ဘီလီယံတာ သူဌေးလေးရဲ့ချစ်သူလေး
“သမီး ဘိုးဘိုးဆီ လိုက်မနေချင်ဘူး မေမေ”
“ဟက် ဒီကောင်မလေးနဲ့တော့ မလိုက်လို့ ရမလား သင်တန်းတွေ စုံစမ်းပြီးသား အဲ့ဒီမှာဘဲ သွားတက်ရမယ်”
“မတက်ဘူး မတက်ဘူး မတက်ချင်ပါဘူးဆို”
ခြေလေးဆင်းပြီး ကောက်နေတဲ့ သမီးဖြစ်သူလေးကို ဒေါ်ခင်ချိုကြည့်ပြီး မနိုင်ဘူး ဆိုတဲ့အကြည့်ဖြင့်ကြည့်ကာ
“ကန့်လန့် မတက်နဲ့နော် ရွှန်းလဲ့ကြည်လင် မနေ့ဖြန် သွားကို သွားရမယ်”
“ဟွန့်”
မိခင်ဖြစ်သူ ဒေါ်ခင်ချိုက ထွက်သွားပေမယ့် အလိုမကျနေတဲ့ ကလေးလေးကတော့ မျက်ရည်လေးဝဲလို့
ငယ်ငယ်ထဲက ဖခင်မရှိဘဲ single mom အနေနဲ့ ဖြတ်သန်းခဲ့တဲ့ မိခင်ရဲ့ လက်အောက်မှာ ရွှန်းလေးက
တစ်နေ့တစ်ခြား လှပလာတဲ့ ပန်းလေးလိုပင်…….
သမီးဖြစ်သူကို ဘယ်သူမှ single mom သမီးဆိုပြီးလက်ညိုးအထိုးမခံသလို ပြောခဲ့ရင်လည်း ငယ်
ငယ်ထဲက ဘယ်လို ပြန်စွာရမလဲပါ သင်ပေးခဲ့သည်။ဆန်ကုန်သည် အလုပ်ကို အခြေတကျလုပ်ကိုင်တဲ့ မိခင်ဖြစ်သူက ယောကျာ်းတွေနဲ့ ရင်ဘောင်တန်းပြီး လုပ်ကိုင်နေပေမယ့် သမီးဖြစ်သူကိုတော့ လေနဲ့မပြောနဲ့ မျက်လုံးနဲ့တောင် မော်ကြည့်မခံပါ
အခုလည်း ချီးကျရာပျော်တက်တဲ့ သမီးလေးက အဘိုးဖြစ်သူ ရှိတဲ့ နေပြည်တော်ကို ၁၀တန်းပြီးလို့ သင်တန်းအစုံ သွားတက်ခိုင်းပေမယ့် အစပိုင်းတော့ အသကုန် ငြင်းနေသည်။
သူ့အကျင်က အသားမကျသေးရင် ဘာမှမလုပ်ချင်ပေမယ့် ၃ရက်လောက် နေပြီးရင် အဲ့ဒီကနေ မခွါနိုင်အောင် သံယောဇဉ်ကြီးလွန်းတဲ့ ရွှန်းလဲ့ကြည်လင်လေးပါ….
