Bububai ဝတ္ထု ဘီလီယံနာသူဌေးလေးရဲ့အသဲSeason (2) အခန်းစာရင်း

အပိုင်း(၃)

ဘီလီယံတာသူဌေးလေးရဲ့အသဲ

လူကြီးတွေ စကားပြောနေတဲ့အချိန် ခရာ ရွာဦးကျောင်းဝန်းကျင်ကို ပုံလေးတွေ ရိုက်ချင်တာကြောင့် မေမေနဲ့ဖေဖေဆီ ခွင့်တောင်းပြီး ထွက်လာခဲ့သည်။

“ခနလေး မင်းအားလား”

လှေကားအဆင်းမှာ အနောက်က လိုက်လာကာ ခရာကြည့်မရတဲ့ သူကြီးကြောင့်

“အားနေတယ်ထင်လို့လား”

“ဟာ စကားအကောင်းပြောနေတာကို ပြန်ခံပြောနေတာလား”

“ပြော ဘာပြောမှာလဲ”

“မင်းအတွက် camera က နေ့လည်ပိုင်းလောက် လာပို့ပေးမယ် မင်းအိမ်မှာ ရှိမှာလား”

အမြင်ကပ်လွန်းလို့ ပြောလိုက်ပေမယ့် တကယ်ဝယ်လာတာကြောင့် အားနာမိတာတော့အမှန်

“အော် အဲ့တာက ခရာ့ camera က ပျက်တာမဟုတ်ဘူး ပုံရိုက်ရင် ဝါးဆာလောက်ဘဲ ရန်ကုန်ရောက်လို့ မှန်လေး တစ်ချက် စစ်ကြည့်ရင် ရမှာပါ”

ခါတိုင်းနဲ့မတူ လေပြေအေးအေးလေးနဲ့ ပြောနေတာကို ဇွဲ မျက်တောင်ခက်ဖို့တောင် သတိမေ့နေတဲ့အထိ

“ဝယ်ပေးပြီးပြီလေ ယူလိုက်ပါ ပစ္စည်းက ရောက်တော့မှာ”

“အဲ့ဒါဆိုလည်း မငြင်းတော့ပါဘူးနော်”

“ထင်ပါတယ် မင်းလက်ခံဖို့ကို စကားပလ္လင်ခံနေတယ်ဆိုတာ”

“ဘာ….ရှင်!!!”

