Bububai ဝတ္ထု ကျွန်မအတွက်ဆို ခမ်းနားမှုတွေပေးတဲ့ဦး အခန်းစာရင်း

အပိုင်း(၁)

“မေမေ သမီးတို့မနေ့ဖြန် ဘယ်နှနာရီလောက်သွားမှာလဲဟင်”

ဆံပင်ကျောအလယ်လောက်လေးကို စုစည်းထုံးထားပြီး ပိန်သွယ်လွန်းသူမဟုတ်ဘဲ ပြည့်ပြည့်ဖောင်းဖောင်းလေးမို့ အလှလေးက အိဖက်နူးညံလွန်းလှပြီး ရဲစိုလွန်းတဲ့ နှုတ်ခမ်းလေး ဖွေးလွန်းတဲ့အသားအရည်လေးနဲ့ နွေရာသီမို့ ဘောင်းဘီအတို အကျီလက်ပြတ်လေးနဲ့ ကလေးတစ်ယောက်လို ဆူပုပ်ပုပ်ကလေးနဲ့

မနက်မထချင်လို့ အပျင်းလေးလုပ်ပြီး မေးနေတဲ့ ပီတိလေးကို သူ့မေမေက ကြည့်ပြီး

“စောစော ထသွားရမှာ ၄နာရီလောက်သွားမှာ အဲ့တော့ ၃နာရီလောက်ထ”

“ဟာ….မေမေကလည်း ၃နာရီကြီး”

မထချင်လို့ သပ်သပ်ရစ်နေတဲ့ဆိုတာ မေမေတို့က သိတာပေါ့

“ပီတိပြည့်လျှံ ငါ့အသံကို နင်လူကြားစေချင်တာလား”

“ဟွန့်”

ပီတိလေးတို့ အပျင်းကြီးပြီး မနက်မထရဖို့အရေးကို

သူ့မေမေ ဒေါ်ချောစု ကို နားပူနားဆာလုပ်နေသည်

ပီတိလေးက ဆိုးပေမယ့် မေမေဆူမှာကိုတော့အရမ်းကြောက်တာမို့ နှုတ်ခမ်းလေးဆူပြီးဘဲ အဆုံးသတ်လိုက်ရသည်။

မနက်5:00

အေးချမ်းလှပနေတဲ့ သာသနာ့အရိပ် ဘုရားစေတီပုထိုးတွေနဲ့ကျက်သရေရှိလှတဲ့ စစ်ကိုင်းမြို့လေးသို့

ပန်းတို့ကားလေး တစ်ဖြေးဖြေး မောင်းနှင်းလာပြီး……….

“မေမေ ဖေဖေနဲ့ကိုကို က ဟိုရောက်နေပြီတဲ့လား”

“အင်း နောက်နေပြီတဲ့ သမီး မနေ့ညနေထဲက ရောက်တာတဲ့”

ပီတိတို့ ဖေဖေ ဦးအောင်နိုင်က ဘုရားတရားကို အလွန်ကိုယ်ကွယ်ယုံကြည်သက်ဝင်သူမို့ တစ်နှစ်တစ်ခါ စစ်ကိုင်းတောင်တန်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းမှာ ဆွမ်းလောင်းပွဲကို နှစ်စဉ်မပျက်လုပ်လေရှိတယ်

ပီတိလေးတို့သိတက်စထဲက အလုပ်မအားလည်း

မိသားစု စုံအောင်အမြဲသွားလေ့ရှိပြီး ကောင်းမှုကတော့ အစွမ်းကုန်ပြုလုပ်လေ့ရှိတာမို့ ဇနီးဖြစ်သူ ဒေါ်ချောစုက ဦးအောင်နိုင်နဲ့ စိတ်တူကိုယ်တူမို့