~~~~~~~~~~~~~~~~~~~~~~
“ဥက္ကဌ သခင်မကြီးဆီက ဖုန်းလာနေပါတယ်”
ကျယ်ဝန်းလှတဲ့ အစည်းအဝေးခန်းကြီးထဲ လူအယောက် ၇၀ကျော်လောက်နဲ့ အစည်းအဝေး ခုံကြီးမှာ ထိုင်ရင်း အဘွားဖြစ်သူဆီမှာ ဖုန်းလာတယ်ဆိုလို့
“ကျစ် မင်း မဖြေတက်ဘူးလား”
ဘေးက သူရဲ့အတွင်းရေးမှူးလည်းဖြစ် လုပ်ငန်းတိုင်းရဲ့ အားကိုးရတဲ့ သူကြီးလည်းဖြစ်တဲ့ ရဲရင့်ကို
အလိုမကျတဲ့မျက်နှာဖြင့် မျက်ခုံးနှစ်ခုကို ညွှန့်ကွေးပြီး ပြောလိုက်တော့
“နင်ဟောက်မနေနဲ့ ငါအကုန်ကြားတယ်”
တစ်ဖက်က အဘွားဖြစ်သူက စပီကာဖွင့်ထားတာ မသိဘဲ ပြောလိုက်မိတာ ချက်ချင်းဆိုသလို အော်ခံလိုက်ရပြီး
“အဘွားကလည်း ဗျာ အစည်းမဝေးလုပ်နေလို့ပါ”
“ငါပြောထားမယ် မင်းမဟာသွေး နင့်အလုပ်တွေ နင် ဘယ်ချိန် လုပ်လုပ်ရတယ် ငါ မြစ်ကလေးလိုချင်
တယ် အခုချက်ချင်း မြေးချွေးမရှာ”
အဘွားဖြစ်သူပြောလိုက်တဲ့စကားကြောင့် အစည်းအဝေးအခန်းထဲက လူတွေ ခေါင်းမဖော်ရဲကြပေမယ့် ခေါင်းငုံပြီး ရီနေကြတာတော့ သူသိတာပေါ့
ဒီအဘွားနဲ့တော့ အစည်းအဝေးခန်းထဲ ဒီလိုပြောစရာလား အနှစ်နှစ် အလလ တည်ဆောက်ထားတဲ့ ငါရဲ့
သိက္ခာတွေတော့ ကျတော့မှာဘဲ
“အိမ်မှာ ပြောလို့လည်း ရတာကို”
“ငါပြောချင်တဲ့ချိန်ငါပြောမယ် ဘယ်နဲ့တော် နင်မစွန်တိုင်း ငါ့မှာ သူများတွေက မြစ်တွေနဲ့ ကြွားတာခံနေရယ်တယ်”
ဒေါ်မဟာကြွယ် တစ်ယောက် သူငယ်ချင်းဖြစ်သူတွေနဲ့ စုံကြတုန်း သူငယ်ချင်း အသီးသီးက သူတို့ရဲ့မြစ်ကလေးတွေနဲ့ လက်တွဲလာကြတာမို့ အလိုမကျဘဲ ပြန်လာရကာ ဒေါသကတော့ မင်းမဟာသွေး ဆီပင်
“ဟုတ်ပီ ဟုတ်ပီ အဘွားရယ် အိမ်ခနနေ ပြန်ခဲ့မယ်
တီ”
ဖုန်းကို ချလိုက်ပြီး စိတ်ဆိုးနေတဲ့ အဘွားကို နောက်မှ ချော့တော့မယ်လို့တွေးပြီး အစည်းအဝေးကို ဆက်လုပ်နေတော့သည်။
~~~~~~~~~~~~~~~~~~~
“မြေးက အဘိုးဆီလာရမှာကို မလာချင်ဘူးဆို”
“အဲ့လိုတော့လည်း မဟုတ်ပါဘူး ဘိုးရယ် သမီးက မေမေနဲ့သူငယ်ချင်းတွေကို မခွဲနိုင်လို့ပါ”
ငါက ဒီမှာနေရမှာမဟုတ်လား တည့်အောင်နေရမယ် ဘိုးဘိုးက အလိုလိုက်တက်တာသိပေမယ့် ကိုယ်အပေါ်စိတ်မကွက်စေချင်တာမို့ ဘိုးဘိုးလက်မောင်းလေးကို တွဲပြီး ချွဲနေတဲ့ ကောင်မလေးရယ်ပါ
