ဦးပိုင်တဲ့ရစ်လုံးလေး
“ဘာလဲ ဦးရည်းစားဟောင်းလို တေးက ခန္တာကိုယ်က မိုက်မနေလို့လား”
“ဘယ်ကပါလာတာလဲ ရည်းစားဟောင်းက”
ရည်းစားဟောင်းဆိုတဲ့စကားကို အစဖော်လိုက်တာက တေး သူမ ကိုယ်တိုင်ပြောပြီး သူမကိုယ်တိုင် နှုတ်ခမ်းက တော်တော်လေး ဆူနေကာ
“ကျစ် တော်ပီ ဒီနေ့မှ အဖျားလေးပျောက်ပါတယ် မုန့်လေး စားချင်တဲ့ဟာကို မုန့်စားလို့ ဝလာရင် သူရည်းစားဟောင်းလောက် မလှဘူးလို့ လှောင်ခံရသေးတယ်”
“ဟာ ကိုယ် မလှောင်ဘူးနော်”
ရီလိုက်မိတာက ဒီလောက်ထိ အပြစ်ကြီးသွားလိမ့်မယ် ထင်မထားမိတဲ့ ခန့်
မိန်းမဖြစ်သူကို ဘယ်ကနေ စချော့ရမှန်းမသိ တိုင်ပတ်နေတုန်း
“အသဲလေး!!!!!”
ခြံရှေ့မှာ ကားရပ်လိုက်တာနဲ့ ကားပေါ်က ဆင်းလာတဲ့ အမျိုးသမီး တစ်ဦးဆီက အသဲလေးလို့ အော်သံနဲ့အတူ
ဇနီး ဖြစ်သူဆီ ပြေးလာကာ အတင်း ဖက်လိုက်နေတာမို့
“ဘယ်သူလဲ ဘယ်သူလဲ ကျွန်တော့်မိန်းမကို အဲ့လောက်မဖက်နဲ့”
ဇနီးဖြစ်သူကို ဖက်ထားတဲ့ သူဆီကနေ အတင်း ဆွဲခွါနေသလို နောက်က
ဝန်းရံကိုလည်း မျက်နှာ ရိပ်ကဲပြကာ ဆွဲဖယ်ခိုင်းတာကြောင့်
“ဘယ်သူလဲမသိဘူး ဗျ”
ဝန်းရံလည်း ဥက္ကဌရဲ့ မျက်နှာရိပ်ကဲကြောင့် ဆွဲဖယ်ရင်းမေးတော့
“အဒေါ်က တူမကိုတောင် ဖက်ခွင့်မရှိဘူးလား”
“အဒေါ်”
တူသမက်ကတော့ တူမလေးအပေါ် ဘယ်လောက်
ချစ်လဲဆို အဒေါ်နဲ့တောင် သဝန်တိုနေတာကိုကြည့်ပြီး
“ဟုတ်တယ် သံသာတေးရဲ့တီလေးလေ ယောကျာ်းရသွားလိုက်တာ ကိုယ့်တူမကိုယ် ချစ်လို့တောင် မရတော့ဘူး”
တေးက နဂိုထဲကမှ ရစ်နေရတဲ့ ကြားထဲ တီလေးရဲ့စကားကြောင့်
“ဂရုစိုက်မနေနဲ့ လာ တီလေး အိမ်ထဲဝင်မယ်”
တေးရှေ့ကနေ ပိတ်ရပ်လိုက်တဲ့ ခန့်
“တေး အစပ်တွေ စားမရဘူးနော်”
“စားမှာဘဲ”
“မရဘူး တီလေး ကလေးကအစပ်တွေ စားမရဘူး”
အဒေါ်မကလို့ အမေဖြစ်နေလည်း ခန့် ဂရုမစိုက်နိုင်ပါ အဖျားပျောက်ခါစ အားရှိတာဘဲ စားစေချင်တာမို့
ပြောလိုက်ပေမယ့်
“ဦးမြတ်ရှိန်ဝါခန့် ရှင်ကြီးက စိုးမိုးနေတာလား”
“ဟာ ကလေးရာ”
“သားရယ် နည်းနည်းကတော့ ဘာမှမဖြစ်ပါဘူး တီလေးက ကိုရီးယားကနေ အကောင်းဆုံး Korea sourတွေ နဲ့ကြည့် လုပ်ထားတာ”
သူဘယ်လောက်ပြောပြော အဒေါ်ဖြစ်သူကလည်း ကျွေးမယ်ဆိုတာ သေချာနေပြီ
ကလေးကလည်း တော်တော်စားချင်နေတဲ့ပုံ မစားရရင်လည်း ရစ်နေတော့မှာ
“အင်း သဘော သဘော”
ခန့် သဘော ဆိုကာ အိမ်ထဲကို ဝင်သွားတဲ့ပုံစံကိုကြည့်ပြီး တေးမှားသွားလားဆိုတဲ့ စိတ်ဖြင့်