ဇနီးမောင်နှံက အလှူရေစက် လက်နဲ့မကွာသလို

အလှူဒါယကာ အလှူ့ဒါယကာမ စရင်းဆို ထိပ်ဆုံးကပင် ဖြစ်သည်။

သူတို့က မွေးဖွားလာတဲ့ သားဖြစ်သူ အောင်ပြည့်လျှံကတော့ မိဘတွေခြေရာကို ထပ်ချက်မခွါလိုက်နိုင်သူပါ ဖခင်နဲ့မိခင်အတွက် အလှူဆို သူကဘဲ ရှေ့က ဦးဆောင်လုပ်ပေးနေတက်သည်။

သမီးလေးပီတိပြည့်လျှံကတော့ မိဘတွေ အစ်ကိုနဲ့ဆန့်ကျင်ဘက်ပါ ဘုရားဆို မနည်းကတော့ခိုင်းရပြီး

တစ်ခုခုဆို အရမ်းအပျင်းကြီးတဲ့သူလေးပေါ့

မိသားစုတွေက မွေးတုန်းက တစ်ယောက်ယောက်ကများ ကလေးကိုလဲသွားသလားလို့တောင် မေးယူရအောင်ထိ အကုန်လုံးနဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ပီတိလေးရယ်ပါ

“မေမေ သဘက်ခါတော့ အရောက်ပြန်မှာမလား သမီး သင်တန်းတွေရှိသေးတယ်နော်”

“ပီတိ ကုသိုလ်လုပ်ဖို့သွားတာနော် ဂျီလာမကျနဲ့ ပြီးတဲ့ချိန် ပြန်ရမယ်”

“ဟာ…..မေမေ မရဘူးနော် သမီးမအားဘူးး”

“မအားလဲနေရမယ်….ဘယ့်နှယ့်တော် ဘုန်းကြီးကျောင်း ခေါ်တာကို သူ့ကို ငရဲဆွဲချနေသလိုဘဲ”

မိခင်ဖြစ်သူ ဆူသလိုပြောလိုက်တာကြောင့် ပီတိ ဘာမှမပြောနိုင်တော့ပါ…..

အဖော်အရမ်းမက်တဲ့ ပီတိလေးက သူငယ်ချင်းတွေနဲ့ ခွဲပြီး သင်တန်းပျက်ရရင်ကို စိတ်ထဲမပျော်နေတဲ့သူလေးရယ်ပါ

တစ်ယောက်ယောက်ဆို အရမ်းကပ်တွယ်တက်တဲ့သူလေးမို့ မိဘတွေနဲ့အစ်ကိုဖြစ်သူကလည်းအမြဲစိတ်ပူနေရတက်သည်။

……………………….……………

ဘဏ်အိတ်ထဲ ငွေသား သိန်း ၃၀၀၀တိတိ ဆွဲထားတဲ့ လူနှစ်ယောက်ရဲ့အရှေ့က ပုဆိုး တီရှပ်လေး ဝတ်ထားတဲ့ အတွင်းရေးမှုး စွမ်းထက် က

“ဥက္ကဌ ငွေသားအဆင်သင့်ဖြစ်ပါပြီ”

ယောပုဆိုးနီညိုရောင်လေးနဲ့ရှပ်အကျီ အဖြူလေးကို လက်လေးခေါက်ဝတ်ထားကာ ဖွေးဥနုဖက်လွန်းလှတဲ့ အသားအရေ ခန့် ညားလွန်းပြီး ချောမောလှတဲ့မျက်နှာထား တကယ်ကို ပျိုတိုင်းကြိုက်သွားစေမယ့် ခန့်ညားမှုမျိုးထက်ပိုသည်။

ပြတ်သားတည်ကြည်လွန်းလှတဲ့ လေသံဖြင့်

“အင်း ဘုန်းဘုန်း လိုအပ်တာမှန်သမျှ အကုန် ဖြည့်ဆည်းပေးလိုက်”

“ဟုတ်ကဲ့ ဥက္ကဌ”

