ဗိုလ်ကြီးပိုင်တဲ့ အားဆေးလုံးလေး
မှောက်ကျနေတဲ့ ကျောက်ကျောဗန်းလေးနဲ့တူတူ ငုတ်တုတ်လေးထိုင်ပြီး မုန့်တွေကို ကြည့်ကာ
“ဘာဖြစ်တာလဲ ကိုယ်ကိုပြ”
“ဟိုမှာ ကြည့်ဦး”
ခြေထောက်ပေါ် ဗန်းက ပြုတ်ကျတာကို အရေးမစိုက်ဘဲ ကျောက်ကျောတွေကို လက်ညိုးထိုးပြနေတဲ့ ပိုး
“မုန့်က အရေးမကြီးပါဘူး ခြေထောက်က ရဲနေပြီ”
“ဦးအတွက်တော့ ဘယ်အရေးကြီးမလဲ ပိုးအတွက်တော့ အရေးကြီးတယ် မနက်ထဲက ထလုပ်ထားရတာ”
“နောက်ရက်မှ ထပ်လုပ်ကြည့်နော်”
“ဘာထပ်လုပ်လဲ ဘာကို ထပ်လုပ်ရမှာလဲ ပြုတ်ကျသွားပြီလေ”
တကယ် ရစ်တဲ့ဟာမလေးပါ ဒီဟာမဟုတ် ဟိုဟာလည်းမဟုတ် စစ်သားတစ်ယောက်မို့ ဒုန်းဆို ဒိုင်းဖြစ်နေတဲ့စိတ်တွေ ဒီကောင်မလေးမို့ မနဲထိန်းထားရတာ
“ဟုတ်ပီ ဟုတ်ပီ”
ဦးက ပြုတ်ကျတဲ့ ကျောက်ကျောတွေကို အရင် ကောက်ပြီး ရေဆေးနေလိုက်ပြီး
“အွန်းးး ကောင်းသားဘဲ”
“ဦး ဘာလို့စားတာလဲ”
“ကိုယ့်မိန်းမ လုပ်ကျွေးတဲ့ဟာလေ အဆိ-ပ်ဆိုရင်တောင် စားရမှာဘဲ”
“ဟွန့် အပိုတွေ”
တကယ် ကောင်းရဲ့လား မသိပေမယ့် စကားပြောရင်းကို ထပ်စားနေတဲ့ ဦးကြောင့်
“ဦး သဲတွေ ပါနေမယ်”
“ကျောက်ကျောဆိုတာ ဂျလ်လီ တစ်မျိုးဘဲလေ ရေပြောင်အောင် အေးရင် ရပြီလေ သုံးခါတောင် ဆေးပြီးပြီ”
သူလုပ်ကျွေးတာကို စားနေတာကြည့်ပြီး သဘောကျနေတဲ့ ဇနီးလေးကြောင့် ဂုဏ် တစ်ချက်ပြုံးသွားပြီးမှ
“ကဲ လာ ပြီးမှ ဆက်စားမယ် အခု ခြေထောက် ဆေးလိမ်းရအောင်”
“ပိုး သိပ်မနာပါဘူး ဦးရဲ့”
“အွန်းပေါ့ ညတိုင်း နာနေတော့ ဒီအနာလောက်ကတော့ စာမဖွဲ့တော့ဘူးမလား”
“ဦးနော် နှာဘူးစကားတွေ”
“အဟက်!!!!”
ပိုး ကိုယ်လေးကို ပွေ့ချီသွားပြီ ကုတင်ပေါ် တင်ပေးလိုက်ကာ ခြေထောက်ကလေးကို ဆေးလိမ်းပေးရင်း
“ခြေထောက်ကလေးတွေက နုနေတာဘဲ”
“ဦး လည်း နုပါတယ်နော် စစ်သားဖြစ်နေတာတောင်
အရမ်းမိုက်တယ်”
“ဘယ်နေရာ မိုက်တာလဲ ပြောပြဦး”
“အွန်းးးအကုန်လုံးဘဲ”
“ဟိုနေရာရော မိုက်လား”
“ဦးဂုဏ်မာန်ထွဠ်ခေါင်!!!!!”
“အဟက်!!!”
