တောင်ပေါ်သားလေးရဲ့ရင်ခုန်သံ
သူလည်ပင်းကို အတင်းဖက်ထားတဲ့မကြောင့် ဘာသဘောလဲဆိုတာ သိတာမို့
“မက အရည်တွေ လျှံထွက်လာမှာ စိုးလို့လား”
“ဟင့်”
“ဘာမှမဖြစ်ဘူး မောင် သန့်ရှင်းရေးလုပ်ပေးမယ်”
တော်တော်လေး ချော့မြူလိုက်တော့မှ ဖက်ထားတဲ့လက်တွေက တဖြည်းဖြည်း ဖြည်လျော့လာတော့
ညီတော်မောင်ကို မရဲ့အတွင်းသားလေးထဲကနေဖြေးဖြေးချင်း ဆွဲထုတ်လိုက်ပြီး
ရေချိုးခန်းထဲ ပွေ့ချီသွားကာ သန့်ရှင်းရေးသေချာလုပ်ပေးလိုက်သည်။
“မ ဗိုက်ဆာပြီလား”
“အင်း”
“မောင် တစ်ခုခု သွားလုပ်လိုက်မယ် မ အိပ်နေခဲ့နော်”
“ဟင့်အင်”
စိုင်းလက်ကို ဆွဲထားကာ ချွဲနေတဲ့ အသံလေးနဲ့ မျက်ဝန်းလေးကလည်း တစ်ခုခု အလိုမကျနေသလို
“အရမ်းဗိုက်ဆာနေလို့လား”
“ဟင့်အင်”
“ဘာလို့လဲ မ မောင်ကြမ်းမိသွားလို့လား”
“မဟုတ်ဘူး”
“အဲ့တာဆို ဘာဖြစ်လို့လဲ”
ခွန်း ရဲ့ မျက်နှာ ပေါ် ဖျာကျနေတဲ့ ဆံပင်လေးကို နားနောက်ကို သပ်ပေးကာ ဂရုတစိုက်မေးနေတဲ့
စိုင်းရဲ့ အသံ/နွေးထွေးယုယ ပြုစုမှုတွေအောက်မှာ အသက်၃၀မှ အရည်ပျော်ကျနေတဲ့ ခွန်း
“ဘယ်မှမသွားနဲ့ တူတူ ဘေးမှာလာအိပ်”
သူကို ဘေးကနေ ထွက်မသွားစေချင်တာကြောင့် ခုမှဂျီကျနေမှန်း သဘောပေါက်သွားတာကြောင့် ပြုံးမိပြီး
“ဗိုက်ဆာနေမှာပေါ့ မောင် တစ်ခုခု ယူခဲ့မယ်နော် လိမ္မာတယိ ခနဘဲ”
“အင်း”
စိုင်းယူလာပေးတဲ့ မုန့်လေးကို စားသုံးပြီးတာနဲ့ နှစ်ယောက်တူတူအိပ်စက်အနားယူကြတော့သည်။
~~~~~~~~~~~~~~~~~
“ဟလို မယ့် ရော ပီ”
အမေဖြစ်သူဖုန်းကို ဆက်လိုက်ပေမယ့် ကိုင်တာအစ်ကိုဖြစ်သူမို့ စိုင်း ပြုံးလိုက်ကာ
“မယ့်က ဝိုင်ခြံခနသွားတယ် ဘာဖြစ်လို့လဲ စိုင်း”
“မိန်းမတောင်းခိုင်းမလို့”
“ဟမ် မိန်းမဟုတ်လား”
ညီဖြစ်သူဆီက ပထမဆုံးကြားလိုက်ရတဲ့စကားမို့ အစ်ကိုဖြစ်သူ အံ့ဩလို့မဆုံး
“အင်း”
“ဘယ်ကကောင်မလေးလဲ ဟိုတစ်ခါ ခြံကို လာလည်တဲ့တစ်ယောက်လား”
“ဟုတ်တယ် ပီ သူဘဲ”
စိုင်းက ကောင်မလေးတွေ တစ်ယောက်ပြီးတစ်ယောက် ပွေရှုပ်ခဲ့ပေမယ့်
သူပိုင်တဲ့ ဧရိယာအတွင်းကိုတော့ မသက်ဆိုင်ဘူးလို့ထင်တဲ့သူတွေကို ခေါ်လာရိုးမရှိတာကြောင့်
စိုင်း ခြံကိုခေါ်လာတဲ့ မိန်းကလေးဆိုတာ ခွန်းက ပထမဆုံးမို့
သတင်းတွေက အမေဖြစ်သူနဲ့ အစ်ကိုဖြစ်သူနားကို ရောက်ပြီးသားပင်
“တောင်းချင်တာက ဘယ်အချိန်လောက်လဲ”
“မနေ့ဖြန်..”
