Bububai ဝတ္ထု ဘီလီယံနာသူဌေးလေးရဲ့အသဲSeason (2) အခန်းစာရင်း

အပိုင်း(၂၅)

ဘီလီယံနာသူဌေးလေးရဲ့အသဲ

အခုမှ ဆိုင်ထဲကို ပြေးဝင်လာတဲ့ ဇွဲမဟာသွေး ကျောက်ကြည့်နေတုန်းမို့ စျေးဖြတ်ပြီး တန်းလာခဲ့ပေမယ့်….

ဆိုင်ထဲ ရောက်ရောက်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းက ရင်ကို စောင့်ကန်လိုက်သလို…..

“ဟာ…တောက်!!!ကလေး”

“အဟင့်”

စိတ်ဓာတ်မောကျောလွန်းတဲ့ ခရာဖြူလေးက သူ့ကို မြင်တော့မှ ကလေးတစ်ယောက်လို အသံလေးထွက်ငိုလာတာမို့

သူ့ရဲ့အသဲအသက်လေးရဲ့ မျက်နှာလေးကို ရွှန်းက ရေခဲကပ်ပေးနေပေမယ့် ဘယ်လောက် အားပြင်းပြင်းနဲ့ရိုက်ထားလဲဆိုတာတော့ သူခံမှန်းမိတာပေါ့

“တောက်!!!!”

သူမလေးရဲ့မျက်နှာကို ကြည့်ပြီး သူ့ရင်ထဲ တစ်ဆစ်ဆစ်

“ခွပ်!!!!ခွပ်!!!!ခွပ်!!!”

ဒေါသထိန်းချုပ်မရတော့တဲ့ ဇွဲကတော့ ဦးထွန်းတောက်ကို ပထမတစ်ချက်ထိုးလိုက်တာနဲ့တင် လဲကျသွားတဲ့ သူ့အပေါ်ကို တပ်ခွပြီး တားမရအောင် ထိုးနေတာမို့

“ဇွဲ တော်တော့”

မဟာ ဝင်တားပေမယ့်လည်း ဇွဲရဲ့ဒေါသကို တားနိုင်တဲ့သူ မရှိ

“ဖယ် ကိုကြီး ဖယ်နော်”

“ခွပ် ခွပ် ခွပ်”

“တော်ပါတော့ တော်ပါတော့ ငုဝါအဖေကို အဲ့လ်ုမထိုးပါနဲ့ တော်ပါတော့”

“ကိုကို ဟင့် ဟင့် ကိုကို”

အနောက်က ငိုသံလေးနဲ့တူတူ သူကို ခေါ်နေတဲ့ သူမရဲ့အသံလေးကြားမှ ထိုးနေတဲ့လက်သီးလေးက လေပေါ်တင်ရပ်သွားပြီး

“သဲလေး သဲလေး ဘာဖြစ်လဲ ကိုကို့ ကိုပြော နာနေလို့လား ကလေးရယ် ဟင်”

“ဟင့်အင် ဟင့် ဟင့် ဟီးးအီးး”

ရင်ခွင်ထဲ အတင်းတိုးဝှေ့ပြီး ငိုနေတဲ့ ကောင်မလေးကို တင်းကြပ်စွာဖက်ထားရင်း

“ဒီကိစ္စ ဒီမှာတင် မပြီးဘူးနော် ကိုကြီး ကျွန်တော် မကျေနပ်ဘူးနော် ကျွန်တော် ကလေးကို လာထိတာ”

“ရဲရင့်မနက်ဖြန်ကစပြီး သူတို့ ကုမ္မဏီကို ငါမမြင်ချင်ဘူး”

“ဟုတ်ကဲ့ ဥက္ကဌ”

ထိုစကားကို ကြားတာနဲ့ မဟာနဲ့ဇွဲရှေ့ ဒူးထောက်ထိုင်ချပြီး

“အဲ့လိုမလုပ်ပါနဲ့ ကျုပ်ကို ထပ်ထိုးလည်း ရပါတယ်ဗျာ အဲ့လ်ုမလုပ်ပါနဲ့ဗျာ အဲ့လ်ုမလုပ်ပါနဲ့ဗျာ

ကျုက်သမီးမလိမ္မာလို့ပါ ထပ်ဆုံးမပါမယ် ဗျာ”

“ဇွဲငါတို့ သံယောဇဉ်ကို ထောက်ပြီး အဲ့လိုတော့မလုပ်ပါနဲ့ဟာ”

“ချက်ချင်းဆွဲခေါ်သွားကြ တစ်ယောက်မှ မမြင်ချင်ဘူး”

ဇွဲရဲ့ အမိန့်သံနဲ့တူတူ ဆိုင်ထဲကနေ ဆွဲထုတ်ခံလိုက်ရသည်။

“ကလေးလာ အခန်းထဲ သွားမယ်”

ဇွဲ ခရာလက်လေးကို ဆွဲပြီး သူရဲ့ ရုံးခန်းထဲကို ခေါ်သွားသည်။

“ဦးပြန်တော့”

“ဟောဗျာ ကလေးက ဘာလို့ စိတ်ကောက်နေရတာတုန်း”

သူ့ဇနီးလေးမျက်နှာ သူကြည့်တာနဲ့သိတာပေါ့ အလိုမကျနေတဲ့ မျက်နှာလေး….

