Bububai ဝတ္ထု ဘီလီယံနာသူဌေးလေးရဲ့အသဲSeason (2) အခန်းစာရင်း

အပိုင်း(၁)

“ရှေ့ဆို ညာကွေ့လိုက် သီဟ”

“အေးအေး”

ဇွဲတို့အဖွဲ့အပြင် မဟာတို့ဇနီးမောင်နှံပါ မုံရွာမြို့အစွန်းအဖျားလေးမှာရှိတဲ့ အိမ်ချေ ၁၀၀တောင်မရှိတဲ့ရွာလေးက နှစ်စဉ် ဘုန်းကြီးဆွမ်းလောင်းပွဲရှိတယ်လို့ ရွာခံဖြစ်တဲ့ ကျော်ခန့်က ပြောတာမို့

အလှူအတန်းလေးမှာ ပါဝင်ဖို့ တူတူလိုက်လာခဲ့ကြသည်။

“ဖြေးဖြေးမောင်းနော် သီဟ ငါတို့မောင်းနေတာ ကွန်ကရစ်လမ်းမဟုတ်ဘူး စပါးခင်းတွေဘေးဆိုတော့ ဗွတ်တွေများတယ်”

“ဖယ် အဲ့တာဆို ငါမောင်းမယ်”

နိုင်ငံခြားမှာရော မြန်မာနိုင်ငံမှာပါ ပြိုင်ကားတွေ ဝယ်ထားပြီး ကားမောင်းကွင်းမှာ အမြဲပတ်စီးနေတဲ့ ဇွဲကတော့ ရွာလမ်းမှာ လက်တည့်စမ်းချင်နေတယ်ထင်ပါရဲ့

“ဟာ ဖြစ်ပါ့မလားကွာ”

“ငါတို့မောင်းလာတာ four wheels လေ ဘာကို စိတ်ပူနေတာလဲ”

ဇွတ်ပြောနေတဲ့ ဇွဲကြောင့် သီဟနဲ့ကျော်ခန့်လည်း ပေးမောင်းလိုက်တော့သည်။

~~~~

“ခရာ နောက်မကျနဲ့နော် မေမေတို့ ရွာဘုန်းကြီးကျောင်းကို သွားရဦးမှာ အဝေးကြီးတွေလျှောက်သွားမနေနဲ့”

ဖခင်ဖြစ်သူဦးစန်းမိုးလည်း သမီးလေးတစ်သတ် မရောက်တာကြာပြီ ဖြစ်တဲ့ သူရဲ့ရွာကို သမီးလေးရောက်ဖူးအောင် အလည်ခေါ်လာမိသည်။

ရွာရောက်ထဲက vlog video ရိုက်ပြီး အလုပ်ရှုပ်နေတဲ့ သမီးလေးကို အပြန်စောဖို့ မှာနေရသည်။

“ဟုတ်ကဲ့ပါ မေမေရဲ့ ဒီမှာ ဂျမ်းပုံနဲ့မိအေးလည်း အဖော်ပါတာဘဲကို”

“အဖော်ပါပေမယ့် သမီနဲ့တစ်နေကုန်လိုက်ပေးဖို့ သူတို့အလုပ်တွေရှိသေးတယ်လေ မနေ့ဖြန် သမီး အစ်ကိုတွေ လာကြမှာ အဲ့ကျမှ ညနေထိသွားကြ ဒီနေ့တော့ ဂျမ်းပုံတို့ကို အကြာကြီးမနေခိုင်းပါနဲ့”

“ရပါတယ်တော် ကျုပ်တို့လည်း အားတယ် အဒေါ်ရဲ့”

“ဟုတ်ပါတယ် ကျုပ်တို့နှစ်ယောက်က အားပါတယ်တော်”

ဂျမ်းပုံနဲ့မိအေးရဲ့ အဖြေကို ကြားလိုက်တာနဲ့ ချစ်စရာကောင်းအောင် ပြုံးပြနေတဲ့ သမီးလေးကြောင့် ဒေါ်ဖြူလွင် မျက်လုံးလေးနဲ့သာကြည့်လိုက်တော့သည်။

သူမလေးအပြုံးကို ကြည့်မိတဲ့ ဂျမ်းပုံနဲ့မိအေးကတော့

“အယ်တော် ခရာလေးက လှလိုက်တာ အသားဖြူပြီး နုအုနေရုံတင်မကဘူး အပြုံးလေးပါ အတော်လှတာကိုး”

“ကျုပ်ဖြင့် ကြည့်တောင်မဝဘူး”

“ဟီးဟီး အပြန်ကျမှ ရွာမှာရှိတဲ့ ဆိုင်တွေကနေ မုန့်အဝလိုက်ကျွေးမယ်နော် အခုသွားကြစို့”

