ဘီလီယံတာ သူဌေးလေးရဲ့အသဲ
အရှေ့ကိုထွက်မလာလို့လည်း မရဘူး မေမေက ဆူဦးမယ် စိတ်လေးအားတင်းပြီး ထွက်လာတော့
“အဟက် မျက်နှာ သစ်ပြီးပြီလား”
ဘယ်မိန်းကလေးကိုမှ မစဖူးတဲ့ ဇွဲကတော့ သူမလေးကိုမှ အရမ်းစချင်နေတာကြောင့် ခရာကူနေတဲ့ နားလေးသွားပြီး စလိုက်တော့
“သစ်ပြီးပြီ”
“သွားရောတိုက်ရဲ့လား”
“မတိုက်ဘဲနေမလား”
“အော် တော်သေးတာပေါ့ ဘေးကလူတွေအတွက် စိုးရိမ်နေတာ”
“ဟာ အစ်ကိုနော်”
ဇွဲ့ရဲ့ နာမည်သိထားပေမယ့် နာမည်တော့ တက်မခေါ်ချင်တာကြောင့် အစ်ကိုနော်ဘဲပြောလိုက်ပေမယ့် ချိုသာလွန်းတဲ့ ခရာ အသံလေးက ဇွဲ နားထဲ ပဲ့တင်ထပ်နေလေရဲ့
“အဟက်”
ရှက်လွန်းလို့မှ သူ့ကိုရှောင်နေပါတယ်ဆို လူကို အနားလာပြီး စနေတာကြောင့် မနေတက်တော့တာတော့အမှန် စတွေ့ထဲက ခရာနဲ့အကြောမတည့်တဲ့သူက အခုမျက်နှာပေါ်မှာ အပြုံးတွေက ရပ်တောင်မသွားဘူး အဲ့တာကလည်း ခရာကို သူစချင်တိုင်း စနေရလို့ ကျေနပ်နေတဲ့ အပြုံးတွေလေ
~~~~~~~~
ကူလုပ်ပေးတာလေးတွေ ပြီးတာနဲ့ ၄နာရီလည်း ထိုးပြီမို့ အိမ်ပေါ်ကို အကျီတက်လဲပြီး
ကချင်ပိတောက်ခြောက်ရောင်ဝမ်းဆက် လေးနဲ့ ဆံပင်လေးကို စုစည်းထုံးထားပြီး ဆံပင်စလေးအနည်းငယ်က မျက်နှာနဲ့လည်ဂုတ်သားလေးတွေ မှာ ကပ်ိုကယို ကျနေကာ ဆံပင်အစုလေးရဲ့ဘေးမှာလည်း တရုတ်မီးပုံးဆံထိုးလေးက ထိုးထားလိုက်သည်။
ကိုယ်လုံးပေါ်မှန်လေးကိုကြည့်ပြီး ချစ်စရာကောင်းအောင် ပြုံးမိလိုက်ကာ စိတ်ကျေနပ်သွားပြီမို့
“အောက်ဆင်းတော့မလို့လား”
“ဟုတ် ပြီးပြီမေမေ”
ခရာမျက်နှာမှာ မိတ်ကပ်တွေ ဘာတွေ မလိမ်းတက်တာကြောင့် မျက်နှာက ပြောင်ရှင်းနေတာမို့
“ပြီးပြီသာပြောနေတာ မျက်နှာပြောင်ကြီးနဲ့ သွားအခု သနပ်ခါးလေးသွေးလိမ်းခဲ့”
“တော်ပါပြီ မေမေရဲ့”
“ဘာကိုတော်တာလဲ အပျင်းကြီးမနေနဲ့နော် ငါရိုက်လိုက်ဦးမယ် အခု ငါနောက်လိုက်ခဲ့”
မေမေကလည်း သူဖြစ်ချင်တာဆို ဇွတ်ဘဲ မလိမ်းချင်ပါဘူးဆိုမှ
“အဲ့ဒီမှာ ရပ်နေ”
မလိမ်းချင်တာကြောင့် နှုတ်ခမ်းလေးဆူပုပ်ပြီး ရပ်နေပေမယ့် မေမေကတော့ သနပ်ခါးတွေ သွေးနေပြီ
“လာခဲ့ လိမ်းပေးမယ်”
“ဟာ တော်ပြီ တော်ပြီ သမီးဘာသာ လိမ်းမယ် ခနဘဲ ခနဘဲ”
မေမေသာ လိမ်းပေးရင် ငယ်ငယ်ကလို ပဲကြီးအိုးထဲ မျက်နှာကျထားသလို ဖြစ်မှာ သိနေတာကြောင့် ကိုယ့်ဘာသာဘဲ ဝင်လိမ်းနေပြီး