ခရာ မှာ ပြန်ပြောချိန်တောင် မရလိုက် ကျောင်းပေါ်ကို ပြန်တက်သွားတဲ့လူကို တကယ်ကြည့်မရတော့ဘူး

~~~~~~~~

နေ့လည်ခင်း ခရာ့ ကင်မရာလေးကို ကိုကျော်ခန့်က လာပေးသွားတာ ဟိုလူကတော့ ပါမလာဘူး မပါတာဘဲ ကောင်းပါတယ် အဲ့ဒီလူနဲ့ မျက်နှာချင်းကို မဆိုင်ချင်ဘူး….

“ခရာလေး ခရာရေ”

အိမ်ထဲမှာ ကင်မရာလေးကို ဖောက်ကြည့်နေတုန်း ဂျမ်းပုံတို့ ရောက်လာတာမ်ု့ အိမ်ရှေ့ အမြန်ထွက်လိုက်ပြီး

“ဟာ လူတွေ အများကြီးပါလား”

ဂျမ်းပုံနဲ့မိအေးအပြင် သူတ်ို့နဲ့သက်တူရွယ်တူလောက်ရှိမယ့် ကောင်မလေး ဆယ်ယောက်လောက်ပါလာတာမို့

“အွန်းလေ ခရာဘဲ မြို့က စပ်တဲ့ဟာ စလုံးနဲ့လေ အဲ့တာ လုပ်ကျွေးမယ်ဆိုလို့ ရွာရဲ့ အပျိုလေးတွေ ခေါ်လာတာ”

“အော် စပိုက်စီ စပိုက်စီ အင်းလေ လူများတော့ ပွဲစီတာပေါ့ ခြံထဲဘဲ လုပ်စားကြတာပေါ့”

“အင်း ခရာလေး ဂျမ်းပုံတို့ ဘာလုပ်ပေးရမလဲ”

“လိုက်ခဲ့ကြ”

စပိုက်စီထုပ်နည်းနည်းဘဲ ရှိတာကို ကိုကြီးလာတုန်းက ဂျမ်းပုံတို့အတွက် လက်ဆောင်ပေးဖို့ ၆တွဲမှာထားတာ အခုတော့ အဲ့ဒီထဲကစားကြရတော့မယ်

အိမ်နောက်ကနေ လိုအပ်တဲ့ပစ္စည်းတွေကို အိမ်ရှေ့ခြံထဲကို အတူတူ မရွေ့လိုက်ကြပြီးတာနဲ့ စပိုက်စီ လုပ်စားခြင်းကို စတင်လိုက်ကြသည်။

“ဟာ ဟိုဘက်က ဘာတွေ လုပ်စားနေကြတာတုန်း”

ကျော်ခန့်တို့နဲ့ ခရာတို့က ဘေးချင်းကပ်ရပ်မို့ ရွာတွေရဲ့ ထုံးစံအတိုင်း ခြံစည်းရိုးဆိုတာ အပင်လေးများပင်ဖြစ်တာမို့ တစ်ဖက်နဲ့တစ်ဖက်က အကုန်မြင်ရတွေ့ရ ကြားနေရသည်။

“စပိုက်ပီ လုပ်ကျွေးမလို့လေ ဂျမ်းပုံတို့ကို”

ခရာ့အပြောကို ကိုကျော်ခန့်နောက်က ရပ်နေတဲ့ လူဂွစာကြီးကတော့ မျက်မှောင်ကြီးကျုံပြီး လာကြည့်နေတာ….

ရွာသူလေးတွေကို စပိုက်စီ လုပ်ကျွေးရတယ်လို့ ဒီကောင်မလေးက ရှာရှာပေါက်ပေါက် အကုန်လုပ်နေတာ

“မိုက်လိုက်တာ”

“လာလေ ကို ကျော်ခန့်တို့ရော စားကြမလား”

“စားမယ်လေ”

“စားမယ်လေ”

ခရာအပြောကို ထောက်ခံလိုက်တဲ့ သီဟနဲ့ကျော်ခန့်ကြောင့်

“မင်းတို့ကတော့ သိက္ခာကို မရှိကြဘူး”

“ဟာ ခိုးစားတာမှမဟုတ်တာကွာ လာ မင်းရောလိုက်ခဲ့”

“မလိုက်ချင်ပါဘူး မင်းတို့သာ မြိုကြ”

“မင်းတစ်ယောက်မို့ပြောနေတာ ကိုမဟာနဲ့မရွှန်းတို့က မနေ့ဖြန်အတွက်စီစဉ်နေကြတာ တော်တော်နဲ့ပြန်လာမှာမဟုတ်သေးဘူး လာပါကွာ မစားချင်လဲ ထိုင်နေပေါ့”

“ပြီးရောကွာ”

တစ်ယောက်ထဲ နေရမှာလည်း ပျင်းတာကြောင့် လိုက်လာခဲ့သည်။

“ဒါက စပိုက်စီ ဒါက ပင်ဖိန်း”

“ဟာ ပင်ဖိန်းရောပါတာလား”

“ဟီး တကယ်ကလေ ပင်ဖိန်းက အလှူထဲ ထည့်ဖို့ ဝယ်လာတာ အဲ့ဒီထဲက ၅ထုပ်လောက်ယူပြီး လုပ်ကြည့်တာ”

အဲ့ဒီမိန်းကလေးက လုပ်ချင်တာလုပ်ပြီးရင် အလှဆုံးပြုံးနေတက်တဲ့သူလ်ု့ပြောရမလား ရီနေလိုက်တာများ သူ့အပြုံးလေးက ကြည့်လို့မဝအောင်ထိ

ကျစ် ငါက ဘာကိစ္စ ရင်တွေလာခုန်နေရတာလဲ

တွေးပြီးတာနဲ့ သူမလေးလာချပေးတဲ့ စပ်ိုက်စီကို ကိုင်ပြီး စားမိသွားတော့

“အားးးစပ်လိုက်တာ”

“ပင်ဖိန်းလေး စားကြည့် အစပ်ပြေတယ်”

ပင်ဖိန်း ခွက်လေးကို ပေးလိုက်တဲ့ ခရာနဲ့ ယူပြီးစားနေတဲ့ ဇွဲကိုကြည့်ပြီး မျက်လုံးပြူး ပါးစပ်အဟောင်းသားဖြစ်နေကြတဲ့ သီဟတို့ရယ်ပါ

“ပြောတော့ ငါတိုကို သိက္ခာမရှိဘူးတဲ့ အခု ဇွဲ မင်းက အရှက်ပါမရှိတော့ဘူး”

“စပ်နေတာကို မမြင်ဖူးလား”

“ရလား အစပ်ပြေရဲ့လား”

« ရှေ့အခန်း - အပိုင်း(၂) နောက်အခန်း - အပိုင်း(၄) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