Bububai ဝတ္ထု ဦးပိုင်တဲ့ရစ်လုံးလေး အခန်းစာရင်း

အပိုင်း(၁)

ဦးပိုင်တဲ့ရစ်လုံးလေး

“ရှေ့မှာ ဘာဖြစ်နေတာလဲ ဝန်းရံ”

“မသိဘူး ဥက္ကဌ ကျွန်တော် ဆင်းကြည့်လိုက်မယ်”

၈နာရီ company အရောက်သွားရမှာမို့ ခန့်တစ်ယောက် လောနေပေမယ့် အိမ်အပေါက်ဝမှာတင် ရုန်းစု ရုန်းစုဖြစ်နေတဲ့ ကလေးတစ်သိုက်ကြောင့်

ခန့်ညားလွန်းတဲ့ မျက်နှာက အနည်းငယ်ပျက်ယွန်းသွားသလို မျက်ခုံးနှစ်ခုကိုလည်းတွန့်ကွေးကာ အလိုမကျမှုက အထင်းသား…..

ဝန်းရံ တစ်ယောက် ကားပေါ်ကဆင်းပြီး အနားသွားလိုက်တာ ကလေးတွေကြားထဲ တွေ့လိုက်ရတဲ့ မျက်နှာလေးကြောင့်

“ဟာ တေး”

“ဟီး”

အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ ပြုံးပြလိုက်ရင် မြင်တဲ့သူတိုင်း အေးချမ်းစေတဲ့အပြုံးလေးဆိုပေမယ့်

အပြုံးရဲ့နောက်ကွယ်မှာ ဘာတွေ မွှေထားမလဲဆိုတာ သိနေတဲ့ ဝန်ရံ

“အဲ့မှာ ဘာလုပ်နေတာလဲ တေး”

“ဦးခန့်ရော”

“ကားပေါ်မှာလေ”

“အဲ့ဒါဆိုသွားလိုက်ဦးမယ်နော်”

“ဟာ..နေဦးလေ”

ကားဆီ လစ်ကနဲ့ အပြေးရောက်သွားတဲ့ တေး ရဲ့နောက်ကို ဝန်းရံ အမြန်ပြေးလိုက်ရသည်။

မလိုက်လို့လဲမဖြစ် ဥက္ကဌနဲ့တေးက တွေ့လိုက်တာနဲ့ အမြဲ ပြသာနာဖြစ်နေကြ

တေး က ဥက္ကဌဆို အရမ်းစသလို အစခံလိုက်ရတဲ့ ဥက္ကဌက တစ်နေကုန် company က လူတိုင်းကို ပြသာနာရှာတော့တာ

“ဦးခန့် ကားတံခါးဖွင့်”

ခန့်သူဆီကို ပြေးလာတာ အမွှေစိန်မလေးဆိုတာ မြင်လိုက်တာနဲ့ ကားတံခါးကို လော့ချလိုက်တာမို့

အပြင်ကနေ အသံပြဲကြီးနဲ့ အော်နေတဲ့ သံသာတေးရယ်ပါ

“ဦးခန့် အခုချက်ချင်း တံခါးဖွင့်ပေးနော်”

“အဟက်”

ဒီတစ်ခါ တေးဘက်ကမဟုတ်ဘဲ သူဘက်က ဦးအောင် ပြန်လုပ်လိုက်ရလို့ ကားအတွင်းထဲကနေ

အရီအပြုံးရှားလွန်းတဲ့ ခန့် တစ်ယောက်ဆီက နှစ်ခြိုက်စွာ ရီသံလေး ထွက်ပေါ်လာတော့

“ဟင်”

၂၅နှစ်ကြာ ခန့်တို့ဆီမှာ Driver လုပ်လာခဲ့တဲ့ ဦးစိုးတစ်ယောက် အနောက်ကို ပြန်လှည့်ကြည့်ပြီး ထိုရီသံကြောင့် အံ့ဩရတဲ့အထိ

ဒီလိုရီသံကို မြတ်ရှိန်ဝါခန့်ဆီကနေ ပျောက်ကွယ်သွားတာ နှစ်အတော်ကြာပြီလေ

“ဦးခန့် အခု တံခါးဖွင့်ပေးနော်”