“တီလေး တေး စားလို့ရပါ့မလား”
“ဟင်!!! သမီးလေးစားချင်တယ်ဆိုလို့ လုပ်လာတာလေ”
အစားနဲ့ပတ်သတ်ရင် သကြားမင်းဆင်းတားတောင် မရတဲ့ တေးလေးက
“အွန်း မအေးရေ မအေးရေ”
အိမ်ထဲက မအေးကို လှန်းခေါ်လိုက်တော့ အိမ်အကူဝန်းထမ်း ကောင်မလေးအချို့ ထွက်လာကာ
“သခင်မလေး မအေးတို့က လိုအပ်တာတွေဝယ်ဖို့ စျေးသွားကြပါတယ်”
“အင်း ရတယ် တီလေး ပါလာတဲ့ ဗူးတွေကို ခဲတဲ့ခန်းထဲ မထည့်နဲ့ ရိုးရိုး အအေးခန်းထဲ ထည့်ထားပေး”
“ဟုတ်ကဲ့ သခင်မလေး”
သူပါလာတဲ့ ဗူးတွေကို အိမ်အကူလေးတွေ သယ်သွားတာကို ကြည့်ပြီး
“အခု မစားတော့ဘူးလား သမီးက”
“အင်း သမီး ဗိုက်က နည်းနည်း သိပ်မကောင်းလို့”
ယောကျာ်းဖြစ်သူ မျက်နှာလေး တစ်ချက်ပျက်သွားကာရှိသေး သူမလေး မက်မောလွန်းတဲ့ အစားတွေကိုတောင် ဖြတ်နိုင်တဲ့ အထိ
မြတ်ရှိန်ဝါခန့်ကို တီလေး တူမလေး ဘယ်လောက်တောင်ချစ်လဲဆိုတာ ဘေးက ကြည့်ယုံနဲံတင် သိတာမို့ သဘောတကျ ပြုံးလိုက်မိသည် အထိ
“အဟွန်း…ဟုတ်ပါပြီတော် ဒါဆို တီလေး သမီးအတွက် ပါလာတဲ့ cosmetic ပစ္စည်းလေးတွေ ကြည့်ရအောင်”
“ဟုတ်ကဲ့ တီလေး လာ”
တီလေးနဲ့ မတွေ့တာလည်း ကြာနေပြီမို့ စကားတွေ ဖောင်ဖွဲ့ကြရင်း သူ့အလုပ်ကိစ္စပေါ်လာမှဘဲ တီလေးက ပြန်သွားတော့သည်။
***************
“ဘယ်လဲ”
အိမ်ပေါ်တက်ကို ကော်ဖီခွက် သွားပို့ဖို့ လုပ်နေတဲ့ ကောင်မလေးကို မေးတော့
“သခင်လေးဆီပါ ကိုဝန်းရံကို သွားပေးမလို့ပါ သခင်မလေး”
“ပေး တေး သွားပေးလိုက်မယ်”
“ဟုတ်ကဲ့”
တေး ကော်ဖီခွက်လေးကို ယူပြီး အိမ်ပေါ်တက်လာတော့
“မမလေး”
ဝန်းရံရဲ့လက်ထောက်နှစ်ယောက်က တေးဆီက ကော်ဖီခွက် လာယူတာမို့
“ရတယ် တေး ဦးဆီ သွားပို့မလို့”ဆိုလိုက်တော့
ဝန်ရံ ဥက္ကဌ အခန်းထဲက ထွက်လာတဲ့ အချိန်နဲ့ ကွက်တိဖြစ်နေတာမို့
“ဥက္ကဌအားနေပြီ ဝင်သွားလိုက်”
“ဟုတ်”
ကော်ဖီခွက် ကိုင်လာတဲ့ တေးကို မြင်တော့ မျက်မှန်လေးတပ်ကာ
Laptop ပေါ် ပြေးလွှားနေတဲ့ ဦးရဲ့လက်တွေက ခဏရပ်သွားပြီး တေး ဆီက ကော်ဖီခွက်ကို လာယူပြီးတာနဲ့ အလုပ်ဆက်လုပ်နေတဲ့ ဦး
ဘာလဲ ဒါက စိတ်ကောက်တာလား အသက်ကြီးပြီးတော့ လူကြီးမဆန်ဘူး
“ဦး တေး သွားတော့မယ်”
“အွန်း”
ကဲကြည့် ခုလည်း တေးကို တစ်စက်လေးမှ အဖက်မလုပ် မကြည့်ဘဲ အွန်းလုပ်နေတာ
“တကယ်သွားမှာနော် ဦးမြတ်ရှိန်ဝါခန့်”
“သွားလေ”
“အော် ခုတော့ သွားလေ ပြောပြီပေါ့”
ရစ်လိုက်တာ တေးရယ်😆😆😆😆
အခန်းမှတ်ချက်များ (0)