Bububai ဝတ္ထု မျှော်လင့်သော ရောင်နီရယ် အဘယ်သို့ အခန်းစာရင်း

အပိုင်း၃၄

"ခင်ဦး ငါ နင့်အတွက် ဆံထိုးလှလှလေးတွေ ထပ်ဝယ်ခဲ့တယ်...နောက်ပြီး တခြားလက်ဆောင်လေးတွေလည်း ပါသေးတယ်...ဒီမှာကြည့်ဦး ဆံထိုးလေးတွေက အရမ်းလှတယ်...ဒီဝမ်းဆက်လေးတွေလည်း လှတယ်မဟုတ်လား ခင်ဦး...နင်နဲ့အရမ်းလှနေမှာပဲ...''

ကောင်းက ခင်ဦးရှေ့မှာ သူဝယ်လာတဲ့ လက်ဆောင်လေးတွေကို တစ်ခုချင်းစီ ထုတ်ပေးလာတာကြောင့် ခင်ဦး ဝမ်းသာသည်ထက် အားနာစိတ်က အရင်ဝင်လာ၏။

"ပိုက်ဆံတွေအများကြီးကုန်မှာပေါ့...နောက်ဆို အဲ့လောက်အများကြီး ဝယ်မလာခဲ့ပါနဲ့ ကောင်းရယ်...''

"နင့်အတွက်ကုန်တာ ဘယ်လောက်ကုန်ကုန် ငါကဝယ်ပေးမှာပဲ ခင်ဦး... ဒါနဲ့ ဆံထိုးလေးမထိုးဘူးလား..ဟောင်းသွားမှာဆိုသလား ခင်ဦး...''

ကောင်းကမေးလာတဲ့အခါ ခင်ဦး ငိုချင်လာသည်။ကျိုးသွားပြီလို့ ပြောရအောင် နှုတ်ကမထွက်ပေ။ကောင်း စိတ်ဆိုးသွားမှာ ခင်ဦး မလိုချင်ပါ။ခင်ဦး ကောင်းကို ဘယ်လိုပြောရပါမလဲ..။ကိုကြီးဇေယျာ ချိုးပစ်လိုက်လို့ ကျိုးသွားတယ်တဲ့ ပြောလိုက်ရင်လည်း ကောင်းနဲ့ကိုကြီးဇေယျာ စကားများမှာ သေချာသည်။

"ဟောင်းသွားမှာဆိုသလားလို့ ခင်ဦးရဲ့..ဟင်...''

"မဟုတ်..မဟုတ်ပါဘူး ကောင်းရဲ့..ဟို.ဟိုလေ ငါလုပ်တာ ကျိုးသွားလို့ပါ...နင် ငါ့ကို စိတ်ဆိုးမလားဟင်..''

ကောင်း သူ့ကို ပျက်ယွင်းနေတဲ့ မျက်နှာနဲ့ပြောလာတာသဖြင့် ခင်ဦးရဲ့ကိုယ်လေးကို နှစ်သိမ့်တဲ့သဘော ဖက်လိုက်၏။

"မျက်နှာလေးညိုးတော်မမူပါနဲ့ ခင်ဦးရယ်...ဆံထိုးကျိုးသွားလို့ စိတ်မကောင်းမဖြစ်လိုက်ပါနဲ့ ...ငါက နင့်အတွက် ပြန်ဝယ်ပေးမှာပေါ့..အခုတောင် နင့်အတွက် ဆံထိုးလှလှလေးတွေ ပါလာသေးတာပဲ...ပြုံးပြုံးလေးပဲ နေပါနော်...ငါ့အတွက် နင့်အပြုံးက ပျော်ရွှင်မှုတစ်ခုဖြစ်လို့ပါ ခင်ဦးရယ်...''

