Bububai ဝတ္ထု တောင်ပေါ်သားလေးရဲ့ရင်ခုန်သံ အခန်းစာရင်း

အပိုင်း(၃၀)ဇာတ်သိမ်း

တောင်ပေါ်သားလေးရဲ့ ရင်ခုန်သံ

၅နှစ်ခန့်ကြာသော်

“မ မောင့်ကိုလည်း ခွံကျွေးဦး”

သားကို ပန်းသီး ခွံကျွေးနေတာမြင်တော့ ပါးစပ်ကြီးဟကာ လာတောင်းစားနေတဲ့ မောင့်ကို

“မကျွေးဘူး”

“ဟာ ကျွေးနော် မ”

“ပါးပါး သားကျွေးမယ်လေ ဟ”

“မင်းကျွေးတာ မစားချင်ပါဘူး ငါ့မိန်းမကျွေးတာဘဲ စားချင်တာ နော် မိန်းမ”

“မောင် ဘာဖြစ်နေတာလဲ”

“အဲ့တာဆိုကျွေးးလေ အာာ….”

ပြောမရဆိုမရတဲ့ နောက်ဆုံး မောင့်ကိုပါ ခွံကျွေးလိုက်ရတော့သည်။

“လာပါဦး မေမေသားလေးကို နမ်းချင်လို့”

သား ကျောင်းသွားတော့မှာမို့ ပါးလေးကို နမ်းပြီး

“သား လိမ်လိမ်မာမာနေနော် ကျောင်းမှာ”

“ဟုတ်ကဲ့ မေမေ”

“သား တစ်ခုခုဖြစ်ရင် ပါးပါးဆီ ဖုန်းလှန်းဆက်နော် ကြားလား”

“ဟုတ်ကဲ့ပါ ပါးပါးရဲ့”

ခွန်းနဲ့မောင်ကို တာတာ့ပြရင်း ကျောင်းသွားတဲ့သားရဲ့ပုံရိပ်ကို ကြည့်ပြီး

“မ မောင့်ကို နမ်း”

“ဘာလို့လဲ မောင်ရဲ့”

“နမ်းဆိုနမ်း”

သားကို တစ်ခုလုပ်ပေးရင် သူ့ကိုလည်း တစ်ခုလုပ်ပေးရမယ်ဆိုတဲ့သဘော

မွေးတာ ကလေးတစ်ယောက်ထဲဆိုပေမယ့် ခွန်းအတွက်တော့ ကလေးနှစ်ယောက် ရနေသလိုပါပဲ

“မနမ်းဘူး”

ခွန်းပြုံးကာ ပါးကြီး ရှေ့ကို တိုးလာသည့် မောင့်ကို ငြင်းတော့

“မက မောင့်ကို မချစ်တော့ဘူးလား”

“ကလေး မရတုန်းက ရှင် ကျွန်မကို စိတ်ကောက်တယ်လေ နှစ်ရက်တောင် အခု ခွန်းထပ်ပိုချစ်ရမယ့် သူမွေးပေးလိုက်ပြီလေ”

“မောင်က သားနဲ့မဆို မကို ပိုချစ်တာ မ ကပထမဘဲ”

“ခွန်းကတော့ သားကို ပိုချစ်တယ်”

မောင့်မျက်နှာကြီးက ချက်ချင်းကြီး ပျက်ကျသွားပြီး

“အဟွန်းး” ခွန်းရီလိုက်မိတော့

“ဘယ်လိုတောင်ပြောရက်နိုင်ရတာလဲ မရယ်”

“တော်တော်ဆိုးတဲ့ ကလေးကို မချစ်တာလေ”

“ဒီလောက် လိမ္မာနေတာကို”

“ဘယ်နေရာလိမ္မာတာလဲပြော”

ခွန်း နားနားလေးကို ကပ်လိုက်ကာ

“ညတိုင်း ခွန်းစိတ်ကြိုက် ခွန်းသဘော အကုန်ဖြည့်စည်းပေးနေတာလေ”

“မောင်နော်”

“မဟုတ်လို့လား”

“တော်ပြီ”

