပဲ။
သူတစ်ညလုံး တစ်ရေးမှ မအိပ်ရသေးပဲ သူမမျက်နှာလေးအား စိုက်ကြည့်နေမိတာဖြစ်၏။
အိပ်ရေးကြမ်းတဲ့ ကောင်မလေးက လှိမ့်လှိမ့်သွားလွန်းလို့ သူ့မှာ ဖက်ထားပေးရသေးသည်။
"အင်း ... အွန့် "
လှုပ်စိ လှုပ်စိဖြစ်နေတဲ့ သူမ နှုတ်ခမ်းဖျားလေးအား နမ်းမလို့လုပ်တုန်း လှုပ်လှုပ်ယွယွနှင့်ဖြစ်လာတာကြောင့် သူအမြန်ပင် မျက်လုံးစုံမှိတ်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်၏။
ကုတင်ပေါ်ရှိ စောင်ပုံကြီးထဲတွင် ရှင်ငြိမ်း မျက်တောင်လေးများ တဖျပ်ဖျပ် ခတ်ကာ နိုးထလာခဲ့ကာ လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် ခါးအောက်ပိုင်းမှ ဆစ်ခနဲ အောင့်တက်သွားသော နာကျင်မှုကြောင့် မျက်မှောင်လေး တွန့်သွားရသည်။ ထိုအခါမှ သူမ ခန္ဓာကိုယ်လေးမှာ နွေးထွေးကျယ်ပြန့်သော ရင်ခွင်ကျယ်ကြီးတစ်ခုထဲတွင် နစ်မြုပ်နေကြောင်း သတိထားမိလိုက်၏။
သန့်ဇင်လင်းက သူမ ခါးလေးကို သိုင်းဖက်ကာ အေးချမ်းစွာ အိပ်မောကျနေကာ အိပ်ပျော်နေချိန်တွင် အပြစ်ကင်းစင်သော ကလေးငယ်တစ်ယောက်လိုပင်။
ထိုအခိုက်အတန့်မှာပင် ညကအကြောင်းများက ခေါင်းထဲရောက်လာကာ ရှင်ငြိမ်း မျက်နှာတစ်ခုလုံး ပူထူကာ နားရွက်ဖျားလေးများပင် ရဲတက်လာတော့သည်။ သူမ အမြန်ပင် စောင်ကို ရင်ဘတ်အထိ ဆွဲခြုံလိုက်မိ၏။
ညက တကယ်ပဲ အဲ့လိုတွေ ဖြစ်သွားခဲ့တာလား...
ရှင်ငြိမ်း ငိုသာငိုချင်လာမိသည်။
သူရော မှတ်မိမှာလား။
ဒါမှမဟုတ် ရုပ်ရှင်တွေထဲကလို မူးပြီး ဘာမှ မမှတ်မိပဲနေမှာလား။
ရှင်ငြိမ်း မျက်လုံးလေးများက အိပ်ပျော်နေသော သန့်ဇင်လင်း မျက်နှာကို စိုးရိမ်တကြီး စိုက်ကြည့်နေမိသည်။
တကယ်လို့ သူ ဘာမှမသိဘူး မမှတ်မိဘူးဆိုရင် ဘယ်လိုလုပ်ရမလဲ။
ကိုယ်ယ်ဝန်ရသွားခဲ့ရင်ရော သူ့ကိုယ်ဝန်မဟုတ်ဘူး ရှင်ငြိမ်းက ဖောက်ပြန်တယ်လို့ ပြောခံရရင်ရော ဘယ်လိုလုပ်မလဲ။
ထိုအတွေးကြောင့် ရှင်ငြိမ်းမှာ ကြောက်လန့်တကြားဖြစ်ကာ နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်မိသည်။
တကယ်လို့ သူမှတ်မိနေရင်ရော ဘယ်လိုရင်ဆိုင်ရမလဲ။
ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်သလဲ။
ရှင်ငြိမ်း တစ်ယောက်တည်း အတွေးပေါင်းစုံနှင့် ယောက်ယက်ခတ်နေပြီး ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေရသည်။ နောက်ဆုံးတော့ သူ့အနားမှ ခပ်မြန်မြန် ထွက်သွားဖို့သာ ဆုံးဖြတ်လိုက်ပြီး သူမကိုဖက်ထားတဲ့ သူ့လက်မောင်းကြီးကို အသာ မ,ကာ ကုတင်ပေါ်မှ ဆင်းရန် ပြင်လိုက်သည်။
ထိုစဉ်မှာပင် သူ့ မျက်လုံးများက ပွင့်လာပြီး အကြောဆန့်ရင်း နိုးလာလေသည်။
သူက ရှင်ငြိမ်းကို မြင်လျှင် တစ်ချက်ကြည့်လိုက်ပြီး ဘာမှ မဖြစ်သလို ပုံစံဖြင့် အိပ်မှုန်စုံမွှား အသံဖြင့်...
