“ဦး!!”
မျက်လုံးလေးစဖွင့်လိုက်ထဲက ဘေးမှာ သူမရဲ့လက်လေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့ဦး
“ကလေး သတိရလာပြီလား”
သူမလေးထမယ်လုပ်တော့ ထူပေးလိုက်ပြီး ရင်ခွင်ထဲ မှီခိုင်းထားသည်
“အွန်း ဦး တောင်းပန်ပါတယ်နော် ဦးကို အလုပ်ရှုပ်အောင်လုပ်မိလို့”
“ဘာလို့အဲ့လိုတွေပြောတာလဲ ကိုယ်တို့က တစိမ်းတွေလား ကလေးရယ် ခုလို ကလေးတစ်ခုခုဖြစ်တာကို ကိုယ့်ကို မပြောတာမျိုးတွေ နောက်ခါမလုပ်နဲ့
ကိုယ့် ဘဝအတွက်အရေးကြီးဆုံးက ကလေးဘဲ”
“အွန်းပါ ဒီတိုင်းသာမာန်ဘဲထင်ပြီးတော့ နေလိုက်မိတာ”
“အခုသာမာန်မဟုတ်တော့ဘူးလေ ကလေးလေးနဲ့ “
“ဟင် “
သူကို မျက်လုံးလေးအဝိုင်းသားနဲ့ ကြည့်နေတဲ့ကောင်မလေးက်ု
“ဟုတ်တယ် ကလေး ဗိုက်ထဲမှာ ကလေးလေးရှိနေပြီ”
ဦးရဲ့စကားကြောင့် ပြောမပြတက်အောင်ပျော်မိတာ ကိုယ်က်ုကိုယ် အသိဆုံး ဦးအတွက် ဦးရဲ့ အသွေးအသားလေးကို မွေးပေးချင်ခဲ့တာ ပီတိလေး အဖြစ်ချင်ဆုံး ဆန္ဒလေးမို့
“ပျော်လိုက်တာ ဦးရယ်”
ဆိုကာ လည်ပင်းလေးကို သိုင်းဖက်လိုက်ပြီး ကလေးလေးသာ လွယ်ထားရပေမယ့် ကလေးတစ်ယောက်လို ငိုနေတဲ့ သူမလေး
“ဦးရော ပျော်လားဟင်”
“အွန်း ပျော်ပါတယ်”
ပျော်ပါတယ်သာပြောနေပေမယ့် သူထင်ထားတာလောက် မပျော်နေတာမို့ ပီတိလေး တွေဝေနေခဲ့ရသည်။
“ဦး ဘာဖြစ်လို့လဲဟင် ကလေးရတာကို မပျော်လို့လားဟင်”
“မဟုတ်ပါဘူး ကလေးရယ် ခုချိန်မှာ ကိုယ်စိတ်အပူဆုံးက ကလေးမို့လို့ တစ်ခုခုဆို ကလေးထိခိုက်မှာ အရမ်းဆိုးရိမ်တယ် ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ ကလေးကို အထိမခံနိုင်ဘူး”
“ဦးရယ် အခုကလည်း ဦးနဲ့ပီတိကြားက ဖြစ်တည်လာတဲ့ အသွေးအသားလေးလေ ဒီကလေးလေးက”
ဗိုက်လေးကို ပွတ်ပြီးပြောနေတဲ့ ချစ်စရာကောင်မလေးကြောင့်
“ဟုတ်ပါပြီဗျာ ခုကစပြီး တစ်ခုခုဆို ကိုယ့်ကိုပြောရမှာ လှေကားဆင်းတာကစ အိမ်သာသွားတာအဆုံး အဖော်နဲ့ဘဲ သွားရမယ် ကြားလား”
“အွန်းပါ ဦးရဲ့”
………………………..
“မမလေး ကျွန်တော်တို့တည်းမယ့် Hotelက ကားလာကြိုနေပါပြီ”
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးထဲမှာ ခန္တာကိုယ်အရမ်းလှတဲ့သူမ
ဘေးကဖြတ်သွားတဲ့ အမျိုးသားတိုင်း နှစ်ခါပြန်မကြည့်ရသူမရှိ ချောမောလွန်းတဲ့ သူမ
ခက်ထန်တဲ့မျက်နှာဘေး ကျော့ရှင်းလွန်းတဲ့ သူမပုံရိပ်ကြောင့် မစွဲမက်သူမရှိလောက်အောင်ပင်….