မင်းတစ်ခေတ် ငယ်စဉ်ထဲ မိဘတွေ ကိုးကွယ်တဲ့

ဘုန်းကြီးကျောင်းမှာ မိဘတွေဆုံးတာ ၈နှစ်ပြည့်အလှူကို လာလုပ်ကာ ကုမ္မဏီရဲ့ မြို့အလိုက်က ဝန်ထမ်းပေါင်းထောင်ချီ ရာထူးကြီးငယ် တစ်ယောက်မှမပျက်ကွက်ဘဲ သူတို့ဉက္ကဌရဲ့အလှူမှာ ဝင်ရောက်ပါဝင်ကြတာမို့ မင်းတစ်ခေတ် အစွမ်းကုန်

လိုလေးစိတ်မရှိ ပြည့်စုံအောင် လုပ်ပေးသည်။

“ငါရောက်တုန်း ကောင်းမှု့တော်ကို သွားပြီး ဘုရားဖူးမလို့ လိုအပ်တာ ဆိုမရှိအောင် လုပ်ပေး ငါ့ကို စာရင်းပြီးမှတင် ဘဏ်ကနေ လိုတဲ့ ပိုက်ဆံထုတ်”

“ဉက္ကဌ ကျွန်တော်ရော လိုက်ခဲ့မယ် တစ်ယောက်ထဲမသွားပါနဲ့”

“အခုသွားမယ်”

စွမ်းထက် ဉက္ကဌ မှာတာတွေကို သူရဲ့ လက်ထောက်တွေကို မှာပြီး စိတ်အရမ်းစပ်တဲ့ သူရဲ့ဥက္ကဌအကြောင်းကို သိတာမို့ ဥက္ကဌတစ်ယောက်ထဲမလွတ်နိုင်ဘဲ သူပါ အမိအရလိုက်လာလိုက်သည်။

………………………….

တစ်ဖြေးဖြေး ရွှေ့လာတဲ့ ပီတိတို့ကားလေးက စစ်ကိုင်းတောင်ပေါ်ဘက်မသွားဘဲ ဆန့်ကျင်ဘက်ကိုမောင်းနေတာမို့

“မေမေ ဘယ်သွားမလို့လဲ”

“အော် သမီး ဖေဖေက ကောင်းမှု့တော်မှာ ရောက်တုန်း တစ်ခါတည်းသွားရအောင်လို့လေ”

“အော် အဲ့တာကြောင့် တစ်ခုခုပါလို့”

“ဘုရားမှာ သနပ်ခါးတွေနဲ့ပတ်သတ်တာအကုန်ရှိတယ် အဲ့တာ အစုံဝယ်လို့ရတယ် သမီးလဲ skincare ကြည့်မသုံးနဲ့ ဘယ်လောက်ကောင်းကောင်း အဲ့တာတွေက ဓာတုပစ္စည်းဘဲ သနပ်ခါး ဝယ်ပြီး သနပ်ခါးလိမ်း”

ပီတိက သနပ်ခါးအနံနဲ့ သနပ်ခါးကို အရမ်းကြိုက်တဲ့သူလေးပါ သူမကြိုက်တာက tway ရတာပါ skincare လို ဗူးလေးဖွင့်လိမ်းရတာတောင် ၁ပတ် တစ်ခါတောင်မနဲ လိမ်းနေရပြီး အသားအရေကောင်းသူမို့သာ skinမထိတာ ပီတိရဲ့ပျင်းပုံနဲ့ဆို သေချာပေါက် အမဲစက်တွေနဲ့ ဖြစ်နေလောက်ပြီ

💭ငါအရမ်းပျင်းတာနဲ့ သနပ်ခါးနဲ့တော့ တွေ့ပြီ

ရပါတယ် အားတဲ့ချိန် လိမ်းတာပေါ့💭

“ဟုတ် မေမေ”

……………………………………….