"ဟင်း... မိုးလင်းပြီလား"
သူ့ဟာသူပြောရင်း စောင်ကို ဖယ်ကာ ထိုင်လိုက်ပြီး ကုတင်ဘေးရှိ အင်္ကျီကို ဆွဲယူကာ ဝတ်လိုက်၏။
သူကတော့ အေးအေးလူလူပင်။
ရှင်ငြိမ်းမှာတော့ စောင်ကို ရင်ဘတ်အထိ တင်းတင်းဆွဲခြုံထားရင်း ကြောက်လန့်တကြား မျက်လုံးလေးများဖြင့် ရင်တဒိတ်ဒိတ် ခုန်ကာ ရပ်နေမိလေသည်။
"ဟို... ဟို..."
ရှင်ငြိမ်း အသံတိုးတိုးလေးထွက်သွားလျှင် သန့်ဇင်လင်း သူမကို မျက်မှောင်လေး ခပ်ပြေပြေ တွန့်ကာ ကြည့်လိုက်ပြီး...
"ဘာလဲ... ပြောစရာရှိလို့လား"
"ဟို... ည... ညက..."
ရှင်ငြိမ်း အသံလေး တုန်ယင်စွာဖြင့် အစချီလိုက်ကာ လက်ချောင်းလေးများက စောင်စကို တင်းကျပ်စွာ ဆုပ်ချေနေမိ၏။
"ညက ဘာဖြစ်တာလဲ... ဪ... ကျွန်တော် ညက ဘယ်အချိန် ပြန်ရောက်လာတာလဲ"
သန့်ဇင်လင်း ခေါင်းကို တစ်ချက်ကုတ်လိုက်ပြီး မေးလာတဲ့စကားကြောင့် ရှင်ငြိမ်း မျက်လုံးလေး အဝိုင်းသား ဖြစ်သွားသည်။
သူ တကယ်ကြီး မမှတ်မိတာလား... ဒုက္ခပါပဲ
"ဟင်... မမှတ်မိဘူးလား"
ရှင်ငြိမ်း မယုံနိုင်စွာဖြင့် မေးခွန်းထုတ်လိုက်မိသည်။
"အင်း..."
"ဟင်..."
ရှင်ငြိမ်း ပါးစပ်လေး အဟောင်းသားဖြစ်သွားပြီး ဘာဆက်ပြောရမှန်း မသိတော့အောင် ဆွံ့အသွားရတော့သည်။ လည်ချောင်းထဲတွင် တစ်စို့လာကာ မျက်ရည်များပင် ဝဲတက်ချင်လာရသည်။ သူမရဲ့ ပထမဆုံးအကြိမ်ကို အတင်းရယူသွားပြီး သူက
မမှတ်မိဘူးတဲ့လား...။
သူက မမှတ်မိဘူးဆိုမှတော့ ရှင်ငြိမ်းက ဘာပြောရမလဲ။
"ဘာလဲ... ညက ကျုပ် မူးပြီး ခင်ဗျားကို တစ်ခုခု လုပ်မိလို့လား။ "
သန့်ဇင်လင်း ခပ်တည်တည်နှင့် ထပ်မေးလိုက်လျှင် ရှင်ငြိမ်းမှာ ဒေါသထွက်ရခက် ဝမ်းနည်းရခက်နှင့် မျက်တောင်လေးများသာ တဖျပ်ဖျပ် ခတ်နေမိသည်။
"ဟို... ဘာ... ဘာမှ မဖြစ်ပါဘူး"
ရှင်ငြိမ်း နှုတ်ခမ်းကို တင်းတင်းကိုက်ကာ ခေါင်းကို အမြန်ခါပြလိုက်ရသည်။ သူမဘက်က ဘယ်လိုလုပ် စပြောရမလဲ။
"ဘာမှ မဖြစ်ရင်လည်း ပြီးတာပဲ။ ဘာလို့ စောင်ပုံကြီးထဲ ဝင်ပြီး ကြောင်ကြည့်နေတာလဲ... ရေချိုးတော့လေ။ ကျုပ် ရုံးသွားဖို့ ပြင်ရဦးမယ်"