ကောင်းရဲ့ တင်းကြပ်စွာ ဖက်တွယ်ထားမှုနှင့်အတူ နှုတ်ကနေ ထွက်ပေါ်လာသည့် နွေးထွေးသော စကားသံများကြောင့် ခင်ဦး၏ မျက်ရည်စများမှာ ထိန်းမရနိုင်တော့ဘဲ ပါးပြင်ပေါ်သို့ စီးကျလာ၏။ခင်ဦးလည်း ကောင်းရဲ့ ကျောပြင်လေးကို တင်းနေအောင် ပြန်လည်ဖက်တွယ်ထားလိုက်မိ၏။

ဇေယျာ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ပြီး အလွမ်းသည်နေကြသည့် ကောင်းနဲ့ခင်ဦးကိုမြင်လိုက်ရသဖြင့် ဒေါသထွက်သွားတော့သည်။ခြေလှမ်းကျဲများဖြင့် လာခဲ့ပြီး ဇေယျာ ခင်ဦးကို ဖက်ထားသည့် ကောင်းကို ဆွဲဖယ်တွန်းထုတ်လိုက်ပြီး ခင်ဦးရဲ့လက်ကကို စောင့်ဆွဲလိုက်၏။

ရုတ်တရက် ဆွဲဖယ်တွန်းထုတ်ခြင်း ခံလိုက်ရတာကြောင့် ကောင်းမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်သွားသော်လည်း ချက်ချင်းပင် မတ်မတ်ရပ်ကာ ဇေယျာ့ကို ဒေါသတကြီး ကြည့်လိုက်၏။ခင်ဦးလည်း ရုတ်တရက်မို့ လန့်ဖျပ်သွားပြီး ဇေယျာ့၏ စောင့်ဆွဲခြင်းကြောင့် လက်မောင်းမှ နာကျင်သွားရ၏။

"ကိုကြီးဇေယျာ... ''

ဇေယျာ့၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ အပြည့်ဖြင့် ခင်ဦး၏ လက်ကို လွှတ်မပေးဘဲ ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း ကောင်းကို မီးဝင်းဝင်းတောက်နေသည့် မျက်လုံးအစုံဖြင့် စိုက်ကြည့်လိုက်၏။ထို့နောက် ခင်ဦးကို လက်ဆွဲပြီး ထွက်လာဖို့ ပြင်လိုက်၏။

"ခင်ဗျား ခင်ဦး လက်ကိုလွှတ်လိုက်...''

"အဟက်..''

ဇေယျာက ကောင်းကိုကြည့်ပြီး လှောင်ပြုံးတစ်ခုနှင့်အတူ ခင်ဦးကို အတင်းဆွဲခေါ်ရန် ပြင်လိုက်၏။ထိုအခါ ကောင်းက ခင်ဦးရဲ့ လက်ကို ဖမ်းဆွဲထားပြီး ကောင်းရဲ့ မျက်လုံးအစုံဟာလည်း ဇေယျာ့ကို အမှုန့်ကြိတ်မတက် ဒေါသထွက်နေသည်။

"ခွပ်...''

"ကောင်း...''

ဇေယျာရဲ့ ပြင်းထန်သော လက်သီးချက်ကြောင့် ကောင်း ယိုင်လဲသွားရပြီး ကောင်းရဲ့ နှုတ်ခမ်းထောင့်မှ သွေးစအနည်းငယ် စီးကျလာကြောင့် ခင်ဦး ကောင်းကို ပွေ့ထူရင်း စိုးရိမ်တကြီးနဲ့ မေးလိုက်၏။

"ကောင်း... ရရဲ့လားဟင်... နင်...နင် သွေးတွေထွက်နေပြီ..."

"ခင်ဦး သမီးပြန်တော့နော်... '

"ဟုတ် ဒေါ်လေး...ကောင်း ငါပြန်လိုက်ဦးမယ်..နောက်ရက်မှ ထပ်လာခဲ့မယ်နော်...''

ကောင်း ခင်ဦးလက်ကို ပိုင်စိုးပိုင်နင်းနဲ့ ဆွဲကိုင်ပြီး ထွက်သွားသည့် ဇေယျာ့ကို တောက်တစ်ခက်ခက်နဲ့ ကျန်ရစ်ခဲ့သည်။မေမေ သူ့ကို ဆွဲတာကြောင့် မဟုတ်ရင် သူ အဲလူကို တစ်ခုခုလုပ်မိမှာ.. မေမေကလည်း ဘာကြောင့်မှန်းမသိ ခင်ဦး အပေါ်ပိုင်စိုးပိုင်နင်း ဆက်ဆံသွားတာ အေးအေးလူလူပဲ...ခင်ဦးကို မေမေကြောင့် သူ့အနားမှာ ရအောင်မခေါ်နိုင်တာကြောင့် မေမေ့ကို ကောင်း စိတ်ဆိုးမိသည်။

