Bububai ဝတ္ထု တောင်ပေါ်သားလေးရဲ့ရင်ခုန်သံ အခန်းစာရင်း

အပိုင်း(၁၃)

တောင်ပေါ်သားလေးရဲ့ရင်ခုန်သံ

“မောင် ဘယ်တော့ မန္တလေးကို ပြန်လာမှာလဲဟင်”

တောင်ကြီးမှာ ပြောခဲ့တဲ့ရက်ပိုင်းက တစ်လတောင် ကျော်နေပြီ..

ခွန်းနဲ့မောင် နေ့စဉ် အဆက်အသွယ်မပြတ်ပေမယ့် မောင်မျက်နှာလေးကိုမြငမချင်နေသလို ထွေးပွေ့ဖက်ထားချင်စိတ်ကလည်း ထိန်းမရ

“ခဏတော့ စောင့်ပေးပါ မရယ်”,

“ဘာကို ခနလဲ မောင်ရဲ့ခဏက တစ်လတောင် ကျော်နေပြီ နောက်ထက် ခဏဆို တစ်နှစ်တောင် ကျော်တော့မှာလား”

“အဲ့လိုမဟုတ်ပါဘူး မောင်ရှင်းပြ….”

“တော်ပြီ ဆက်မရှင်းပြနဲ့တော့ မကြားချင်တော့ဘူး အဝေးရောက်ချစ်သူဆိုတာ ခွန်းနဲ့ဘယ်လိုမှ အဆင်မပြေဘူး ခွန်း အဲ့လို လေလှိုင်းအချစ်တွေကို သဘောမကျဘူး”

“မရယ်”

“ဒီနေ့ကစပြီး ခွန်းကို ဖုန်းမဆက်နဲ့တော့ ဆက်ခဲ့ရင် တစ်ခုခု လု၊ပ်ပစ်မယ်”

ခွန်းရဲ့တင်းမာတဲ့လေသံကြားမှာ မောင်အသံက နည်းနည်းလေးမှ ထပ်ထွက်မလာခဲ့ဘူး

အဲ့ဒီနေ့ကစပြီး မောင်ဖုန်းမဆက်တော့တာ သုံးလတိတိရှိပြီ

****************

ခွန်း Local brands ထုတ်ဖို့အတွက် meeting ထိုင်နေတုန်း

“မမ အိမ်က ဖုန်းလာနေပါတယ်”

“အင်း”

ခါတိုင်းmeeting ရှိတဲ့နေ့မျိုးဆို မေမေတို့ကို ခွန်းပြောပြခဲ့တာမို့ ဖုန်းဆက်လေ့မရှိပေမယ့်

“ဟလို မေမေ”

“သမီးရေ လုပ်ပါဦး သမီးတီတီ ဗိုက်တွေ အောင့်လို့ဆိုပြီး လှုးလှိမ့်နေတယ်”

“ရှင် ဟုတ်ပီ ဟုတ်ပီ သမီး ခုလာခဲ့မယ်နော် မေမေ စိတ်ကို အေးအေးထားနော်”

“မြန်မြန်လာခဲ့နော် သမီး”

“ဟုတ် ဟုတ် မေမေ သာ စိတ်ကို အေးအေးထားနော်”

ခွန်း meeting ကို အချိန်ပြောင်းပြီး အိမ်ကို အမြန်ပြန်ပြီးတာနဲ့ တီလေးကို ဆေးရုံခေါ်သွားရတော့သည်။

“လူနာက….”

အခန်းထဲကို ဝင်လာရင် ပြောလိုက်တဲ့ ဒေါက်တာရဲ့လေသံက အသံဝဲဝဲလေးနဲ့ ခွန်းနှလုံးသားထဲမှာ စွဲနေတဲ့အသံလေး

စိုင်း ဝင်ဝင်လာချင်း လူနာကုတင်နားမှာ တွေ့လိုက်ရတဲ့ ကောင်မလေးကြောင့်

မျက်နှာပေါ်က Maskလေးကို ချွတ်ပြီး ပြုံးပြပေမယ့် တစ်ဖက်ကို တစိမ်းဆန်ဆန် လှည့်သွားတဲ့ ခွန်း

“ဆရာမ ဒီကအမေ အတွက် လိုအပ်တာတွေ ပြင်ဆင်ပေးပါ ပြီးတော့…………”

