ဘီလီယံတာ သူဌေးလေးရဲ့ ချစ်သူ
အိပ်ပေါ်က ဆင်းလာရင်း ပထမဆုံးကြည့်မိတာက ဟိုကောင်မလေးဆီ….
ကြည့်ပါဦး သူ့အိမ်ကြနေတာဘဲ စားသောက်နေတာ ပါးစပ်လေးဖောင်းနေအောင်အထိ ဘယ်သူ့ကို မှလည်း ဂရုမစိုက်ဘူး ဟော အဘွားကလည်း ဟိုကောင်မလေးလက်က ဆီပေနေလို့ ထင်ပါရဲ့ ဖျော်ရည်ဘူးတောင် ယူပြီး တိုက်နေလေရဲ့
“အဘွား သူလက်နဲ့သူဘာသူ ကိုင်သောက်လိမ့်မယ်”
“ဆီပေနေလို့ပေါ့ ဦးလေးကြီးကိုလည်း ကိုင်တိုက်ခိုင်းတာမဟုတ်ဘဲနဲ့”
အိမ်ပေါ်ကဆင်းလာထဲက ရွှန်းကိုဘဲ အပြစ်ပြောနေတဲ့ သူကြီးကို နည်းနည်းမှ ကြည့်လို့မရ
“မင်းတိုက်ခိုင်းရင်ရော ငါက ကိုင်တိုက်မယ်ထင်နေလား”
“ကိုင်မတိုက်လို့မရဘူး ဒီဘက်လာထိုင် ငါ့မြေးကို ကိုင်တိုက်လိုက် မြေးလက်က ဆီပေနေလို့”
“ဟာ အဘွားကလည်း သူက ကလေးလား”
“ဟက် နင့်ထက်စာရင် ငါမြေးမလေးက ကလေးဘဲ နင် လာမှာလား မလာဘူးလား”
“မလာဘူး အဘွား”
“ရတယ်လေ အဲ့တာဆို ငါဆေးမသောက်ဘူး”
ဆေးမသောက်ဘူးဆိုတဲ့စကားနဲ့ ကိုင်ပေါက်ခံနေရတာ အကြိမ်ကြိမ်ပင် မင်းမဟာသွေးအတွက် မထူးဆန်းတော့ပေမယ့် ရွှန်းလဲ့ကတော့
“မလုပ်ပါနဲ့ ဘွားရယ် သမီး လက်အိတ် ချွတ်ပြီး ကိုင်သောက်လိုက်ပါ့မယ်နော်”
“လက်အိတ် ချွတ်လိုက် ဝတ်လိုက်နဲ့မြေးရယ် အလုပ်ရှုပ်တာပေါ့ မင်းမဟာသွေး မင်း ဒီဘက်လာမလား မလာဘူးလား”
“ကျစ် လာပြီ လာပြီ “
“ငါ့မြေးကို မဆူနဲ့နော် ငါ ရေသွားချိုးမလို့ ပြန်ဆင်းခဲ့မယ် မြေး ခနစောင့်နေနော် အဘွား ပြန်ဆင်းခဲ့မယ်”
“ဟုတ် ဘွား ရွှန်းက အားပါတယ် ဖြေးဖြေး လုပ်နော်”
ရွှန်း ဦးရဲ့မျက်နှာကို ကြည့်လိုက်တော့လည်း အလိုမကျနေတဲ့ပုံဖြင့် အဘွားကတော့ ပြုံးနေကာ ရွှန်းတို့ကို ထားခဲ့ပြီး အပေါ်ထပ်ကို တက်သွားသည်။
မဟာ ဖျော်ရည်ဗူးလေးကို လက်လေးနဲ့ကိုင်ပြီး တိုက်နေတာကို သူကိုယ်ကြည့်လိုက် ဖျော်ရည်ဖူးကို ကြည့်လိုက်နဲ့ သောက်နေတဲ့ပုံက ကလေးတစ်ယောက်လ်ုပင်
ကျစ် ဒီကောင်မလေးက လုံးဝအကြောက်အလန့်ကို မရှိဘူး အခုလည်း အဘွားမရှိတော့ဘူး ရတယ် ပေး ကိုယ့်ဘာသာ သောက်မယ်မရှိဘူး သူက ကြက်ကင်စားပြီးတဲ့အချိန်ကို ကြည့်ပြီး ဖျော်ရည်က အရန်သင့်လို တိုက်နေရတယ်
“မင်း ကိုင်မသောက်တော့ဘူးလား”
“ဦး ကိုင်တိုက်နေတာဘဲကို”
ကိုယ်ဘာသာ ကိုင်သောက်မယ် ပြောချင်ပေမယ့် နောက်ဆုံးပေါ် Patek Philippeကို Swiss brand ကို နောက်ဆုံးပေါ် Brand ကို ဝတ်ထားပြီး
ဖြူဖွေးတဲ့အသားလေးနဲ့ အလိုက်ဖက်ဆုံး ရှပ်လက်ရှည် အသားရောင်လေးကိုလည်း တံတောင်လောက်ထိ ခေါက်တင်ထားတာ ဒီလောက် ပြီးပြည့်စုံတဲ့လက်လေးနဲ့တိုက်တာ ဘယ်သူကမသောက်ချင်ဘဲ နေမလဲနော်
“မင်းနော် ငါ့အိမ်လာပြီး ဗိုလ်လာမကျနဲ့ မင်းမဟာသွေး ဘဝမှာ သူများခိုင်းတာမပြောနဲ့ မော်တောင် ကြည့်ခံခဲ့ရတာမဟုတ်ဘူး”
“အခု အခိုင်းခံရဖူးသွားပြီးမလား”
“ဘာ!!!!”
