Bububai ဝတ္ထု ဦးပိုင်တဲ့ရစ်လုံးလေး အခန်းစာရင်း

အပိုင်း(၈)

ဦးပိုင်တဲ့ရစ်လုံးလေး

“တေး နင် နည်းနည်းကိတ်လာသလိုဘဲနော်”

လက်ထပ်တာ လပိုင်းရှိသေး စုစုတို့ပြောလည်း ပြောချင်စရာပါ

တေးမှာ bra ဆိုဒ်တောင် တစ်ဆိုဒ်ကြီးပြီး ဝယ်ရတဲ့အထိ ဦးရဲ့ဆိုးမှုတွေကို ညတိုင်းခံစားနေရတာ

“နင်တို့လည်း ကိတ်ချင် ယောကျာ်းယူလိုက်လေ”

“နင့်ကို ကြည့်ပြီး ယူရမှာတောင် နည်း”ကြောက်နေတာ”

“ဟားးး”

တေးတို့အဖွဲ့ cafeဆိုင်လေးမှာ စကားလက်စုံကျနေတုန်း..

“ခလွမ်းးး”

“ဟင်”

“ဟယ်”

အနောက်ကနေ ဖန်ခွက်ကွဲတဲ့အသံတစ်ခုကြားလိုက်တာမို့ လှည့်ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက် ခွဲလိုက်တာ

ကောင်လေးက ခွက်ခွဲလိုက်တဲ့ ကောင်မလေးကို ရိုက်ဖို့ လက်မြှောက်လိုက်တာနဲ့

“ဟက် တေး ဘယ်လဲ”

“တေး”

သူငယ်ချင်းတွေ တေးကို တားနေတုန်း ကောင်လေးလက်ကို လှန်းဖမ်းလိုက်ကာ အနောက်ကို တွ၊န်းချလိုက်ပြီး

“မင်းကဘယ်သူလဲ ငါ့ကို ထိရဲတယ်ပေါ့”

“ထိရဲလို့ လုပ်လိုက်တာပေါ့ နေစမ်းပါဦး နင်က မိန်းကလေးတစ်ယောက်ကို လက်ပါရအောင် နင်က ဘာကောင်လဲ”

“ငါ့ကောင်မလေးငါထိတာ နင့်စော၊က်ကြောင်းလား”

“ဟက် ယောကျာ်းဆိုတာ…”

တေး ပြောမယ့်အချိန် တေးအရှေ့ကနေ ဝင်ရပ်

လိုက်တဲ့ ကောင်မလေး

“သီဟ နင် ပိုက်ဆံရှိတယ်ဆိုပြီး လုပ်ချင်တိုင်းလုပ်နေတာ အခု နင်ရည်းစားတွေ ရှုပ်နေတာ ငါသည်းမခံနိုင်ဘူး”

“သည်းမခံနိုင်တော့ နင်က ဘာလုပ်ချင်လဲ”

“ငါ ပြောပြီးပြီလေ ငါနဲ့နင်ပြတ်ပြီလို့”

“မပြတ်ပေးနိုင်ဘူး အေး ပြတ်ချင်ရင် နင် ဘာဖြစ်မလဲ နင်သိတယ်နော်”

“သီဟ!!!ဟင့်..ဟင့်…ဟီးး ငါ့ကို ပြတ်ပေးပါဟာ…အီးးဟီးးး”

“မငိုနဲ့ ညီမလေး အစ်မရှင်းပေးမယ်”

“နင်ကဘာလဲ ငါတို့ကိစ္စဝင်ပါရအောင် နင်က ဘာမို့လို့လဲ”

တေးကို စိုက်ကြည့်ကာ ပြုံးလိုက်ပြီး သီဟတစ်ယောက် ဖုန်းထုတ်ပြီးတာနဲ့

“ဟျောင်တွေ cafeဆိုင်ကို လာခဲ့ကြစမ်း ကောင်မတစ်ယောက် ငါ့ကို လာစမ်းနေတယ်”

“လူခေါ်နေတာလား ငါတစ်ယောက်ထဲကို မနိုင်ဘူးလား”

“နင်က ဘာကော၊င်မမို့ မနိုင်ရမှာလဲ”

“ဖြေးဖြေး ပြောစမ်းဟာ နင့်ပိုက်ဆံက တံတွေးတွေက စင်တာ”