“ကြိုက်တယ်မလား”

“ကဲတော်ပါပြီ”

မောင်က ပြောလေဆိုးလေပါ ခွန်းကို ပိုတိုးကပ်စရင်း ခွန်းတို့ တစ်နေ့တာလေးက ဒီလိုလေးဘဲ ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးခဲ့ပြန်သည်။

***************

သားရဲ့နွေရာသီကျောင်းပိတ်ရက်လေးမှာ မောင်ရော ခွန်းရော အလုပ်တွေနားပြီး မိသားစု အပျော်ခရီးလေးကို နှစ်တိုင်း အစဉ်အလာမပြတ် သွားခဲ့ကြသည်။

ဒီနှစ်ကိုတော့ အမေတွေတူတူရှိနေကြတဲ့ တောင်ကြီးကိုဘဲ တက်ဖြစ်ခဲ့သည်။

“မ…မောင်တို့ တွေ့ခဲ့တဲ့ အချိန်တွေကို ပြန်သတိမရဘူးလား”

“ရတာပေါ့ မောင်က ခွန်းအတွက် ဘယ်တော့မှမေ့မရတဲ့ အစိတ်အပိုင်းလေး”

“မောင်ရောဘဲ အဲ့နေ့ကသာ မောင် ပွဲစျေးကို လူရှုပ်လို့ ဝင်မတိုးမိခဲ့ရင် မနဲ့မတွေ့ဘဲ နေရမှာလားဆိုပြီး အဲ့နေ့က ပွဲစျေး တိုးမိခဲ့တဲ့ မောင်ကိုမောင် ကျေးဇူးတင်လို့မဆုံးဘူး”

ခွန်း ဖက်နေတဲ့အချိန် သားလေးက အနောက်ကနေ ပြေးလာပြီး ကြားထဲ ဝင်တိုးတော့ မောင်က သားကိုပွေ့ချီလိုက်ကာ

နူးညံ့သိမ်မွေ့ လွန်းတဲ့ တောင်ကြီးမြို့ရဲ့ နေဝင်ချိန်လေးကိုကြည့်ရင်း

ခွန်းနဲ့မောင့် ပါးလေးတွေကို သားလေးက နမ်းသည်။ခွန်းနဲ့မောင်လည်း သားရဲ့ပါးလေးကို ပြန်နမ်းလိုက်သည်။

ခွန်းတို့ရဲ့ တွေ့ဆုံမှုလေးတွေက တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင်ပွဲ အမှတ်တရလေးအဖြစ် ခွန်းတို့ရင်ထဲကျန်ရှိနေတုန်းဘဲ

ခွန်းဘဝမှာ မိခင်တွေ ကျန်းကျန်းမာမာရှိနေသလို ခွန်းဘေးက မောင်နဲ့သားလေး ရှိနေတာနဲ့တင် ပြည့်စုံလွန်းနေပြီ……❤️❤️❤️❤️

မောင်နဲ့ တွေ့ဆုံမှုတွေက နူးညံ့သိမ်မွေ့လွန်းပြီး ခွန်းကို ပျော်ရွှင်စေခဲ့တာမို့ ခွန်းနဲ့မောင့်ရဲ့ ရေစက်လေးက အေးမြနေဆဲ……

ပြီးပါပြီရှင်….

ပန်း ကျန်းမာရေးကြောင့် စာဖတ်သူလေးတွေ အချိန်တွေ အများကြီး စောင့်ဆိုင်းခဲ့ရလို့ တောင်းပန်ပါတယ်ရှင့်

နောက် ဝတ္ထုလေးတွေကစပြီး အသစ်တွေ အများကြီး အရင်ကလို အချိန် မှန်မှန် ပြန်တင်ဦးမှာမို့

အသစ်တွေ ထွက်ရင်လည်း အားပေးကြပါဦးရှင်

ပန်းနဲ့တူတူ အမြဲတမ်း ရှိနေပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်ရှင့်

« ရှေ့အခန်း - အပိုင်း(၂၈) နောက်ဆုံးအခန်းဖြစ်ပြီး

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