အကြည်နဲ့လုံးလုံးကလည်း ခင်ဦးအတွက်လက်ဆောင်လေးတွေပါလာ၍ ကောင်းနဲ့အတူ ခင်ဦးအိမ်ကို သွားပေးရအောင် လာခဲ့ကြသည်။ကောင်းတို့အိမ်ရှေ့နားရောက် ခင်ဦးကိုဇေယျာက ဒေါသတကြီး လက်ဆွဲပြီး ကောင်းတို့အိမ်ထဲကနေ ခေါ်ထုတ်လာတာကိုမြင်ရ၍ နားမလည်သည့်အကြည့်ဖြင့် ရပ်ကြည့်နေမိသည်။ပိုထူးဆန်းသည် ဇေယျာကခင်ဦးကို သူ့အိမ်ထဲ ခေါ်သွားသည့် မြင်ကွင်းကြောင့် အကြည်နဲ့လုံးလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး စဥ်းစားမရဖြစ်နေ၏။

"ကောင်း နင့်ကို ကိုကြီးဇေယျာထိုးသွားတာမလား...ခင်ဦးကိုလည်း သူ့အိမ်ကိုခေါ်သွားတာ ငါတို့တွေ့လိုက်တယ်...''

အကြည့် အပြောကြောင့် ကောင်းရဲ့ ဒေါသတွေ ပိုမို တောက်လောင်သွားပြီး လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်လိုက်ပြီးနောက် ခြေလှမ်းတွေ ပြင်လိုက်စဥ်

"ကောင်းသုတ မင်းခြေလှမ်းတွေ တစ်လှမ်းမှမရွေ့နဲ့...''

"မရဘူး မေမေ...အဲ့လူက ခင်ဦးကိုသက်သက်အနိုင်ကျင့်နေတာ...အခုလည်း သူ့အိမ်ကို ခေါ်သွားတာ ဘာသဘောလဲ...ကျွန်တော် လက်ပိုက်ကြည့်မနေနိုင်ဘူး မေမေ...''

"သူ့မိန်မကို သူ့အိမ်ခေါ်သွားတာ ဘာသဘောဖြစ်ရမှာလည်း သားရယ်...''

မေမေ့ နှုတ်ဖျားကနေ ထွက်ကျလာသည့် သူ့မိန်းမဆိုတဲ့စကားလုံးက ကောင်းရဲ့ နားထဲတွင် မိုးကြိုးပစ်ချလိုက်သလို ဟိန်းထွက်သွားသည်။ ခြေလှမ်းတွေလည်း ရပ်တန့်သွား၏။

သူကြားလိုက်သည့်စကားတွေက ဘာတွေလဲ..ခဏလေးအတွင်းမှာ ဘယ်လိုတွေဖြစ်ပြီး ဘာတွေဖြစ်ပျက်သွားရတာလဲ..သူ နားကြားမှားတာလား ..။

"မေမေ... ဘာ... ဘာပြောလိုက်တာလဲ...ကျွန်တော် ကြားလိုက်တာ မဟုတ်ဘူးမဟုတ်လား...''

"သား နားကြားမမှားပါဘူးကွယ်...သား ကြားလိုက်တာ အမှန်ပါ သားရယ်...အခု ခင်ဦးက မောင်ဇေယျာရဲ့ ဇနီးမယားတစ်ယောက်ဖြစ်နေပြီ...''

မေမေ့ရဲ့ အေးစက်လှသော အဖြေကြောင့် ကောင်း ရင်ဘတ်တစ်ခုလုံး ကြွေမွမတက် ပျက်စီးသွားသလို ခံစားလိုက်ရသည်။

ဘေးနားတွင် ရပ်နေသည့် အကြည်နှင့် လုံးလုံးတို့မှာလည်း ဆွံ့အသွားကြပြီး လက်ထဲမှ လက်ဆောင်ထုတ်လေးများပင် လွတ်ကျမတတ် ဖြစ်သွားရ၏။ကောင်း ခင်ဦးအပေါ် ဘယ်လိုခံစားချက်မျိုးရှိနေသလဲဆိုတာ သူမတို့ အသိဆုံးဖြစ်၏..။ဒေါ်လေးရဲ့စကားတွေကြောင့် ကောင်း ဘယ်လောက်ခံစားသွားမလဲဆိုတာလည်း နားလည်သည်..။ဒီအမှန်တရားက ကောင်းအတွက် ခါးသီးလွန်းလှတယ်..။

"ဒေါ်လေး အကြည်တို့ဒီမှာမရှိတဲ့ အတောတွင်း ကိုကြီးဇေယျာနဲ့ခင်ဦးက ဒီအခြေထိဖြစ်ရတာလဲ..အကြည်တို့သိချင်တယ်.. ပြောပြပေး ဒေါ်လေး..''