ဦးကြွယ်ဝ သမီး၃ယောက် ရှိပေမယ့် သမီးအငယ်နှစ်ယောက်က ယောကျာ်းတွေ ကိုယ်ဆီဖြင့် အေးအေးချမ်းချမ်းနေကြပေမယ့် အကြီးဆုံး သမီးကတော့ ငယ်ငယ်ထဲက ယောကျာ်းဆုံးပါးကာ မုဆိုးမလေးမို့ ထောက်ပံ့ချင်ပေမယ့်
မာနလည်း ကြီးလွန်း ထက်မြတ်လွန်းတဲ့ သမီးကြီးကတော့ မြေးမလေးကို ရင်ခွင်ပိုက်ပြီး ရုန်းကန်တာက ယောကျာ်းဖြစ်သူ အငယ်နှစ်ယောက်ထက် သာလွန်နေသလို ဘယ်ယောကျာ်းမှ မော်လို့မကြည့်ရဲ
အခုလည်း မြေးမလေးကို သူလက်ထဲထားရင် အကြောမာတဲ့ သူလေးဖြစ်လာမှာ စိုးရိမ်တာကြောင့် နေပြည်တော်က အိမ်မှာဘဲ ခေါ်ထားဖို့ ပြောလိုက်ရသည်။
“ဘိုး ဘာတွေတွေးနေတာလဲ”
ရွှန်း မျက်နှာကို ကြည့်ပြီး တွေးနေတဲ့ ဘိုးဘိုးကို မေးလိုက်တော့
“ဘာမှမတွေးပါဘူး မြေးရယ် ငါ့မြေးလေး ဒီမှာနေရတာ ပျော်ပါ့မလားလို့ပေါ့”
“ပျော်မှာပါ ဘိုးဘိုးရဲ့ သမီး အတက်နိုင်ဆုံး ပျော်အောင်နေမယ်နော် ဘိုးဘိုးအများကြီး မတွေးပါနဲ့”
ဒီမြေးလေးရဲ့အပြောအဆို အနေအထိုင်လေးကို ကြည့်ထဲက သူ့အမေလက်ထွက်မို့ အပြု့အမှုက သိပ်မပြောရပေမယ့် စရိုက်ကလေးကတော့ အမေနဲ့မတူဘဲ အတော်လေးကို ကလေးဆန်နေတာရော ချစ်ဖို့ကောင်းတာရော သတိထားမိသည်။
~~~~~~~~~~~~~~
ရွှန်း မနေ့ဖြန်ဆို သင်တန်းတက်ရမှာမို့ လိုအပ်တဲ့ ပစ္စည်းလေးတွေ ထွက်ဝယ်သည်။
“ဘယ်လောက်ကျလဲ”
“၇၆၀၀၀ပါ”
“ဟုတ်ကဲ့”
ရွှန်း ငွေရှင်းကောင်တာမှာ ငွေရှင်းပြီး ထွက်လာတုန်း
ဘိုး အရွယ်လောက်ဘဲ ရှိဦးမယ် အဘွားတစ်ယောက် ဖိနပ်ပျက်လို့ ထင်ပါရဲ့
“ဘွားဘွား ဖိနပ်ပျက်လို့လား”
အနောက်က ချိုသာလွန်းတဲ့ အသံလေးနဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးကို မြင်လိုက်ရတော့
“ဟုတ်တယ်မြေးရယ် ပြန်တော့မယ်ဆိုမှ”
“ဖြစ်တက်ပါတယ် ဘွားရဲ့ သမီး ဖိနပ်ဝယ်ခဲ့မယ် ဘွား ဒီက ထိုင်စောင့်နေနော်”
“ရပါတယ် မြေးရယ်”
“ရပါတယ် ဘွားရဲ့ ခနလေးဘဲနော်”
ပြောပြောဆိုဆို ထွက်သွားပြီး နှုတ်ကပြောထားတဲ့အတိုင်း ခနလေးနဲ့ ပြန်လာတဲ့ သူမလေးကြောင့်
ဒေါ်မဟာကြွယ် ပြုံးနေတော့သည်။
“အဘိုးစီးကြည့်ဦးနော်”
ရွှန်း အဘွားရဲ့အောက်ကထိုင်ပြီး ခြေထောက်လေးကို လက်လေးနဲ့ကိုင်ကာ ဖိနပ်စီးပေးနေတဲ့ကောင်မလေးကို အားနာလွန်းတာမို့
“မလုပ်ပါနဲ့ မြေးရဲ့”
“ရပါတယ် ဘွားဘွားရဲ့”
“မင်း ငါ့အဘွားကို ဘာလုပ်နေတာလဲ”
အခန်းမှတ်ချက်များ (0)