“ငါသွားစရာရှိတယ် ကားစီစဉ်ပေးထား”
မျက်နှာမှာ အပြုံးလေးတစ်ချက်ပြုံးပြီး မျက်မှန်လေးကို ချွတ်လိုက်သည်။
“ငါပြန်လာပြီ ခေတ်”
……………~~~~~~……………
“ဥက္ကဌ အမျိုးသမီးတစ်ယောက် တွေ့ခွင့်တောင်းနေပါတယ်”
“ဘယ်သူလဲ”
“သဇင်နွယ်တဲ့ ဥက္ကဌ”
သဇင်နွယ်ဆိုတဲ့အသံကြားတာနဲ့ မတ်တပ်ထရပ်လိုက်ပြီး
“ဘာ!!!!!! ပြန်လွှတ်လိုက်”
“ဟုတ်ကဲ့ ဥက္ကဌ”
မင်းတခေတ်ပြန်လွှတ်ဖို့ ပြောခိုင်းလိုက်ပေမယ့်လည်း
“မင်းတို့ ဥက္ကဌကို ပြန်ပြောလိုက် တွေ့ခွင့်မပေးမချင်းမပြန်ဘူးလို့”
ဆိုတဲ့ စကားကို မင်းတခေတ်ပြန်ကြားလိုက်ပြီးတာနဲ့တွေ့ခွင့်ပေးလိုက်ပြီး
“ခေတ် နွယ် ခေတ်ကို လွမ်းနေတာ”
ဆိုကာ ဥက္ကဌရုံးခန်းထဲကကို ဝင်လာတာနဲ့ ချက်ချင်းဆိုသလို မင်းတခေတ်ခါးကို ဖက်ပြီး ရင်ခွင်ထဲမှာ ပွတ်သတ်နေလေသည်။
အနောက်မှာ ပါလာတဲ့ အတွင်းရေးမှူးတွေအပြင် စွမ်းထက်ကိုယ်တိုင်ပါ မျက်လုံးပြူးသွားပြီး
“လွှတ်စမ်း မင်းဘာလုပ်တာလဲ မင်းကိုယ်မင်း ဘာထင်နေတာလဲ”
သူမကို တွန်းထုတ်လိုက်သလို မုန်းတီးနေတဲ့ မျက်နှာနဲ့ပြောလိုက်တာမို့
“မှားခဲ့တာတွေအတွက် နွယ်တောင်းပန်ပါတယ် ခေတ်ရယ် အဲ့တုန်းကလေ အဲ့တုန်းကလေ…”
“မင်းရှင်းပြနေတာတွေ နားထောင်ဖို့ ငါက တွေ့ခွင့်ပေးတယ် ထင်တာလား ငါနဲ့ဆက်မပတ်ဖို့ မင်းနဲ့ငါဆိုတာ မပတ်သတ်ဘဲ တစိမ်းဖြစ်တာ လွန်ခဲ့တဲ့ ၈နှစ်ထဲက”
“အဲ့လိုမပြောပါနဲ့ ခေတ် ဘာလို့ နိုင်ငံခြားကို ထွက်သွားခဲ့ရတယ် ထင်လို့လဲ”
မင်းတခေတ် အတွက် သူမက အတိတ်ဆိုးလိုပင် ပီတိလေးသာမပေါ်လာခဲ့ရင် ခုဆို ဘယ်လိုနေရာမျိုးရောက်နေမလဲ
လွန်ခဲ့တဲ့၈နှစ်က အကြိမ်ကြိမ် တောင်းပန်နေတဲ့ကြားက နိုင်ငံခြားထွက်သွားဖို့အတွက် မင်းတခေတ်ကို လမ်းခွဲခိုင်းပြီး မိဘတွေ ဆုံးလို့ပူဆွေးနေတဲ့ သူ့ကို
“နင်က အလားအလာမရှိတော့ဘူး ခေတ် နင်နဲ့သာဆက်နေရင် ငါ့ဘဝဒီကတက်မှာမဟုတ်တော့ဘူး ခုနင်မိဘတွေလည်း မရှိတော့ဘူး ငါဘဝ တိုးတက်ဖို့ ငါလမ်းငါဖောက်ရမယ် နင်ငါ့ကို မဆက်သွယ်ပါနဲ့ နင်ကငါ့အတွက်မထင်မှတ်ဘဲ တိုက်ခဲ့တဲ့ ခလုတ်ဘဲ အဲ့တော့ အခုငါလမ်းငါ ဆက်လျှောက်ရမယ်”
“ငါ့ကို ငါ့ကို တစ်ယောက်ထဲ ထားမသွားပါနဲ့ နွယ်ရယ် ငါတောင်းပန်ပါတယ်”
မိုးရေထဲမှာ ယောကျာ်းလေးမတန်ဘဲ ငိုကြွေးပြီး ကောင်မလေးကို အနောက်ကနေ သိုင်းဖက်ကာ ငိုကြွေးနေတဲ့သူ့ကို
“လွှတ်စမ်း ငါ့ကို ငါတို့ပြတ်ပြီ ခုကစပြီး နင်ငါ့ကို မနှောက်ယှက်နဲ့တော့”ဆိုကာ လက်တွေကို ဖြုတ်ချထားခဲ့ပြီး ရက်ရက်စက်စက်ထွက်သွားခဲ့တဲ့ သူကတော့ သဇင်နွယ်ပေါ့
အခန်းမှတ်ချက်များ (0)