Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း(၁၀)

အချိန်အားဖြင့် ညတစ်နာရီကျော်ပဲ ရှိသေးတာမို့ သူဆံပင်တွေထဲ လက်ထိုးဖွရင်း စာကြည့်ခန်းထဲ ဝင်လာခဲ့လိုက်သည်၊

သူ ယမုံကို အိမ်မက်မက်နေခဲ့တာပဲ! ခဏလေးတော့ အလွမ်းပြေသွားသလိုပဲ ယမုံရယ် ၊ခွင့်လွှတ်လွှတ်ပါလို့တောင် မတောင်းပန်ထိုက်တဲ့ ကောင်မို့ သက်ပြင်း အကြိမ်ကြိမ် ချရင် ဆိုဖာထက် ထိုင်ချလိုက်ကာ မျက်နှာက်ု လက်ဖဝါးဖြင့် ဖိပွတ်နေမိသည်၊

မျက်လုံးတွေမှိတ်ထားလိုက်ပြီး သူအဂ်လန်ကိုရောက်သွားချိန်ကို ပြန်မြင်ယောင်လာ မိသည်၊

အင်္ဂလန်ကို ရောက်ပြီး‌ေနာက်တစ်‌ပတ်ကစပြီး အဖိုးဖြစ်သူ အစီအစဉ်နဲ့ ခမ်းနား သူတကယ်စိတ်ဝင်စားတဲ့ စီးပွားရေးပညာရပ်ကို ကျောင်းဆက်တက်ခွင့်ရခဲ့သည်။ တစ်ဖက်ကလည်း အဖိုးဖြစ်သူရဲ့ စက်ရုံထဲဝင်ပြီး လုပ်ငန်းခွင်လည်ပတ်ပုံတွေကို လှည့်ပတ်လေ့လာဖြစ်ခဲ့သည်။

ရောက်ကတည်းက ယမုံ့ဆီ ဆက်သွယ်ဖို့ သူ သတိရမိတာတော့ အမှန်ပင်။ သို့သော်လည်း မိမိဖြစ်ချင်သည့် ဆန္ဒကို ဦးနှောက်နှင့် သေသေချာချာ ရွေးချယ်ခဲ့ခြင်းဖြစ်၍ ကျောင်းတစ်ဖက်၊ အဖိုးစက်ရုံက အလုပ်တစ်ဖက်နှင့် ဗျာများနေသည့် ကြားထဲ သူ ယမုံ့ဆီ ဆက်သွယ်ဖို့ အချိန်လည်းမပေးဖြစ်ခဲ့သလို၊ ဆက်သွယ်ဖို့လည်း မကြိုးစားဖြစ်ခဲ့တော့ပါ။

ငါးလဆိုတဲ့ အချိန်က မြန်‌ဆန်လိုက်တာ သူတောင် ကျောင်းတဖြတ် နားပြီမို့ ယမုံ ဖုန်းနံပါတ်ကလေးကို ရိုက်ထည့်လိုက်ရင်း ပထမဦးဆုံး အကြိမ် သူ ဆက်သွယ်ဖို့ ကြိုးစားလိုက်မိသည်၊

"လူကြီးမင်း ‌ခေါ်ဆိုသော တယ်လီဖုန်းမှာ တပ်ဆင်ထားခြင်းမရှိပါ.."

သူ့မျက်မှောင်တွေ တွန့်ကုတ်လိုက်ပြီး ဖုန်းကို စိုက်ကြည့်နေမိသည်၊အလိုမကျ ခြင်းက ရင်ထဲကြီးစိုးလလာကာ ပထမဦးဆုံး ဝင်လာတဲ့ အတွေးက

'ယမုံ အသစ်တွေ့နေပြီလား'

တွေးကြည့်ရုံနဲ့ ရင်ဘက်တစ်ခုလုံး ပူလောင်မွန်းကြပ်လာသည်မို့ ယမုံ facebook ထဲ သူဝင်ကြည့်လိုက်သည်၊ ယမုံက အရင်ကတည်းက လူမှုကွန်ရက် သိပ်မသုံးသူမို့ ထူးထူးခြားခြား ဘာမှ သိပ်တင်ထားတာ မတွေ့ရချေ!