“မရီနဲ့”
“မရီရဘူးလား”
“မရီနဲ့ “
“နဲနဲလေးတာ့ ပေးရီလေဗျာ”
“မရီနဲ့ ရီလို့ကတော့ ညစာ ငတ်သွားမယ်”
ချက်ချင်း မျက်နှာပိုးသ-တ်လိုက်တဲ့ ဦးကြောင့် ဒီတစ်ခါ ထရီတာကတော့ ပိုး
“ဟီး”
“ရီတယ်ပေါ့”
“ဟီး””
<<<<<<<<<<><<<<<<<<<<<<<
“ဗိုလ်ကြီး မနေ့ဖြန် စ-စ်ဆင်ရေးရှိတယ်လို့ အထက်က သတင်းပို့ပါတယ်”
“အင်း အချိန်”
“ညလို့ ပြောပါတယ်”
“ဟုတ်ပီ”
ဂုဏ် အိမ်ကို စောပြန်လာတာမို့
“ဦး အစောကြီးဘဲ”
“အွန်း ညကျ ကိုယ် အရေးကြီး ကိစ္စလေးရှိလို့ သွားရမယ် နှစ်ရက်ကြာမှာ”
“ဟင် ဘယ်လဲ”
“မဝေးပါဘူး အဖော် အတွက် မေမေတို့က အန်တီမြကို ညနေ လွှတ်လိုက်မယ်တဲ့”
“ရပါတယ် ဦးရဲ့ ပိုးက အဆင်ပြေပါတယ်”
ပိုးရဲ့ မျက်နှာလေးကို လက်နှစ်ဖက်နဲ့ အုပ်မိုးကိုင်ရင်း
အချိန်အကြာကြီး ကြည့်နေတဲ့ ဦးကြောင့်
“ဦး ဘာဖြစ်လို့လဲဟင်”
ခါတိုင်းဆို အရေးပေါ် အချိန်တွေမှာ တက်ကြွတဲ့ ဂုဏ် က ဒီနေ့မှ ဇနီးဖြစ်သူကိုကြည့်ပြီး သူတစ်ခုခု ဖြစ်ရင် ဇနီးလေးနဲ့ ဝေးရမှာ ကြောက်တက်နေခဲ့ပြီ
စစ်သားဖြစ်တဲ့ သက်တမ်းတစ်လျှောက် ေ-သရမှာ ကြောက်ခဲ့တာ ဘဝမှာ ပထမဆုံးပင်
“နောက် နှစ်ရက် နေရင် ပြန်လာခဲ့မယ်နော် လိမ်လိမ်မာမာနေနော် ပြန်ရောက်ရင် မြို့ထဲ လျှောက်လည်ကြမယ်”
“ဟုတ် ဒါနဲ့လေ ဦး ဦးတို့က ညလို့ ညချက်ချင်းသွားရတာလဲဟင် ရှေ့တ-န်းဆိုရင်လည်း အခြားသူတွေကျ အလုပ်ရှုပ်တာ ပိုးမမြင်ဘူးနော်”
“နောက်တော့ သိလာမှာပေါ့”
“ခုသိချင်တာ”
“အပြန်ကျ က်ိုယ်ရှင်းပြမယ် ဟုတ်ပီလား”
“ဟုတ် ဦး ဂရုစိုက်ရမယ်နော် ဦး ပြန်လာမှာကို စောင့်နေတဲ့ ဦးဇနီး ချောချောလေးအိမ်မှာ ရှိတာကို သတိရဦးနော်”
“အဟက်!!!!ဟုတ်ပါပြီဗျာ ပစ္စည်း သွားသိမ်းရအောင်”
“ဟုတ်”
ပစ္စည်း သိမ်းနေတုန်း အနောက်ကနေ ခါးကို သိုင်းဖက်လိုက်ပြီး အ-ကျီအောက်ကနေ လ-က်လျှိဝင်လာတဲ့ ဦးကြောင့်
“ဦး ဘာလုပ်တာလဲ”
“အားရှိဖို့လိုတယ်လေ အားဆေးလေး သောက်ချင်လို့”
“ဦးနော်”
“ခွင့်မပြာချင်ဘူးလား ကိုယ် နှစ်ညတောင် အငတ်နေရမှာနော် “
“ဦးကလေ ကလေးလည်း မဟုတ်ဘူး ဂျီကို ကျလွန်းတယ် တကယ်ဘဲ”
အခန်းမှတ်ချက်များ (0)