“ရှေ့တိုးပေးဦး လက်က ဖျော်ရည်သောက်ချင်လို့”
ဒီလောက်ပြောနေတာတောင် ဖျော်ရည်သောက်ဖို့ မမေ့တဲ့ သူလေးကို မဟာ စိတ်တိုရမလို အူယားရမလိုဖြစ်နေသည်။
“မြေးလေး ဗိုက်ဝပြီလား”
ရွှန်းစားလို့ ကုန်ပြီး တော်တော်လေးကြာမှ အဘွားက ဆင်းလာကာ
ကြည့်ပါဦး အဘွားကချောတယ်ဆိုတာထက် နန်းဆန်လွန်းတာမျိုး လှလွန်းတာမျိုးရွှန်းဘေးက မျက်နှာတည်တည်ကြီးနဲ့ထိုင်နေတဲ့သူကြီးက မျိုးနဲ့ရိုးနဲ့ချောတာထင်ပါရဲ့ အဘွားကို ကြည့်လို့တောင် မဝဘူး
“မြေးလေး အဘွားမေးနေတာ ကြားရဲ့လား ဘာတွေငေးနေတာတုန်း”
“အဘွားကိုလေ အဘွားက လှလိုက်တာ ရွှန်းလေ ကြည့်လို့တောင် မဝဘူး”
ရွှန်းရဲ့အပြောကို သဘောတွေကျလွန်းနေတဲ့ ဒေါ်မဟာကြွယ်
“မြေးလေးက အပြောချိုလိုက်တာတော် ဘာစားချင်သေးလဲ”
အပြိုင်အဆိုင်ပြောပြီး သဘောကျနေတဲ့ အဘွားဖြစ်သူနဲ့ ဟိုကောင်မလေးကို ကြည့်ပြီး အလိုမကျနေတာကတော့ မင်းမဟာသွေးရယ်ပါ
“တော်ပါပြီ ဘွားရဲ့ ရွှန်းပြန်တော့မယ်လေ”
“ပြန်တော့မလို့လား”
“ဟုတ် ညနေလည်း စောင်းနေပြီလေ အဘိုးကို ခနကတော့ ဖုန်းဆက်ထားတယ်”
“ဟုတ်ပီဟုတ်ပီ မနေ့ဖြန်လာလည်နော်”
“မနေ့ဖြန် ရွှန်းက သင်တန်းရှိတယ်အဘွား နေ့လည်၁၁ခွဲ မှ ပြီးမှာ”
“ရတယ်လေ အဘွား လာကြိုပေးမှာပေါ့”
“ဟုတ်ဘွား သမီး လာခဲ့မယ်နော်”
“မြေးလေး ရွှန်းလေးကို အိမ်လိုက်ပို့ပေးလိုက်ဦး”
“ဗျာ”
ဖျော်ရည် ကိုင်တိုက်ခိုင်းရုံတင်မကဘူး အိမ်ပါ လိုက်ပို့ခိုင်းနေတာကြောင့်
“အဘွားကလည်း ဗျာ ကားနဲ့ပို့ခိုင်းရင် ရနေတာကို”
“ရမလား ခေါ်တုန်းက ကလေးကို သေချာခေါ်လာတာလေ ပြန်ပို့ရင်လည်း သေချာပြန်လိုက်ပို့ရမှာပေါ့
ခုချက်ချင်းလိုက်ပို့”
“ဟုတ်ကဲ့ပါ ပို့လိုက်မယ်”
“သွားသွားမြေးလေး ကောင်းကောင်းပြန်နော်”
“ဟုတ် ဘွား”
အခန်းမှတ်ချက်များ (0)