တောင်ပေါ်သားလေးရဲ့ ရင်ခုန်သံ
ခွန်း မောင့်ကို မတွေ့ဘဲ မနေနိုင်တော့တာမို့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် တွေ့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုနဲ့
“ဒေါက်တာက နောက်နှစ်နာရီမှ ခွဲစိတ်ခန်းက ထွက်မှာရှင့်”
“ရတယ် ခွန်း စောင့်လိုက်မယ်”
မောင့် အခန်းထဲကနေ အချိန်တွေအကြာကြီး ခွန်းထိုင်စောင့်နေပေမယိ့
လေးငါးနာရီကြာတဲ့အထိ အခန်းထဲကို ဝင်မလာဘဲ
“ကျွီ”
တံခါးသံလေး ကြားလိုက်တာနဲ့ ခွန်း မတ်တပ် ထရပ်ပြီးတော့
“မောင်!!”
မောင်တစ်ယောက်ထဲ ဝင်လာတယ် ထင်ခဲ့ပေမယ့် မောင့်အနောက်မှာ ကပ်ပါလာတာက မောင့်ရည်းစားဟောင်း ဆရာဝန်မလေး
“မောင်!!! ဘာလို့ အိမ်ပြန်မလာတာလဲ”
ခွန်း ခါတိုင်းဆို သဝန်တိုပြီး စိတ်ကောက်လိုက်မိမှာ ဆိုပေမယ့် မောင့်ကို အရမ်းလွမ်းနေခဲ့တာမို့ စိတ်ကောက်ဖို့တောင် မတွေးနိုင်ဘူး
ခွန်း မျက်ဝန်းထဲက မျက်ရည်တွေကို မောင်တွေ့ပေမယ့် ပြသာနာတက်တဲ့နေ့ကလိုဘဲ
မောင် မျက်ရည်တွေကို လျစ်လျူရှု့ပြီး အကြည့်လွှဲသွားတာပင်
“မေးနေတယ်လေ ဘာလို့ အိမ်ပြန်မလာတာလဲ”
“အလုပ်တွေ မအားလို့”
“ခါတိုင်း မအားလည်း မောင် အကျိုးအကြောင်းပြောတယ် ရအောင်ပြန်လာတယ်လေ ခုဘာလို့ပြန်မလာတာလဲ”
“မအားဘူးလို့ပြောပြီးပြီလေ”
“ဘာကိုမအားတာလဲ မောင် အကြောင်းပြချက်တွေ လာမပေးနဲ့”
“မင်းလိုဘဲပေါ့”
“ဘာမင်းလဲ ဘယ်တုန်းက ခုလို ခေါ်ခဲ့ဖူးလို့ အဲ့လိုတွေ လာခေါ်နေတာလဲ”
ဘေးမှာ ပါလာတဲ့ ဆရာဝန်မကြောင့် ခွန်း ရှက်တာရော ဒေါသဖြစ်တာရော ရောထွေးကုန်ပြီ
“ပြန်တော့”
“မပြန်နိုင်ဘူး မောင် မပါဘဲ မပြန်နိုင်ဘူး”
“မအားဘူးပြောပြီးပြီလေကွာ”
“ဘာမအားတာလဲ မအားရအောင် ဘာလုပ်နေကြတာမို့လို့လဲ”
ခွန်းရဲ့စကားက မောင့် သိက္ခာပိုင်းကို စော်ကားသလိုဖြစ်သွားတာ ခွန်း သဘောပေါက်ပေမယ့်
“ငါ့ ကိုယ့်ကျင့်တရားကို မစော်ကားနဲ့”
“မစော်ကားစေချင်ရင် အိမ်ပြန်လာလေ အိမ်မှာ မိန်းမရှိနေတာ မောင်မသိဘူးလား”
“အေး အိမ်ပြန်ခဲ့ရင် မင်း ဆေးတွေ ထပ်သောက်နေရမှာစိုးလို့ ဆင်ခြင်ပေးနေတာလေ”
“ဘာလဲ အခြားတစ်ယောက်နဲ့စိတ်ဖြေပြီး ဆင်ခြင်နေတာမျိုးလား”
“ခွန်းရှင်နံသာ မင်း လွန်မလာနဲ့နော်”
ရင်နာတယ် ခွန်း ရင်တွေအရမ်းနာတာဘဲ မောင် ဆီက ဒီလောက်ထိ ဆိုးဆိုးဝါးဝါးဆက်ဆံခံရလိမ့်မယ်လို့ မထင်ခဲ့မိတာမို့ ပိုရင်နာတယ်
“ရက်စက်လိုက်တာ မောင် ချစ်တယ်ဆိုတာ ဒါလား”
“ငါမချစ်ဘူးလို့ မင်းထင်နေတာမလား”
“မထင်ခဲ့လို့လဲ ဆေးရုံထိ မောင်ကို လိုက်လာပြီး ချော့နေတာပါ”
“……….”