"တနေ့ အရက်လက်သည်ရဲ့ စကားကြောင့်ခင်ဦးမှာ ကိုယ်လေးလက်ဝန်ရှိနေပြီဆိုတာ ဒေါ်လေးတို့တစ်ရွာလုံးသိရတယ်...ယဥ်မေနဲ့ကျော်ကျော်ဦးက ကလေးဖျက်ချဖို့ စီစဥ်တော့ ခင်ဦးက ဇေယျာတို့အိမ်ကို ရောက်ခဲ့တာပဲ...''

"တောက်...ကျွန်တော်အဲ့လူကို သွားသတ်မယ်... ''

ကောင်း၏ မျက်လုံးများတွင် နာကျင်မှုနဲ့ဒေါသတွေနဲ့မယုံနိုင်မှုတို့က ရောယှက်လျက်။ ခင်ဦးအကြောင်း ကြားလိုက်ရသည့် အမှန်တရားက သူ့ရင်ထဲကို ချွန်မြတဲ့ ဓားတစ်ချောင်းဖြင့် ထိုးနှက်လိုက်သလိုပင်..။

သူ့အတွက် အမြဲတမ်း အရေးကြီးဆုံးဖြစ်ခဲ့သည့် ခင်ဦးက အခု သူတို့မုန်းပါတယ်ဆိုသည့် မင်းမျိုးဇေယျာရဲ့ ဇနီးဖြစ်နေပြီဆိုသည့် စကားက သူ့အတွက် လက်ခံနိုင်ရန် ခက်ခဲလွန်းလှသည်။

"ကောင်းသုတ..."

"မေမေ... ကျွန်တော် ဘယ်လိုမှ မနေနိုင်ဘူး.. ခင်ဦးကို အဲ့ဒီလူက ဘယ်လိုပုံစံနဲ့ ယူထားသလဲဆိုတာ မေမေ့စကားအသွားအလာကို ကျွန်တော်သိလိုက်ပြီးသား...ခင်ဦးရဲ့ မျက်လုံးထဲမှာ ကြောက်ရွံ့မှုတွေ ရှိနေတာကို ကျွန်တော် မြင်ရတယ်...''

ကောင်းရဲ့ အသံက ဝမ်းနည်းမှုများ ပြည့်နှက်နေသည်။အကြည်နှင့် လုံးလုံးတို့မှာ ကောင်းရဲ့စကားများကို ကြားရင်း မျက်နှာကလေးတွေ ညိုးကျသွားကြသည်။

သူမတို့တွေ သိတာပေါ့..ကောင်း ခင်ဦးကို ချစ်နေတာကိုလေ...ဒါပေမယ့် အခုအချိန်မှာတော့ ကောင်းရဲ့ ချစ်ခြင်းတွေက ကံကြမ္မာတစ်ခုကြောင့် နောက်ကျကျန်ရသည့် အဖြစ်တစ်ခုသို့..။

ဇေယျာ ခင်ဦးလက်ကို ဆွဲကာ အိမ်ထဲ ခေါ်လာခဲ့သည်။အိမ်ထဲရောက်သည်အထိ ခင်ဦးမှာ တိတ်ဆိတ်နေခဲ့သည်။ မျက်ဝန်းထဲမှာ မျက်ရည်စများ ဝဲရစ်နေသော်လည်း မျက်ရည်များ ကျမလာအောင် ထိန်းထားသည်။

ဇေယျာ ခင်ဦး လက်ကို လွှတ်လိုက်တော့ လက်မောင်းက နာကျင်နေသည့်နေရာကို ခင်ဦး အသာအယာ ကိုင်လိုက်၏။

"နာသွားလား..."

ကိုကြီးဇေယျာက မေးလာသော်လည်း ခင်ဦးမဖြေပေ။

"ငါ မေးနေတယ် ခင်ဦး ...မင်း နာသွားသလားလို့..."

"ဟုတ်...''