ထိုစကားကြောင့် သီဟမျက်နှာကြီး နီရဲပြီး ပျက်သွားသလို

သီဟကောင်မလေးနဲ့ တေးရဲ့သူငယ်ချင်းတွေကတော့ ရီနေကြသည်။

မကြာလိုက် ရောက်လာကြတဲ့ သီဟလူတွေ

“MDကိုထိတာ ဘယ်သူလဲ”

သီဟက တေးဆိုတဲ့ ပုံစံကို လုပ်ပြလိုက်တာနဲ့ တေးရှေ့ကို တိုးလာတဲ့ လူသုံးယောက်

“ဟိုးးးခနလေး ငါတစ်ခုသတိပေးမယ်နော်”

“ငါ့ကို ထိရင် နင့်ကို ခံရမှာတွေ များတယ်နော် အဆင်ပြေလား”

“မပြေစရာမရှိဘူး”ဆိုကာ ထိုလူက တေးကိုရိုက်ဖို့ ရွယ်တဲ့လက်ကို

တေး အမိအရဖမ်းကိုင်ကာ လိမ်ချိူးလိုက်ပြီး အောင်နိုင်သူလို ပြုံးနေတုန်း

“တော်ကြတော့!!!”

အသံလာရာကို တေး ကြည့်လိုက်တော့ ဦးရဲ့ရည်းစားဟောင်းဖြစ်သူ မြတ်ဖြစ်နေတာမို့

“ဘာလဲ အာရုံနောက်လိုက်တာ”

“တေး နင်ရဲ့နေရာ တကာပါတဲ့အကျင့်က မပြင်နိုင်ဘူးလား”

“နင့်စော၊က်ကြောင်းလား”

တေးမျက်နှာလေး မဲ့ရွဲ့ကာ ပြန်ပြောလိုက်ရတာကြောင့် မြတ် မျက်နှာပျက်ကာ

“သူများကိစ္စ တအားဝင်ပါနေလိုလေ စနိုက်ကြော်မတွေကြောင့် သူတို့အတွဲပြသာနာတက်နေတာလေ တစ်ချိန်က နင်လည်း စနိုက်ဘဲကို ခုမှ မိန်းကလေးဘက်က ဘာတွေကာကွယ်နေတာလဲ နင်ကာကွယ်ရမှာ စနိုက်မတွေဘက်က ကာကွယ်ရမှာမလား”

ဦးကို တေးက သူ့လက်ထဲက လုထားတာမို့ တေးကို စနိုက်မလို့ ပြောနေတာ

ဦးရှေ့မှာတုန်းကတော့ သူကဘဲ အနစ်နာခံပြီး နောက်ဆုတ်ပေးခဲ့တဲ့ သဘောမျိုးလုပ်ပြီး လူပုံလယ်ကျမှ ငါ့ကို အသံကောင်းဟစ်နေတဲ့ မိန်းမ

“နင့်ပါးစပ်က ငါ့ကို စနိုက်တယ်လို့ ထွက်ရဲတယ်ပေါ့ သေချာလား ငါစနိုက်တာ”

“ငါနဲ့ကို တွဲနေတာ တစ်လောကလုံးသိတယ် ကြားထဲက ဖြတ်လူတာ နင်မဟုတ်လို့ ဘယ်သူဖြစ်မှာလဲ”

“ဒီကောင်မ အာချောင်နေတာဘဲ”

“ဖြန်းးးး”

တေးဆိုတာ အသံထက် လက်က အရင်ရောက်တဲ့ မိန်းကလေး အခုလည်း မြတ်ကို ရိုက်ပြီးသွားပြီ

“သံသာတေး!!!!”

ခြေလှမ်းကျဲကြီးတွေနဲ့အတူတူ အသံအော်ရှရှနဲ့အနောက်က ရောက်လာတဲ့သူကို လှည့်မကြည့်လည်း ဦးဆိုတာ သိပြီးသား

“မင်း ဘာတွေ လုပ်နေတာလဲ”

“ဘာတွေ လုပ်နေတယ် ထင်လို့လဲ”

တေးရဲ့ဒေါသ အရှိန်လျော့မရတော့တာမို့ ဦးကိုလည်း လုံးဝမကြည့်ချင်ပါ သူရည်းစားဟောင်းကို ထိလို့ တေးကို လာအော်နေတာ တေးသိပြီးသား

« ရှေ့အခန်း - အပိုင်း(၇) နောက်အခန်း - အပိုင်း(၉) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