စိတ်ထဲ မတင်မကျ ဖြစ်လာသည့် စိတ်ကြောင့် ယမုံ facebook မက်ဆင်ဂျာထဲ သူဝင်လိုက်ပြီးစာရိုက်ဖို့ ပြင်လိုက်သည်

သူ့ကို ယမုံ စိတ်ဆိုးနေလောက် ပြီဆိုတာ သိ‌နေလည်း သူမက ကြာရှည် စိတ်မကောက်တတ်သူ သူ့အပေါ်ကို နားလည် တတ်သူမို့ နောက်မှ ပဲ အကျိုးအကြောင်း ပြောပြီး သူချော့မည်မို့ သူ့အတွေးနဲ့သူ ပြုံးလိုက်မိသည်၊

'ခမ်းနား ရေ...သား ဘိုးဘိုးကြီး စက်ရုံမှာမူးလဲလို့တဲ့သား အမြန်လိုက်သွားမှ ဖြစ်မယ်"

"ဗျာ"

အန်တီမြ စကားကြောင့် သူဖုန်းကိုချထားလိုက်ရင်းကားသော့ယူပြီး အမြန် ပြေးထွက်လာခဲ့လိုက်သည်

ဘိုးဘိုးကြီး စက်ရုံမှာ မူးလဲလို့တဲ့ မဖြစ်ပါစေနဲ့ ဘိုးဘိုးကြီး ဘာမှ မဖြစ်ပါစေနဲ့ စိတ်ထဲက ကြိတ်ဆုတောင်းရင်း ကားစက်နိုးကာ မြန်မြန် မောင်းထွက် လာခဲ့လိုက်သည်၊

စက်ရုံက်ု ရောက်တော့ ဘိုးဘိုးကြီးကို ဆေးရုံပို့လိုက်ကြမို့ သူ ဆေးရုံကို နောက်ကြောင်းပြန်လှည့်ရင်း သွားရပြန်သည်

ဆေးရုံရှေ့ရောက်တော့ ကားပါကင် ထိုးရင် သူအမြန် ဆေးရုံထဲ ဝင်လာခဲ့ရင်း ဦးဧရာကျော် ၏ အခန်းနံပါတ် ကို မေးရင်း သူအမြန် တက်လာခဲ့လိုက်သည်၊

အခန်းထဲ ရောက်တော့ဘ်ုးဘိုးကြီး နဲ့ အတူ အသက် ငါးဆယ်ကျော် အရွယ်ဦးလေး ကြီး တစ်ယောက်ကို ပါ တွေ့လိုက်ရသည်မို့ သူ ဘိုးဘိုးကြီး အနား အမြန် ပြေးသွားလိုက်ရင်း

"ဘိုးဘ်ုးကြီး ကျွန်တော်လာပြီနော်"

ဘိုးဘိုးကြီးရဲ့ အရည်တွန့်နေသော လက်ကို ဆုပ်ကိုင်ရင်း ကုတင် အနားဝင်ထိုင်လိုက်တော့ ဦးဧရာကျော်ကမြေးဖြစ်သူကို ယဲ့ယဲ့ပြုံးပြလိုက်ရင်း

"မြေး"

"ဟုတ်ကဲ့ ဘိုးဘိုးကြီး ဘယ်လိုဖြစ်ရတာလဲဟင်"

"သွေးတိုးပြီးမှုးလဲတာတဲ့ သူဌေးလေး"

ဘေးက ဦးလေးကြီးက ဝင်ပြောသည့် အတွက် ခမ်းနားမော့ကြည့် ရင်း ဘိုးဘိုးကြီးကို ပြန်ကြည့်ကာ စိတ်ထဲ မကောင်းအတော်ဖြစ်ရသည်၊ဦးဧရာကျော် ကမြေးဖြစ်သူ လက်ကို ပြန်လည်ဆုပ်ကိုင်ရင်း

ခေါင်းညိတ်ပြလိုက်ကာ

"မြေး..ခမ်းနား"

"ဟုတ်ကဲ့ ဘိုးဘိုးကြီး"

"ဘ်ုးဘ်ုးကြီး မှာစရာရှိသေးတယ် မြေးကို"

"ဟုတ်ကဲ့ ဘိုးဘိုးကြီး ပြောပါ "