~~~~~~

“တော်သေးတယ်နော် ခရာတို့လာတာ စောလို့ ဒီလယ်ကွင်းပြင်က နေပူလောက်မှာနော် နေ့လည်ဆို”

စိမ်းစိုပြီးလှပနေတဲ့ လယ်ကွင်းပြင်ကြီးကို Sony camera လေးလွယ်ပြီး ပတ်ပတ်လည်ပုံရိုက်နေရင်းနဲ့ကို နံနက်ခင်း အစပျိုးစနေရောင်လေးကြောင့်

ပုံကောင်းပုံလှလေးတွေအပြင် video ကောင်းကောင်းလေးတွေ ရနေပေမယ့် လူကတော့ ချွေးလေးတွေပြန်ကာ မျက်နှာလေးက အပူဒဏ်ကြောင့် နီရဲရဲ ပန်းဆွဲသီးလေးဖြစ်နေပြီ

“ဟုတ်တယ် နေ့လည်ကျ ရွာထဲ အရောက်ပြန်ကြမယ်လေ”

“အင်း”

“ဂျမ်းပုံတို့ ဦးထုပ်လေးတွေ ဆောင်းပြီး ဒီ စပါးခင်းထဲ ခန ရပ်ပေးနော် တစ်ပုံလောက် ရိုက်ချင်လို့”

“အင်း အင်း”

ဂျမ်းပုံတို့ကို နေရမယ့်အနေထားလေးပြပြီး လေကွင်းထဲက တက်လာလာချင်း

“အားးးးး”

“ခရာ ခရာ”

“ဟော်တော် ခရာ”

ဗွတ်အိုင်ကို ဖြတ်ပြီး အရှိန်နဲ့မောင်းတဲ့ကားကြောင့် ဒီနေ့မှ လှလှလေး ဝတ်ထားတဲ့ အဖြူရောက် ဂါဝန်လေးလည်း ရစရာမရှိအောင်ပေကုန်သလို လည်ပင်းမှာ ဆွဲထားတဲ့ camera လေးရော ပေကုန်ပြီ

“အခုချက်ချင်းရပ်စမ်း”

ခရာ အသကုန် ပြေးလိုက်ပြီး ရပ်ခိုင်းတော့မှ ရပ်သွားတဲ့ကားလေး

“ငါပြောသားဘဲကွာ ခနထဲက ငါမောင်းမယ်လို့”

ဗွတ်အိုင်းကို ကွေ့မောင်းလို့ရရဲ့နဲ့ စတန့်ထွိင်ပြီး

အရှိန်နဲ့ပြစ်ချပြီး မောင်းတာ အခုတော့ အနောက်က အသံစွာစွာနဲ့ပြေးလိုက်တာလို့

“ငါလုပ်တာ ငါကြည့်ရှင်းမယ်”

ဇွဲ ကားထဲက ထွက်မယ်အလုပ်

“လူလိုမသိတဲ့ဟာတွေ”

“တောက် လူလေးက လက်တောက်လောက်နဲ့ ငါကိုပြောနေတာ”

ကားထဲက ထွက်ပြီးတာနဲ့ သူအရှေ့မှာ ပေညစ်နေတဲ့ ဂါဝန်လေးကို မပြီး လာနေတဲ့ သူလေးကို ကြည့်ပြီး ပြောလိုက်မိသည်။

“ဒီမယ် ရှင်တို့ ဘယ်လိုမောင်းနေတာလဲ”

“အော် မင်းကို”

“လူစိတ်မရှိတာ ဘယ်သူလဲလို့ ရှင်ဘဲ ဖြစ်နေတာ”

“ဘာကွ”

ဘယ်မိန်းကလေးမှ သူကို ဒီလိုမပြောရဲသလို အပြောလည်း မခံခဲ့ရဖူးပေမယ့် သူမလေးဆီကတော့ ကြားရတာ နှစ်ခါရှိနေပြီမို့

“ငါလူလိုသိလို့ ဆင်းလာတယ်လေ”