သန့်ဇင်လင်းက သူမကို တစ်ချက် လှည့်ကြည့်ကာ ခပ်ပေါ့ပေါ့ပင် ပြောလိုက်ပြီး ရေချိုးခန်းဘက်သို့ ထွက်သွားလေတော့သည်။
ရှင်ငြိမ်းမှာတော့ ကုတင်ပေါ်တွင် စောင်ကို ရင်ဘတ်အထိ ဆွဲခြုံထားရင်း ကျန်ရစ်ခဲ့ကာ ခန္ဓာကိုယ် အောက်ပိုင်းမှ စူးအောင့်နေသော နာကျင်မှုလေးက ညက အဖြစ်အပျက်တွေဟာ အိမ်မက်မဟုတ်ကြောင်း သက်သေပြနေသော်လည်း... သန့်ဇင်လင်းရဲ့ အေးတိအေးစက် ပုံစံကြောင့် သူမ ရူးချင်ချင်ပင် ဖြစ်လာရသည်။
သန့်ဇင်လင်း မှန်ရှေ့တွင် ရပ်ကာ သွားတိုက်နေရင်း သူမ ပုံစံလေးအား ပြန်မြင်ယောင်လာတော့ နှုတ်ခမ်းထောင့်က မသိမသာလေး ကွေးတက်သွားရသည်။
___________________
ထိုညပြီးကတည်းက ရှင်ငြိမ်းမှာ သူများ မှတ်မိလာမလား ... မှတ်မိလာမလားလို့ မျှော်လင့်နေမိပေမယ့် သူက ဘာမှ မမှတ်မိသလို အရင်အတိုင်းပင်။
ဒီကြားထဲ ရှင်ငြိမ်းမှာ ကိုယ်ဝန်များရနေလေမလားလို့
တွေးပူပြီး ဆီးစစ်ရတာ အကြိမ်ကြိမ်။
ဒီလို ကိစ္စမျိုးက ဘယ်သူနဲ့မှလည်း တိုင်ပင်လို့မရတာကြောင့် သူမတစ်ယောက်တည်းသာ ရင်တွေပူနေရ၏။
အခုလည်း ရှင်ငြိမ်း အိပ်ယာပေါ်တွင်လှဲနေပေမယ့် အိပ်မပျော်နိုင်သေးပဲ စိတ်တွေရှုပ်နေရသည်။
ထိုစဉ် ကုတင်တစ်ဖက်ခြမ်းသို့ သန့်ဇင်လင်း ဝင်လှဲလိုက်လျှင် ရှင်ငြိမ်း သူ့ကို ကျောခိုင်းလျှက်နှင့် မျက်လုံးကို မှိတ်ကာ အိပ်ပျော်နေချင်ယောင်သာ ဆောင်နေလိုက်သည်။
သို့သော်... ရုတ်တရက်ဆိုသလို သူမ ခါးလေးဆီသို့ လက်မောင်းတစ်ဖက် ရောက်ရှိလာပြီး အနောက်မှနေ၍ သူမကိုယ်လေးကို သူ့ရင်ခွင်ထဲသို့ အတင်း ဆွဲသွင်းလိုက်လေသည်။
"အို..."
ရှင်ငြိမ်း လန့်သွားကာ ရုန်းရန် ပြင်လိုက်စဉ်မှာပင် သူ့နှုတ်ခမ်းများက သူမ နားသယ်စပ်လေးများနှင့် လည်တိုင်လေးကို ခပ်ဖွဖွ လိုက်လံ နမ်းရှိုက်လာလေတော့သည်။
"ပြွတ်စ်... အွန်း..."
"နင်... နင် ဘာလုပ်တာလဲ။"
ရှင်ငြိမ်း အလန့်တကြားဖြင့် နောက်သို့ လှည့်ကြည့်ကာ မေးလိုက်လျှင် သူက ဘာမှ ပြန်မဖြေဘဲ သူမ ကိုယ်လုံးလေးကို သူ့ဘက်သို့ အတင်း ဆွဲလှည့်လိုက်ကယ နှုတ်ခမ်းများကို အငမ်းမရ ဖိကပ် နမ်းရှိုက်လိုက်လေတော့သည်။
"အွန့်... ဖယ်..."
