ဘီလီယံနာသူဌေးလေးရဲ့ အသဲ
“ကိုယ်မေးနေတယ်လေ ချစ်လာဖြေဦး”
“မသိဘူး လွှတ်နော် လူတွေ ဝင်လာလိမ့်မယ်”
“ဝင်ပေါ့ ကြေညာစရာမလိုဘဲ မင်းက ကိုယ့်အပိုင်လေးဆိုတာ သိလေ ကောင်းလေဘဲ”
“ဖယ်ပါဆိုကွာ”
“ဖယ်စေချင်ရင် ချစ်တယ်ပြော”
“မချစ်ဘူး ဖယ်တော့”
ဇွဲရင်ဘတ်လေးတွေကို သူမရဲ့လက်သေးသေးလေးတွေနဲ့ထုရင်း ရုန်းကန်နေပေမယ့် နာရမယ့်အစား ကျေနပ်နေတဲ့ သူကြီးကတော့
“ရမလား ချစ်တယ်မပြောမှ လွှတ်မှာပါဆို ဘာလဲ ညနေထိ ဒီတိုင်းလေးဘဲ နေချင်လို့လား ကလေးက ဟင် ရတယ်နော် ကိုယ်က အဆင်ပြေတယ်”
ဆိုကာ တင်းကြပ်စွာ ဖက်ထားတဲ့ ဇွဲကြောင့်
“ချစ်တယ် ချစ်တယ် လွှတ်တော့”
“အဟက် ဒီလိုမှပေါ့”
“အွန့်”
ခရာခေါင်းလေးကို ဇွဲလက်လေးနဲ့သေချာထိန်းပြီး နှုတ်ခမ်းသားလေးတွေကို အငမ်းမရ စားသောက်နေတာကြောင့်
“ဖယ်တော့ ပြောတော့ လွှတ်မယ်ဆိုပြီး ထပ်လည်း နမ်းသေးတယ်”
“ချစ်တာကို ကို့အသဲလေး နှုတ်ခမ်းက ချိုရဲနေတာဘဲ”
“ဖယ်ပါ အရှက်ကို မရှိဘူး”
ဇွဲရင်ဘတ်လေးကို တွန်းပြီး အပြင်ပြေးထွက်သွားတဲ့ကောင်မလေးကို ကြည့်ပြီး ရင်ခုန်သံတွေဆူညံ့ပြီး အပျော်ကြီး ပျော်နေတဲ့ ဇွဲ
“ဘာဖြစ်လာတာလဲ ခရာ”
“ဟင်”
အခန်းထဲက ထွက်လာပြီး လူတစ်ကိုယ်လုံးလည်း ပူထူနေသလို ရှက်လည်း ရှက် ပျော်လည်းပျော်နေတာကြောင့် ရီရမလို ငိုရမလို ဖြစ်နေတုန်း ရုတ်တရပ် ရောက်လာတဲ့ ဂျာကြီးကြောင့်
“ဘာမှ မဖြစ်ပါဘူး ဒီတိုင်းဘဲ ဟီး ဆိုင်ထဲ သွားလိုက်ဦးမယ်”
မချိုမချဉ်ရှက်သွေးဖြာနေတဲ့ မျက်နှာလေးနဲ့ ဂျာကြီးကို ပြောသွားတာကြောင့်
“ဒီကောင်မလေး ဘာဖစ်နေလည်း မသိဘူး”
~~~~~~~~~~
“အသဲလေး ဒီနေ့ ဘာစားချင်လဲ”
“ကွေ့တီယို စားချင်တယ် ကိုကို”
“စားရစေမယ်ဗျာ”
ဘာလိုလိုနဲ့ ခရာနဲ့ကိုကို ချစ်သူဖြစ်တာ သုံးလကျော်ပြီ ဦးမဟာနဲ့မမရွှန်းတို့ကို ပြောမပြဘဲ ဖုံးထားပေမယ့် ကိုက်ိုက ပြောရမယ်ဆိုတာနဲ့ ရည်းစားဖြစ်ထဲက ပြောပြလိုက်ရသည်။
ကိုကိုက ခရာကို ဘယ်တော့မှ ဝိတ်မချခိုင်းသလို ညနေ အလုပ်ပြန်ရင်လည်း စားချင်သမျှ အကုန် ပတ်ဝယ်စားပြီးမှ ပြန်ကြတာ အကျင့်လိုဖြစ်နေပြီ….