“ကျွန်မလိုက်လာလို့ ဆင်းလာတာလေ မလိုက်လာရင် ထွက်ပြေးမယ့်ရုပ်နဲ့”

“မင်း နှုတ်ခမ်းတော်တော်ကောင်းနေတာဘဲ”

“ရှင့်အပူပါလား”

“စိတ်ထိန်းပါ ခရာရယ်”

ဂျမ်းပုံတို့ ဘေးက နေ ဝင်ပြောရင်းမှ

“ဂျမ်းပုံ နင်က ဘယ်လိုလုပ် ဒီရောက်နေတာလဲ သူကရော ဘယ်သူလဲ”

ကျော်ခန့်လည်း သူရဲ့ရွာသူအကုန်သိပေမယ့် ဒီကောင်မလေးက်ုတော့ တစ်ခါမှမမြင်ဖူးတာမို့ မေးမိလိုက်တော့

“ခရာလေးက အစ်ကိုတို့ အိမ်ကပ်ရပ် ဂျီးလှရဲ့မောင် မြို့မှာအခြေချတဲ့ ဦးစန်းမိုးရဲ့သမီးငယ်လေး”

“အော် အစ်ကိုက ရွာပြန်လာရင် ညီမလေး အစ်ကို လည်း အလည်ပြန်တုန်း တစ်ခါတွေဖူးတာ ညီမလေးကို ခုမှမြင်ဖူးတာရယ်”

“ဟုတ်ကဲ့”

“မင်းတို့ဆွေမျိုးစပ်လို့ဒီနေ့ပြီးဦးမှာလား”

“စကားကောင်းတွေ ပြောနေကြတာ ရှင်နားမလည်ဖူးလား”

ခရာရှေ့မှာ ရပ်နေတဲ့ကောင်လေးက အသားဖြူရုံတင်မကဘူး လူကလည်း ပြောရက်စရာမရှိအောင်ကို ချောမောလွန်းတာတော့အမှန် မကောင်းတာက ပါးစပ် တော်တော်လေးကို ကြည့်မရအောင် မကောင်းတဲ့ ပါးစပ်

“မင်း!!”

ဇွဲကို သီဟကဘဲ ထိန်းရင်း“တော်ပါတော့ ဇွဲ ရာ မင်းအစ်ကိုတွေ ခနနေ ရောက်လာရင် ပြသာနာဖြစ်လိမ့်မယ် ဒီက ညီမကို အစ်ကိုတို့က တောင်းပန်ပါတယ် ဘာလုပ်ပေးရမလဲ”

“မလိုပါဘူး ဒါပေမယ့် ခရာ့ ကင်မရာက တော်တော်လေး ဆိုးသွားပြီ”

Camera လေးကို ကိုင်ပြီး ငိုမဲ့မဲ့ မျက်နှာလေးနဲ့ ပြောလာတာကြောင့်

“အော် အစ်ကိုတို့ အသစ်တစ်လုံး ဝယ်ပေးပါ့မယ်”

“ရပါတယ် မပျက်ရင် သုံးလို့ရရင် တော်ပါပြီ”

“လျော်ကြေးတောင်းမှာဘဲကို စကားအလှတွေ သုံးနေတယ် ပထမတစ်ခါလည်း ပေါ်တင်လျော်ကြေးတောင်းတာဘဲ ဒီခါလည်း အဲ့လိုလုပ်ပေါ့”

“ရှင်စိတ်နဲ့နှိုင်းရင် ရိုင်းမှာဘဲ ဒီလောက် တောင်းစေချင်မှတော့ ရတယ်လေ တစ်ခု အသစ်ဝယ်ပေး မနေ့ဖြန် လိုချင်တယ်”

“ဘယ်ရမလဲ ဒါကရွာလေ မြို့ထင်နေလား ချက်ချင်းရရအောင်”

“ရှင် အစွမ်းအစမရှိဘူးပေါ့”

“မင်း ဘာပြောတယ်”

“ကြားတဲ့အတိုင်းဘဲ အစွမ်းအစရှိရင် ရအောင်လုပ်ပေးလေ”

“မင်း စောင့်ကြည့်နေလိုက်”

ဇွဲဘဝမှာ ဘယ်သူမှ ကြောတာ မခံဖူးသလို ဒီလို လက်တောက်လောက်လေးဆီက ကြောတာဆို ပိုတောင် မခံသေးတယ်

ပထမအခန်းဖြစ်ပြီး နောက်အခန်း - အပိုင်း(၂) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