“ဟုတ်ပြီ ယောကျာ်း လာပြီနော်”

“မေမေ ဖေဖေက ဘယ်မှာတဲ့လဲဟင် သမီးခြေထောက်တွေနာနေပြီ”

ဘုရားရောက်လို့ ကားလေးရပ်လိုက်ကတည်းက

ခြေဗလာလေးနဲ့ လမ်းလျှောက်နေရလို့ မျက်နှာလေးက မဲ့နေပါပြီ

ဖခင်ဖြစ်သူရှိတဲ့နေရာကို လျှောက်ရဦးမှာမို့ မျက်နှာလေး စူပုပ်နေတဲ့ ပီတထလေးကို

“ရောက်တော့မှာပါ သမီးရယ် ဖေဖေက ဧည်သည်နဲ့တွေ့နေလို့တဲ့ ရှေ့ကဆိုင်ထဲမယ်”

သူ့အသားလေးနာမှာကို အရမ်းကြောက်တဲ့ သမီးလေးမို့ ခြေဗလာနဲ့လျှောက်ရတာ အရမ်းနာနေမှန်း သိတာမို့ ချော့မော့လိုက်သည်။

မေတခေတ် သူထိုင်နေတဲ့ ဆိုင်ဘက်ကို တည့်တည့်လျှောက်လာတဲ့ ကောင်မလေးကို လှန်းကြည့်လိုက်ပြီး….

ပန်းရောင် မြန်မာအကျီဝမ်းဆက်လေး အသားရည်လေးက ဖြူဖွေးဝမ်းမွတ်နေမို့ ဝတ်ထားတဲ့ ပန်းရောင်လေးနဲ့က လိုက်ဖက်လွန်းနေပြီး သေးသွယ်လွန်းတာမဟုတ်ဘဲ ပြည့်ပြည့်ဖောင်းဖောင်းလေးရယ်ပါ နီရဲနေတဲ့ နှုတ်ခမ်းလေး တစ်ဆူဆူနဲ့ အူယားပြီး ချစ်စရာလေးကောင်းတဲ့ ကောင်မလေးက……

💭ပီတိပြည့်လျှံလေးဘဲ အမွှေစိန်လေး လာနေတာဘဲ💭

ပီတိလေးရဲ့ ဖခင်နဲ့အစ်ကို ဖြစ်သူ ဘုရားမှာအမှတ်မထင်တွေ့လိုက်ထဲက ပီတိလေးပါမှန်း

ရိပ်မိတာမို့ ဦးအောင်နိုင် စကားပြော ဧည့်ခံဖို့ ဖိတ်တာကို မတုန့်ဆိုင်းဘဲ ချက်ချင်းလက်ခံလိုက်တဲ့

မင်းတစ်ခေတ်ရယ်ပါ

“အမွှေစိန်လေး လာနေပြီဘဲ”

အရီအပြုံးနည်းလွန်း အေးစက်ပြီး မာနကြီးလွန်း စကားကိုအားမနာဘဲပြောတက်တဲ့ သူကြီးကပြုံးပြီး ပြောလိုက်တဲ့ စကားကြောင့် ဘေးက စွမ်းထက် သူ့ဆရာအကြောင့် သူပါ လိုက်ပြုံးမိနေသည်။

မင်းတစ်ခေတ်ကိုမတွေ့ဘဲ ခြေထောက်တကြည့်ကြည့်နဲ့ လျှောက်လာတဲ့ ပီတိလေး ဆိုင်ထဲရောက်လို့

ထိုင်မယ်လုပ်မှ မင်းတစ်ခေတ်ကို တွေ့လိုက်တာမို့

“အ..မ..လေး”

မင်းတစ်ခေတ်ကို မြင်ကာ အရမ်းလန့်သွားတဲ့ ပီတိလေးကို အကုန်လုံးက ဝိုင်းကြည့်နေကြပြီး

“ကိုယ်ကို သရဲနဲ့မှားနေတာလား”

“မ..မ..ဟုတ်ပါဘူး”

စကားတွေတစ်ထစ်ထစ်နဲ့ပြောနေတာကြောင့်

“သမီးတို့က သိလို့လား ဥက္ကဌ အပေါ် သူတစ်ခုခု အမှားများ လုပ်ထားတာရှိလားဗျ”

လို့ တလေးတစားနဲ့ မေးတဲ့ ဖခင်ဖြစ်သူ စကားကြောင့်

“အော် သူနဲ့က ဟိုနေ့ကမှ……..”

