Bububai ဝတ္ထု တောင်ပေါ်သားလေးရဲ့ရင်ခုန်သံ အခန်းစာရင်း

အပိုင်း(၁၀)

တောင်ပေါ်သားလေးရဲ့ ရင်ခုန်သံ

အင်းလေးအနှံ လိုချင်တာ မရမချင်း လိုက်ရှာပြီးတာနဲ့ ညနေရောက်တော့

“အင်းလေးက ဟိုတယ်မှာဘဲ တည်းမလား”

“မနေ့ညက လိုင်းပေါ်မှာ တက်လာတယ် ညောင်ရွှေ ဘက်က ဟိုတယ်လေးတွေ အရမ်းလှတယ် အဲ့ဒီသွားတည်းရအောင်”

“အင်း ဒီကနေဆို သပ်မကြာပါဘူး သွားမယ်လေ”

အင်းလေးကနေ ညောင်ရွှေကို ချက်ချင်းဘဲ ကားနဲ့ ခရီးဆက်ခဲ့ကြကာ လမ်းအခြေအနေ ကောင်းတာကြောင့်

သိပ်မကြာခင်ဘဲ ခွန်း တည်းချင်နေတဲ့ ညောင်ရွှေဟိုတယ်ကို ရောက်ခဲ့သည်။

“တစ်ယောက်ခန်းတွေက ကုန်နေပါတယ်ရှင့်”

“ရှင် အဲ့တာဆို ၂ယောက်ခန်း ၂ခန်းပေးနော်”

“တစ်ခန်းဘဲ ရမယ်ရှင့်”

ခွန်းမျက်နှာကြီးဟာ ရှုံမဲ့သွားပေမယ့် စိုင်းကတော့ ပြုံးပျော်ပြီး ကျေနပ်နေတဲ့ပုံ

“တစ်ခုခု လုပ်ဦးလေ”

“ဟိုတယ် ပြောင်းမှာလား”

“ဒီဟိုတယ်ဘဲ တည်းချင်တာပါဆို”

စိုင်းက ကြိုပြီး အခန်း ပြည့်တယ်ဆိုပြီး လုပ်ထားတယ် ပြောရအောင်လည်း ဟိုတယ်ရွေးတာ ခွန်းပင်

“အဲ့တာဆို တည်းမယ်လေ”

“ဘယ်လိုလုပ်ရမှာလဲ”

“ရပါတယ် ညီမလေး အဲ့ဒီအခန်းဘဲပေးတော့”

“ဟုတ်ကဲ့ရှင့်”

ဟိုတယ်ခန်းထဲကို ရောက်တာနဲ့ ကုတင်းက တစ်လုံးထဲမို့

“ဘယ်လိုအိပ်မှာလဲ”

“တူတူအိပ်မယ်လေ”

“ဘာ!!!”

“အဟက် စတာပါ ဒေါသကလည်းကြီးလိုက်တာဗျာ မ ကုတင်ပေါ်မှာ အိပ် ကျွန်တော် အဆင်ပြေသလို အိပ်လိုက်မယ်”

“အဲ့လိုကျ….’”

တစ်နေကုန်လည်း ခွန်းအတွက် ပင်ပန်းထားရသေးတယ် အခုလည်း အဆင်ပြေသလိုအပ်မယ်ဆိုတော့

“ရပါတယ် ရေသွားချိုးလိုက်တော့ ညအရမ်းနက်ရင် ဖျားလိမ့်မယ်”

“အင်း”

ခွန်း ရေသာ ချိုးနေရပေမယ့် ညဘယ်လို အိပ်ရမလဲဆိုတာ အတွေးများနေခဲ့သည်။

“အားးးးး”

ရေချိုးခန်းထဲက ကျယ်လောင်စွာ အော်လိုက်တဲ့ အသံကြောင့် စိုင်း အကျီ ချွတ်နေတုန်း စိတ်ပူသွားတာကြောင့်

“မမ ရလား တံခါးဖွင့်ဦး”

“ဟင့် ဟင့် စိုင်း ဟင့်”

ငိုနေတဲ့ အသံကြောင့် ရေချိုးခန်း တံခါးကို ခြေထောက်နဲ့ ဆောင့်ကန်ပြီး ဖွင့်လိုက်တော့

