ဦးပိုင်တဲ့ရစ်လုံးလေး
ခန့်ရဲ့မျက်နှာကို တစ်ချက်ကြည့်လိုက်ကာ ပြုံးယောင်သမ်းပြီး
“သိပ် ဟန်ဆောင်ကောင်းမနေနဲ့ ဦးမြတ်ရှိန်ဝါခန့် ရှင့်လှည့်တဲ့ အကွက်တွေထဲ ကျွန်မ လွယ်လွယ်နဲ့ ထပ်ဝင်မယ်မထင်နဲ့”
“ကိုယ်မင်းအပေါ်ပေးခဲ့တာတွေ အကုန်လုံးက တကယ့် မေတ္တာအစစ်တွေ တေး တစ်ခုမှ လိမ်လည်ဟန်ဆောင်ထားတာ မရှိခဲ့ဘူး”
လေးလေးနက်နက်ပြောနေပေမယ့် တေး ဘက်ကတော့ စကားကို အလေးမထားဘဲ မျက်နှာလွှဲနေကာ
“တေး ကိုယ်ပြောတာ ကြားလား”
“မကြားဘူး ရှင်နဲ့ ပြောစရာ စကားမရှိဘူး ကျွန်မ အိမ်ပြန်တော့မယ်”
“အွန်း ပြန်ကြမယ်လေ”
လက်ကို လာဆွဲကာ အိမ်ပြန်ခေါ်ဖို့ လုပ်နေတဲ့ ခန့်
ဒီလူကြီးက ဘာလဲ တစ်စက်မှ မချော့ဘဲ ရှင်းမပြဘဲ နဲ့ ပြန်လိုက်ရအောင် ငါ့က လွယ်တဲ့ မိန်းမများ ထင်နေတာလား
“လွှတ် လက်ကို ကျွန်မ နေတဲ့ဆီကို ပြန်မယ်ပြောနေတာ”
“တေးနေတာ ကိုယ်တို့အိမ်လေ”
“ရှင့်အိမ်လို့ ဘယ်သူကပြောလဲ”
“တေးပြောတာလဲ ကျွန်မအိမ်ဆိုတာ ကိုယ်တို့အိမ်ပေါ့ မိန်းမအိမ်ကလည်း ကိုယ့်အိမ် ကိုယ့်အိမ်ကလည်း မိန်းမအိမ်ဘဲလေ”
အရင်က မြတ်ရှိန်ဝါခန့်ဆိုတဲ့ လူက ဘယ်ဝိဉာဉ်များ ပူးကပ်နေသလဲ ထင်ရတဲ့ထိ
ပြုံးရွှင်နေပြီး လူကို စနောက်နေတာ ပိုပြီးတောင် အမြင်ကပ်စရာ ကောင်းလွန်းနေတာမို့
“ကျွန်မနဲ့ရှင်နဲ့က အခု ကွဲနေပြီလေ”
“ဘာကွဲတာလဲ”
“ဘာကွဲတာလဲ ရှင်းပြနေရဦးမှာလား”
“အွန်း မိန်းမ ရှင်းပြတာကို နားထောင်ချင်တယ်”
နည်းနည်းလေးမှ အရှက်မရှိတော့တာ တကယ်ပါ တေး နားကို ကပ်ပြီး ချွဲသလိုကို ပြောနေတာများ
တေး ခန့်ရဲ့ ခန္တာကိုယ်ကို တွန်းဖယ်လိုက်ကာ
“ကျွန်မက ရှင့်မိန်းမ မဟုတ်ဘူး”
“မိန်းမရယ် ကိုယ်တို့ အိမ်အရင် ပြန်ရအောင်နော် ပြီးရင် မိန်းမ အထင်လွဲနေသမျှ ကိုယ်အကုန်ရှင်းပြမယ်”
သူ့ကလေးလေးကို မျက်စိအောက်ကကို ထပ်အပျောကါမခံနိုင်နေတဲ့ ခန့်ရယ်ပါ
တေး ပျောက်နေတဲ့ ရက်ပိုင်းအတွင်း ခန့်ဘဝကြီး ဘယ်လောက် အဓိပ္ပာယ်မဲ့သွားလဲဆိုတာ သူကိုယ်သူ အသိဆုံးလေ
“မေမေ အိမ်မှာ နေမကောင်းဖြစ်နေတယ်”
“ဟင်”
အမေဖြစ်သူနဲ့ လမ်းကြောင်းလိုက်တာနဲ့ အိမ်ကို ချက်ချင်းပြန်ပါလာတဲ့ ဇနီးလေးကြောင့် တစ်လမ်းလုံး သွားအအေးပတ်မတက် ပြုံးနေတဲ့ ခန့်ရယ်ပါ