ခင်ဦးက အသံမှာ တိုးလျလွန်းလှသည်။

ဇေယျာ သူ့မျက်နှာ တင်းမာထားသော်လည်း ခင်ဦးရဲ့ နာကျင်နေတဲ့ မျက်နှာကို မြင်လိုက်ရ၍ ခင်ဦးကိုကြည့်နေတဲ့ သူ့အကြည့်တွေ ခဏလေးအတွင်း ပျော့ပြောင်းသွား၏။

ခင်ဦး မသိတဲ့ ခံစားချက်တစ်ခုကို ကိုကြီး ဇေယျာရဲ့ မျက်လုံးတွေမှာ ပထမဆုံးအကြိမ် မြင်လိုက်ရ၏။

"ရေချိုးလိုက်...ပြီးသနပ်ခါး ခြေဆုံးခေါင်းဆုံး လိမ်းထားကြားလား...''

"ဟုတ်...''

"သနပ်ခါးပန်း ခူးပေးထားမယ်...''

"ဟုတ်...''

"ဇေယျာ အိမ်ခေါင်းရင်းက သနပ်ခါးပန်းတွေထဲမှာမှ လှပေ့ဆိုတဲ့ အခက်ကိုရွေးခူးသည်။သနပ်ခါးပန်းရနံ့လေးက လေပြေလေညင်းရဲ့သဘာဝ တိုးဝှေ့မှုနဲ့အတူ ပျံလွင့်လာတာကြောင့် ခူယူနေတဲ့ လက်ထဲက ပန်းခက်လေးကို နမ်းရှိုက်လိုက်သည်။

မွေးလာမယ့် ကလေးလေးက အမေတူသမီးလေးသာဆိုရင် သနပ်ခါးပန်းပင် များများစိုက်မှပဲ...''

သမီးလေးဆိုတဲ့ အတွေးက ရင်ထဲ သိမ့်ခနဲဖြစ်သွားရသည်။ဇေယျာ သူ ပန်းတွေခူးပြီး အိမ်ထဲဝင်လာတော့ မေမေက သူ့လက်ထဲက သနပ်ခါးပန်းတွေကိုကြည့်ပြီး သဘောမကျပေ။မျက်နှာ ပျက်သွား၏။သူ့ကိုတော့ ဘာတစ်လုံးမှ မပြောပေ။သူလည်း မသိသလိုနဲ့ အပေါ်ထပ်ကိုသာ တက်လာလိုက်သည်။

သူမလေးကတော့ သူပြောတဲ့အတိုင်း သနပ်ခါးကို ခြေဆုံးခေါင်းဆုံးလိမ်းထားသည်။အနည်းငယ် ပူသလိုလိုရှိတဲ့ ဗိုက်ကလေးကို ကိုင်ပြီး ဘာတွေပြောနေမှန်းမသိပါ..။သူ့ အသည်းယားတာနဲ့ သူမလေးအနားသွားလိုက်ပြီး သနပ်ခါးတွေမခြောက်သေးတဲ့ ပါးလေးကို နမ်းရှိုက်လိုက်သည်။

"သနပ်ခါးရနံ့က မွေးလိုက်တာ...ငြိမ်ငြိမ်လေးနေ..ပန်းပန်ပေးမယ်...''

"နေ..နေပါ...ခင်ဦးဘာသာခင်ဦး ပန်လိုက်ပါ့မယ် ကိုကြီးဇေယျာ...''

"ငါက ကောင်းသုတ မဟုတ်လို့လား...''

"မဟုတ်ပါဘူး ကိုကြီးဇေယျာရယ်...''

"ကောင်းသုတနဲ့ နောက်ရက်တွေ တွေ့ရင် အဖက်လည်းမခံနဲ့...လက်လည်းအကိုင်မခံနဲ့..ဆံပင်တွေလည်း မနမ်းရှိုက်စေနဲ့...ကြားလား...''

"ကိုကြီးဇေယျာက မကြိုက်လို့လားဟင်...''

"အင်း...ငါ့ စကားကို နားထောင်မယ်မဟုတ်လား ခင်ဦး...''

"ကောင်းစိတ်ဆိုးမယ်ထင်တယ်....ကောင်းစိတ်ဆိုးသွားမှာ ခင်ဦးကြောက်တယ် ကိုကြီးဇေယျာ...အဟီး..''

"တော်ပြီကွာ... မငိုနဲ့...မင်းက ငါ့မိန်းမ.. အဲ့တော့ ကောင်းသုတကို ဆံပင်တော့အနမ်းမခံနဲ့ ကြားလား...''

"ဟုတ်....''

