ဦးပိုင်တဲ့ရစ်လုံးလေး
တေးရဲ့ တည်နေရာကို ရှာကြည့်တော့ SX group ပိုင်တဲ့ Barမှာတဲ့
SX Bar မန်နေဂျာတွေဆီ ဖုန်းဆက်ကာ Barကို ချက်ချင်းလိုက်သွားသည်။
“ဥက္ကဌ!”
ခန့် တို့ ကားတန်းရှည်ကြီး Bar ရှေ့ ရောက်တာနဲ့ လာကြိုတဲ့ မန်နေဂျာတွေ
“ငါမိန်းမရော”
“ရှိပါတယ် ဥက္ကဌ ကြွပါ”
လျင်မြန်တဲ့ ခြေလှန်းတွေနဲ့တူတူ Bar ထဲ ရောက်တော့
“မုန့်ဖိုးယူကြ မောင်လေးတို့ ဟီး ဒီည မမနဲ့ တူတူ နေပေးရမှာနော်”
Barရဲ့ ချောမောလွန်းတဲ့ dancers ကောင်လေးတွေကို ပိုက်ဆံတွေ အုပ်လိုက်ပေးနေတဲ့ တေး
“တေး နင် ပိုက်ဆံတွေပေးတာ များနေပြီနော်”
“မများပါဘူး ပါးပါးလေးပါ”
“ပါးပါးလေးက ရာကျော်နေပြီ”
“ချောတယ် အသက်ငယ်တယ် ခန္တာကိုယ်တွေက ဟီး ငါအကြိုက်တွေလေ ဒါနဲ့တင် ပေးရတာ တန်နေပြီ”
တေးက ပေးမှန်းသိတော့ ကောင်လေး အုပ်စုတွေက တေးနားက မခွါတာကြောင့်
“ဒီလောက်ဘဲ ထပ်မပေးတော့ဘူး”
“ဟာ ယမင်းရယ် ဘာလို အသံကြီးနဲ့ပြောနေတာလဲမောင်လေး အရွယ်တွေလေ ငါတို့နဲ့ယှဉ်ရင် ကလေးလေးတွေ အလုပ်လုပ်ရတာပင်ပန်းမှာပေါ့ အားမနာနဲ့ ယူကြနော် နောက်တစ်အုပ်ပေးဦး”
အနောက်ကို လက်ကလေးလှန်းကာ တောင်းနေတဲ့ တေးက အနောက်ကိုလည်း လှည့်မကြည့်
“နင့်တို့ကို လက်တောင်းနေတာမဟုတ်ဘူး ပိုက်ဆံတောင်းနေတာ”
တေးရဲ့ လက်ထဲ ပိုက်ဆံထည့်မပေးဘဲ ထည့်ပေးလိုက်တဲ့ ခန့်ရဲ့လက်
ခန့်ကို မြင်တာနဲ့ ကျောက်ရုပ်တွေလို တုန်လှုပ်သွားကြတဲ့ တေးသူငယ်ချင်းတွေနဲ့ တေးအရှေ့က ကောင်လေးတွေ
“ဘာလို့ ကြောက်နေကြတာလဲ မမရှိတယ် မကြောက်နဲ့ နင်တို့ ပိုက်ဆံပေး……”
ကောင်လေးတွေ ကြောက်လန့်နေတဲ့ပုံ မြင်လို့ စုတို့ကြောင့်လို့ထင်ပြီး နောက်လှည့်ကြည့်လိုက်ပေမယ့်
မြင်လိုက်ရတာက တေး အသက်ရှု ရပ်သွားမတက်
“သံသာတေး မင်း သတ္တိတွေ ကောင်းနေတယ်ပေါ့”
“အဟွတ်..အဟွတ်”
ချောင်းတွေဆိုး တံတွေးတွေ မြိုချနေတဲ့ တေးကို
“အခု အိမ်ပြန်မယ်”
“မပြန်ဘူး ဒီမှာဘဲ နေမယ်”
“သံသာတေး!!!!”