မင်းတခေတ်စကားမဆုံးခင် ခုံအောက်မှာတော့ မင်းတစ်ခေတ် ခြေထောက်ကို တက်နင်းလိုက်ပြီး အပေါ်မှာတော့ လက်အုပ်ချီသလို လုပ်ပြကာ

“အော် ဖေဖေ ဟိုနေ့က ဥက္ကဌ က သမီးတို့ သင်တန်းက သူတို့ ပိုင်တာမို့ လာတုန်းက ခန တွေ့မိတာပါ”

“သမီးတို့က သိတော့ ဖေဖေ မိတ်ဆက်မပေးတော့ပါဘူး ဥက္ကဌကလည်း မသိတဲ့လူရှားတာမို့ ဖေဖေ တို့က ဥက္ကဌကို မထင်မှတ်ဘဲ လာတွေ့တာ လုပ်ငန်းအကြောင်းလေးတွေပြောချင်လို့”

ဖခင်ဖြစ်သူ ပြောနေပေမယ့် မင်းတစ်ခေတ် ပီတိလေးကို မကျေနပ်သလိုလေးကြည့်ပြီး…..

“ဘယ်နားလေးမှာ မင်းနဲ့ငါတွေ့တာလဲ အတိအကျပြောပြဦး”

“မမှတ်မိတော့ဘူး”

“သေချာလား မင်းမမှတ်မိရင် ငါဖော်ပေးရမလား”

“ဦီးလေးကြီးနော် လူကြီးဖြစ်ပြီး ကလေးတွေအပေါ် မညစ်ပတ်နဲ့နော်”

နှုတ်ခမ်းလေးတစ်ဆူဆူ လုပ်ပြီး အလိမ်ပေါ်မှာဆိုးလို့ ရန်ထောင်နေတဲ့ ပီတိလေးကို

“ပီတိ ဘယ်လိုတွေပြောနေတာလဲ ဥက္ကဌကို”

အချမ်းသာဆုံးနဲ့ အသက်အငယ်ဆုံး ထိပ်ထိပ်ကြဲ သူဌေးကြီး သူနဲ့ လက်တွဲ ပြီး လုပ်ငန်း လုပ်ချင်နေဆဲ

ကုမ္မဏီတွေ တန်းစီနေရလို့ တလေးတစား ဆက်ဆံနေရတဲ့ သူကို ကပ်ကပ်လန် ပြန်ပြောနေတဲ့ ပီတိလေးကို ဆူလိုက်တဲ့ အစ်ကိုဖြစ်သူ

“ဟွန့်”

အစ်ကို ဖြစ်သူ ဆူလိုက်တော့ ဘာမှဆက်မပြောဘဲ နှုတ်ခမ်းကို အပြည့်အဝ ဆူထားပြီး စိတ်ကောက်နေတဲ့ ပီတိလေးကို မင်းတခေတ်ကြည့်ပြီး ပြုံးကာ

“ရပါတယ် မင်းဘာမှမစားဘူးလား”

“အွန်း မှာမယ် ဗိုက်ဆာနေဆာ”

ကလေးလေးတွေဆိုတာ အစားနဲ့ချော့ရင် ချက်ချင်းပျော့ပြီး မျက်နှာလေးပါ လင်းတက်လာတာ မင်းတခေတ်သိတာပေါ့

စစ်ကိုင်းအစားအသောက် အစမ်းလေးတွေကို တစ်ခုမကျန် မှာနေတဲ့ သမီးလေးကို

“မှာတာတွေများလိုက်တာ သမီးရယ် ကုန်ပါ့မလား”