ဦးဧရာကျော် ခေါင်းညိတ်ပြလိုက်ပြီး သူ့ကုတင်ဘေး မတ်တပ်ရပ်နေတဲ့ ဦးလေးကြီးကို မော့ကြည့်ကာ

"ခမ်းနား သူ့နာမည်က မောင်စိုးထွဋ်တဲ့ မြေးမှတ်ထားဦး တကယ်လို့ များ ဘိုးဘိုးကြီး တစ်ခုခု ဖြစ်ခဲ့ရင် မြေးက မောင်စိုးထွဋ် တို့ သားဖကို ပြစ်ပယ် မထားပဲ ကူညီစောင့်ရှောက်ပါ ကြားလားမြေး"

ခမ်းနား ခေါင်းညိတ်ပြလိုက်ပြီး

"ဟုတ်ကဲ့ ဘိုးဘိုးကြီး စိတ်ချပါ ဒါပေမယ့် ဘိုးဘိုးကြီးအခုလိုစကားတွေ မပြောပါနဲ့ ဘိုးဘိုးကြီး ဘာမှ မဖြစ်ဘူးနော်"

ဦးဧရာကျော် ခေါင်းထပ်ညိတ်ပြလိုက်ကာ..

"မောင်စိုးထွဋ် ငါ့မြေးကို မင်းက ဝ်ုင်းဝန်းစောင့်ရှောက်ပါကွာ"

ဦးစိုးထွဋ် ခေါင်းညိတ် အရိုသေးပေးရင်း..

"ဟုတ်ကဲ့ သူဌေး စိတ်ချပါ ကျွန်တော် သူဌေးလေးကို ဝိုင်းဝန်းစောင့်ရှောက်ပါ့မယ်"

‌ခမ်းနား ဘိုးဘိုးကြီးလက်ကို ဆုပ်ကိုင်ရင်း စိုးရိမ်မှုအပြည့်ဖြင့် ကြည့်နေမိလေသည်၊

🍂🍂🍀🍀🍂🍀🍀

စိတ်ထောင်းလို့ ကိုယ်ကြေဆိုသလို မွေးခါနီးလေ အေးစက်စက် ခင်ပွန်းသည်ကြောင့် ခဏခဏ ရင်ဘက်ထဲက အောင့်လာ ရင်း လူလည်း ပိန်ချုံးလာရသည်၊

အခု‌ဆိုရင် ကိုကိုက စနိုးမွေးဖို့ တစ်လပဲ လိုတော့တဲ့ အချိန်မှာတောင် စနိုးနဲ့ တစ်ခန်းထဲ မအိပ်တော့ဘဲ နပ်စ်မ ငှားပေးထားရင်းသူက အခြားအခန်း ပြောင်းအိပ်သည်တဲ့..

ဘယ်လောက် စိတ်တိုဖို့ ကောင်းသလဲ ၊မမကိုကြည့်ရတာတော့ ပုံမှန် အနေထားပဲ ကိုကိုနဲ့ မပက်သက်ခဲ့ဖူးသည့် ပုံစံမို့ သံသယ ဝင်လို့ မရပေ၊

ဒါဆိုရင် ကိုကို့ ဘက်က ဖောက်ပြန်နေတာပေါ့ အဲ့လိုလား ဟုတ်တယ် မမကို စတွေ့တုန်းက ကိုကို့ မျက်နှာ တစ်မျိုးဖြစ်သွားတာကို စနိုးသတိထားမိလိုက်တယ်

ကိုကို....ကိုကိုက မမကို စိတ်ဝင်စားနေတာလား? ရှိုက်သံတစ်ချက်နဲ့ အတူရင်ဘက်ထဲ မွန်းကြပ်လာမှုကြောင့် စနိုး ရင်ဘက်ကို ဖိပြီး မနည်စ အသက်ရှုနေရသည်၊

ပါးပြင်ထက် စီးကျလာတဲ့ မျက်ရည်စတို့ကို လက်ခုံဖြင့် ပွတ်သုတ်လိုက်ပြီး

စားပွဲပေါ်က ဖုန်းကို ကောက်ယူလိုက်ကာ နံပါတ်တစ်ခုကို ခေါ်ယူလိုက်သည်၊

တူ...တူ..