“ဦးမြတ်ရှိန်ဝါခန့်”
ခန့် သူ့နာမည်ကို အပြည့်အစုံပြန်ခေါ်လိုက်တဲ့ တေးကြောင့် ပိုစိတ်တိုသွားတဲ့ပုံစံကို ကြည့်ပြီး
ဝန်းရံနဲ့ နောက်လိုက်အဖွဲ့သားအချို့ ပြုံးသွားကြပေမယ့် တေးသူငယ်ချင်းတွေကတော့ တုတ်တုတ်မှမလှုပ်ရဲ
“မင်းက ငါ့နာမည်တောင် အပြည့်စုံခေါ်ရဲနေပြီပေါ့ ဘယ်ကောင်က သတ္တိတွေပေးလိုက်တာလဲ”
အနားမှာရှိတဲ့ ကောင်လေးတွေကို ကြည့်ကာ မေးလိုက်တဲ့ ခန့်
“ဦး ကလေးတွေကို မဲမနေနဲ့”
“ဘာ ကလေး ဟုတ်လား”
“ဟုတ်တယ်လေ တေး ထက် ငယ်တယ် ဦးနဲ့ ဆို သားအရွယ်တွေ”
ထိုစကားကြောင့် အရှိန်မထိန်းနိုင်ဘဲ ရီမိတဲ့ သူတွေကို
“ဝန်ရံ မင်းကစပြီး ဒီလကုန် လစာ တစ်ဝက်ဖြတ်”
ပြောတဲ့ မိန်းမကိုကျ ပြန်လည်းမအော် ပြန်လည်းမပြောရဲဘဲ ဘေးကလူတွေကို ပတ်မဲနေတဲ့ ခန့်😆
“အခု အိမ်ပြန်မယ်”
“မပြန်ဘူး တေး မပြန်ချင်ဘူး”
“အေး ရတယ် မပြန်နဲ့ ဝန်းရံ Black card တွေအကုန်ပိတ် ပြီးရင် အဘိုးတို့ကို ဖုန်းဆက်…..”
Black card သာ ပိတ်ခံလိုက်ရရင် အသုံးအဖြုန်းကြီးလွန်းတဲ့ တေး အတွက် အိမ်မက်ဆိုးကြီးမို့
“ဟိုး…ဟိုးးး ဦး stop ပြန်မယ်….ကိုဝန်းရံ မပိတ်နဲ့တော့ အဘိုးကိုလည်း မပြောနဲ့တော့”
“ဟုတ်ကဲ့ မမလေး”
ပြန်မယ်ဆိုတော့မှာ ပြုံးယောင်သမ်းသွားတဲ့ ခန့်ရဲ့မျက်နှာလေးကို လျှပ်တပြတ် တေးမြင်မိတော့
“ဦး တေးကို ချီ”
“ဟင်”
ခါတိုင်းဆို ချီရင်တောင် အောက်ကို ချပေးဆိုပြီး ဂျီကျတက်တဲ့ ကလေးက
လက်ကလေး ရှေ့ဆန့်တန်းကာ ချီခိုင်းနေတဲ့ တေးပုံစံလေးကြောင့် ခန့်မှာ အသည်းတွေတယားယား
“ချီပါဆို”
“အွန်း”
ခန့်တစ်ယောက် သူရဲ့ရွှေမင်းသမီးလေးကို ပွေ့ချီကာ ကားရှေ့ရောက်တော့
“ဦး မချနဲ့”
“ကားထဲ ဝင်ထိုင်လေ”
“ဦးပေါ်ဘဲ ထိုင်မှာ”
“ဦးပေါ်ကို အိမ်ရောက်မှထိုင်”
တေးရဲ့ နားလေးနား ကပ်ပြောလိုက်တဲ့ ခန့်ကြောင့် ချက်ချင်း ပါးလေးရဲသွားကာ
“ဦးနော်”
“အဟက်”
တေးကို အရင် ကားထဲ ထိုင်စေပြီးမှ ခန့် ကားပေါ်တက်တော့
ခန့်ရဲ့ ပေါ်ကို ဆွေ့ကနဲ့ ယုန်မလေးလို ခုန်
တက်ပြီး ပေါင်ပေါ် ထိုင်ကာ ရင်ခွင်ထဲ အတင်းတိုးဝင်ကာ ချွဲနေတဲ့ တေးလေး
“အပြစ်လုပ်ထားလို့ ချွဲနေတာ”
“မလုပ်ထားပါဘူးနော် ချစ်လို့ ချွဲနေတာ အရမ်းချစ်လို့လေ”
“အသက်ကြီးတဲ့သူတွေဆို ကျွန်တော့်ရဲ့မမလေးက ချစ်လို့လား”
“ချစ်တာပေါ့ ချစ်လို့ဘဲ အပိုင်သိမ်းပြီး ယောကျာ်းကောက်တော်ထားတာလေ”
“အော် မသိပါဘူး ကျွန်တော်က ကလေးတွေဘဲ ချစ်တက်တယ်ထင်နေတာ”
ဦးရဲ့စကားကို ကြားမှ Barထဲက ကောင်လေးတွေနဲ့ သဝန်တိုနေတယ်ဆိုတာ ရိပ်မိသွားတာမို့
“ဟီး ဦးရယ် သဝန်တိုစရာရှားလို့ ကိုယ့်သားအရွယ်တွေနဲ့ တိုနေတာလား”
တေးရဲ့စကားကြောင့် ထပ်ရီလိုက်တာက ကားရှေ့ခန့်မှာ ထိုင်နေတဲ့ ဝန်းရံနဲ့ ခန့်ရဲ့driver
“မင်းတို့ ဒီလစာ မလိုချင်တော့ဘူးထင်တယ်”
သူကလေးကို မနိုင်တော့ နိုင်တဲ့သူတွေကို ပတ်ရမ်း😆😆😆😆
အခန်းမှတ်ချက်များ (0)