“အဲ့ဒီ ကိုယ့်ဘာသာလိမ်းမယ်ဆိုတာကို ငါသိနေတယ်နော် မျက်နှာတင် မပြီးနဲ့လည်ပင်းရော လက်ရောလိမ်း”
မျက်နှာလေးကို သနပ်ခါးလေးပွတ်လိမ်းပြီး ပါးနှစ်ဖက်မှာ ပါးကွက်ကြားလေးလိမ်းပြီးတာနဲ့ ပြီးပြီဆိုတဲ့ မျက်နှာဘေး လုပ်နေတဲ့ ခရာကို မေမေက စပြောပြီ
“လည်ပင်းက အကျီတွေပေလိမ့်မယ် လက်က လိုးရှင်းလိမ်းထားတာမေမေရဲ့”
“လိုရှင်းတွေ ဘာတွေ မပြောနဲ့ လာခဲ့”
အကျီ လည်ပင်းလေးက အဝိုင်းလေးပုံလေးကို မေမေက ခရာ့ကိုဆွဲပြီး လည်ပင်းတွေကိုသနပ်ခါးတွေ အားရပါးရလိမ်းပေရနေတာမို့
“မေမေရပြီလို့ ရပြီ ရပြီ ရပါပြီ မေမေရဲ့”
“အသံမထွက်နဲ့နော် ငါတုတ်သွားယူရမှာလား”
“ဟင့် ရနေပါပြီဆို”
ခရာမှာ အကျီ မပေအောင် အကျီလေး ကိုသေချာလေး ကိုင်ပြီး အတင်းရုန်းကန်ပြီး နေရတာ မေမေတို့ကလေ သူ့မြေးနဲ့များလူမှားနေသလားတောင်ထင်
ရအောင် လူကို လက်တွေပါ သနပ်ခါးတွေလိမ်းပေးနေတာ အကျီလေးက လက်ပြတ်လေးမို့ သနပ်ခါးတွေက ထူပိန်းနေပြီ
“အဲ့လိုလိမ်းနောက်ခါ မျက်နှာလေးတွေ လက်လေးတွေ တစ်ကိုယ်လုံးက ဖွေးနေတာ အဲ့လိုမလိမ်းရင် ကြာရင် မဲပြာသွားမယ် လူကဖြင့်ကြီးနေပြီ သနပ်ခါးလေး လိမ်းဖို့ကို သူ့က်ို ငရဲတွင်းပို့နေတဲ့အတိုင်းဘဲ”
လိမ်းလည်း လိမ်းရသေးတယ် မပြီးနိုင်အောင်ဆူနေတဲ့ မေမေကြောင့် ခရာ အောက်ထပ်ဘဲ ဆင်းလာလိုက်တော့သည်။
“ဝါးးချောလိုက်တာ”
စိတ်ထဲမှာပြောလိုက်ပေမယ့် အပြင်မှာတော့ အသံသေးသေးလေးတောင် ထွက်သွားသလိုပင်
တီရှပ်အကျီ အသားရောင်လေးနဲ့ ယောပုဆိုးလေးကို သာမာန်လိုဘဲ ဝတ်ထားပေမယ့် ခါတိုင်းနဲ့မတူဘဲ သန့်ပြန့်ပြီး ချောလွန်းနေတာတော့ ခရာ မျက်လုံးထဲမှာ အတိုင်းသား မြင်နေရသည်။
“ခရာလေး လာလေ”
“အင်း လှပြီ မမ”
ပြေးဆင်းပြီး အနားကဖြတ်သွားတဲ့ ကောင်မလေးဆီက ရလိုက်တဲ့ ရှင်မတောင် သနပ်ခါးနံလေးက နှာခေါင်းထိပ်မှာ အနံလေးကဆွဲကပ်နေတာ အခုထိ ပျယ်မသွားဘူး
“ဟျောင် မင်းတော့ ဖြုတ်ရတော့မယ်ထင်တယ်နော်”
ခရာလေးကို ကြည့်နေတဲ့ဇွဲကို စလိုက်တဲ့ကျော်ခန့်ကြောင့်
“ငါဟာငါ ပါးစပ်နဲ့ပြောတာလေ ငါ့ညီလေးကို ငါဖြုတ်ချင်လည်းရတယ် အကုန်လုံးက စိတ်ရဲ့စေရာဘဲ”
“ခုမှ ဒီစကားတွေ ပြောနေတာ မဟုတ်မှလွှဲရော”
မသင်္ကာသလိုလေးကြည့်ပြီး မေးတာကတော့ သီဟ
“မသိဘူးကွာ လုပ်စရာရှိတာ လုပ်ကြတော့”
အခန်းမှတ်ချက်များ (0)