ရှင်ငြိမ်း ရုန်းကန်သော်လည်း သူ့လက်များက ရှင်ငြိမ်း တစ်ကိုယ်လုံးကို ပွတ်သပ်လာပြီး ညအိပ်အင်္ကျီပါးပါးလေး အောက်မှတစ်ဆင့် ရင်သားအစုံကိုပါ ခပ်တင်းတင်း ဆုပ်ကိုင်ချေမွလာလေသည်။
"နင်... နင် ဘာလုပ်တာလဲလို့"
ရှင်ငြိမ်း အသက်ကို မနည်းလုရှူရင်း သူရင်ဘတ်ကြီးကို လက်နှစ်ဖက်ဖြင့် အတင်းတွန်းပစ်လိုက်သည်။
"ကျစ်... ငြိမ်ငြိမ်နေ။"
သန့်ဇင်လင်း နှုတ်ခမ်းများကို ခဏခွာလိုက်ပြီး အက်ကွဲနေသော ရမ္မက်သံဖြင့် ခပ်ဟောက်ဟောက်လေး ပြောလိုက်၏။
"ဟင့်အင်း... မရဘူး မရဘူးနော်။"
ရှင်ငြိမ်း ခေါင်းကို အဆက်မပြတ် ခါရမ်းကာ ငြင်းဆန်လိုက်၏။ သူမ ရင်ထဲတွင် ကြောက်စိတ်နှင့်အတူ ထိုညက သူ ဘာမှမမှတ်မိဘဲ သူမကို လျစ်လျူရှုထားခဲ့သည့် အဖြစ်အပျက်ကို ပြန်လည် မြင်ယောင်လာကာ ဝမ်းနည်းစိတ်ကပါ ရောယှက်လာသည်။
သူလုပ်ချင်တာလုပ်ပြီးရင် မေ့ပစ်တဲ့ အလကားလူ။
ထိုအခါ သန့်ဇင်လင်းက သူမ မျက်နှာလေးကို လက်တစ်ဖက်ဖြင့် အသာအယာ ဆုပ်ကိုင်လိုက်ပြီး မျက်လုံးချင်း ဆုံအောင် စိုက်ကြည့်ကာ...
"ဘာလို့လဲ... ဟိုတစ်နေ့ကလုပ်တာ နာတာ မပျောက်သေးဘူးလား။"
ခပ်ပြုံးပြုံးနှင့် ထွက်ပေါ်လာသော ထိုစကားတစ်ခွန်းကြောင့် ရှင်ငြိမ်း ရုန်းကန်နေမှုများ အားလုံး ရုတ်တရက် ရပ်တန့်သွားကာ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ ရှင်ငြိမ်း မျက်လုံးလေးများ ပြူးကျယ်သွားပြီး အသက်ရှူရန်ပင် မေ့သွားရလောက်အောင် အံ့သြမှင်သက်သွားရသည်။
"ဟင်... နင်... နင် မှတ်မိတယ်။"
သန့်ဇင်လင်း နှုတ်ခမ်းထောင့်က အပေါ်သို့ ကွေးတက်သွားပြီး မျက်ခုံးတစ်ဖက်ကို ပင့်ပြကာ...
"အဟက်... အဲ့လောက်ကောင်းတဲ့ကိစ္စကို မမှတ်မိရအောင် ကျုပ်က အရူးလား။"
သူ့ရဲ့ အရှက်မရှိလှသော စကားကြောင့် ရှင်ငြိမ်း မျက်နှာတစ်ခုလုံး နီရဲသွားကာ ဒေါသတွေပါ ထောင်းခနဲ ထွက်လာတော့သည်။
"နင်... နင် အဲ့တာဆို ငါ့ကို တမင်သက်သက် ယုတ်မာတာပေါ့။ မနက်ကျတော့ ဘာမှ မမှတ်မိတဲ့ပုံစံနဲ့... ငါ့မှာတော့ဖြင့် တစ်ယောက်တည်း..."
ရှင်ငြိမ်း စကားပင် ဆုံးအောင် မပြောနိုင်တော့ဘဲ ဒေါသတကြီးဖြင့် သူ့ရင်ဘတ်ကို လက်သီးဆုပ်လေးများဖြင့် ထုရိုက်ပစ်လိုက်တော့သည်။
"အာ့ ... နာတယ်ဗျ "
သန့်ဇင်လင်း သူမရဲ့ ထုရိုက်နေသော လက်သီးဆုပ်လေး နှစ်ဖက်ကို ဖမ်းဆုပ်ကာ အသာအယာ ချုပ်ကိုင်လိုက်ပြီး သူမ ကိုယ်ပေါ်သို့ အုပ်မိုးလိုက်ပြန်သည်။
"ဟောဗျာ... လင်မယားအချင်းချင်း အတူနေတာ ယုတ်မာတာလားဗျ။ "
"ဖယ်... အခု ဖယ်...နင့်လို လူလိမ်နဲ့ အတူ မအိပ်နိုင်ဘူး။"
ရှင်ငြိမ်း အတင်း ရုန်းကန်နေသော်လည်း သူက လုံးဝ လွှတ်မပေးတော့ဘဲ သူမ နှုတ်ခမ်းလေးကို နောက်တစ်ကြိမ် အပိုင်သိမ်းရန် ပြင်လိုက်လေတော့သည်။
အပိုင်း (၃၉) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)