ဇေယျာ ခင်ဦးကို ပန်းပန်ပေးနေခိုက် နောက်ကနေ ကောင်းက ဇေယျာရဲ့ကိုယ်ကို ဆွဲယူလှည့်လိုက်ပြီး ဇေယျာ့အလစ်မှာ ထိုးလိုက်တာကြောင့် ဇေယျာ နောက်ကိုယိုင်လှဲကျသွားသည်။ထိုအခိုက်တန့်ကို ကောင်းက အသုံးချလိုက်ပြီး ဇေယျာ့အပေါ်ကနေ အုပ်မိုးပြီး စီးထိုးပါတော့သည်။

"ကောင်း...မလုပ်ပါနဲ့... ကိုကြီးဇေယျာ သေသွားလိမ့်...မလုပ်ပါနဲ့ ကောင်းရယ်...''

မျက်ရည်တွေနဲ့ အကြောက်လွန်ပြီး သူ့ကိုတားနေတဲ့ ခင်ဦးကိုကြည့်ပြီး ကောင်းရဲ့ မျက်လုံးတွေ နီရဲလာသည်။

"နင့်ဘဝကို ဖျက်စီးတဲ့ဒီလူကို ငါသတ်မှာ ခင်ဦး..ငါသတ်မှာ... ''

ကောင်းခင်ဦးကို ကြေခွဲနေသည့်အကြည့်နဲ့အတူ ဒေါသသံနဲ့ကြွေခွဲသံတွေနဲ့ရောထွေးနေတဲ့ အသံဖြင့် ပြောနေခိုက်မှာ ဇေယျာ လှဲကျနေရာကနေ ထလိုက်၏။ထိုအချိန်ကို ကောင်းကအလွှတ်မပေးဘဲ နောက်တစ်ချက် ထိုးချတော့မည့်အချိန် ခင်ဦးက အလျင်အမြန်ပြေးဝင်ကာ ကောင်းရဲ့ လက်မောင်းကို လက်နှစ်ဖက်ဖြင့် ဆွဲဖမ်းလိုက်၏။

ကြီးကြီးဝင့်ဝါနဲ့ဘဘကလည်း အပေါ်ကဆူညံသံတွေကြောင့် အပေါ်တက်လာခဲ့ကြသည်။လူကြီးတွေ လာမှဘဲ ငြိမ်ကျသွားတော့သည်။ခင်ဦးကြောင့် ရန်ဖြစ်တာဆို၍ ကြီးကြီးဝင့်ဝါကို ကြောက်တာနဲ့ ကောင်းနဲ့အတူကောင်းတို့အိမ်ကို လိုက်လာခဲ့သည်။

"နင့်ကို မကာကွယ်ပေးနိုင်ခဲ့တာ ငါနောင်တရတယ် ခင်ဦး...အဲ့ချိန်တွေမှာ နင်အရမ်းကြောက်နေခဲ့သလား...''

"အင်း...နင့်နာမည်ကိုပဲ ရေရွတ်တခဲ့တာ...''

ခင်ဦးနဲ့ကောင်း စကားပြောနေတုန်း ကိုကြီးဇေယျာက ရောက်ချလာတာကြောင့် ခင်ဦးတို့စကားစ ပြတ်သွားတော့သည်။ခင်ဦးလည်း ကောင်းဘက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဇေယျာနောက်သို့ တိတ်တဆိတ် လိုက်ပါလာခဲ့သည်။

"ငါ အများကြီးထိုးခံရတာကို မင်းက ငါ့ကိုထားခဲ့ပြီး သူ့နောက်ဘာလို့ လိုက်သွားတာလဲ ခင်ဦး...မင်းလင်က ငါလား သူလား...''

"ကိုကြီးဇေယျာပါ...''

ခင်ဦး စကားအဆုံး၌ ဇေယျာ ပြုံးလိုက်၏။ပြုံးမိလိုက်တဲ့အခါ ထိုးခံရတဲ့ ဒဏ်ရာက နာကျင်လာတာကြောင့် ညီးတွားလိုက်မိ၏။

"အား...''

"ခင်ဦး အိမ်ရောက်ရင် ကြက်ပူထိုးပေးမယ်နော်...''

ဇေယျာ နာကျင်နေပါလျက်နဲ့ ထပ်မံပြုံးလိုက်ပြန်သည်။

« ရှေ့အခန်း - အပိုင်း၃၃ နောက်အခန်း - အပိုင်း ၃၅ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