စိုင်း ပြောလိုက်တဲ့ စကားတိုင်းက အမေ အမေဆိုတဲ့ စကားတွေက ထပ်နေတာမို့ မေမေတို့ကလည်း မျက်နှာတွေ ပြုံးရွှင်နေကြသလို

တီလေးဆိုရင် ရောဂါတောင်မရှိတော့တဲ့အတိုင်း စိုင်းကို ပြုံးပြနေလိုက်တာများ

“အမေ အတွက် သားလိုအပ်တာတွေ အကုန်လုပ်ပေးထားတယ် နောက်ထပ် နာရီဝက်နေရင် ပြန်လာခဲ့မယ်နော်”

“ဒေါက်တာလေးက နွေးထွေးလိုက်တာ ဒေါက်တာလေး စကားသံနဲ့တင် ရောဂါတစ်ဝက်သက်သာနေပါပြီကွယ်”

“ဟုတ်ပ ဒေါက်တာလေးရယ် အန်တီတို့ကို ခုလိုဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ် “

“မေမေတို့ကလည်း သူ့အလုပ်သူလုပ်တာဘဲကို ဘာကိုကျေးဇူးတင်နေတာလဲ”

ခွန်း မျက်စောင်းထိုးပြီး ပြောတာကို မြင်လိုက်တဲ့ မေမေက ဗိုက်တင်းကြောလေး ဆွဲလိမ်ပြီး

“အားးးအားးမေမေ နာတယ် နာတယ်”

“နာလည်းခံ ဘယ်နှယ့် မကြီးမငယ်နဲ့ လူကြီးစိတ်ကိုမရှိဘူး”

“အဲ့တာကြောင့်လည်း ခုထိ ရည်းစားတောင်မရှိတာလေ”

ထိုစကားကို ကြားတာနဲ့ မောင် ပြုံးသွားတာကို တွေ့လိုက်တော့

“တီကြီးနော် မဆိုင်တာတွေ “

ခွန်း ဗိုက်လေးကို ပွတ်ရင်း အခန်းအပြင်ကို စိတ်ဆိုးပြီး ထွက်သွားတော့သည်။

“ဒေါက်တာလေးရယ် သမီးက ဒေါက်တာထက် ကြီးလောက်ပေမယ့် အဲ့ဒီကောင်မလေးက ဆိုးတယ် စိတ်မဆိုးပါနဲ့နော်”

“အာ….မဟုတ်တာ မဆိုးပါဘူး ကျွန်တော့်ကို ခွင့်ပြုပါဦးနော်”

အမေသုံးယောက်လုံးနဲ့ စကားဖြတ်ပြီးကာ စိတ်ကောက်နေတဲ့ မမနောက် လိုက်ချော့ရဦးမည်။

************

“ဘာလုပ်တာလဲ”

ဓာတ်လှေကား ကို ခြေထောက်ခံလိုက်တဲ့ စိုင်းကြောင့်ပိတ်မရတော့ဘူး

“လိုက်စီးမလို့လေ”

ခွန်း လက်လေး ပိုက်ကာ သက်ပြင်းလေးချရင်း ဓာတ်လှေကားထဲမှာ ခွန်းနဲ့သာ နှစ်ယောက်ထဲ

“မ စိတ်ဆိုးနေတုန်းလား”

“စိတ်ဆိုးစိတ်ကောက်တာမျိုး ရှိဖူးလို့လား”

“မကလည်းဗျာ”

“ဒေါက်တာနဲ့ကျွန်မ မသိဘူး အဲ့တာကြောင့် အခေါ်အဝေါ်လေးတွေ ဆင်ခြင်ပေးပါ”

“ချစ်သူတွေလေ အခေါ်အဝေါ်က ဆင်ခြင်ရဦးမှာလား”

“ဒေါက်တာ”

“မမ”

“ကျစ် ပြောလေဆိုးလေ ပါလား”

“မဆိုးစေချင်ရင် ပြန်ချစ်ပေးလေ မမရဲ့ မေတ္တာငတ်နေတာကြာပြီ “

“မေတ္တာတောင်းတဲ့လူမှားနေတယ် ဒေါက်တာ”

« ရှေ့အခန်း - အပိုင်း(၁၂) နောက်အခန်း - အပိုင်း(၁၄) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