ခွန်း ၁နှစ် ပြည့် နှစ်ပတ်လည် မတိုင်ခင်ပြန်အဆင်ပြေဖို့ ကြိုးစားနေပေမယ့် မောင်ကတော့ ခွန်းကို မလိုချင်တော့တဲ့ပုံ
မောင် မျက်နှာလွှဲပြီး ခွန်းကို မမြင်ချင်ပုံစံ ပြနေတဲ့ပုံရိပ်က ခွန်းရင်ကို အထပ်ထပ်ခွဲနေသလိုဘဲ
“ပြန်တော့မယ် မောင်”
မောင်လိုက်ချော့မှာဘဲ ဆိုတဲ့ အတွေးနဲ့ ခွန်း လေးလံနေတဲ့ ခြေလှန်းတွေနဲ့ ဆေးရုံထဲမှာ တစ်လှန်းချင်းလျှောက်နေပေမယ့် မောင်က ခွန်းနောက် လိုက်မလာခဲ့ဘူး
*******************
ခွန်း နဲ့ မောင် ဆေးရုံမှာပြသာနာတက်ပြီး ညကနေစပြီး မောင်အိမ်ကို ပြန်လာအိပ်ပေမယ့် ခွန်းကိုတော့ ရှောင်နေတုန်း
“အင်းးးးဟင်းးးး”
ခွန်း နားထဲ ညည်းသံ တချို့ ကြားနေရတာမို့ မီးဖွင့်ကာ မောင့်နဖူးကို စမ်းကြည့်လိုက်တော့
“ဟာ ပူကျပ်နေတာဘဲ”
“အင်းးးးဟင်းးးး”
နဖူးမှာ စမ်းတဲ့ ခွန်းလက်လေးကို အတွင်း ဆွဲကာ ဖက်လိုက်ပြီး
မောင်က ခွန်း ရင်ခွင်ဝင်ကာ အတင်းကို တိုးဝှေ့ ဖက်နေတာမို့
“မောင် ဖယ်ဦး ဆေးသွားယူလိုက်ဦးမယ် ဒီတိုင်းဆို မနက်ကျ ပိုဖျားလိမ့်မယ်”
မောင့်ကို ချော့မော့ကာ ဖယ်ခိုင်းပြီး ဆေး တိုက်မရရအောင်တိုက်ပြီး
“အွန့်”
ဆေးသောက်ပြီး ရေခွက်ကို ဘေးချကာ ခွန်း လက်ကနေ အတင်း ဆွဲပြီး
ခါးကို တင်းနေအောင်ဖက်ထားကာ နှုတ်ခမ်းကို အလွှတ်မပေးဘဲ နမ်းနေတဲ့ မောင့်ကြောင့်
“ဖယ် လွှတ်နော် မောင် အွန့်”
“အင်းးးး””””
ဖျားနေတဲ့ အရှိန်ကြောင့် မောင်အသက်ရှုလိုက်တိုင်းခွန်းပါးမှာ အပူငွေတွေ လာရိုက်ခတ်နေပေမယ့် မောင်ကတော့ ခွန်းကို အလွှတ်မပေးပါ
အခန်းမှတ်ချက်များ (0)