“ဟီး” ကုန်ပါတယ် ပြီးတော့ ရောက်တုန်း စားကြည့် ချင်တယ်”

မင်းတစ်ခေတ် ကော်ဖီလေးသောက်ရင်း အစားအသောက် အကြောင်းပြောရင် အပြုံးလေးနဲ့ ပြောနေတဲ့ သူမလေးကို ကြည့်မဝဖြစ်နေပြီး

“သမီး ဘုန်း”က ဖေဖေတို့ကို ခေါ်နေတယ် မှာထားတာတွေ ပါဆယ်ထုတ်လိုက်မလား”

“ဖေဖေကလည်း အဲ့မှာက ဧည်သည်တွေက ရှိဦးမှာ သမီး ဒီမှာ ဘဲ စားချင်တာ”

“မရဘူး သမီးလေး ပါဆယ်ဘဲ ယူတော့ ဖေဖေ တို့အချိန်မရှိဘူးလေ”

မျက်နှာလေး စပျက်နေပြီ ဖြစ်တာကို မင်းတခေတ်သိတာပေါ့

“အန်ကယ်ရပါတယ် သူဒီမှာ စားပါ့စေ

ကျွန်တော်ပြန်လိုက်ပို့ ပေးမယ်”

“တကယ်နော် ဦး”

လိုချင်တာဖြစ်ချင်တာဖြစ်ရင် ခနက ဦးလေးကြီးတာလည်း မေ့သွားတဲ့ ပီတိလေးရယ်ပါ

“မလုပ်ပါနဲ့ ဥက္ကဌရယ် ခုလို တူတူ ထိုငိပေးတာတောင် ဥက္ကဌအချိန်ကို ယူမိနေပြီ သား ညီမလေးကို စောင့်လိုက် ဖေဖေ တို့ပြီးရင်ပြန်လာခေါ်မယ်”

“သားက ခိုင်ဇင် ကို ၁၀နာရီ သွားကြိုရမှာ ဖေဖေ စာချုပ်က်စ္စလည်းရှိသေးတယ်”

မိဘတွေရယ် ချစ်သူရယ်နဲ့အလုပ်ကိုသာ ဦးစားပေးပြီး အရင်လို မချစ်တော့ဘဲ အမြဲပြစ်ထားတက်တဲ့ အစ်ကို ဖြစ်သူကို စကားကောင်း” မပြောဘဲ ရှောင်နေတာကို မမှတ်ဘဲ အခုလည်း ပြစ်ထားခဲ့မယ် အစ်ကို ဖြစ်သူကို ဘူကြည့် ကြည့်နေပြီး…….

“ရတယ် ဘယ်သူမှ မစောင့်ပေးနဲ့တော့ ဦး လိုက်ပို့လိမ့်မယ်”

ဥက္ကဌကို အားနာနေပေမယ့် တဇွတ်ထိုး လုပ်နေတဲ့သမီးလေးကို

“သမီး…..”

“ရတယ် ကျွန်တော် ပြန်ပို့ပေးပါ့မယ်”

လိုတာမရရင် ကောက်တော့မယ့် သမီးလေးအကြောင်း သိတာမို့ အား”နာနာနဲ့ဘဲ

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဥက္ကဌ သမီးလေး ဆိုးရင် ဖုန်းဆက်တိုင်ပါ ချက်ချင်း လာခဲ့ပါ့မယ်”

မိခင်ဖြစ်သူတို့ ဥက္ကဌ လက်ထဲ သေချာအပ်ခဲ့ပြီး ပြန်လာလိုက်ကြသည်။

မုန့်တွေမစုံသေးလို့ စောင့်နေတဲ့ ပီတိလေးကို

“ဟိုနေ့က ကိုယ်တို့တွေ့တဲ့အကြောင်းလေး စပ်ပြောကြမလား”

ပထမအခန်းဖြစ်ပြီး နောက်အခန်း - အပိုင်း(၂) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