“ဦးခန့် အခုချက်ချင်း မှန်ချပေးနော်”

“ဦးခန့်က အကျင့်ကိုမကောင်းဘူး”

“ခု မှန်ချပေး ဦးခန့်”

အပြင်ကနေ ဒလဆက်အော်နေတဲ့ တေးက နည်းနည်းမှ အသံရှိန်ကတော့ လျော့မသွား

နေမင်းကြီးက မျက်နှာလေးပေါ် နေရောင် တိုက်ရိုက်ကျတော့ ပါးပြင်လေးကတော့ စတော်ဘယ်ရီလေးလို နီရဲနေပြီ

“ဘာလဲ”

အခုမှ ကားမှန်ချလိုက်တာနဲ့ ပေါ်လာတဲ့ ဦးမျက်နှာကြောင့် တေးရဲ့ဒေါသတစ်ဝက်က တော်တော်လေးလျော့ကျသွားပြီ

“ဦးခန့် တေး ခေါ်နေတာ ကြာနေပြီလေ”

“သိတယ်လေ”

“သိရင်မှန်ချလေ”

“ငါ့ကားလေ ငါချချင်မှ ချမှာပေါ့”

“ဦးခန့်က တအားအသက်ကြီးနေပြီ”

“ဘာ…ကွ”

သုံးဆယ့်ငါးနှစ်အရွယ် လူပျိုမက လူပျိုကြီးစာရင်းဝင်နေပြီဖြစ်တဲ့ ခန့်တစ်ယောက်

တေးဆီက အသက်ကြီးနေပြီဆိုတဲ့စကားကြောင့် မျက်နှာတစ်ခုလုံး ရဲကနဲ့ပင်

“ဟီး” စတာပါ ဦးခန့် တေးကို ပိုက်ဆံလေးချီးပါဦး”

“ဘာကိစ္စ ငါက ချီးရမှာလဲ”

“ဟိုမှာလေ တေး သူတို့ ကားပေါ်ကိုတက်စီးလိုက်တာ ကားက နည်းနည်းကျိုးသွားတာ ပြီးဆော့ မောင်းမရတော့ဘူး ဖြစ်သွားလို့”

“ဘာကားမို့လို့လဲ”

“ဟိုမှာလေ”

တေးလက်ညိုးထိုးပြလိုက်တဲ့နေရာကို ခန့် သေချာလှန်းကြည့်လိုက်တော့ ကလေးစီး ဘတ်ထရီ ကားအကြီး ကလေးစီးကားဆိုပေမယ့် ကား ဆိုဒ်က သာမာန်ထက်တော့ ကြီးနေကာ

ကားဘေးက ကလေးသုံးယောက်ကလည်း တေးကို မယုံသင်္ကာအကြည့်နဲ့လှန်းကြည့်နေကြတုန်း

“မင်းက အဲ့ဒီကားကို ဘာကိစ္စတက်စီးရတာလဲ မင်းနဲ့ဆိုင်လို့လား”

“ကစားကွင်းတွေမှာဆို စီးနေကြလေ ခုလည်း တေးက စီးရတယ်ထင်လို့ပါ သူတို့ဟာက စုတ်နေတော့ တက်ရုံရှိသေး ကျိုးတာဘဲ”

ဒီကလေးတစ်ယောက်နဲ့ ခန့် တော်တော်လေးကို ခေါင်းကိုက်ချင်သွားတာပါ

ပြောလိုက်ရင် တစ်ခုမှ သူအမှားဆိုတာမရှိတဲ့ပုံ ပြသာနာတွေ သယ်လာရင် ရှင်းရတာက မနည်းမနှော

“စုတ်တာက သူတို့ကိစ္စလေ မင်းက သူများပစ္စည်းသွားဖျက်စီးတာလေ”

“ဖျက်စီးတာမှမဟုတ်တာ တက်စီးတာပါဆို”

“တက်စီးတာလည်း မင်းခန္တာကိုယ် ကို မင်းကြည့်လေ”

တေးလေးက တအားကြီး ဝတဲ့ထဲမပါဘဲ ပြည့်ပြည့်လေးထဲကမို့ လှတယ်ဆိုတာထက် ချစ်စရာကောင်းလွန်းသူလေးပေါ့