ရေချိုးကန်လေးရဲ့ဘေးမှာ ခွေခွေလေးလဲကျနေတဲ့ ခွန်း

“မ”

“ဟင့် ဟင့် သရဲ သရဲရှိတယ် စိုင်း”

စိုင်းကို လည်ပင်းလေးကို အတင်း သိုင်းဖက်ထားကာ

ငိုရင်း သရဲရှိကြောင်းဘဲ တဖွဖွ ပြောနေခဲ့သည်။

“ဟင်”

“သရဲရှိပါတယ်ဆိုနေ ဟင့် ဟင့် “

ခွန်း ခန္တာကိုယ်ပေါ်မှာ ဘယ်အရာမှမရှိဘဲ မိမွေးတိုင်းလေးဖြစ်နေတာကို ကြောက်စိတ်ကြောင့် သတိမထားမိပေမယ့်

စိုင်းကတော့ ရေချိုးခန်းထဲ စဝင်လာထဲက ခွန်း ရဲ့ပုံလေးကိုကြည့်ပြီး နားရွက်တွေတောင်ရဲနေသလို

တင်းကြပ်စွာ အဖက်ခံလိုက်ရတာက ခွန်းရဲ့တိမ်စိုင်လေးတွေရဲ့ ရင်ဘတ်ချင်း ထိနေပြန်တော့ စိတ်ရိုင်းဝင်တာကို မနည်းထိန်းထားရကာ တန်းပေါ်က တပတ်လေး လှန်းယူပြီး

“ထနိုင်လား”

“ဟင့်အင် ခြေထောက်နာနေတယ်”

ခွန်းရဲ့ ခန္တကိုယ်လေးပေါ်ကို အဝတ်လေး အုပ်ပေးပြီး

ပွေ့ချီကာ အိပ်ယာပေါ် တင်ပေးပြီး

“အကျီ အရင် ဝတ်မလား”

အခုမှ ခွန်း သတိရတာက ခွန်းရဲ့ အဖြစ်အပျက်ကိုပင် တစ်ကိုယ်လုံးကို စိုင်း တွေ့သွားပြီ ဆိုတဲ့အတွေးကြောင့် ပါးလေးတွေ ရဲလာကာ

“ဟို ဟို….”

“မရှက်ပါနဲ့ ကျွန်တော်က ဆရာဝန်ပါ ဒီလိုအရာမျိုးတွေ မြင်ဖူးနေကြပါ”

“ဒါပေမယ့် မြင်သွားပြီလေ”

“လေမထိ နေမထိလေးတွေဆိုတော့ ဖွေးဥနေတာဘဲ”

“ကျစ် မင်းနော်”

“အဟက်”

ခွန်း အကျီလဲပြီးတာနဲ့ စိုင်းရေချိုးခန်းထဲ ဝင်မယ်

လုပ်တော့

“နေဦး”

စိုင်း လက်ကို လာစွဲလိုက်တဲ့ ခွန်းကြောင့်

“ဘာလို့လဲ”

“သရဲက တကယ်ရှိတာ”

“မမ စိတ်ထင်တာပါ”

“မထင်ဘူး လက်ကို လာထိတာ သေချာတယ် သရဲဆိုတာ သေချာပါတယ်ဆို ဟင့် ဟင့်”

“ဟော…မငိုပါနဲ့ ယုံတယ် ယုံတယ် သရဲဆိုတာ ယုံတယ် မငိုနဲ့ တိတ်တော့”

ခွန်းကို မျက်ရည်လေးတွေသုတ်ပေးရင်း ချော့မြူနေကာ

“ဟင့် ရေမချိုးနဲ့တော့”

“မမ သရဲ ကြောက်လို့လား”

“မကြောက်ပါဘူး မင်းကို အခြောက်ခံရမှာစိုးလို့”

“အော် အဲ့တာဆို ဘာမှ မဖြစ်ပါဘူး ကျွန်တော် သရဲမကြောက်ဘူး”

« ရှေ့အခန်း - အပိုင်း(၉) နောက်အခန်း - အပိုင်း(၁၁) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