“ဦးကို ဇွဲလို ဖြေရှင်းခိုင်းတဲ့ကိစ္စကို ဦးက တရားဟောနေတာလေ”

“ဟော တရားမဟောရပါဘူး စပြောနေတာဘဲလေ”

“ဦးက အသက်ကြီးနေပြီ”

“ကျွန်တော်မျိုး အသက်ကြီးပေမယ့် မပျက်စီးသေးမှန်း ကလေးအသိဘဲနော်”

“တော်နော် ပေါက်ကရတွေ လာမပြောနဲ့ ပြန်တော့ ညနေမှ ရှင်းမယ် အခု ဆိုင်က ဟာလေးတွေနဲ့ရှင်းရဦးမယ်”

သူကို စိတ်ကောက်နေတဲ့ ဇနီးချောလေးကို ချော့ချင်သေးပေမယ့် ဇနီးလေးအမိန့်ကို အလွန်ဆန်ရဲသလို သမီးဖြစ်သူကိုလည်း သူ့အဘွားတွေဆီက ခေါ်ရဦးမှာမို့ ပြန်ခဲ့လိုက်တော့သည်။

“ဧည်သည်ရှင်းတဲ့အချိန် အကုန်လုံး လူစုထားကြ ရှင်းစရာရှိတယ်”

တစ်ခါမှ သူတို့အပေါ် လေသံတောင်မမာတဲ့ မမကတင်းမာနေတာမို့ မမရွှန်းကို ကြောက်နေရသလို MDနဲ့ခရာကလည်း သူတို့ရှေ့မှာ ကိုကိုနဲ့သဲလေး ဆိုပြီး ချစ်သူတွေလားဆိုကာ အံ့ဩနေရပြန်သည်။

“ဟုတ်ကဲ့ မမ”

“သဲလေး ကိုကို့ ကို ပြပါဦး”

ဇွဲရဲ့ပေါင်ပေါ်လေးမှာ ဘေးတစောင်းလေးထိုင်ပြီး တအီအီနဲ့ ဂျီကျနေတဲ့ကောင်မလေးက မျက်နှာကို လက်ဝါးနဲ့အုပ်ထားတာမို့ ချော့မော့နေရကာ

“ပြပါဦးဆို ကိုကို့ ကိုပြ သဲလေး လိမ္မာတယ်”

ချော့မော့ပြီး လက်ကလေးကို ဖယ်တော့မှ ယောင်နေတဲ့ ပါးလေး

“ကျစ် သဲလေးရယ် ကိုကိုတောင်းပန်ပါတယ်ကွာ ကိုကိုမကောင်းလို့ သဲလေးခုလိုဖြစ်ရတာ”

“ကိုကို့ကြောင့်မဟုတ်ပါဘူး သူတို့ကမကျေနပ်က ခရာကိုလေ ကိုကို့ ကို မကျေနပ်လို့ ခရာ့ကို ထိလာတာမှမဟုတ်တာ”

“ဒါပေမယ့်”

“ခရာတကယ် ဘာမှမဖြစ်ပါဘူး ကိုကိုရဲ့နော်”

သူ့လည်ပင်းလေးကို သိုင်းဖက်လာတဲ့ သဲလေးကို အလိုက်သင့်လည်း ပြန်ဖက်လိုက်ပြီး

“ကိုကို့ သဲလေးကို အရင်ကထက် အများကြီး ဂရုစိုက်ရတော့မယ် ကိုကို ကိုကြီးနဲ့တိုင်ပင်ပြီးရင် သဲလေးမိဘတွေဆီ သဲလေးကို တောင်းရမ်းမယ်”

“ဟာကိုကိုနော် ဘာဆိုင်လဲ”

“ဆိုင်တယ်လေ ဒါမှ အနီးကပ် စောင့်ရှောက်လို့ ရမှာပေါ့ ကလေးရယ်”

“မဆိုင်တာနော်”

“မဆိုင်လည်း မရတော့ဘူး ကိုကို သဲလေးနဲ့ မခွဲနိုင်ဘူးကွာ ကလေးရယ် နော် နော်”

“မသိဘူး”

« ရှေ့အခန်း - အပိုင်း(၂၄) နောက်အခန်း - အပိုင်း(၂၆) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