ညီဖြစ်သူဆီက မနေ့ဖြန်ဆိုတဲ့အသံကြောင့် အနည်းငယ်အံ့ဩသွားပေမယ့်
“အင်း မေမေကို ပြောပြီး နေ့လယ်ကျ ဖုန်းထပ်ဆက်မယ်”
“ဟုတ် ပီ”
ချက်ချင်းကြီး တောင်းခိုင်းတာလား ဆိုတဲ့ မေးခွန်းပြန်မထုတ်တဲ့ ပီကြောင့် စိုင်း ပြုံးမိတာတော့အမှန်
စိုင်း ဆိုတာ ဖြစ်ချင်သမျှ လုပ်ချင်သမျှကို မရရအောင် လုပ်နိုင်တယ်ဆိုတဲ့နောက်မှာ
စိုင်းလုပ်သမျှကို ယုံကြည်ပြီး ထောက်ခံပေးတဲ့ အစ်ကိုရှိနေလို့ပင်
~~~~~~~~~~~~
ခွန်းမိဘတွေအိမ်မှာ စိုင်းတို့ နေ့လည်စာတူတူသွားကြစားကြပြီး စကားထိုင်ပြောနေကြကာ
“အမေတို့ကို သားခွင့်တောင်းစရာလေးရှိလို့”
“ဟင် ဘာများလဲ သားရဲ့”
“သား မနဲ့လက်ထပ်ချင်လို့ပါ အမေတို့”
“ဟင်!!”
“ဟမ်!!”
“အမလေး ဘုရားရေ!!”
အံ့ဩမှုတွေအပြည့်နဲ့ အမေသုံးယောက်လုံးရဲ့အကြည့်တွေက ခွန်းဆီမှာမို့
“သမီး မောင်နဲ့ လက်ထပ်ချင်ပါတယ် မေမေ တီလေးတို့”
မေမေနဲ့တီလေးတို့နှစ်ယောက်လုံး မျက်ဝန်းထဲ မျက်ရည်တွေ ဝဲနေကြကာ
“ကြားကြလား ကြားကြလား ဒီစကားကြားရဖို့ ငါတို့ တော်တော်လေး စောင့်ခဲ့ရတာ ဟီးးးအီးးး”
မေမေကအရင်စပြီး အော်ငိုတာမို့ ခွန်း အလိုလို မေမေဘေးရောက်သွားကာ
“ဟာ မေမေကလည်း ဘာလို့ ငိုတာလဲ”
“ဝမ်းသာလို့ပေါ့ ငါတို့မှာ သေရင်တောင် မြေးမချီရသေးဘူးဆိုပြီး အသေမဖြောင့်နိုင်ကြဘူး”
“တီလေးတို့ရောဘဲ မြေးမချီရဘဲ သေရတော့မယ် ထင်တာ”
“ဟာ တီလေးတို့ကလည်း”
ရှက်သွားတဲ့ မရဲ့မျက်နှာလေးက ချယ်ရီပွင့်လေးလို ပန်းရောင်သမ်းသွားတာမို့ စိုင်းပြုံးလိုက်ကာ
“သား တီလေးတို့ မေမေတို့ရဲ့ ဆန္ဒကို အမြန်ဆုံး အကောင်အထည်ဖော်ပေးမယိလို့ ဂတိပေးပါတယ်”
မောင့်ရဲ့အပြောကို မေမေတို့က သဘောတွေကျနေကြပေမယ့် ခွန်းကတော့ မျက်နှာတွေပူနေကာ
“ဟာ…မောင် ဘာတွေလျှောက်ပြောနေတာလဲ”
“လျှောက်မပြောပါဘူး တကယ်ပြောတာ”
“ဟာ မောင်နော်”
“ဟားးးးဟားးးး”
ခါတိုင်း မိန်းကလေးသံတွေကြည့် ပြည့်နှပ်နေတဲ့ ခွန်းတို့အိမ်လေးက အခုဆို မောင့်ကြောင့် ယောကျာ်းသားတစ်ယောက်ရဲ့ကာကွယ်မှုနဲ့အတူ မောင့်ရဲ့ရီသံလေးပါ လွှမ်းခြုံနေသည်။
အခန်းမှတ်ချက်များ (0)