“ကိုကို ခရာ ဝိတ်ချရမလဲ”
“ကိုယ်ပြောပြမယ် သဲလေး အခု ကလေးစိတ်ထဲ ဝိတ်ချချင်လားချ ကိုယ်မပြောဘူး သူများကြောင့်တို့ ကိုကိုက မချစ်မှာစိုးလို့ ဆိုတဲ့ လိုအက်ချက်တွေကြောင့် ဘယ်တော့မှ ချဖို့စိတ်မကူးနဲ့ ကိုကိုပြောတာ သဘောပေါက်လား”
“ဟုတ်ကဲ့ပါ ကိုကိုရဲ့”
ကိုကိုက အဲ့လိုလည်း ချစ်တက်ပါသေးတယ်နော် ခရာမျက်နှာ တစ်စက်လေးမှ အပျက်မခံသလို သူများလေသံမာမာနဲ့ပြောတာတောင် မကြိုက်တဲ့သူမျိုး
“ကွေတီယိုက စပ်ဦးမှာ ဖျော်ရည် ဝင်ဝယ်ကြမလား”
“ကောင်းသားဘဲ ဟီး”
“ကိုယ် အသဲလေးပျော်နေရင် စိတ်ချမ်းသာနေရောဘဲ”
ဒီကောင်မလေးရဲ့အပြုံး အမူအရာ စကားသံလေးတွေက ရိုးအီမသွားဘဲ တစ်ရစ်ချင်းပတ်နေတဲ့ နွယ်လေးလိုဘဲ ရုန်းထွက်လို့တောင် မရတဲ့အထိ
“ကိုယ် မှာခဲ့တယ် ခနထိုင်ခဲ့ဦး ကိုယ် အိမ်သာသွားဦးမယ်”
“အွန်း ဖုန်းတွေပေးခဲ့”
ကိုကိုရဲ့ဖုန်းတွေ ပိုက်ဆံအိတ်တွေ ကားသော့တွေကိုင်ပြီး ခုံလေးမှာ ထိုင်ပြီး စောင့်နေတဲ့အချိန်မှ
“တစ်ယောက်ထဲလား”
ကိုကိုကိုယ် ချစ်လှပါချည်ရဲ့ဆိုတဲ့ ရည်းစားဟောင်းကြီး ငုဝါ အဖက်မလုပ်ချင်ပေမယ့်လည်း လာပြောနေတာကြောင့်
“ကောင်လေးပါတယ် အော် မဟုတ်ဘူး ချစ်သူ အနာဂတ် သတို့သားလောင်းလေး ပါလာတယ်”
“နင်တို့လို လူမျိုးတွေလည်း ကြိုက်မယ့်သူရှိသေးသားဘဲ”
ခရာကို ခေါင်းအစ ခြေအဆုံးကြည့်ပြီး နှာခေါင်းရှုံ့ကာ ပြောလာတဲ့စကား..
ဒီမိန်းမက စိတ်မတိုဘဲ နေလို့ကို မရဘူး အမြဲတမ်း စိတ်ကို လိုက်ကိုဆွနေတာ
“အမ ဖျော်ရည်နှစ်ခွက် ရပါပြီ ၂၂၀၀၀ကျပါတယ်”
အချိန်ကိုက်ဆိုသလို ဖျော်ရည်မှာထားတာလည်း ရလာတာကြောင့် ကိုကို ပိုက်ဆံအိတ်လေးဖွင့်ပြီး
တစ်သောင်းတန်နှစ်ရွတ်နဲ့ ငါးထောင်တန်တစ်ရွတ်ထုတ်ပေးနေတဲ့ချိန်
“ဟင် အဲ့တာ ပိုက်ဆံအိတ်ထဲက ပုံက ဇွဲမလား”
“ဟုတ်တယ်လေ ဘာလို့လဲ”
သိချင်နေတဲ့သူကို ပိုက်ဆံအိတ်ရဲ့အကြည်ကဒ်လေးထဲ ခရာနဲ့ဇွဲတူတူရိုက်ထားတဲ့ပုံလေး က်ို သေချာပြလိုက်တော့
“နင်လို အဆင့်အတန်းနဲ့များ”
“လာပြန်ပြီ အဆင့်အတန်း ရှင်မှာလည်း အဆင့်အတန်းရှိရင် ရအောင် အမိဖမ်းပေါ့ ရှင့်က အဆင့်ရှိပေမယ့် အစွမ်းအစမရှိဘူး ထင်ပါရဲ့”
“နင်ဘာစကားပြောတာလဲ”
“လူစကားဘဲလေ နားမလည်ဘူးလား”
အခန်းမှတ်ချက်များ (0)