***************
“မေမေ ဘယ်မှာလဲ”
အိမ်ရောက်တော့ အဖေနဲ့အမေ အိမ်လာရင် တည်းနေကျ အခန်းကို ပြေးဝင်ကြည့်တော့
တစ်ယောက်မှ ရှိမနေတဲ့အပြင် အိပ်ယာကလည်း အသစ်အတိုင်းမို့
“အမေက စံအိမ်မှာဘဲ မနက်မှသွားရအောင်”
“ဦးမြတ်ရှိန်ဝါခန့် ရှင်အရမ်းလိမ်တက်နေပြီဘဲ”
“ကိုယ်ကလေးကို မခွဲနိုင်လို့ပါကွာ”
“ဒါတွေက ရှင့်ရည်းစားဟောင်းကို ပြောရမှာမလား”
“ကိုယ်ရှင်းပြမယ် အဲ့နေ့က သူနဲ့တူတူ လုပ်ထားတဲ့ condoလုပ်ငန်းတွေရှိတယ် အမြန်ဆုံး အပြီးသက်နေပေမယ့် အဲ့နေ့က ကိုယ့်တို့ဝိုင်းမှာ ထိုင်တဲ့ထဲ သူ့လူ တစ်ယောက်ပါလာတယ်”
“အသံဖမ်းနေတာ ကိုယ် အဲ့နေ့က အဲ့လိုပြောလိုက်မှ အမြန်ဆုံး လုပ်ငန်းက အဆုံးသတ်မှာ ဒီလကုန်ရင် အကုန်ပြီးပြီ ဆုံးရှုံးမှုပမာဏကို ကိုယ်ကြောက်လို့ မဟုတ် အဲ့လုပ်ငန်းကို ရပ်လိုက်လို့ရတယ်”
“ဒါပေမယ့် နေ့စဉ်တင်ပြချက် အချို့မှာ အောက်ခြေဝန်ထမ်းတွေက ရာကျော်နေတာ သူ့တို့ဘဝကို ကိုယ်ကြည့်လိုက်မိလို့”
ဦး လိမ်နေတာမဟုတ်ဘူးဆိုတာ ရှင်းပြနေတဲ့ ဦးရဲ့မျက်လုံးတွေကို ကြည့်တာနဲ့ တေးသိတာပေါ့
ဒါပေမယ့် အပြောခံလိုက်ရတဲ့ တေး ရင်ထဲက ဒဏ်ရာက ချက်ချင်း မပျောက်ကွယ်သွားတာမို့
“ကျွန်မ မသိချင်တော့ဘူး”
“မသိချင်လို့ မရဘူး ကလေး ကိုယ့်မှာ မင်းမရှိလို့မရဘူး သိရဲ့လား ကိုယ့်ကို ထားမသွားပါနဲ့ကွာ နော် ကလေးစိတ်ကြိုက် ဦးကို ရိုက်လို့ရတယ် ကျေနပ်တဲ့ထိရိုက်..”
“ဖြန်းးးး”
တေးလက်ကို လျှပ်တပြတ်ဆွဲယူလိုက်တာ ဦးက သူ့ပါးကို ရိုက်လိုက်တာမို့
“ဦး!!!”
ချက်ချင်းဆိုသလို အလန့်တကြားအော်လိုက်တဲ့ တေး
“အဟင့် ဟင့် ဟီးးးအိီးး”
“ဟာ ကလေးရာ ဘာလို့လဲ မကျေနပ်သေးလ်ို့လားပြော ထပ်ရိုက်ချင်လား ကိုယ်ခံမယ် ဘာလုပ်ချင်လဲ လုပ်ချင်တာ အကုန်ပြော အကုန် ခံပါ့မယ်ကွာ နော် မငိုနဲ့ ကလေး မျက်ရည်ကျတာ ကိုယ် ရင်တွေ အရမ်းနာနေတယ်”
“ဟင့် ဟင့် ဦး နာသွားတယ်မလားဟင်”
ခန့်ရဲ့ပါးလေးကို ကိုင်ကာ ပြောလာတဲ့ ကလေးလေး
တကယ့်အတက်လေးပါ လူတစ်ယောက်ရဲ့ အသည်းကို ဘယ်လို ခြွေယူရမလဲဆိုတာ သိတဲ့ ကလေးလေးမို့ ဒီကောင်ကြီး ဟန်မဆောင်နိုင်အောင်ကို အရေပျော်ကျနေရတာ
အခန်းမှတ်ချက်များ (0)