သူ့ကို ဝတယ်လို့ သွယ်ဝိုက်ပြောလိုက်တဲ့ ခန့်ကြောင့်

“ဦးခန့် သူများကို body shaming လာလုပ်နေတာလား ကျော်ကြားတဲ့ CEOတစ်ယောက်က သူများကို လက်ညိုးထိုးပြီး shaming လုပ်တယ်ပေါ့”

“ဟိတ်…ဒီမှာ ပုံကြီးလာချဲမနေနဲ့”

“မချဲ့စေချင်ရင် ပိုက်ဆံပေး”

“ဘာကိစ္စပေးရမှာလဲ”

“ဥက္ကဌ ရှစ်နာရီထိုးတော့မယ်နော်”

ခန့် နာရီတစ်ချက် ငုံကြည့်လိုက်ပြီး

“ဝန်းရံ ကားပေါ်တက်တော့”

“ဟာ ခနနေဦးလေ တေးကရော”

“မင်းအစ်ကို ကိုဖုန်းဆက်လိုက်ပေါ့”

ဆိုကာ ကားကို ချက်ချင်းမောင်းထွက်သွားတဲ့ဦးကြောင့်

“ဦးမြတ်ရှိန်ဝါခန့် ဟွန်းးးး”

“အသက်ကြီးပြီး ကလေးတွေကို ညှာတာရမှန်းမသိဘူး”

“ကိုယ်ချင်းမစာတက်တဲ့လူ လူစိတ်မရှိတဲ့သူကို အရမ်းချစ်မိနေတဲ့ ငါကိုက စမှားတာ”

“ကဲ ဒေါ်သံသာတေးလေး”

ခြေထောက်လေး တစ်ဆောင့်ဆောင့်နဲ့အော်ဟစ်နေတဲ့ နောက်မှာ

“ကိုကို!!!!”

ရောက်လာတာက အစ်ကိုဖြစ်သူ မင်းဆက်တေး

“ကိုကိုက ဘယ်လိုဖြစ်လို့”

“ရှိန်ဝါ ငါ့ကိုဖုန်းဆက်တာလေ”

“ဦးခန့်က”

အမွှေစိန်လေးကို မြင်လိုက်တာနဲ့ တစ်ခုခုမွှေထားပြီဆိုတာ သိတဲ့ ခန့်က မင်းဆက်တေးကို ဖုန်းဆက်ထားပြီးသားပင်

“အွန်း ကိုကိုက အဘိုးကို ဘုန်းကြီးကျောင်းသွားပို့နေလို့ ခနလို့ပြောထားလို့ ညီမလေးကိုညစောင့်ပေးနေတာ ထင်တယ်”

“ဟီး ဒီလိုကျလည်း ဦးခန့်က တေးကို ချစ်တာဘဲ”

“ကဲ ချစ်တာ နောက်မှချစ် လျှော်ကြေးအရင်သွားပေးရအောင် လာ”

“ဟုတ်”

***************

“တီးတောင် တီးတောင် တီးတောင်”

အိမ်ရှေ့က ဘဲလ်တီးသံက ဆက်တိုက်ဆိုပေမယ့် ခြံဝန်းထဲမှာ ကော်ဖီသောက်နေတဲ့ ခန့် ကတော့ စာအုပ်ဖတ်နေဆဲပင်

“ဟက် သား အပြင်မှာ ဘဲလ်တီးနေတာလေ မကြားဘူးလား”

“ကြားတယ်လေ မေမေ”

“အဲ့တာဆို ထဖွင့်ပေးတာမဟုတ်ဘူး သားရယ်”

“ဖွင့်မပေးဘူး ဟိုသာလိကာမလေးမို့လို့”

“ဟယ် သမီးလေးလား”

သာလိကာမလေးဆိုတာနဲ့ တေးဆိုတာ သိတဲ့မေမေက ပျော်ရွှင်နေကာ

“မိညိုရေ ငါသမီးလေးကိုအရင် တံခါးသွားဖွင့်ပေးစမ်း”

ပထမအခန်းဖြစ်ပြီး နောက်အခန်း - အပိုင်း(၂) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