ဖုန်းဝင်သွားတဲ့အသံကြောင့် စနိုးနှုတ်ခမ်းကို ပျက်ထွက်မတတ် ဖိကိုက်ထားရင်း တစ်ဖက်က ထူးလိုက်သည့် အသံကို ကြားလိုက်ရသည်နှင့် စနိုးနှုတ်ခမ်းကို မဲ့ချလိုက်သည်၊

"ဟလို စနိူး "

"......"

"ဟလို ညီမလေး ပြောလေ မမနားထောင်နေတယ် "

"ပြောမယ် မပူနဲ့ ပြောမယ် ဆိုတာထက် မေးစရာရှိတာဆို ပိုမှန်လိမ့်မယ်"

စနိုးအသံတွေ ပုံမှန်လို မဟုတ်ဘဲ မာကျောနေသည်မို့ ယမုံ စိတ်ထဲ ထူးဆန်းနေရသည်၊

"မေးလေ စနိုး ဘာမေးချင်လို့လဲ"

အချိန်အတော်ကြာအောင် စနိူးဘက်က အသံမထွက်လာပဲ အသက်ရှုသံပြင်းပြင်းကိုသာ ကြားနေရသည်မို့ ယမုံ စိတ်ပူလာမိသည်၊

"မမနဲ့ စနိုးယောက်ျား ခမ်းနားသွင်ပြင် ပက်သက်နေတာလား"

"ဟင်"

"စနိုး မင်းဘာတွေ ပြောနေတာလဲ"

ယမုံ ရုတ်တရပ်ကြားလိုက်ရတဲ့ စကားကြောင့် ဖုန်းလေး လွတ်ကျ မတတ်ဖြစ်သွားရသလို တစ်ဖက်က ဖုန်းထဲက ခမ်းနားရဲ့ အော်သံကိုလည်း ကြားလိုက်ရသည်မို့

ဖုန်းလေးကို ချလိုက်ရင်း..

လိုက်ကနဲ တက်လာတဲ့ ဝဲရင်ဘက်အုံက တင်းကြပ်လာမှုနဲ့ အတူ ဝဲတက်လာတဲ့ မျက်ရည်ကြည်တို့ကို ပါးပြင်ထက်သို့ စီးကျခွင့် မပေးဘဲ မျက်တောင်ရှည်တို့ဖြင့် ပုတ်ခတ်ထုတ်လိုက်ပြီး

"ဟင့်အင်း အဲ့ဒီလို အထင်မခံနိုင်ဘူး ယမုံ ရှင့်ကို မုန်းလွန်းလို့ အဲ့ဒီလို အထင်ခံဖို့ မပြောနဲ့ မျက်နှာချင်းဆိုင် ဆုံမိရင် တောင် ရှင့် မျက်နှာကို မကြည့်ခဲ့တဲ့ မိန်းမမို့

အခုလို စနိုး စွပ်စွဲတဲ့ စကားတွေကို လုံးဝ ယမုံ လက်မခံနိုင်ဘူး"

မျက်ရည်က ပါးပြင်ပေါ် မကျခဲ့ပေမယ့် စို့နစ်လာတဲ့ ရင်ဘက်ထဲမှာတော့ မွန်းကြပ်လို့ အသက်ရှုဖို့ တောင် ခက်ခဲလွန်းသည်၊

တူ...တူ..

ထပ်ဝင်လာတဲ့ ဖုန်းကြောင့် ယမုံ ဖုန်းကိုယူကြည့်လိုက်တော့ ဖေဖေ့ ဆီကမို့ ယမုံ သက်ပြင်းချရင်း ကိုင်လိုက်မိသည်၊

"ဟလို ဖေဖေ"

"ယမုံ သမီးညီမလေး သွေးတွေဆင်းလို့ အရေးပေါ်ခွဲစိတ်ခန်းထဲ ဝင်နေရတယ် အမြန်လိုက်လာခဲ့နော် ဖေဖေတို့ ဆေးရုံ ရောက်နေပြီ"

"ရှင်"

« ရှေ့အခန်း - အပိုင်း(၉) နောက်အခန်း - အပိုင်း(၁၁) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